Huawei ကုမ္ပဏီ ကို တားမြစ်ပိတ်ပင် အရေးယူပိတ်ဆို့မှု ပြုလုပ်တော့မယ့် ဗြိတိန်

ဗြိတိန်နိုင်ငံ အတွင်း ၌ တရုတ်ထိပ်တန်း Huawei နည်းပညာ ကုမ္ပဏီအား 5G Network အသုံးပြုခွင့် ကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က တားမြစ် ပိတ်ပင်တော့မည်ဖြစ် သည် ဟု Reuters သတင်းဌာန က ဖော်ပြ ခဲ့သ ည် ။

Huawei ကုမ္ပဏီ ကို တားမြစ်ပိတ်ပင် အရေးယူပိတ်ဆို့မှု ပြုလုပ်တော့မယ့် ဗြိတိန်

ပြီးခဲ့သည့် ဇန်နဝါရီ တွင် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် သည် Huawei ကုမ္ပဏီအား 5G Network အသုံးပြုခွင့် အတွက် limited role ဖြင့် ခွင့်ပြုခဲ့ပြီး အခြေခံအဆောက် အအုံပိုင်း အပါအဝင် ၃၅ ရာခိုင်နှုန်းအား ခွင့်ပြုပေးခဲ့ သည် ။ ယင်းကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဗြိတိန်ဝန်ကြီးချုပ် ၏ ဆုံး ဖြတ်ချက်နှင့် ပတ်သက်ပြီး ပြန်လည် သုံးသပ်ရန် တိုက်တွန်း ခဲ့ သည်။

Huawei ကုမ္ပဏီ ကို တားမြစ်ပိတ်ပင် အရေးယူပိတ်ဆို့မှု ပြုလုပ်တော့မယ့် ဗြိတိန်

ဗြိတိန် သည် ယခင်က နည်းပညာနှင့် ပတ်သက်၍ အကျိုးအမြတ်ဖြစ်ထွန်း လာစေရန် ရည်ရွယ်ကာ Huawei ကုမ္ပဏီ ကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သော်လည်း တရုတ်ကုမ္ပဏီ၏ နည်းပညာဆိုင်ရာ ဈေး ကွက်ချဲ့ထွင်ခြင်း ကဏ္ဍမှာ မျှော်လင့်ထားသည် ထက် အင်အားကြီးထွားလာနေသည် ။ ထို့အပြင် လက်ရှိတွင် ဟောင်ကောင်အား အမျိုးသားလုံခြုံရေး ဥပဒေ ပြဌာန်းလိုက်သည့် အတွက် ဗြိတိန်နှင့် တရုတ်တို့အကြား ထားရှိခဲ့ သည့် ကတိကဝတ် ကို ဖောက်ဖျက်သလို ဖြစ်သွားသောကြောင့် ဘောရစ် ဂျွန်ဆင်အနေဖြင့် ယင်းကုမ္ပဏီ ကို အရေးယူပိတ်ဆို့မှု ပြုလုပ်တော့ မည် ဟု သတင်းထွက်လာခြင်းဖြ စ်သည် ။

Huawei ကုမ္ပဏီ ကို တားမြစ်ပိတ်ပင် အရေးယူပိတ်ဆို့မှု ပြုလုပ်တော့မယ့် ဗြိတိန်

ပြီးခဲ့သည့် ဇန်နဝါရီလ တွင် ဗြိတိန် အစိုးရနှင့် Huawei ကုမ္ပဏီတို့ သဘောတူထားသည့် စာချုပ်သည် ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိသည့်အတွက် ဗြိတိန်အနေဖြင့် ကာလကို လျှော့ပေါ့မည်လော၊ လုံးလုံးလျားလျား ပိတ်ပင်မည်လောဆိုသည့်အချက် ကိုမူ အတိအကျ မသိရသေးပေ ။

သို့သော် ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးကမူ ဗြိတိန်အနေဖြင့် Huawei နှင့် ချုပ် ဆိုထားသည့် စာချုပ် ကို နောက်ကြောင်းပြန်လှည့်သွားပါက နိုင်ငံ ၏ ပုံရိပ်ကို ဆိုးရွားစွာ ကျဆင်းသွားစေမည်ဖြစ်ကာ ယင်းဆုံးဖြတ်ချက် ၏ အကျိုးဆက်များ ကိုလည်း ပြင်းထန်စွာ ခံစားရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုထားဖူးသည် ။

Image may contain: text that says ‘HUAWEI’

Add a Comment

Your email address will not be published. Required fields are marked *