ပြင်ဦးလွင် ၌ တရားမဝင် တရုတ် ( ၆ ) ဦးကို ဖမ်းမိ ၊ တစ်လ အတွင်း ( ၁၁) ဦီး ရှိ ပြီ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ၌ တရားမဝင် ဝင်ရောက်လာ သည့် တရုတ်နိုင်ငံသား (၆)ဦး ကို ဇူလိုင်(၁၁) ရက် နံနက်ပိုင်း က ဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က သတင်းထုတ်ပြန် ပါ တယ်။

ပြင်ဦးလွင်မြို့နယ် ညောင်ကုန်းကျေးရွာအနီး ပြင်ဦးလွင် မိုးကုတ် ကားလမ်းဘေး ၌ မသင်္ကာဖွယ် ရပ်တန့်ထားသော NISSAN SUNNY အမျိုးအစား မော်တော်ယာဉ် တစ်စီး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ က ဇူလိုင်(၁၁)ရက် နံနက်(၈)နာရီခန့်တွင် သွားရောက် စစ်ဆေးရာ ယာဉ်မောင်း ဖြစ်သူ ကျော်သူ(ဘ) ဦးပြုံးချိုနှင့် အတူ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား (၆)ဦးကို တွေ့ရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထား ပါတယ်။

ပြင်ဦးလွင် ၌ တရားမဝင် တရုတ် ( ၆ ) ဦးကို ဖမ်းမိ

အဆိုပါ ဖမ်းဆီး ရမိသူများအား ပြင်ဦးလွင်မြို့မရဲစခန်း သို့ စနစ်တကျ လွှဲပြောင်း အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ ယင်းတရုတ်နိုင်ငံသားများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ လ.ဝ.က ဥပဒေ (လူဝင်မှုကြီးကြပ်ရေး ဥပဒေ)ဖြင့် သက်ဆိုင်ရာဌာနမှ အမှုဖွင့်မည် ဟု တာဝန်ရှိသူတစ်ဦးက ဖြေကြားပြီး သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရန် ပြောကြားခဲ့ပါတယ်။

ပြင်ဦးလွင် ၌ တရားမဝင် တရုတ် ( ၆ ) ဦးကို ဖမ်းမိ

ပြီးခဲ့သည့် ဇူလိုင်(၃)ရက် ကလည်း မန္တလေးမြို့၊ (၁၆)မိုင် စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ငါးဦးနှင့် ယာဉ်မောင်းတစ်ဦး ဖမ်းဆီးရမိသဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေ ရဲစခန်း ၌ လ.ဝက ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံ မှ သတင်းရရှိပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ နယ်စပ်ဝင်ပေါက်များနှင့် လေကြောင်း ခရီးစဉ်များ အပါအဝင် မြန်မာနိုင်ငံတွင်း သို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့် ပိတ်ပင်ထား ပါတယ် ။ ယင်း သို့ ပိတ်ထားသော်လည်း မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် အတွင်း ၌ ဆယ်ရက်အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၁၁) ဦး အထိ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါ တယ် ။

ပြင်ဦးလွင် ၌ တရားမဝင် တရုတ် ( ၆ ) ဦးကို ဖမ်းမိ

ကိုဗစ်ကြောင့် မြန်မာ-တရုတ် နယ်စပ် တွင် အဝင် အထွက်များ တင်းကြပ်စွာ ပိတ်ပင်ထားသော် လည်း ပိတ်ပင်မှုများ မတိုင်မီ မြန်မာနိုင်ငံဘက် သို့ ရောက်ရှိနေ သည့် တရုတ်နိုင်ငံ သားများ ရှိသလို တရုတ်နိုင်ငံဘက် တွင် သောင်တင်နေသည့် မြန်မာနိုင်ငံသားများလည်း ကျန်ရှိနေတယ်လို့ မူဆယ်ဒေသခံ တချို့က ပြော ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *