” ဟာလဝါ စားရင်း.. ဒီလို ဖြစ်သွားတာတဲ့… “(ကလေး မိဘများ အထူးဂရုပြုစေချင်ပါတယ် )

စမ်းသပ်ခန်းထဲ မှာ အန်လို့လာပြတဲ့ လူနာ ကို ဆေးသွင်းနေရင်း ဆေးခန်းအပြင် လူနာစောင့် အခန်းက “ဆရာရေ ခလေးတက် သွားလို့ပါ ” ဆိုပီး ပြေးလာသံကြားလို့ အထဲဝင်ခိုင်း လိုက်တော့ တနှစ်ခွဲခလေးက မလှုပ်မယှက် ပျော့ခွေပီး ပြာနှမ်း လို့ “ ဘာဖြစ်သွားတာလဲ ” မေးလိုက်တော့

“အ စားစားနေရင်း တက်ပြီး စကားမပြောတော့တာပဲ ဆရာ ဆယ်မိနစ်လောက် ရှိပီ ” လို့ အတူပါလာတဲ့ လူကပြော တယ် ခလေးအဖေ ကတော့ ကြောင်ပီး စကားမပြောနိုင်သေး ဒါနဲ့ မြန်မြန်လေး မျက်လုံးဖြဲပြီး မီးထိုးကြည့် တယ် သူငယ်အိမ် ကျုံ့နေသေး တယ် ရင်ဘတ် တချက်ကြည့်တော့ အသက်ကမရှူ နားကြပ် နဲ့ရင်ဘတ်ကို နားထောင်တယ် နှလုံးခုန်သံကြား ရတယ် အသက်ရှူသွင်း သံလေးကြားလိုက်ရ သလိုပဲ ။

” ဟာလဝါ စားရင်း.. ဒီလို ဖြစ်သွားတာတဲ့… “(ကလေး မိဘများ အထူးဂရုပြုစေချင်ပါတယ် )

အဲ့မှာတင် ခေါင်းထဲရောက်လာတာက အစာသီးခြင်း၊ အစာနင်ပီး အသက်ရှူ လမ်းကြောင်းပိတ်ခြင်း(Choking)ပဲ အစားစားရင်းဖြစ်တာဆိုတော့ ဒါနဲ့ချက်ချင်းပဲ ပါးစပ်ဖြဲကြည့်ကြည့်တယ် အာခေါင်မှာ ဘာမှမတွေ့ပေမယ့် Heimlich maneuver(ခလေးအနောက်ကနေ လက်တဖက်နဲ့ ဝိုက်ပီးဗိုက်နဲ့ ​ကျောကို အားပြင်းပြင်း ဆောင့်ပီးဖိခြင်း)စလုပ်တယ် ၆ချက်လောက်လုပ်လိုက်တော့ ခလေးက အဲ့ကနဲ အသံစထွက်လာတယ် နောက်ကျောကနေ အားပြင်းပြင်းနဲ့ ကျောကုန်းကို ဆယ်ချက်လောက်ထပ်ရိုက်တယ်

လက်တဖက်ကတော့ ဗိုက်မှာ ထားပီး ခလေးကို ခေါင်းအောက် စိုက်ထားတယ် အဲ့မှာပဲ ခလေးက စငိုလာတယ် ပါးစပ်ထဲကတော့ ဘာမှထွက်မလာသေးဘူး ခလေးပြန်တိတ်သွားပီး ပြန်ပြာနှမ်းလာတယ် ဒါနဲ့ နောက်ထပ် heimlich maneuver ဘယ်နှခါမှန်းမသိဘူး ထပ်လုပ်လိုက်တော့မှ ထွက်လာပီလေ ဟာလဝါဖတ် ၄ ၅ စင်တီမီတာ လောက်ကြီး အဲ့တော့မှ ခလေးကအသံဗြဲကြီးနဲ့ ထငိုတာ နောက်ကနေပီး ချွဲတွေလဲ ချောင်းဆိုးပီး ထပ်ထွက်လာတယ် လူလဲ အဲ့တော့ မှ ဟင်းချပီး ဘေးကို သတိထား မိတာ

” ဟာလဝါ စားရင်း.. ဒီလို ဖြစ်သွားတာတဲ့… “(ကလေး မိဘများ အထူးဂရုပြုစေချင်ပါတယ် )

ခလေးအဖေကပျော်ပီး မျက်ရည်ကျ လို့ စောနကဆေးသွင်းနေ တဲ့ လူနာလဲ လိပ်ပြာ အပ်တန်းလန်းလေး နဲ့ ငုတ်တုပ်လေး (စာရေးတာသာရှည်တာ တကယ်က ၁၀မိနစ် အတွင်းပဲ ဆေးခန်းထဲဝင် လာချိန်ကနေ ဟာလဝါ ဖတ်ကျတဲ့ အထိက) ဒါပေမဲ့ခလေးက မှိန်းနေ လို့ မေးကြည့်တော့ သတိလစ်နေတာ အိမ်မှာ ဆယ်မိနစ်တဲ့

ဒါနဲ့ပဲ Brain hypoxia(ဦးနှောက် ထဲ အောက်စီဂျင်ပြတ်)ရပီး နောက်ဆက်တွဲ ရောဂါတေဖြစ်လာမှာစိုးလို့ အောက်စီဂျင်ပေးပီး ဆေးရုံကားနဲ့ ဆေးရုံလွှဲလိုက်တယ် သေချာတာကတော့ ဒီကောင်လေး မသေတော့ဘူးပဲ ။ ခလေးမိဘတွေ ကို သတိထားစေချင်တာက ခလေးတွေ အစာစားရင် ဘေးနားကနေေ စာင့်ကြည့်နေပေးဖို့ နဲ့ တကိုက်စာ အတုံးလေးတေ ပဲ ကျွေးဖို့ပါ ဟာလဝါ၊အော်ကွေ့ကြည် လိုမျိုး အစာတေ ဆိုရင်တော့ သတိပိုထားဖို့ပါ ။

Add a Comment

Your email address will not be published. Required fields are marked *