ရ ရက် သားသမီး များအတွက် 2020 သင်္ကြန်စာ ထွက်ပေါ်လာပါပြီ…ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ

ဤနှစ်တွင် သိကြားမင်းသည် ဘီလူးကို စီး၍ လက်ယာဘက်တွင် သံလျက်ကိုင်လျှက် လက်ဝဲဘက်တွင် ရေဖလားကိုင်ကာ လူ့ပြည်သို့ ဆင်းအံ့။ နှစ်စဉ် အဖော်အဖြစ် လိုက်ပါလာတတ်သော မာဒလိနတ်သားသည် ဤနှစ်တွင် လူ့ပြည်သို့အစောကြီးရောက်နေအံ့။ ထို့ကြောင် သင်္ကြန်ရက်အတွင်း မိုးရွာလျှင် ရေပါအံ့ ။ငလျင်လှုပ် လျှင်မြေတုန်အံ့။ မုန်တိုင်းတိုက်လျှင် အခြေမခိုင်သော သစ်ပင်များ ကျိုးကျအံ့။

တနင်္ဂနွေ သားသမီးများအနေဖြင့် သင်္ကြန်ရက်အတွင်း ရေကစားထွက်လျှင် အဝတ်အစားများ စိုအံ့။

တနင်္လာ သားသမီးများ ခိုးရာနောက် လိုက်လျှင် အိမ်ထောင်ကျအံ့။

အင်္ဂါ သားသမီးများ ဆေးလိပ်သောက်လျှင် ပါးစပ်မှ မီးခိုးငွေ့ထွက်အံ့။

ဗုဒ္ဓဟူး သားသမီးများ အရက်သောက်လျှင် မူးအံ့။

ကြာသပတေး သားသမီးများ ကွမ်းစားလျင် ပါးစပ်ရဲအံ့။

သောကြာ သားသမီးများ ဆိုင်ကယ်စီးလျှင် ဆီကုန်အံ့။

စနေ သားသမီးများ အနေဖြင့် အစာစားပြီးလျှင် ဗိုက်ပြည့်တတ်အံ့။

၇ ရက်သားသမီး အနေဖြင့် ဤနှစ်တွင် ကန်ကောင်းစေချင်လျှင် ဤ ယတြာအတိုင်းပြုလုပ်ပါ။

ဘိလပ်မြေ၊ အုတ်၊ သဲ တို့အားဝယ်၍ ပန်းရံဆရာ တစ်ယောက် ငှားလိုက်ပါ။ ပြီးနောက် မကောင်းသော ကန်အား ပြန်လည်ပြုပြင်ပါ။ ကန်ကောင်းပြီဆိုသော အခါ ရေထည့်ကြည့်ပါ။ ရေမယိုလျှင် ကန်ကောင်းနေသည် မှာ သေချာပါသည်။

ပုံ-နက္ခတ်ဗေဒပညာရှင်

#အူးဇော်ဝင်းပြောင်😃

Add a Comment

Your email address will not be published. Required fields are marked *