ဘာပွဲစား ညာပွဲစား မှ မယုံနဲ့…ပက်စပို့စ် လုပ်မည်ဆိုပါက ၃၅၀၀၀ သာယူခဲ့ပါ ဘာမှနားမယောင်ပါနဲ့

ပက်စ်ပို့စ် လုပ်မည် ဆိုပါက ၃၅၀၀၀ သာယူခဲ့ပါ ဘာမှနားမယောင်ပါနဲ့

Passport လုပ်မည် ဆိုပါက ကိုယ်တိုင်ဆောင်ရွက်ခြင်းသည် အမှားမရှိခြင်း၊ စိတ်တိုင်းကျဖြစ်ခြင်းနှင့် ပိုမိုလျှင်မြန်ပါသည်။ ပထမဦးစွာ Passport လုပ်ရန် မှတ်ပုံတင် မူရင်း၊ သန်းခေါင်စာရင်းမူရင်း တို့နှင့်အတူ မိတ္တူ ၃စုံ၊ ဘောလ်ပင်၊ငွေ (၃၅,၀၀၀)ကျပ် ယူသွားပါ။ မိတ္တူ ၂ စုံသည် ပေးရန်ဖြစ်ပြီး ၁စုံသည် အပိုဆောင်ထားရန် ဖြစ်ပါသည်။ Passport ရုံးကို မနက် ၈ နာရီကျော်လောက် တွင်ရာက်အောင်သွားပါ။ ပက်စ်ပို့စ် လုပ်မည်ဆိုပါက ၃၅၀၀၀ သာယူခဲ့ပါ ဘာမှနားမယောင်ပါနဲ့ 3 မိတ်ဆွေ အခုလိုနည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးမှာ အရင်လို ၂ လုံး ၃ လုံး ထိုးနေတုန်းဘဲလား? အဆင်မပြေရင် ဒီ app လေးပြောင်းသုံးကြည့်ပါလား မနက် ၉ နာရီလောက်တွင် Agency များမှ Passport လုပ်မည့်သူများ လာရောက် တန်းစီကြသဖြင့် တနေကုန်တတ်သည်။

မနက်၈နာရီကျော်ရောက်ပြီး ရုံးအတွင်း ဝင်ခွင့်ရချိန်တွင် အပေါက်ဝရှိ ရဲဝန်ထမ်းအား Passport လုပ်ချင်သည်ပြောပါ ။ထိုဝန်ထမ်းမှ လိုအပ်သည်များ စစ်ဆေးပေးပြီး ဝင်ခွင့်ပြုပါလိမ့်မည်။ ပွဲစားများမှ Token ဝေမည်။ ဒီဘက်မှာ လာစောင့်ပါ။ ပြောပြီး ခေါ်သွားသည်ကို နားမယောင်ပါနှင့်။ ရုံးအတွင်း ဝင်ပါက ရဲအရာရှိများ ညွှန်ကြားသည့်အတိုင်း အဆင့်ဆင့် စစ်ဆေးဖြတ်ကျော်ပြီး မှတ်ပုံတင် စစ်ဆေးခြင်းများ ဆောင်ရွက်ပါ။

ထို့နောက် ရုံးအတွင်းထဲသို့ ရောက်သွားပါက လူဝင်မှုကြီးကြပ်ရေးဌာနစိတ်တွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မှန်ကန်မှု ရှိမရှိ စစ်ဆေးရန် တန်းစီပါ။ ဤအဆင့်သည် ပထမဆုံး ပြုလုပ်ရမည့်အဆင့်ဖြစ်သည်။လူအနည်းအများကို ကြည့်၍ လူနည်းသည့်တန်းတွင် ဝင်စီပါ။

ဤအကြောင်းကို ပြောရခြင်းမှာ အချို့လူများသည် ပွဲစားနှင့် ဆောင်ရွက်သဖြင့် ပွဲစားညွှန်ပြသော လဝက အရာရှိထံတွင်သာ တန်းစီကြသဖြင့် အချို့ လဝက အရာရှိများရှေ့တွင် လူနည်းနေခြင်း ဖြစ်သည် မှတ်ပုံတင် စစ်ပြီးပါက ငွေ ၂၀၀၀ ပေးချေ၍ ထိုဌာနစိတ်မျက်နှာချင်းဆိုင်ရှိ ကောင်တာတွင် မှတ်ပုံတင်စစ်ဆေးပြီးကြောင်း ထုတ်ပေးလိုက်သော လက်မှတ်နှင့် ဖောင်ယူပါ။ ဖောင်တွင် ပြည့်ပြည့်စုံစုံ ဖြည့်ပါ။ နာမည်ကို မိမိလိုချင်သလို English လို အတိအကျပေါင်းပေးပါ။

သတိပြုရန်မှာ သွားရောက်လိုသည့်နိုင်ငံတွင် မိမိသွားလိုသည့်နိုင်ငံနှင့် သွားရောက်သည့်ကိစ္စတွင် အလည်အပတ်ဟုထည့်ပါ။ အကယ်၍ မိမိတွင် ကျောင်းမှ လက်ခံစာ၊ အလုပ်ခေါ်စာ၊ အခြားပြည်ပမှ ခေါ်ယူကြောင်း အထောက်အထားများ ရှိပါက Passport အမျိုးအစားကို ပြောင်းလဲ လျှောက်ထားနိုင်သည်။ အသေးစိတ်အချက်အလက်ကို ဖောင်ထုတ်ပေးသော ကောင်တာတွင် ပြန်မေးနိုင်ပါသည်။ဖောင်ဖြည့်ပြီးပါက လဝကဘေးရှိ ငွေစာရင်းဌာနစိတ်သို့ သွားရောက် ငွေသွင်းပါ။ စာအုပ်ကြေးသည် ပုံမှန် ၂၅၀၀၀ကျပ်ဖြစ်ပြီး သက်တမ်း ၅နှစ်ရမည်ဖြစ်ပါသည်။

သက်တမ်းကုန်ရန် ၆ လအလို၊ သို့၊ သက်တမ်းကျော်ပြီး၊ သို့၊ စာအုပ်ပျောက်လျှင် ဒဏ်ကြေးအပါအဝင် (၆၅,၀၀၀) ကျပ်ဆောင်ရပါမည်။ ထိုအချက်ကို သတိပြုပါရန်။ သို့သော် သငေ်္ဘာသားများ အတွက်မူ Seaman ဟူ၍ သက်တမ်းကုန်ရန် ၁နှစ်ခွဲအလိုထိ ခွင့်ပြုသဖြင့် Seaman ဖြစ်ကြောင်း အထောက်အထားဖြင့် ပြသကာ ဒဏ်ကြေးလွတ် ဆောင်ရွက်နိုင်ပါသည်။ စာအုပ်ပျောက်လျှင်မူ သတင်းစာတွင် မနလ စာအုပ်ပျောက်ဆုံးကြောင်း ကြော်ငြာထည့်ခိုင်းပါသည်။ မရှင်းလင်းပါက ငွေစာရင်းဌာနတွင် ထပ်မံမေးမြန်းနိုင်ပါသည်။ထိုနောက် ငွေသွင်းပြီးကြောင်း ချလံနှင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဖြည့်ထားသောဖောင်၊ တို့နှင့်အတူ

ဓာတ်ပုံရိုက်ရန် တန်းစီပါ။ဤနေရာတွင်လည်း လူအနည်းအများကို ကြည့်၍ လူနည်းသော အတန်းတွင် တန်းစီပါ။ နားစွင့်ပါ။ မျက်စိရှင်ပါ။ တခါတရံ ဓာတ်ပုံရိုက်ပြီး တဦးပြီး တဦး ဝင်ထွက်နေသည့် ရုံများရှိသည်။ အကြောင်းမူ အတွင်းရှိ ရဲအရာရှိများသည် ရှည်ရှည်ဝေးဝေး မမေးမြန်းပဲ အလျင်အမြန် ဆောင်ရွက်ပေးနေသောကြောင့် ဖြစ်သည်။ အချို့ရုံများတွင်လည်း လူ၂ယောက်လောက်နှင့် ကြာနေသည်ကိုတွေ့ရပါမည်။ အကြောင်းမူ ကင်မရာလိုင်းမတက်သဖြင့် ကြာနေခြင်းဖြစ်သည်။

ထို့ကြောင့် တန်းစီပါက မျက်စိဖွင့်၊ နားစွင့်ပြီး တန်းစီပါ။ ရုံ အဝတွင် ခေါင်းဖီးရန် ဘီးနှင့် မှန် ထားပေးထားပါသည်။အထဲရောက်ပါက လက်ဗွေနှိပ်ခြင်း၊ လက်မှတ်ထိုးခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ရပါမည်။ လက်မှတ်ထိုးရာတွင် စက်သည် တခါတရံ မှားယွင်းတတ်သဖြင့် မိမိ၏ လက်မှတ်အမှန် မပေါ်သည်လည်း ဖြစ်တတ်ပါသည်။ သတိပြုပါ။ ဓာတ်ပုံရိုက်ပါက မျက်မှန်သမားများ မျက်မှန်ချွတ်ပါ။ မျက်နှာအနေအထားကို ပုံမှန်ထားပါ။ ဆံပင်ကို နားရွက်နောက် သပ်ပါ။ နဖူးကို ဆံပင်နှင့် မဖုံးမိအောင်ထားပါ။ ရဲအရာရှိညွှန်ကြားသည့်အတိုင်း နေပါ။

အဆင်မပြေပါက ထပ်ခါတလဲလဲ ရိုက်ရင်း အချိန်ကုန်ပါမည်။ထို့နောက် နောက်ဆုံးအဆင့်မေးမြန်းသည်များကိုဖြေဆိုပါ။ ချလံတစောင် ထုတ်ပေးပါမည်။ အချက်အလက်များကို စစ်ဆေးပါ။ နာမည်စာလုံးပေါင်း၊ မွေးနေ့၊ လက်မှတ်၊ ဓာတ်ပုံ။ ထို့နောက် ငွေ ၃၀၀၀ကျပ်ပေး၍ ချလံပါ ရက်စွဲနေ့မှ ပြန်လာရန် လိုတော့သည်။ ထိုစာအုပ်ရွေးရမည့် ရက်တွင်လည်း မနက်စောစော သွားပါ။ မှတ်ပုံတင်မူရင်း၊

သန်းခေါင်စာရင်းမူရင်း၊ ကျန်ရှိသော မိတ္တူအပိုများ ယူသွားပါ။ငွေ (၅,၀၀၀) လောက် ယူသွားပါ။ စာအုပ်ထုတ်ရာတွင်လည်း ကိုယ်နှင့် တနေ့တည်းဆောင်ရွက်ခဲ့သော Agency သမားများရှိသည်ကို သတိပြုပါ။ ထို့ကြောင့် မနက်စောစော သွားခိုင်းခြင်းဖြစ်ပါသည်။ အပေါ်ထပ်တွင် စာအုပ်ထုတ်ရမည်ဖြစ်ပါသည်။ အပေါ်ထပ်သို့တက်ပါ။ ချလံထပ်ထားပါ။ မိမိနာမည်ခေါ်ပါက သွားရောက်ထုတ်ယူပါ။ အချက်အလက်များကို သေချာစွာ စစ်ဆေးပါ။ ငွေ ၃၀၀၀ ပေးချေပါ။ စာအုပ်ရပါပြီ။ စုစုပေါင်း ကုန်ကျငွေ = ၂၀၀၀+၂၅၀၀၀+၃၀၀၀+၃၀၀၀.. =၃၃၀၀၀ကျပ်

စုစုပေါင်း ကြာမြင့်ချိန်

လူနည်းပြီး မနက်စောစောသွားပါက ၁နာရီခန့်သာ အချိန်ပေးရပြီး စာအုပ်ထုတ်သည့်နေ့တွင် မိနစ် ၂၀ သာ ကြာသည်။ ယူဆောင်သွားရန် အချက်အလက်များ မှတ်ပုံတင် မူရင်း၊ မိတ္တူ ၃ စောင်သန်းခေါင်စာရင်း မူရင်း၊ မိတ္တူ ၃ စောင်ဘောလ်ပင်တချောင်းငွေ ၃၅၀၀၀ (ဒဏ်ကြေးမပါ)

သတိပြုရန် ဓာတ်ပုံ၊ ဗီဒီယို မရိုက်ရ။ ဝန်ထမ်းများ ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ပါ။ ပြုံးပြုံးသာနေပါ။ စောစောသွားပါ။ တန်းစီပါ။ အလှည့်ကျော်၍ စကားများသည်များ ရှိပါသည်။ အချက်အလက်တိုင်းကို ပြည့်စုံစွာဖြည့်၍သေချာစွာ စစ်ဆေးပါ။ မေးရန်ရှိက ပွင့်ပွင့်လင်းလင်း မေးပါ။ သဘောကောင်းကြပါသည်။ တစ်ဦးအခက်အခဲ ကို တစ်ဦးကူညီကြပါ ။ကျေးဇူးတင်ပါသည် ။ Passportသက်တမ်းတိုး ဒဏ်ကြေးမဆောင်ရဘူး သက်တမ်းတိုးမယ်ဆို သန်းခေါင်စာရင်းမိတ္တူ (၂) စောင်မှတ်ပုံတင်မိတ္တူ (၂) စောင် ဘဲလိုပါတယ်။သက်တမ်း လွန်သူများဘယ်လောက်ကြာကြာပြန်လျှောက်လို့ရပါတယ်။သက်ကြီးရွယ်အိုနဲ့ကလေးတွေကို ဦးစီးပေးပါတယ်။အသက် (၆၀)ကျော်လျှင် တန်းမစီရပါ။သီးခြားဆောင်ရွက်ပေးပါတယ်။ (သေချာသိချင်ရင် နောက်တခေါက်ပြန်ဖတ်ပါ။…)

Add a Comment

Your email address will not be published. Required fields are marked *