သေဆုံးပြီးသော အဖေ ရဲ့ အသုဘ ရုပ်အလောင်း ကို ဆေးရုံကြီးအအေး တိုက် မှ ထုတ်ယူလာပြီး သေဆုံးသူ ရဲ့ အိမ်သို့ ပို့ လိုက်သော အ ခါ…

အသုဘ ရုပ်အလောင်းကို ဆေးရုံကြီး အအေးတိုက် မှ ထုတ်ယူလာပြီး နာရေးကားပေါ် တင်၍ သေဆုံးသူ ရဲ့ အိမ်သို့ပို့ဆောင်ဖို့ မောင်းထွက်လာ ခဲ့တယ်။ အိမ်ရှေ့ကို နာရေးကားရောက် လာတော့ မိဘကျေးဇူးတွေ နဲ့ အယူသီးမှုတွေ ကို ခွဲခြားသိမြင်နိင်ပြီး သိပ်ချစ် ပါတယ် ဆိုတဲ့ အမှန်တရား ။

သေဆုံးပြီးသော အဖေ ရဲ့ အသုဘ ရုပ်အလောင်း ကို ဆေးရုံကြီးအအေး တိုက် မှ ထုတ်ယူလာပြီး သေဆုံးသူ ရဲ့ အိမ်သို့ ပို့ လိုက်သော အ ခါ…

အသုဘရုပ် အလောင်း ကို ဆေးရုံကြီးအအေးတိုက် မှ ထုတ်ယူလာပြီး နာရေးကားပေါ်တင် ၍ သေဆုံးသူ ရဲ့အိမ်သို့ ပို့ဆောင်ဖို့ မောင်းထွက်လာ ခဲ့တယ်…

အိမ်ရှေ့ကို နာရေး ကားရောက် လာတော့ အလောင်းကို အိမ်ထဲသွင်းမယ် လုပ်စရာရှိ တာလုပ်မယ်ပေါ့ ကားပေါ်ကနေ အလောင်းချမယ် လုပ်တော့ အိမ်ရှင်တွေက အပြေးရောက်လာပြီး မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ ဆရာတို့ အိမ်ထဲအလောင်း မပြင်ဘူးနော် အိမ်ရှေ့မှာပဲအလောင်းပြင်ပေးပါနော်တဲ့

” အမ ဘာဖြစ်လို့လဲ ” လို့ကျွန်တော်ကမေး လိုက်တော့… ဟိုလေ ” ဆရာ အပြင်မှာသေတဲ့အလောင်းကို အိမ်ထဲမသွင်းကောင်းဘူးတဲ့ အိမ်သားတွေခိုက်တက်တယ် တဲ့ ” ပြီးတော့ ရပ်ကွက်ကလဲမကြိုက်ဘူး ရပ်ကွက်နာတယ်တဲ့… ဟောဗျာ…”ဒါနဲ့အမ အခုသေတဲ့သူက အမနဲ့ ဘာတော်လဲ လို့မေးလိုက်တော့ “… ဆရာ အခုဆုံးသွားတဲ့သူက ကျွန်မအဖေ ပါတဲ့.

သေဆုံးပြီးသော အဖေ ရဲ့ အသုဘ ရုပ်အလောင်း ကို ဆေးရုံကြီးအအေး တိုက် မှ ထုတ်ယူလာပြီး သေဆုံးသူ ရဲ့ အိမ်သို့ ပို့ လိုက်သော အ ခါ…

အော်…ဟုတ်ကဲ့ အမအေ ဖလား ဒါဆိုအိမ်ထဲ အလောင်း မပြင်ဘူး အပြင်မှာပဲ အလောင်းပြင်မယ်ပေါ့ ဟုတ်လားအမ… ဟုတ်ကဲ့ ဆရာ အပြင်မှာပဲပြင်ပေးပါတဲ့…ကောင်းပါပြီအမ ကျွန်တော် တို့ အမတို့စိတ်တိုင်းကျ အပြင်မှာပဲအလောင်းပြင်ပေးပါမယ် ငိုတဲ့သူက ငိုကြတယ် ကျွန်တော်တို့လဲ လုပ်စရာရှိတဲ့ကိစ္စအဝဝကိုဆောင်ရွက်ပေးပြီး ကူညီပေးခဲ့ပါပြီ…

အသုဘ အလောင်းပြင်ပြီး အပြန်ကား ပေါ်မှာ ကျွန်တော် အသိအမှန်တရားတစ်ခု ချက်ချင်း ရလိုက်ပါတယ် အဲ့ဒါက ဘာလဲဆိုတော့….. အော်…. ငယ်စဉ်တောင်ကျေးကလေးဘဝကနေ လူလားမြှောက်အောင် ပညာတက်ကြီးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကိုယ့်ဖေဖေ …

နေပူထဲမှာလှုပ်ရှားရုန်းကန်ပြီး သားသမီးတွေ မျက်နာမငယ်ရအောင် ကျွေးမွေးပြုစု ရှာဖွေ စောင့်ရှောက်ခဲ့ရတဲ့ ဖေဖေ… သားသမီးတွေအတွက်ဆို မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ ဖေဖေ… အိမ်ထောင်ဦးစီး သူတော်ကောင်းကြီး ဖေဖေ… ဖေဖေ ရယ် … အခု ဖေဖေ သေဆုံးသွားတော့ အိမ်ထဲတောင် အဝင်မခံတော့ဘူး ဖေဖေရယ်…

အိမ်ထောင်ဦးစီး ဖေဖေ ရုန်းကန်ရှာဖွေပြီး စုဆောင်းကာ ဖေဖေဆောက်ခဲ့တဲ့ အိမ်လေး အခု ဖေဖေ ဂေါင်းချဖို့တောင် နေရာမရှိတော့ဘူး ဖေဖေရယ်… ဖေဖေ ကျွေးမွေးပြုစု စောင့်ရှောက် ခဲ့တာ နစ်ပေါင်းများစွာပါ ဖေဖေ အခုတော့… နောက်ထပ် ၅ရက်နေရင် ဖေဖေကို အိမ်ကနေ သားသမီးတွေက ရာသက်ပန် နင်ထုတ်တော့မှာ ဖေဖေရယ်…

ဖေဖေ ချွေးနည်းစာလေးနဲ့ပိုက်စံစုပြီး လိုအပ်ရင် အရန်သင့်ဖြစ်အောင် သားသမီးတွေ အတွက် ရည်ရွယ်ကာ ဝယ်ထားတဲ့ ဖေဖေ ရွှေလက်စွပ်လေး အခုဖြုတ်ယူသွားကြပြီ ဖေဖေရယ်… ဖေဖေတမလွန်ကိုသွားတော့ ပုဆိုးအဟောင်းလေးနဲ့ အကျီအနွမ်းလေး ဖေဖေအတွက်ဆိုပြီး ထည့်ပေးလိုက်ပြီနော် ဖေဖေ…

ရပ်ကွက်ကအဝင်မခံဘူးပြောရအောင် ရပ်ရွာကောင်းကျိုးသာရေး နာရေးတွေ ဆွမ်းလောင်း အသင်းတွေ ပါဝင်ပြီး ဦးဆောင်ဦးရွက်တက်အားသရောကုသိုလ်ယူပြုလုပ်ခဲ့တဲ့ ဖေဖေ… အခု ဖေဖေ ကိုတောင်အဝင်မခံတော့ဘူး ရပ်ကွက်နာတယ်တဲ့ တရားရဲ့လားဖေဖေရယ်… ဖေဖေ ပေးခဲ့တဲ့ မေတ္တာတရားတွေကတန်ဖိုးမဖြတ်နိင်အောင် ကြီးမားလှပါတယ် ဖေဖေရယ်။

သေဆုံးပြီးသော အဖေ ရဲ့ အသုဘ ရုပ်အလောင်း ကို ဆေးရုံကြီးအအေး တိုက် မှ ထုတ်ယူလာပြီး သေဆုံးသူ ရဲ့ အိမ်သို့ ပို့ လိုက်သော အ ခါ…

နောက်ဆုံး ဖေဖေရလိုက်တဲ့အရာတွေက တန်ဖိုးနည်းလိုက်တာ ဖေဖေ ဖေဖေ… ရယ် လောဘ ဒေါသ မောဘ တွေပြည့်နှက်နေတဲ့ လူ့လောကကြီးက ကိလေသာအပူမီးတွေ တောက်လောင်နေတာပါ။ ဒါန သီလ ဘာဝနာ တွေကသာ ဖေဖေ နောက်ပါမှာ ကောင်းရာသုဂတိမှာ ဖေဖေ ပျော်မွှေ့ပါစေနော် ….

ကိုယ်သိပ်ချစ်ပါတယ် ချစ်ပါတယ် ဆိုပြီး ပါးစပ်ကလေးနဲ့မိဘကျေးဇူး တရားတွေကို တန်ဖိုးမဖြတ်လိုက်ကြပါနဲ့မိဘကျေးဇူးကို မဆပ်မိကြလို့ သေခါမှနောင်တမရမိကြလိုက်ပါနဲ့နော်။

ဤစာသားလေးကို မိဘကျေးဇူးနင့် အယူသီးမှုတွေကိုပါပပျောက်အောင် ကျွန်တော်ရင်ထဲကခံစားချက်လေးနဲ့အတူရေးသားပြီး မျှဝေပေးလိုက်ပါရစေ….

ကျော်ဇင် (မန္တလေးသား)

စာရေးသူကို လေးစားစွာခရစ်ဒက် ပေးပါသည်

Add a Comment

Your email address will not be published. Required fields are marked *