အေမရိကန္ နဲ႕ တ႐ုတ္ အင္အားႀကီး ( ၂ ) နိုင္ငံၾကား မွာ ဘယ္လို ရပ္တည္သြားမယ္ ဆိုတာ ျမန္မာ ေျပာလိုက္ၿပီ

ျမန္မာနိုင္ငံ အေရး မွာ တ႐ုတ္နိုင္ငံ ရဲ႕ ေဆာင္႐ြက္မႈေတြအေပၚ အေမရိကန္သံ႐ုံး အႀကီးအကဲက မၾကာေသးခင္ကပဲ ထိုးႏွက္ေဝဖန္ ေျပာဆိုလိုက္တဲ့အေပၚ တ႐ုတ္နိုင္ငံကလည္း ခ်က္ျခင္း ဆိုသလို တုံ႕ျပန္ခဲ့တာ ျဖစ္ ပါ တယ္ ။ ကမာၻ႔ အင္အားႀကီး ႏွစ္ နိုင္ငံၾကား သံတမန္ေရး အရ အေခ်အတင္ ျဖစ္စရာေတြ ေပၚေပါက္ေနေပ မဲ့လည္း ျမန္မာနိုင္ငံ အေန နဲ႕ကေတာ့ လက္ရွိနိုင္ငံျခားေရး မူဝါဒေတြ အတိုင္း ဆက္လက္ ရပ္တည္ေန ဆဲ ျဖစ္ေၾကာင္း နိုင္ငံျခားေရး ဝန္ႀကီးဌာန ၊ နိုင္ငံေရးရာ ဦးစီးဌာန ရဲ႕ ၫႊန္ၾကားေရးမႈး ခ်ဳပ္ ဦးေအာင္ကို က ေျပာ ပါတယ္ ။

အေမရိကန္ နဲ႕ တ႐ုတ္ အင္အားႀကီး ( ၂ ) နိုင္ငံၾကား မွာ ဘယ္လို ရပ္တည္သြားမယ္ ဆိုတာ ျမန္မာ ေျပာလိုက္ၿပီ

“ လြတ္လပ္ၿပီး တက္ႂကြ တဲ့ ဘက္မ လိုက္တဲ့ နိုင္ငံျခားေရးမူဝါဒ နဲ႕ အညီ ဆက္လက္ က်င့္သုံးတယ္ ။ အိမ္နီးခ်င္းနိုင္ငံေတြ နဲ႕ ဆက္ဆံေရးလည္း အေလးထား ပါတယ္ ။ အေရွ႕ရယ္၊ အေနာက္ရယ္ လို႔ မဟုတ္ပါဘူးေနာ္ ။ နိုင္ငံတိုင္း နဲ႕ ခ်စ္ၾကည္ရင္းႏွီး တဲ့ ဆက္ဆံေရး ကို က်ေနာ္တို႔ ရဲ႕ နိုင္ငံျခားေရးမူ ဝါဒ နဲ႕ အညီ ေဆာင္႐ြက္ေန တဲ့ နိုင္ငံ၊ လိုက္နာက်င့္ သုံးေနတဲ့ နိုင္ငံတစ္နိုင္ငံ အျဖစ္ေပါ့ေနာ္ ။ ဘယ္နိုင္ငံ နဲ႕ မဆို ဆက္ဆံေရး ေကာင္းေအာင္ ခ်စ္ၾကည္ရင္းႏွီး တဲ့ ဆက္ဆံေရး ကို ထူေထာင္ထား တယ္ ။ ဒါေပမဲ့ ဒီကိစ ၥကေတာ့ သူတို႔ ရဲ႕ သံ႐ုံးရဲ႕ သေဘာထား ကို ထုတ္ေဖာ္ၿပီး ေျပာၾကားတာေပါ့ေနာ္ ။ ဒါေပမဲ့ က်ေနာ္ တို႔ လည္း လူႀကီးေတြ ကိုေတာ့ သက္ဆိုင္ရာ ကိုေတာ့ တင္ျပထား ပါတယ္။ ”

ျမန္မာနိုင္ငံ အေျခစိုက္ အေမရိကန္ သံ႐ုံး ယာယီ တာဝန္ခံ ‌‌ေဂ်ာ့ဆိုက္ဘေလ ရဲ႕ သေဘာထားအျမင္ ေဆာင္းပါးမွာေတာ့ တ႐ုတ္နိုင္ငံရဲ႕ လုပ္ရပ္ေတြေၾကာင့္ အိမ္နီးခ်င္း ျမန္မာနိုင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈ ကို ထိခိုက္ေနတယ္ ဆိုၿပီး ေရးသား ထား တာ ပါ ။ တ႐ုတ္နိုင္ငံ က စီးပြားေရး လုပ္ငန္းေတြေၾကာင့္ ျမန္မာနိုင္ငံ ရဲ႕ သဘာဝ ပတ္ဝန္းက်င္ နဲ႕ လူမႈဘဝေတြ ထိခိုက္နစ္နာရေၾကာင္း လည္း ေျပာဆိုထား ပါ တယ္ ။

အေမရိကန္ နဲ႕ တ႐ုတ္ အင္အားႀကီး ( ၂ ) နိုင္ငံၾကား မွာ ဘယ္လို ရပ္တည္သြားမယ္ ဆိုတာ ျမန္မာ ေျပာလိုက္ၿပီ

ျမန္မာ့နိုင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာရန္ မ်ိဳးသိမ္းကေတာ့ အေမရိကန္ သံ႐ုံးယာ ယီတာဝန္ခံ ရဲ႕ ေရးသားခ်က္ဟာ အေမရိကန္ က အေရွ႕ေတာင္အာရွ မွာ သံတမန္ေရးအရ ေျခလွမ္းသစ္ျပင္လာတာ ျဖစ္နိုင္ေၾကာင္း သုံးသပ္ ပါတယ္ ။

“အေမရိကန္အစိုးရအေနနဲ႕ အေရွ႕ေတာင္အာရွ ေဒသမွာ တ႐ုတ္ နဲ႕ပတ္သက္ တဲ့ ဆက္ဆံေရး ဆိုင္ရာ ေျခလွမ္းသစ္ တစ္ခု ကို အစျပဳ ဖို႔ ဦးတည္လိုက္ တယ္လို႔ ျမင္ ပါတယ္။ တစ္နည္း အားျဖင့္ေတာ့ အေရွ႕ေတာင္အာရွနိုင္ငံေတြအေပၚမွာ တ႐ုတ္နိုင္ငံရဲ႕ နိုင္ငံေရးအရ စီးပြားေရးအရ လႊမ္းမိုးမႈေတြကို ေလ်ာ့ခ်နိဳင္ဖို႔၊ တန္ျပန္နိုင္ဖို႔ ရည္႐ြယ္တဲ့ ကနဦးေျခလွမ္း၊ ျဖစ္လိမ့္မယ္လို႔ သုံးသပ္ ပါတယ္။”

အေမရိကန္သံတမန္ ရဲ႕ ေရးသားခ်က္အေပ ၚမွာေတာ့ တ႐ုတ္-ျမန္မာ ၂ နိုင္ငံ ဆက္ဆံေရး အဆင္ေျပေနတာ ကို မနာလိုမရႈစိမ့္တဲ့ လုပ္ရပ္ အျဖစ္ ျမန္မာနိုင္ငံ အေျခစိုက္ တ႐ုတ္သံ႐ုံးကလည္း ခ်က္ျခင္းဆိုသလို တုံ႕ျပန္ခဲ့ပါတယ္။ တ႐ုတ္-ျမန္မာ ဆက္ဆံေရးကို ထိခိုက္ေအာင္ ႀကိဳးပမ္းတဲ့ အေမရိကန္ရဲ႕ လုပ္ရပ္ေတြဟာ ေအာင္ျမင္မႈရွိမွာ မဟုတ္ေၾကာင္းလည္း တ႐ုတ္သံ႐ုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ ။ နိုင္ငံေရးသုံးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္းကေတာ့ အင္အားႀကီး ၂ နိုင္ငံၾကား သံတမန္ေရး တင္းမာမႈေတြၾကားမွာ ျမန္မာနိုင္ငံအေနနဲ႕ ဆက္ဆံေရးမွာ သတိထားဖို႔ လိုမယ္လို႔ သုံးသပ္ ပါတယ္။

အေမရိကန္ နဲ႕ တ႐ုတ္ အင္အားႀကီး ( ၂ ) နိုင္ငံၾကား မွာ ဘယ္လို ရပ္တည္သြားမယ္ ဆိုတာ ျမန္မာ ေျပာလိုက္ၿပီ

“တ႐ုတ္ျပည္သူ႕ သမၼတနိုင္ငံ ဟာ အိမ္နီးခ်င္း မဟာ အင္အားႀကီး နိုင္ငံျဖစ္သလို ၊ ျမန္မာနိုင္ငံထဲ မွာလည္း တ႐ုတ္နိုင္ငံ ရဲ႕ စီးပြားေရးလုပ္ငန္းေတြ၊ စီမံကိန္းေတြ အမ်ားအျပား ရွိတာေတြလည္း တစ္ေၾကာင္း၊ ေနာက္ အေမရိကန္ျပည္ေထာင္စုဟာဆိုရင္လည္း က်ေနာ္တို႔နိုင္ငံ ဒီမိုကေရစီအေျပာင္းအလဲအတြက္ကို အင္မတန္မွ အေရးႀကီးတဲ့ ၊ အေမရိကန္ျပည္ေထာင္စုရဲ႕ ေထာက္ခံမႈနဲ႕အတူ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲ မႈကို ဆက္ၿပီးေဖာ္ေဆာင္ရန္ လိုအပ္ေန တဲ့ အေျခအေနျဖစ္တဲ့ အခါက်ေတာ့ ဒီႏွစ္နိုင္ငံလုံး နဲ႕ ဆက္ဆံေရးကို အေမွ်ာ္အျမင္ရွိရွိနဲ႕ သူလည္းနိုင္၊ ကိုယ္လည္း နိုင္၊ ေနာက္ ျပည္သူလူ ထုလည္း အက်ိဳး ရွိမယ့္ ဘက္ကေန ဦးတည္ေဖာ္ေဆာင္နိုင္ ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ ”

အေမရိကန္ နဲ႕ တ႐ုတ္ အင္အားႀကီး ( ၂ ) နိုင္ငံၾကား မွာ ဘယ္လို ရပ္တည္သြားမယ္ ဆိုတာ ျမန္မာ ေျပာလိုက္ၿပီ

ျမန္မာနိုင္ငံရဲ႕ အဓိက ကုန္သြယ္ဘက္ နိုင္ငံ တခုျဖစ္တဲ့ တ႐ုတ္နိုင္ငံ ဟာ အရင္တုန္းက ျမန္မာစစ္ အစိုးရေတြ လက္ထက္ ကတည္းက နိုင္ငံေရး၊ စီးပြားေရးအရ ၾသဇာေညာင္းတယ္လို႔ အမ်ားက ယူဆခဲ့ၾကတာပါ။ ျမန္မာနိုင္ငံမွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲ မွာ အနိုင္ရခဲ့ၿပီးေနာက္ မွာလည္း တ႐ုတ္နိုင္ငံက ဆက္ဆံေရး တည္ေဆာက္ဖို႔ ႀကိဳးပမ္းတာေတြ ရွိခဲ့သလို ၊ တ႐ုတ္သမၼတ Xi Jinping ကိုယ္တိုင္လည္း ဒီႏွစ္ ဇန္နဝါရီလထဲ မွာပဲ ျမန္မာနိုင္ငံ ကို လာေရာက္ခဲ့ၿပီး ခရီးစဥ္အတြင္း တ႐ုတ္နိုင္ငံရဲ႕ ခါးပတ္လမ္း စီမံကိန္း နဲ႕ ပတ္သက္တာေတြ အပါအဝင္ သေဘာတူညီခ်က္ ၃၃ ခု ကိုလည္း လက္မွတ္ေရးထိုးခဲ့ၾက ပါတယ္။

Unicode

မြန်မာနိုင်ငံ အရေး မှာ တရုတ်နိုင်ငံ ရဲ့ ဆောင်ရွက်မှုတွေအပေါ် အမေရိကန်သံရုံး အကြီးအကဲက မကြာသေးခင်ကပဲ ထိုးနှက်ဝေဖန် ပြောဆိုလိုက်တဲ့အပေါ် တရုတ်နိုင်ငံကလည်း ချက်ခြင်း ဆိုသလို တုံ့ပြန်ခဲ့တာ ဖြစ် ပါ တယ် ။ ကမ္ဘာ့ အင်အားကြီး နှစ် နိုင်ငံကြား သံတမန်ရေး အရ အချေအတင် ဖြစ်စရာတွေ ပေါ်ပေါက်နေပေ မဲ့လည်း မြန်မာနိုင်ငံ အနေ နဲ့ကတော့ လက်ရှိနိုင်ငံခြားရေး မူဝါဒတွေ အတိုင်း ဆက်လက် ရပ်တည်နေ ဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ နိုင်ငံရေးရာ ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှုး ချုပ် ဦးအောင်ကို က ပြော ပါတယ် ။

အမေရိကန် နဲ့ တရုတ် အင်အားကြီး ( ၂ ) နိုင်ငံကြား မှာ ဘယ်လို ရပ်တည်သွားမယ် ဆိုတာ မြန်မာ ပြောလိုက်ပြီ

“ လွတ်လပ်ပြီး တက်ကြွ တဲ့ ဘက်မ လိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ နဲ့ အညီ ဆက်လက် ကျင့်သုံးတယ် ။ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဆက်ဆံရေးလည်း အလေးထား ပါတယ် ။ အရှေ့ရယ်၊ အနောက်ရယ် လို့ မဟုတ်ပါဘူးနော် ။ နိုင်ငံတိုင်း နဲ့ ချစ်ကြည်ရင်းနှီး တဲ့ ဆက်ဆံရေး ကို ကျနော်တို့ ရဲ့ နိုင်ငံခြားရေးမူ ဝါဒ နဲ့ အညီ ဆောင်ရွက်နေ တဲ့ နိုင်ငံ၊ လိုက်နာကျင့် သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်ပေါ့နော် ။ ဘယ်နိုင်ငံ နဲ့ မဆို ဆက်ဆံရေး ကောင်းအောင် ချစ်ကြည်ရင်းနှီး တဲ့ ဆက်ဆံရေး ကို ထူထောင်ထား တယ် ။ ဒါပေမဲ့ ဒီကိစ ္စကတော့ သူတို့ ရဲ့ သံရုံးရဲ့ သဘောထား ကို ထုတ်ဖော်ပြီး ပြောကြားတာပေါ့နော် ။ ဒါပေမဲ့ ကျနော် တို့ လည်း လူကြီးတွေ ကိုတော့ သက်ဆိုင်ရာ ကိုတော့ တင်ပြထား ပါတယ်။ ”

မြန်မာနိုင်ငံ အခြေစိုက် အမေရိကန် သံရုံး ယာယီ တာဝန်ခံ ‌‌ဂျော့ဆိုက်ဘလေ ရဲ့ သဘောထားအမြင် ဆောင်းပါးမှာတော့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ကို ထိခိုက်နေတယ် ဆိုပြီး ရေးသား ထား တာ ပါ ။ တရုတ်နိုင်ငံ က စီးပွားရေး လုပ်ငန်းတွေကြောင့် မြန်မာနိုင်ငံ ရဲ့ သဘာဝ ပတ်ဝန်းကျင် နဲ့ လူမှုဘဝတွေ ထိခိုက်နစ်နာရကြောင်း လည်း ပြောဆိုထား ပါ တယ် ။

အမေရိကန် နဲ့ တရုတ် အင်အားကြီး ( ၂ ) နိုင်ငံကြား မှာ ဘယ်လို ရပ်တည်သွားမယ် ဆိုတာ မြန်မာ ပြောလိုက်ပြီ

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန် မျိုးသိမ်းကတော့ အမေရိကန် သံရုံးယာ ယီတာဝန်ခံ ရဲ့ ရေးသားချက်ဟာ အမေရိကန် က အရှေ့တောင်အာရှ မှာ သံတမန်ရေးအရ ခြေလှမ်းသစ်ပြင်လာတာ ဖြစ်နိုင်ကြောင်း သုံးသပ် ပါတယ် ။

“အမေရိကန်အစိုးရအနေနဲ့ အရှေ့တောင်အာရှ ဒေသမှာ တရုတ် နဲ့ပတ်သက် တဲ့ ဆက်ဆံရေး ဆိုင်ရာ ခြေလှမ်းသစ် တစ်ခု ကို အစပြု ဖို့ ဦးတည်လိုက် တယ်လို့ မြင် ပါတယ်။ တစ်နည်း အားဖြင့်တော့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအရ စီးပွားရေးအရ လွှမ်းမိုးမှုတွေကို လျော့ချနိုင်ဖို့၊ တန်ပြန်နိုင်ဖို့ ရည်ရွယ်တဲ့ ကနဦးခြေလှမ်း၊ ဖြစ်လိမ့်မယ်လို့ သုံးသပ် ပါတယ်။”

အမေရိကန်သံတမန် ရဲ့ ရေးသားချက်အပေ ါ်မှာတော့ တရုတ်-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး အဆင်ပြေနေတာ ကို မနာလိုမရှုစိမ့်တဲ့ လုပ်ရပ် အဖြစ် မြန်မာနိုင်ငံ အခြေစိုက် တရုတ်သံရုံးကလည်း ချက်ခြင်းဆိုသလို တုံ့ပြန်ခဲ့ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်အောင် ကြိုးပမ်းတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ အောင်မြင်မှုရှိမှာ မဟုတ်ကြောင်းလည်း တရုတ်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ ။ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ အင်အားကြီး ၂ နိုင်ငံကြား သံတမန်ရေး တင်းမာမှုတွေကြားမှာ မြန်မာနိုင်ငံအနေနဲ့ ဆက်ဆံရေးမှာ သတိထားဖို့ လိုမယ်လို့ သုံးသပ် ပါတယ်။

အမေရိကန် နဲ့ တရုတ် အင်အားကြီး ( ၂ ) နိုင်ငံကြား မှာ ဘယ်လို ရပ်တည်သွားမယ် ဆိုတာ မြန်မာ ပြောလိုက်ပြီ

“တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟာ အိမ်နီးချင်း မဟာ အင်အားကြီး နိုင်ငံဖြစ်သလို ၊ မြန်မာနိုင်ငံထဲ မှာလည်း တရုတ်နိုင်ငံ ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေ အများအပြား ရှိတာတွေလည်း တစ်ကြောင်း၊ နောက် အမေရိကန်ပြည်ထောင်စုဟာဆိုရင်လည်း ကျနော်တို့နိုင်ငံ ဒီမိုကရေစီအပြောင်းအလဲအတွက်ကို အင်မတန်မှ အရေးကြီးတဲ့ ၊ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံမှုနဲ့အတူ ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှုကို ဆက်ပြီးဖော်ဆောင်ရန် လိုအပ်နေ တဲ့ အခြေအနေဖြစ်တဲ့ အခါကျတော့ ဒီနှစ်နိုင်ငံလုံး နဲ့ ဆက်ဆံရေးကို အမျှော်အမြင်ရှိရှိနဲ့ သူလည်းနိုင်၊ ကိုယ်လည်း နိုင်၊ နောက် ပြည်သူလူ ထုလည်း အကျိုး ရှိမယ့် ဘက်ကနေ ဦးတည်ဖော်ဆောင်နိုင် ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ”

အမေရိကန် နဲ့ တရုတ် အင်အားကြီး ( ၂ ) နိုင်ငံကြား မှာ ဘယ်လို ရပ်တည်သွားမယ် ဆိုတာ မြန်မာ ပြောလိုက်ပြီ

မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဘက် နိုင်ငံ တခုဖြစ်တဲ့ တရုတ်နိုင်ငံ ဟာ အရင်တုန်းက မြန်မာစစ် အစိုးရတွေ လက်ထက် ကတည်းက နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ အများက ယူဆခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့ပြီးနောက် မှာလည်း တရုတ်နိုင်ငံက ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့သလို ၊ တရုတ်သမ္မတ Xi Jinping ကိုယ်တိုင်လည်း ဒီနှစ် ဇန်နဝါရီလထဲ မှာပဲ မြန်မာနိုင်ငံ ကို လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံရဲ့ ခါးပတ်လမ်း စီမံကိန်း နဲ့ ပတ်သက်တာတွေ အပါအဝင် သဘောတူညီချက် ၃၃ ခု ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *