ေတာင္တ႐ုတ္ပင္လယ္ထဲက ဧရိယာ အမ်ားစု ကို သူပိုင္တယ္ လုိ႔ တ႐ုတ္ေၾကာ္ျငာခ်က္ အေမရိကန္ အတိအတင္းပယ္ခ်

ေအာက္တြင္ ယူနီကုတ္ျဖင့္ဖတ္ရႈႏိုင္ပါသည္

ေတာင္တ႐ုတ္ ပင္လယ္ထဲ က ဧရိယာအမ်ားစု ကို သူပိုင္တယ္လို့ တ႐ုတ္ကေၾကညာထားတာ လို့ အေမရိကန္က တရား၀င္ ပယ္ခ်တယ္ လို့ နိုင္ငံျခားေရး၀န္ႀကီး မိုက္ပြမ္ပီအိုက တနလၤာေန႔ကေျပာတယ္ ။ ဒါကေတာ့ US နဲ႔ တ႐ုတ္အၾကား ေနာက္ဆုံး တင္းမာမွု လကၡဏာ ပါပဲ ။

အရင္တုန္းက ထဲကလည္း ေတာင္တ႐ုတ္ပင္လယ္နဲ႔ ပတ္သက္ ရင္ တ႐ုတ္ေတာင္း ဆိုခ်က္ ကို အေမရိကန္ လက္မခံပါဘူး ။ အခုဟာက အေမရိကန္မူဝါဒ ပိုအားေကာင္းေအာင္ ထုတ္ေျပာလိုက္ျပန္တာ ပါပဲ။

ေတာင္တ႐ုတ္ပင္လယ္ထဲက ဧရိယာ အမ်ားစု ကို သူပိုင္တယ္ လုိ႔ တ႐ုတ္ေၾကာ္ျငာခ်က္ အေမရိကန္ အတိအတင္းပယ္ခ်

ေတာင္တ႐ုတ္ ပင္လယ္ ကမ္းလြန္ရင္းျမစ္အမ်ားစု ကို ပိုင္တယ္ လို့ တ႐ုတ္ေတာင္း ဆိုထားတာ လုံး၀ဥပေဒ နဲ ႔မညီဘဲ ဒီလိုေတာင္းဆိုမွု က ဒါကို ထိန္းခ်ဳပ္ဖို့ အနိုင္က်င့္တဲ့ ကမ္ပိန္းျဖစ္ တယ္ လို့ ပြမ္ပီယိုက ေျပာသတဲ့ ။

ေတာင္တ႐ုတ္ ပင္လယ္ ဧရိယာအမ်ားစု ကို တ႐ုတ္ကေျမပုံေပၚမွာ မ်ဥ္းတို ၉ ေၾကာင္း နဲ႔ ဝုိက္ျပၿပီး ဒီေနရာအားလုံး သူပိုင္တယ္ လို့ ေျပာထားတာေၾကာင့္ Nine-dash line လို့ လူသိမ်ားတယ္။ ဒီေတာင္း ဆိုခ်က္ဟာ ရာစုႏွစ္ခ်ီတဲ့ ေခတ္ေဟာင္းက အခြင့္အေရးအရလို့ ဆိုတယ္။

ေတာင္တ႐ုတ္ပင္လယ္ထဲက ဧရိယာ အမ်ားစု ကို သူပိုင္တယ္ လုိ႔ တ႐ုတ္ေၾကာ္ျငာခ်က္ အေမရိကန္ အတိအတင္းပယ္ခ်

ေတာင္တ႐ုတ္ပင္လယ္ဟာ ကမၻာ့ ကုန္သြယ္ေရေၾကာင္း မွာ အေရးပါ သလို လူမေနတဲ့ ကၽြန္း အမ်ားစုသာ ရွိေပမယ့္ မေဖာ္ထုတ္ရေသး တဲ့ သဘာ၀ရင္းျမစ္ေတြ ေပါႂကြယ္၀တယ္လို့ ယူဆၾကတယ္ ။

ေတာင္တ႐ုတ္ ပင္လယ္ ကို အပိုင္စီးၿပီး ကုန္သြယ္ေရေၾကာင္းအင္ပါယာ ထူေထာင္ဖို့ တ႐ုတ္ၿခိမ္းေျခာက္တာကို ကမၻာႀကီးကခြင့္ျပဳမွာ မဟုတ္ဘူး၊ နိုင္ငံတကာဥပေဒေအာက္မွာ အေမရိကန္က မဟာမိတ္ အေရွ႕ေတာင္အာရွနိုင္ငံေတြ ၊ လက္တြဲေဖာ္ေတြ ရဲ့ ကမ္းလြန္ရင္းျမစ္ ပိုင္ဆိုင္မွုအခြင့္အေရးေတြ ကို ကာကြယ္ဖို့ အတူရပ္တည္သြားမယ္ လို့လည္း ပြမ္ပီယိုက ဆိုတယ္ ။

ေတာင္တ႐ုတ္ပင္လယ္ထဲက ဧရိယာ အမ်ားစု ကို သူပိုင္တယ္ လုိ႔ တ႐ုတ္ေၾကာ္ျငာခ်က္ အေမရိကန္ အတိအတင္းပယ္ခ်

ပြမ္ပီယိုက အေမရိကန္ ဟာ ဖိလစ္ပိုင္ နဲ႔ တ႐ုတ္ တို့ အျငင္းပြားမွုကို ၂၀၁၆ က ကုလသမဂၢအႏုညာတခုံ႐ုံးဆုံးျဖတ္ခ်က္နဲ႔ ခ်ိန္ညႇိရပ္တည္တယ္လို့လည္း ေျပာခဲ့တယ္။ အဲဒီခုံ႐ုံးက တ႐ုတ္ေတာင္းဆိုခ်က္ကို ပယ္ခ် ခဲ့တယ္ ။ ကုလကြန္ဗန္းရွင္းေတြနဲ ႔အညီ အႏုညာတခုံ႐ုံး ဆုံးျဖတ္ခ်က္ဟာ ေနာက္ဆုံးနဲ႔ ႏွစ္ဘက္အတြက္ အၿပီးအျပတ္ျဖစ္တယ္လို့လည္း ပြမ္ပီယိုက ဆိုတယ္ ။

နိုင္ငံတိုင္းမွာ ကမ္းေျခကေန ေရပိုင္နက္ ေရမိုင္ ၁၂ မိုင္ နဲ႔ သီးသန္႔စီးပြားေရးဇုန္ EEZ ေရမိုင္ ၂၀၀ သတ္မွတ္ခြင့္ရွိတယ္။ တ႐ုတ္ရဲ့ပိုင္နက္ ေတာင္းဆိုမွုဟာ နိုင္ငံတခ်ိဳ့ရဲ့ သီးသန္႔စီးပြားေရးဇုန္ထဲ ေရာက္ေနတာကို အဓိကရည္ရြယ္ၿပီး ဥပေဒနဲ႔မညီဘူးလို့ အထူးတလည္ ေထာက္ျပ ခဲ့တယ္။

ဖိလစ္ပိုင္၊ မေလးရွား၊ ဗီယက္နမ္၊ ဘ႐ူးနိုင္းတို့ ရဲ့ သီးသန္႔စီးပြားဇုန္ EEZ နဲ႔ တ႐ုတ္ ေရပိုင္နက္ ေတာင္းဆိုခ်က္ ထပ္ေနတာေတြ ကိုလည္း အေမရိကန္က ပယ္ခ်ခဲ့တယ္။

ေတာင္တ႐ုတ္ပင္လယ္ထဲက ဧရိယာ အမ်ားစု ကို သူပိုင္တယ္ လုိ႔ တ႐ုတ္ေၾကာ္ျငာခ်က္ အေမရိကန္ အတိအတင္းပယ္ခ်

ပြမ္ပိုယိုက ဒီလိုေျပာခ်ိန္ ဟာ ေတာင္တ႐ုတ္ ပင္လယ္ထဲ အေမရိကန္ က ေလယာဥ္တင္သေဘၤာႏွစ္စီးလႊတ္ၿပီး စစ္ေရးေလ့က်င့္ေနခ်ိန္ လည္း ျဖစ္တယ္ ။ ဒီေဒသမွာ အေမရိကန္ေလယာဥ္ သေဘၤာႏွစ္စီး ေရာက္ေနတာ က ၂၀၁၄ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ၊ ၂၀၀၁ ေနာက္ပိုင္းက ဆို ဒုတိယအႀကိမ္ျဖစ္ တယ္ ။

တ႐ုတ္ဟာ ဘ႐ူနိုင္း ၊ မေလးရွား ၊ ဖိလစ္ပိုင္ ၊ ထိုင္၀မ္ ၊ ဗီယက္နမ္တို့ နဲ႔ အျငင္းပြားေဒသထဲ လူလုပ္ကၽြန္းတုေတြတည္ၿပီး အဲဒီကၽြန္းေတြေပၚမွာ စစ္စခန္းေတြလုပ္ထားတယ္။ မၾကာခင္ က ေလယာဥ္တင္သေဘၤာ အပါအ၀င္ တ႐ုတ္ ေရတပ္သေဘၤာေတြ လည္း ေတာင္တ႐ုတ္ပင္လယ္ မွာ စစ္ေရးေလ့က်င့္ ခဲ့ တယ္ ။

Stand By Myanmar
မင္းျမတ္စံ

Unicode

တောင်တရုတ် ပင်လယ်ထဲ က ဧရိယာအများစု ကို သူပိုင်တယ်လို့ တရုတ်ကကြေညာထားတာ လို့ အမေရိကန်က တရားဝင် ပယ်ချတယ် လို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီအိုက တနင်္လာနေ့ကပြောတယ် ။ ဒါကတော့ US နဲ့ တရုတ်အကြား နောက်ဆုံး တင်းမာမှု လက္ခဏာ ပါပဲ ။

အရင်တုန်းက ထဲကလည်း တောင်တရုတ်ပင်လယ်နဲ့ ပတ်သက် ရင် တရုတ်တောင်း ဆိုချက် ကို အမေရိကန် လက်မခံပါဘူး ။ အခုဟာက အမေရိကန်မူဝါဒ ပိုအားကောင်းအောင် ထုတ်ပြောလိုက်ပြန်တာ ပါပဲ။

တောင်တရုတ် ပင်လယ် ကမ်းလွန်ရင်းမြစ်အများစု ကို ပိုင်တယ် လို့ တရုတ်တောင်း ဆိုထားတာ လုံးဝဥပဒေ နဲ့မညီဘဲ ဒီလိုတောင်းဆိုမှု က ဒါကို ထိန်းချုပ်ဖို့ အနိုင်ကျင့်တဲ့ ကမ်ပိန်းဖြစ် တယ် လို့ ပွမ်ပီယိုက ပြောသတဲ့ ။

တောင်တရုတ် ပင်လယ် ဧရိယာအများစု ကို တရုတ်ကမြေပုံပေါ်မှာ မျဉ်းတို ၉ ကြောင်း နဲ့ ဝိုက်ပြပြီး ဒီနေရာအားလုံး သူပိုင်တယ် လို့ ပြောထားတာကြောင့် Nine-dash line လို့ လူသိများတယ်။ ဒီတောင်း ဆိုချက်ဟာ ရာစုနှစ်ချီတဲ့ ခေတ်ဟောင်းက အခွင့်အရေးအရလို့ ဆိုတယ်။

တောင်တရုတ်ပင်လယ်ဟာ ကမ္ဘာ့ ကုန်သွယ်ရေကြောင်း မှာ အရေးပါ သလို လူမနေတဲ့ ကျွန်း အများစုသာ ရှိပေမယ့် မဖော်ထုတ်ရသေး တဲ့ သဘာဝရင်းမြစ်တွေ ပေါကြွယ်ဝတယ်လို့ ယူဆကြတယ် ။

တောင်တရုတ် ပင်လယ် ကို အပိုင်စီးပြီး ကုန်သွယ်ရေကြောင်းအင်ပါယာ ထူထောင်ဖို့ တရုတ်ခြိမ်းခြောက်တာကို ကမ္ဘာကြီးကခွင့်ပြုမှာ မဟုတ်ဘူး၊ နိုင်ငံတကာဥပဒေအောက်မှာ အမေရိကန်က မဟာမိတ် အရှေ့တောင်အာရှနိုင်ငံတွေ ၊ လက်တွဲဖော်တွေ ရဲ့ ကမ်းလွန်ရင်းမြစ် ပိုင်ဆိုင်မှုအခွင့်အရေးတွေ ကို ကာကွယ်ဖို့ အတူရပ်တည်သွားမယ် လို့လည်း ပွမ်ပီယိုက ဆိုတယ် ။

ပွမ်ပီယိုက အမေရိကန် ဟာ ဖိလစ်ပိုင် နဲ့ တရုတ် တို့ အငြင်းပွားမှုကို ၂၀၁၆ က ကုလသမဂ္ဂအနုညာတခုံရုံးဆုံးဖြတ်ချက်နဲ့ ချိန်ညှိရပ်တည်တယ်လို့လည်း ပြောခဲ့တယ်။ အဲဒီခုံရုံးက တရုတ်တောင်းဆိုချက်ကို ပယ်ချ ခဲ့တယ် ။ ကုလကွန်ဗန်းရှင်းတွေနဲ့အညီ အနုညာတခုံရုံး ဆုံးဖြတ်ချက်ဟာ နောက်ဆုံးနဲ့ နှစ်ဘက်အတွက် အပြီးအပြတ်ဖြစ်တယ်လို့လည်း ပွမ်ပီယိုက ဆိုတယ် ။

နိုင်ငံတိုင်းမှာ ကမ်းခြေကနေ ရေပိုင်နက် ရေမိုင် ၁၂ မိုင် နဲ့ သီးသန့်စီးပွားရေးဇုန် EEZ ရေမိုင် ၂၀၀ သတ်မှတ်ခွင့်ရှိတယ်။ တရုတ်ရဲ့ပိုင်နက် တောင်းဆိုမှုဟာ နိုင်ငံတချို့ရဲ့ သီးသန့်စီးပွားရေးဇုန်ထဲ ရောက်နေတာကို အဓိကရည်ရွယ်ပြီး ဥပဒေနဲ့မညီဘူးလို့ အထူးတလည် ထောက်ပြ ခဲ့တယ်။

ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူးနိုင်းတို့ ရဲ့ သီးသန့်စီးပွားဇုန် EEZ နဲ့ တရုတ် ရေပိုင်နက် တောင်းဆိုချက် ထပ်နေတာတွေ ကိုလည်း အမေရိကန်က ပယ်ချခဲ့တယ်။

ပွမ်ပိုယိုက ဒီလိုပြောချိန် ဟာ တောင်တရုတ် ပင်လယ်ထဲ အမေရိကန် က လေယာဉ်တင်သငေ်္ဘာနှစ်စီးလွှတ်ပြီး စစ်ရေးလေ့ကျင့်နေချိန် လည်း ဖြစ်တယ် ။ ဒီဒေသမှာ အမေရိကန်လေယာဉ် သငေ်္ဘာနှစ်စီး ရောက်နေတာ က ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ၊ ၂၀၀၁ နောက်ပိုင်းက ဆို ဒုတိယအကြိမ်ဖြစ် တယ် ။

တရုတ်ဟာ ဘရူနိုင်း ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ထိုင်ဝမ် ၊ ဗီယက်နမ်တို့ နဲ့ အငြင်းပွားဒေသထဲ လူလုပ်ကျွန်းတုတွေတည်ပြီး အဲဒီကျွန်းတွေပေါ်မှာ စစ်စခန်းတွေလုပ်ထားတယ်။ မကြာခင် က လေယာဉ်တင်သငေ်္ဘာ အပါအဝင် တရုတ် ရေတပ်သငေ်္ဘာတွေ လည်း တောင်တရုတ်ပင်လယ် မှာ စစ်ရေးလေ့ကျင့် ခဲ့ တယ် ။

Stand By Myanmar
မင်းမြတ်စံ

Add a Comment

Your email address will not be published. Required fields are marked *