ဧရာဝတီမြစ်ရေ မြင့်တက်မှု သတိပေးနှိုးဆော်ချက် ထပ်မံထုတ်ပြန်

အောက်တွင် Unicode ဖြင့် ဖတ်နိုင်ပါသည်





ရွှေကူ ဇူလိုင် ၁၄



မြို့နယ်ပြန်ဆက်


MOI Webportal Myanmar

Unicode

၁၄.၇.၂၀၂၀ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးအုပ်စု၊ ဂွေ့ကြီးကျွန်းကျေးရွာ တွင် ဧရာဝတီမြစ်ရေမြင့် တက်လာပြီး ရေတိုက်စားမှု များဖြစ်ပွားကြောင်း သတင်းရရှိ သဖြင့် ကသာမြို့နယ်မီးသတ်စခန်းနှင့် ကျောက်ထုံးကြီးနယ်မြေ မီးသတ်စခန်း တို့ မှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် နေအိမ်များအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိ ပါသည် ။

ရာဝတီမြစ်ရေ မြင့်တက်မှု သတိပေးနှိုးဆော်ချက်

ရွှေကူ ဇူလိုင် ၁၄

ရွှေကူမြို့နယ် ၌ ယနေ့နံနက် ၆ နာရီခွဲ အချိန် တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေသည် ၉၂၆ စင်တီမီတာသို့ ရောက်ရှိနေပါသည်။ စိုးရိမ်ရေမှတ်မှာ ၉၃၀ စင်တီမီတာဖြစ်၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၄ စင်တီမီတာသာ လိုပါတော့သဖြင့် မြေနိမ့်ပိုင်းနေရာများနှင့် မြစ်ကမ်းဘေး နေထိုင်သူများအနေဖြင့် အမြဲသတိရှိနေစေရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြို့နယ်ပြန်ဆက်

MOI Webportal Myanmar

Add a Comment

Your email address will not be published. Required fields are marked *