







Unicode

နိုင်ငံတကာ အသိုင်းအဝန်း အနေ နဲ့ မြန်မာ အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူပေး ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဘူမိုမင်က စပိန် အစိုးရ ကို တိုက်တွန်းပန်ကြားလိုက် ပါတယ်။

ရာထူး သက်တမ်းပြီး ဆုံးတော့ မယ့် ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ စပိန်သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ ။ ဒုက္ခသည်ဘင်္ဂါလီ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) ရိုဟင်ဂျာပြဿနာ မှာ ဘင်္ဂလားဒေ့ရှ် ကို ဆက် လက်ထောက်ခံနေ တဲ့ အတွက် စပိန်နိုင်ငံ ကို ကျေးဇူးတင် ရှိကြောင်း လည်း ပြော ပါ တယ် ။

မြန်မာ ကို ပိတ်ဆို့ အရေးယူဖို့ စပိန် ကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

စပိန်မှာ နွေရာသီ ကာလ အတွင်း စိုက်ပျိုးရေးကဏ္ဍ အတွက် အလုပ်သမားတွေလိုအပ်နေကြောင်း စပိန်သံအမတ်ကြီး က ပြောဆိုရာမှာ၊ အဘူမိုမင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ စိုက်ပျိုးရေးမှာ ကျွမ်းကျင်သူတွေဖြစ်ကြလို့ ထည့်သွင်း စဉ်းစားသင့်ကြောင်း တိုက်တွန်း ခဲ့ ပါတယ်။

မြန်မာ ကို ပိတ်ဆို့ အရေးယူဖို့ စပိန် ကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရေး အတွက် PPE ဝတ်စုံ ၆ သန်းခွဲ အမေရိကန်ပြည်ထောင်စုကို တင်ပို့ခဲ့ရကြောင်း၊ တခြားနိုင်ငံတွေကိုလည်း ဟိုက်ဒရို ကလိုရိုကွင်း ဆေး အပါအဝင် ဗိုင်းရပ် ကာကွယ်ရေးဆေးဝါးတွေ တင်ပို့ခဲ့ရကြောင်း၊ စပိန်အနေ နဲ့ လည်း ကိုရိုနာ ကာကွယ်ရေး အတွက် လိုအပ်ရင်သုံး စွဲနိုင်ကြောင်း ပြောဆိုခဲ့ ပါတယ်။

ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ကလည်း စပိန်အနေ နဲ့ ဘင်္ဂလားဒေ့ရှ် မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆောင်ရွက် သင့်ပြီး၊ အထူး သဖြင့် စွမ်းအင် နဲ့ ခရီးသွား ကဏ္ဍတွေမှာ နှစ်နိုင်ငံကြား ကျွမ်းကျင်မှုတွေ ဖလှယ်ကြဖို့လည်း ပြောဆိုခဲ့ ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *