ဘန်ကောက်မြို့ ရဲ့ VIP မှ တကျော့ပြန် ကူးစက်ခြင်း နောက်ဆုံး အခြေအနေ (ပြည်ဝင်ခွင့် အားလုံး ကို ပိတ်လိုက်ပါပြီ )
Kyaw Zaw
Unicode
မျှော် တိုင်း ဝေး နေပြီ
ထိုင်း အစိုးရ က လက် ရှိ အခြေအနေ မှာ ထိုင်းနိုင်ငံ ကို ပြန်လည် ဝင်ရောက် လာ မည့် နိုင်ငံခြားရေး သံဌာနများ မှ လူများ ၊ စီးပွါးရေး သမားများ ကို ပြည်ဝင်ခွင့် ယာယီ ပြန်လည် ပိတ် လိုက် ပါပြီ ။
ကိုဗစ်နှင့် ပက် သက်ပြီး ထိုင်းနိုင်ငံ မှာ ပြည်တွင်း ကူးစက်မူ့မရှိတာ ၅၅ ရက် အကြာ စံချိန်ကိုထိမ်းထားနိုင်ပြီး မှ အီဂျစ်နိုင်ငံ နဲ့ ဆူဒန်နိုင်ငံသား စစ်သံအရာရှိ မိသားစုများကို VIP တွေ ဆိုပြီး Q မဝင်ပဲ ခွင့်ပြု လိုက် တာ မှ အစပြုပြီး မီးခိုးကြွက်လျောက် ဒုက္ခ ရောက်ရတယ် လို့ ပြောရ ပါမယ် ။
ဘန်ကောက်မြို့ ရဲ့ VIP မှ တကျော့ပြန် ကူးစက်ခြင်း နောက်ဆုံး အခြေအနေ
အီဂျစ်သံအရာရှိဟာ ထိုင်းနိုင်ငံ လရောင်မြို့မှာ စစ်ရေးအခမ်းအနားတစ်ခုကို လာရောက်လည်ပါတ်ပြီး သူနို့င်ငံကို ပြန်လည်ဝင်ရောက်သည့် အခါမှာ ကိုဗစိရောဂါ ရှိမရှိစစ်ဆေးရာကနေ ပိုးတွေ့ခဲ့သည့် အတွက် အီဂျစ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ဓါတ်ခွဲခန်း အဖြေ ကို အကြောင်းကြား မှ ထိုင်းတို့ သိရတာပါ ။ ၎င်းတို့ သွားခဲ့တဲ့ နေရာတွေဖြစ်တဲ့ ဟိုတည် ၊ဈေးဝယ်စင်တာ များစသည့်နေရာများ ကို အပူတစ်ပြင်း အကုန် လိုက်စစ်ဆေး ခဲ့ရာ app စာရင်းအရ ၃၉၄ ဦးလာရောက် လည်ပါတ် ခဲ့ပြီး စုစုပေါင်း ၁၀၀၀ ဦးထက်မနည်း ရှိပါ တယ် ။
ဘန်ကောက်မြို့ ရဲ့ VIP မှ တကျော့ပြန် ကူးစက်ခြင်း နောက်ဆုံး အခြေအနေ
အီဂျစ်စစ်သံ အရာ ရှိတွေ နှင့် ထိတွေ့ဆက်ဆံသူစုစုပေါင်း ၁၈၈၉ ဦး ကိုအိမ်မှာ Qဝင်ခိုင်းပြီးစောင့်ကြည့်ထားပါတယ်။ဒါ့အပြင် လရောင်မြို့မှကျောင်း ၁၀ ကျောင်းကိုလည်း ယါယီ ပြန်လည်ပိတ်ခဲ့ ရပါတယ် ။
ဘန်ကောက်မြို့ ရဲ့ VIP မှ တကျော့ပြန် ကူးစက်ခြင်း နောက်ဆုံး အခြေအနေ
ဘန်ကောက်မှာလည်း ဆူဒန်သံ အရာရှိမိသားစုက အသက်(၉)နှစ် အရွယ် ကလေးမမှာလည်း ပိုးတွေ့လို့ ဘန်ကောက်ဆေးရုံ မှာ ဆေးကုသမူ့ခံယူနေပါပြီ ။သူတို့နှင့်လေယာဉ်တစ်စီး ထဲလိုက်ပါလါခဲ့သူ ၂၄၅ ဦးကတေါ့ ပုံမှန်အတိုင်း Q ဝင်ရောက်ခဲ့ပေမဲ့ ၎င်း တို့ကတော့ ဆူခွန်ဗစ် မှာရှိတဲ့ the One X ကွန်ဒို မှာနေခဲ့ပြီး တော်တော်များများကိုထိတွေ့ ခဲ့ပါတယ် ။ အဲဒီကွန်ဒိုမှာတေါင် အခန်းပေါင်း ၃၂၉ ခန်းကျော်ရှိပါတယ် ။ဆိုတေါ့ ဘန်ကောက်အရေးကမတွေးဝံ့စရာပါပဲ ။ ဘန်ကောက်မှာတေါ့ ဒီ တစ်ရက် ၂ ရက်အတွင်း သတင်းထူးများ ကိုကြားရ ပါအုံးမည် ။
ဘန်ကောက်မြို့ ရဲ့ VIP မှ တကျော့ပြန် ကူးစက်ခြင်း နောက်ဆုံး အခြေအနေ
လက်ရှိ ထိုင်းနိုင်ငံ မှာ ၁၄-၇-၂၀၂၀ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး အသစ်တွေ့ရှိသူ ၇ ဦး နှင့် စုစုပေါင်းရောဂါကူးစက်ခံရသူ ၃၂၂၇ ဦး ၊ရောဂါ ပျောက်ကင်းသက်သာသွါးသူ ၃၀၉၁ ဦး ၊ လက်ရှိကုသမူ့ခံယူနေသူ ၅၈ ဦး နှင့် သေဆုံးသူ ၅၈ ဦးရှိပြီဖြ စ်ပါသ ည် ။
Kyaw Zaw
Add a Comment
Your email address will not be published. Required fields are marked *