ကိုဗစ်ကာလ ထိုင်းအစိုးရ ကြမ္မာဆိုး ၀င်ပြီ.. သောင်းချီတဲ့ လူအုပ်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ကုန်ပြီ

ထိုင်းအစိုးရ ကတော့ Covid ကာလ မှာ တစ်ပူပေါ် နှစ်ပူမ က အပူပေါင်းများ စွာ ဆင့် ပြီ

ကိုဗစ် ကာလ အတွင်း အဆင့်ဆင့် ဖြေလျော့မှုတွေ အောင်မြင်လာပြီး ခရီးသွား လုပ်ငန်းတွေ ပုံမှန် လည်ပတ် နိုင်တော့ မည့် အခြေအနေတွေ ကိုရောက် လုလုဆဲ မှာဘဲ အစိုးရ အတွက် ကံကြမ္မာဆိုး စဝင်တော့ တာ ပါ ဘဲ ။

ဇူလိုင်လ ၈ ရက်နေ့က လရောင်းမြို့ ၊ အူတဖောင်း နိုင်ငံတကာလေဆိပ်အသစ်ကနေ ထိုင်းနိုင်ငံကို အလည်အပတ်လာကြတဲ့ အီဂျစ်စစ်သံအဖွဲ့ အရာရှိစစ်သည် ၃၁ ဦးကို ပြည်ဝင်ခွင့်ပြုပြီး VIP အဖြစ် Q မဝင်စေဘဲ စင်ထရယ် တစ်ခု ရဲ့ ဟိုတယ်မှာတည်းခွင့်ပြု လိုက် ပါ တယ်..

သောင်းချီတဲ့ လူအုပ်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ကုန်ပြီ

အဲ့ဒီအထဲမှာ Covid -19 ရောဂါပိုးကူးစက်လာသူ ပါလာ တဲ့ အတွက် လရောင်းမြို့ဟာ အားလုံးသိကြတဲ့ အတိုင်း အခြေအနေတွေဟာ ရုတ်ချည်းပြောင်း လဲကုန်ပြီး ပြည်သူတွေ စတင်ပေါက်ကွဲကြတော့ တာဘဲ ။

ဟိုတယ်လုပ်ငန်းရှင် တစ်ချို့ပြည်တွင်း ခရီးသွားများ ဟိုတယ်ဘွတ်ကင်တွေ ဖျက်သိမ်းလိုက် ရပါတယ် ။ ကျောင်းပေါင်း ၁၂၇ ခုကိုချက်ချင်း ပိတ်လိုက် ပလာဇာဈေးတွေလည်း ယာယီပိတ်လိုက်ရပါတယ် ၊ ပြီးခဲ့တဲ့၂ ရက်က ဝန်ကြီးချုပ် ကိုယ်တိုင်သွားရောက်စစ်ဆေးစဉ် ဝန်ကြီးချုပ်ကို ဆန္ဒပြတဲ့ကျောင်းသားနှစ်ဦး ရဲကဖ မ်းဆီးထိန်းသိမ်းခဲ့တယ် လို့သိရပါတယ် ။

သောင်းချီတဲ့ လူအုပ်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ကုန်ပြီ
သောင်းချီတဲ့ လူအုပ်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ကုန်ပြီ

ဒီနေ့မှာတော့ ထိုင်းနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂ ဥက္ကဌ Miss JuthaTip ဦးဆောင်ကာ သောင်းချီတဲ့ လူအုပ်ကြီးဟာ ဘန်ကောက်မြို့ အစိုးရဝန်ကြီးများ ရုံးစိုက်ရာနှင့် အနီးတဝိုက် ရတ်ချဒမ်းနုမ်း လမ်းမပြီးက ဒီမိုကရေစီကျောက်တိုင်တွင် တာဝန်ယူမှု တာဝန်ခံမှုဝန်ကြီးချုပ် အား ထွက်သွားရန်ဆန္ဒပြုကြပြီး အချက် ၃ ချက်ကိုတောင်းဆို လိုက်ပါတယ်…

၁ ။ အခြေခံဥပဒေမှုကြမ်းအသစ်ရေးဆွဲရေး

၂ ။ ပြည်သူအားနှောင့်ယှက်တားဆီးခြင်းမှ ရပ်တန့်ခြင်း

၃ ။ ပါလီမန်ဖျက်သိမ်းပေးရေး

စသည့် အချက်အလက်များ ကိုတောင်းဆိုလိုက်ကြသလို ဝန်ကြီးပရွတ် ကျန်အိုချာ အား ” ထွက်သွား ” ထွက်သွားဆို သည့်ကြွေးကြော်သံများ စဉ်ဆက်ပြတ်ပြိုင်တူအော် ဟစ်ခဲ့ကြ ပါသည် ။

သောင်းချီတဲ့ လူအုပ်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ကုန်ပြီ
သောင်းချီတဲ့ လူအုပ်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ကုန်ပြီ

စီးပွားရေးထိခိုက်မှု နဲ့လူထုစားဝတ်နေရေးအတွက်ဘယ်လိုဖြေရှင်းမလဲဆို တဲ့မေးခွန်းတွေ ကိုလည်း တိုက်ရိုက်ထု တ်လွှင့်မှုမှာမေးမြန်းခဲ့ကြ ပါတယ် ။ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အစိုးရတစ်ဖွဲ့လုံးလိုအပ်ရင် ဆင်းပေးဘို့ကိုလည်း ဆန္ဒပြခေါင်းဆောင်တစ်ချို့ဟာ ဟောပြောခဲ့ကြပါတယ် ။

ဆန္ဒပြတဲ့ အဖွဲ့ဟာ ညလုံးပေါက် ငြိမ်းချမ်းစွာဆန္ဒပြကြမယ်လို့ သိရှိရပါတယ် ၊ လုံခြုံရေး ရဲတပ်ဖွဲ့များခွင့်ပြု သတ်မှတ်ထားတဲ့ဘောင်ထဲကနေဆန္ဒပြကြမယ် လို့သိရပါတယ် ။

သောင်းချီတဲ့ လူအုပ်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ကုန်ပြီ
သောင်းချီတဲ့ လူအုပ်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ကုန်ပြီ

ယခင်ကဖမ်းဆီးထိန်းသိမ်းခံထားရသူ တစ်ချို့ ရဲ့ဓါတ်ပုံဗီနိုင်းတွေကိုလည်းကိုင်ဆောင်ထားကြ ပါတယ် ။

လရောင်းမြို့ဖြစ်စဉ်နှင့်ပါတ်သက်ပြီး ” အစိုးရ ” ရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း အတွက် တိုင်းပြည်အား တာဝန်အရှိဆုံး ဝန်ကြီးချု ပ်ရဲ့နှုတ်ဖျားက တရားဝင်မတောင်းပန်တာဟာ ဘာသဘောလဲ ? ဆိုတဲ့မေးခွန်းတွေလည်းမေးခဲ့ကြ ပါတယ်…

သောင်းချီတဲ့ လူအုပ်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ကုန်ပြီ
သောင်းချီတဲ့ လူအုပ်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ကုန်ပြီ

စီမံခန့်ခွဲ့မှု မတတ်ရင် ခေါင်းဆောင်လုပ်နေလည်းအလကားဘဲ ” ထွက်သွား ” လိုက်တော့လို့ အော်ဟစ်နေခဲ့ကြ ပါတယ်…

ငိုချင်လျှက် နဲ့ လက်တို့..ထိုင်းနိုင်ငံရေး ဟာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ ဆက်လက်စောင့်ကြည့်ရပါအုံးမည်..

SiThu Maung

Add a Comment

Your email address will not be published. Required fields are marked *