ရုရှားတွင် ကာချုပ် ပြောခဲ့သော စကားများ တရုတ် ကို ရည်ညွှန်းတာ မဟုတ်ဟုဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရဲ့ ရုရှား ခရီးစဉ် အတွင်း အကြမ်းဖက် အဖွဲ့ အစည်းများ နှင့် ပတ်သက် တဲ့ ပြောကြားချက် ဟာ မည်သည့် နိုင်ငံ ကိုမှ ရည်ညွှန်းထားခြင်း မဟုတ် လို့ဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယခုနှစ် ဇွန်လနောက်ဆုံးအပတ်က သွားရောက်ခဲ့တဲ့ ရုရှားခရီးစဉ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းတွေ နဲ့ပတ်သက်တဲ့ ပြောကြားချက်ဟာ မည်သည့်နိုင်ငံကို မှ ရည်ညွှန်းထားတာ မဟုတ်ဘူး လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇူလိုင် ၁၀ ရက် က ပြောကြား ပါ တယ်။

ရုရှားတွင် ကာချုပ် ပြောခဲ့သော စကားများ တရုတ် ကို ရည်ညွှန်းတာ မဟုတ်ဟုပြော

ယင်းခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နဲ့ ရုရှား သတင်းဌာန တစ်ခုဖြစ် တဲ့ Zvezda TV Channelတို့ တွေ့ဆုံ မေးမြန်းခန်းပြု လုပ်စဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အကြမ်းဖက်အဖွဲ့ အစည်းတွေ ၊ အကြမ်းဖက်သမားတွေ နဲ့ ပတ်သက်ပြီး “အကြမ်းဖက်သမားအဖွဲ့အစည်းကို ချေမှုန်းတဲ့ အခါမှာ သက်ဆိုင်ရာကာယကံရှင်နိုင်ငံကနေပြီးတော့ ချေမှုန်းနိုင် တာတွေ ရှိပေမယ့် ဒီအကြမ်းဖက် အဖွဲ့ အစည်းတွေရဲ့ နောက်မှာ ရပ်တည်နေတဲ့ အင်အားစု ကြီးကြောင့် တစ်နိုင်ငံတည်းမလုပ်နိုင်တဲ့ဟာတွေလည်းရှိ ပါ တယ် ။ အဲ့တော့ နိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ဒီအကြမ်းဖက်အဖွဲ့ အစည်းတွေကို မလိုလားတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအများကြီးလို ပါတယ် ။ ပူးပေါင်းဆောင် ရွက်မှု မရလျှင်လည်း အကြမ်းဖက်အဖွဲ့ အစည်းတွေကို လက်တွဲချေမှုန်းနိုင်ဖို့အတွက် အခက်အခဲတွေရှိပါလိမ့်မယ် ” လို့ ဖြေကြားခဲ့တာဖြစ်တယ်လို့ ၎င်းက ပြော ပါ တယ် ။

အဆိုပါ သတင်းအပြည့်အစုံကို ဇွန်လ ၂၉ ရက်ထုတ် မြဝတီ သတင်းစာမှာဖော်ပြခဲ့ပြီးဖြစ်ပေ မယ့် ရုရှားသတင်းဌာနနဲ့ အမေး၊ အဖြေတွေကို ကိုးကားပြီး လိုရာဆွဲ ရေးသား ဖော်ပြချက်တွေရှိနေပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဖြေ မှာ မည်သည့်နိုင်ငံကို မှ ရည်ညွှန်းထားတာမဟုတ်ကြောင်းကို တွေ့နိုင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါ တယ်။

အိန္ဒိယအခြေစိုက် သတင်းဌာနက ဇူလိုင် ၂ရက်က “Myanmar calls out China for arming terror groups, asks world to help ” ခေါင်းစဉ်နဲ့သတင်းရေးသားဖော်ပြရာမှာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့နဲ့ဆက်သွယ်မှုမရှိဘဲအချို့ ဖော်ပြချက်တွေဟာလည်းတပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ပြောသယောင် ရေးသား ဖော်ပြထား သလို အချို့အကြောင်း အရာတွေဟာ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ရဲ့ သတင်းစာရှင်းလင်းပွဲနနဲ့ မီဒီယာတွေနဲ့အမေး၊ အဖြေ အချို့ ထဲက ဖော်ပြချက်တွေကို ပြည့်ပြည့်စုံစုံမေ ဖ်ာပြဘဲ လိုရာဆွဲရေးသား ထားတာ ကို တွေ့ရတယ်လို့ ၎င်းက ပြောပါတယ်။

ရုရှားတွင် ကာချုပ် ပြောခဲ့သော စကားများ တရုတ် ကို ရည်ညွှန်းတာ မဟုတ်ဟုပြော

ယင်းမီဒီယာရေးသားချက်အပေါ် မှီငြမ်းကိုးကားပြီး ပြည်တွင်းမီဒီယာအချို့ ကလည်း စိစစ်မှု၊ မေးမြန်းမှုမရှိဘဲ “ တရုတ်က မြန်မာအကြမ်းဖက်အဖွဲ့ များကို လက်နက်တပ်ဆင်ပေးနေ၊ ဝိုင်းဝန်း ကူညီရန် ကမ္ဘာ့နိုင်ငံများကို မြန်မာတောင်းဆို ” ခေါင်းစဉ် နဲ့လည်းကောင်း၊ “ သောင်းကျန်းသူအဖွဲ့များကို တရုတ်ကလက်နက်ထောက်ပံ့နေသည် ဟု တပ်ချုပ်စောင်း ပါးရိပ်ခြည်ပြော ” ခေါင်းစဉ်ဖြင့် လည်းကောင်း သတင်းရေးသား ဖော်ပြနေသည် ကိုတွေ့ရှိရ တယ်လို့ ၎င်းကဆို ပါတယ်။

အဆိုပါ ဖော်ပြချက်တွေ ဟာ တရုတ်-မြန်မာချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရေး အပေါ် မှာ မလိုလားအပ် တဲ့ အကျိုးတွေဖြစ်ပေါ်လာနိုင်တာကြောင့် ပြည်တွင်းမီဒီယာတွေအနေဖြင့် ဆင်ခြင်သင့်ကြောင်း နဲ့ ကျင့်ဝတ်တွေပြဋ္ဌာန်းချက်တွေ အတိုင်း လိုက်နာသင့်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြား ပါ တယ် ။

ရုရှားတွင် ကာချုပ် ပြောခဲ့သော စကားများ တရုတ် ကို ရည်ညွှန်းတာ မဟုတ်ဟုပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှား ခရီးစဉ် အတွင်း ဖြေကြားခဲ့တဲ့ အင်တာဗျူးကို လေ့လာခြင်းအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာဟာ မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းကို ထည့်သွင်းပြောကြားတာ မရှိကြောင်း၊ အထူးသဖြင့် တပ်မတော်ဟာ ရခိုင်ပြည်နယ်က ARSAအကြမ်းဖက်အဖွဲ့အစည်းတွေရဲ အကြမ်းဖက်လုပ်ရပ်တွေကို ဆိုလိုခြင်းဖြစ်တာ ကိုတွေ့မြင်ရပြီး၊ ARSAအဖွဲ့အစည်းနောက်ကွယ် မှာ နိုင်ငံတကာအကြမ်းဖက် အဖွဲ့ အစည်းများရှိနိုင် တယ် လို့ နိုင်ငံရေးသုတေသီ ဦးကိုကိုလှိုင်က ဆင်ဟွာကိုပြောကြား ပါတ ယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် အထူး သဖြင့် တပ်မတော်နှင့် ဆက်ဆံရေးသည် ခိုင်မာပြီးရင်းနှီးပွင့်လင်းသော ဆက်ဆံရေးမျိုးရှိကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဝေဖန်ရေးသားမှုများ သည် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ၊တပ်မတော်နှင့် ဆက်ဆံရေးထိခိုက်မှု မရှိနိုင် ဘဲ ပြည်သူများ အကြား သာ အနည်းငယ် စိတ်ဝမ်းကွဲမှုသာ ရှိနိုင်ကြောင်း နိုင်ငံရေးသုတေသီ ဦးကိုကိုလှိုင် က ပြော ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *