ကိုရိုနာဗုိင္းရပ္စ္ အတြက္ ေဂၚဖီထုပ္ နဲ႕ သခြားသီး မ်ားမ်ားစားျခင္း ဟာ ေသႏႈန္း ေလ်ာ့က်ေစေၾကာင္း ေတြ႕ရွိ

Covid-19 အတြက္ ေဂၚဖီထုပ္ နဲ႕သခြားသီး မ်ားမ်ား စားျခင္းဟာ ေသႏႈန္းကို ေလ်ာ့က်ေစနိုင္တယ္ လို႔ ဥေရာပမွာ လုပ္တဲ့ သုေသသန တစ္ခု မွာ ေတြ႕ရ ပါသ တဲ့ ။

ျပင္ သစ္နိုင္ငံ Montpelier University ရွိ Pulmonary medicine ဌာနက Professor Jean Bousquet ရဲ႕ သုေသသနေတြ႕ ရွိခ်က္ ကို ေျပာျပ မယ္ေနာ္။

သခြား သီး နဲ႕ ေဂၚဖီထုပ္ကို တစ္ေန႕ ၁ ဂရမ္ေလးပဲ ပိုစားလိုက္တာ နဲ႕ ေသႏႈန္း ကို ေဂၚဖီထုပ္က 13.6 ရာႏႈန္းေလ်ာ့က်ေ စနိုင္ၿပီး သခြားသီး က 15.7 ရာႏႈန္းေလ်ာ့က်ေစနိုင္တာ ကို ေတြ႕ရပါ သတဲ့ ။ သခြားသီးႀကိဳက္ တဲ့ သူေတြ ကို လက္တို႔ သတင္းေပး လိုက္ၾကေ ပါ့ ။

ကိုရိုနာဗုိင္းရပ္စ္ အတြက္ ေဂၚဖီထုပ္ နဲ႕ သခြားသီး မ်ားမ်ားစားျခင္း ဟာ ေသႏႈန္း ေလ်ာ့က်ေ

ဒါေပမယ့္ ဆလပ္႐ြက္ ကေတာ့ ေျပာင္းျပန္ အက်ိဳးသက္ေရာက္မႈ ကို ေတြ႕ရ ပါသတဲ့။ အျခား ဟင္းသီးဟင္း႐ြက္ေတြကေတာ့ Covid ကို ခုခံမႈအ က်ိဳးသက္ေရာက္မႈ သိပ္မေတြ႕ရ ပါဘူးတဲ့။

ဒါက ဥေရာပမွာ ပဲ သုေသသန လုပ္ထားတာျဖစ္ၿပီး Covid နဲ႕ပတ္သက္လို႔ ေသႏႈန္းက အခုထိ ပိုမိုနားလည္ေအာင္ သုေသသနလုပ္ေနရဆဲပါ။ ဥေရာပနိုင္ငံေတြျဖစ္တဲ့ ဘယ္ဂ်ီယံ၊ ၿဗိတိန္၊ စပိန္၊ ဆြီဒင္၊ အီတလီ၊ ျပင္သစ္တို႔ဟာ ကမာၻမွာ Covid ေၾကာင့္ ေသႏႈန္းအမ်ားဆုံးျဖစ္ ပါတယ္။ ဥပမာ – ဘယ္ဂ်ီယံ ဆိုရင္ လူတစ္သန္းမွာ ၈၀၀ ေသဆုံးၿပီး အေမရိကန္ထက္ ႏွစ္ဆေသႏႈန္းမ်ား ပါတယ္။

အဲ့ဒီေသႏႈန္းမ်ား တဲ့ နိုင္ငံေတြ မွာ Lockdown ကိုင္တြယ္ပုံ တို႔ ရာသီဥတု တို႔ ကြာျခားေပမယ့္ တစ္ခု တူညီေနတာက ေဂၚဖီထုပ္နဲ႕ သခြားသီးသိပ္မစားၾကတာကို ေတြ႕ရပါသတဲ့။ ျပင္သစ္မွာ လူတစ္ေယာက္ဟာ ေယဘူယ်အားျဖင့္ ေဂၚဖီထုပ္ တစ္ေန႕ ၁ ဂရမ္ေလာက္ပဲၿပီး က်န္နိုင္ငံေတြမွာ စားႏႈန္း က တစ္ေန႕ ၅ ဂရမ္ထက္ေလ်ာ့ပါသတဲ့။

ကိုရိုနာဗုိင္းရပ္စ္ အတြက္ ေဂၚဖီထုပ္ နဲ႕ သခြားသီး မ်ားမ်ားစားျခင္း ဟာ ေသႏႈန္း ေလ်ာ့က်ေ

🇱🇻 လတ္ဗီးယားနိုင္ငံဟာ ကမာၻမွာ Covid ေၾကာင့္ ေသႏႈန္း အနည္းဆုံးနိုင္ငံေတြထဲ မွာပါတယ္ ။ အဲ့ဒီမွာ ေဂၚဖီထုပ္စားႏႈန္းက တစ္ေန႕ကို ၃၀ ဂရမ္ေလာက္ရွိသတဲ့။

🇨🇾 ဆိုက္ပရပ္စ္မွာ ေဂၚဖီထုပ္သိပ္ မစားၾကေပ မယ့္ သခြားသီး စားႏႈန္း က ေန႕စဥ္ ၃၀ ဂရမ္ေလာက္ရွိသတဲ့။ သူလည္း လတ္ဗီးယားလိုပဲ Covid ေၾကာင့္ ေသႏႈန္းအနည္းဆုံးနိုင္ငံေတြထဲမွာ ပါတယ္ ။

ကိုရိုနာဗုိင္းရပ္စ္ အတြက္ ေဂၚဖီထုပ္ နဲ႕ သခြားသီး မ်ားမ်ားစားျခင္း ဟာ ေသႏႈန္း ေလ်ာ့က်ေ

ဘာေၾကာင့္ သခြားသီး နဲ႕ ေဂၚဖီထုပ္စားျခင္းဟာ ေသႏႈန္းေလ်ာ့က်မႈ ကို ျဖစ္ေစနိုင္တာလဲ…⁉️

အဲ့ဒီျဖစ္နိုင္ေျခက လူေတြ မွာ ရွိတဲ့ Nrf2 ဆိုတဲ့ ပရိုတိန္း နဲ႕ သက္ဆိုင္ တယ္ ။ Sars-CoV-2 ဆိုတဲ့ Covid-19 ျဖစ္ေစတဲ့ ဗိုင္းရပ္စ္ဟာ လူနာေတြ မွာ ျပင္းထန္ တဲ့ ကိုယ္ခႏၶာအစိတ္ အပိုင္းေယာင္ယမ္းမႈေတြ ကို ျဖစ္ေစတယ္ ။ ၿပီးေတာ့ ဓာတ္တိုးေစ တဲ့ ေအာက္ဆီဂ်င္ အမႈန္ေတြ ကို ထုတ္လႊတ္ေပးတယ္ ။ Nrf2 ဟာ အဲ့ဒီ အမႈန္ေတြ ကို ဖမ္းယူၿပီးေတာ့ လူကိုဆိုးက်ိဳးမျဖစ္ေအာင္ေလ်ာ့ခ်ေ ပးတယ္ ။

အရင္တုန္းက သုေသသနေလ့လာမႈေတြ အရ ဟင္းသီးဟင္း႐ြက္ေတြ မွာ curcumin, sulforaphane နဲ႕ vitamin D တို႔လို သဘာဝကြန္ေပါင္းေတြပါတယ္။ အဲ့ဒီသဘာဝကြန္ေပါင္းေတြက Nrf2 ထုတ္လုပ္မႈကို တိုးျမင့္ေစတာမို႔လို႔ သခြားသီးနဲ႕ ေဂၚဖီထုပ္စားရင္ Nrf2 ပရိုတိန္းကို ရရွိနိုင္တာ ျဖစ္ပါသတဲ့။

broccoli နဲ႕ cauliflower ပန္းေဂၚဖီ တို႔ကေန Nrf2 ထြက္ျခင္းတိုးျမင့္ေစတာ အခုအထိမေတြ႕ရေသးပါဘူးတဲ့။ ဒါေပမယ့္အခုလို အက်ိဳးသက္ေရာက္မႈမေတြ႕ရေသးတာက broccoli နဲ႕ cauliflower ပန္းေဂၚဖီစားတာ က တစ္ေန႕ ၆ ဂရမ္ထက္နည္းလို႔ မေတြ႕ေသးတာျဖစ္နိုင္ပါတယ္တဲ့။

ကိုရိုနာဗုိင္းရပ္စ္ အတြက္ ေဂၚဖီထုပ္ နဲ႕ သခြားသီး မ်ားမ်ားစားျခင္း ဟာ ေသႏႈန္း ေလ်ာ့က်ေ

လတ္ဗီးယားနဲ႕ ဆိုက္ပရပ္စ္တို႔ ေဂၚဖီထုက္ နဲ႕ သခြားသီး စား သလို က်ေနာ္တို႔ ေဂၚဖီစိမ္း broccoli နဲ႕ ပန္းေဂၚဖီကို တစ္ေန႕ ဂရမ္ ၃၀ ေလာက္စားရင္ Nrf2 ထြက္နိုင္ပါသတဲ့။

ဆလပ္႐ြက္ၾကေတာ့ ပေဟဠိျဖစ္ေနပါသတဲ့ ဆလပ္႐ြက္ပိုစားတဲ့ စပိန္ နဲ႕ အီတလီက ဆလပ္႐ြက္ေလ်ာ့စားတဲ့ ဂ်ာမနီထက္ေသႏႈန္းပို ျမင့္ပါသတဲ့။ ဒါေတြေလ့လာစဥ္မွာ နိုင္ငံအလိုက္ GDP, လူေနမႈထူထပ္ႏႈန္း၊ အဝလြန္မႈအေျခအေနနဲ႕ အသက္အ႐ြယ္အေျခအေနေ တြပါ ထည့္သြင္း စဥ္းစားထားတာ ပါတဲ့။

က်ေနာ့္အျမင္ကေတာ့ ဟင္းသီးဟင္း႐ြက္ဟာ လူကိုေရာဂါ တိုက္ဖ်က္ေရး မွာ အကူအညီေပးတယ္ ဆိုတာေသခ်ာတယ္ ။ ဒါေပမယ့္ Covid-19 ကေရာဂါအသစ္အဆန္းျဖစ္ေနတယ္။ တ႐ုတ္ေရာ က်န္ကမာၻ႔နိုင္ငံေတြမွာ ေဆးၿမီးတိုကအစ Covid အတြက္ အသုံးက်မက် လိုက္ရွာေနၾကတယ္ ။

ကိုရိုနာဗုိင္းရပ္စ္ အတြက္ ေဂၚဖီထုပ္ နဲ႕ သခြားသီး မ်ားမ်ားစားျခင္း ဟာ ေသႏႈန္း ေလ်ာ့က်ေ

ဒါေပမယ့္ ဘာေၾကာင့္ေကာင္းေစမွာလဲဆိုတာ ေသေသခ်ာခ်ာသုေသသနျပဳသင့္တယ္။ တုပ္ေကြး သက္သာတဲ့ေဆးတိုင္း က Covid ကို ကုနိုင္တာမဟုတ္တဲ့အတြက္ စိတ္မွန္းနဲ႕ ရမ္းေျပာလို႔မရတာေတြ ရွိတယ္။

အ ခုေတြ႕ ရွိ ခ်က္ က က်ယ္က်ယ္ျပန႔္ျပန႔္ သုေသသနျပဳထားတာ မဟုတ္ေသးတာ။ သို႔ေသာ္ သခြားသီးနဲ႕ ေဂၚဖီထုပ္က က်ေနာ္တို႔ဆီမွာ အလြယ္တကူလည္းရ လူတိုင္းလိုလို စားတတ္တာမို႔ သတင္းေကာင္းပါး လိုက္တာပါ ။ ပိုးသတ္ေဆး ဓာတ္ႂကြင္းလြတ္ေအာင္ ေရေတာ့ေသေသခ်ာခ်ာေဆးၿပီး မွ စားသုံးသင့္ ပါတယ္။

အခုသုေသသနမွာ ထည့္ေျပာထားတဲ့ တစ္ခ်က္ က ဟင္းသီးဟင္း႐ြက္ေတြ ကို over cooked အလြန္ခ်က္ျပဳတ္ၿပီး အရမ္းႏြမ္းေစရင္ အဟာရ အာနိပ်က္တတ္ပါ တယ္တဲ့ ။

Richard Myo Thant (22-July-2020)

https://www.facebook.com/richard.myothant

( ဆရာသည္ ကိုဗစ္ ဗိုင္းရပ္စ္ႏွင့္ပတ္သတ္ျပီး အျမဲေလ့လာ မွ်ေ၀ေပးေနသူတစ္ဦး ျဖစ္ပါသည္ )

Unicode

Covid-19 အတွက် ဂေါ်ဖီထုပ် နဲ့သခွားသီး များများ စားခြင်းဟာ သေနှုန်းကို လျော့ကျစေနိုင်တယ် လို့ ဥရောပမှာ လုပ်တဲ့ သုသေသန တစ်ခု မှာ တွေ့ရ ပါသ တဲ့ ။

ပြင်သစ်နိုင်ငံ Montpelier University ရှိ Pulmonary medicine ဌာနက Professor Jean Bousquet ရဲ့ သုသေသနတွေ့ ရှိချက် ကို ပြောပြ မယ်နော်။

သခွားသီး နဲ့ ဂေါ်ဖီထုပ်ကို တစ်နေ့ ၁ ဂရမ်လေးပဲ ပိုစားလိုက်တာ နဲ့ သေနှုန်း ကို ဂေါ်ဖီထုပ်က 13.6 ရာနှုန်းလျော့ကျေ စနိုင်ပြီး သခွားသီး က 15.7 ရာနှုန်းလျော့ကျစေနိုင်တာ ကို တွေ့ရပါသတဲ့ ။ သခွားသီးကြိုက်တဲ့ သူတွေ ကို လက်တို့ သတင်းပေးလိုက်ကြပေါ့ ။

ကိုရိုနာဗိုင်းရပ်စ် အတွက် ဂေါ်ဖီထုပ် နဲ့ သခွားသီး များများစားခြင်း ဟာ သေနှုန်း လျော့ကျေ

ဒါပေမယ့် ဆလပ်ရွက် ကတော့ ပြောင်းပြန် အကျိုးသက်ရောက်မှု ကို တွေ့ရ ပါသတဲ့။ အခြား ဟင်းသီးဟင်းရွက်တွေကတော့ Covid ကို ခုခံမှုအ ကျိုးသက်ရောက်မှု သိပ်မတွေ့ရ ပါဘူးတဲ့။

ဒါက ဥရောပမှာ ပဲ သုသေသန လုပ်ထားတာဖြစ်ပြီး Covid နဲ့ပတ်သက်လို့ သေနှုန်းက အခုထိ ပိုမိုနားလည်အောင် သုသေသနလုပ်နေရဆဲပါ။ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်ဂျီယံ၊ ဗြိတိန်၊ စပိန်၊ ဆွီဒင်၊ အီတလီ၊ ပြင်သစ်တို့ဟာ ကမ္ဘာမှာ Covid ကြောင့် သေနှုန်းအများဆုံးဖြစ် ပါတယ်။ ဥပမာ – ဘယ်ဂျီယံ ဆိုရင် လူတစ်သန်းမှာ ၈၀၀ သေဆုံးပြီး အမေရိကန်ထက် နှစ်ဆသေနှုန်းများ ပါတယ်။

အဲ့ဒီသေနှုန်းများ တဲ့ နိုင်ငံတွေ မှာ Lockdown ကိုင်တွယ်ပုံ တို့ ရာသီဥတု တို့ ကွာခြားပေမယ့် တစ်ခု တူညီနေတာက ဂေါ်ဖီထုပ်နဲ့ သခွားသီးသိပ်မစားကြတာကို တွေ့ရပါသတဲ့။ ပြင်သစ်မှာ လူတစ်ယောက်ဟာ ယေဘူယျအားဖြင့် ဂေါ်ဖီထုပ် တစ်နေ့ ၁ ဂရမ်လောက်ပဲပြီး ကျန်နိုင်ငံတွေမှာ စားနှုန်း က တစ်နေ့ ၅ ဂရမ်ထက်လျော့ပါသတဲ့။

ကိုရိုနာဗိုင်းရပ်စ် အတွက် ဂေါ်ဖီထုပ် နဲ့ သခွားသီး များများစားခြင်း ဟာ သေနှုန်း လျော့ကျေ

🇱🇻 လတ်ဗီးယားနိုင်ငံဟာ ကမ္ဘာမှာ Covid ကြောင့် သေနှုန်း အနည်းဆုံးနိုင်ငံတွေထဲ မှာပါတယ် ။ အဲ့ဒီမှာ ဂေါ်ဖီထုပ်စားနှုန်းက တစ်နေ့ကို ၃၀ ဂရမ်လောက်ရှိသတဲ့။

🇨🇾 ဆိုက်ပရပ်စ်မှာ ဂေါ်ဖီထုပ်သိပ် မစားကြပေ မယ့် သခွားသီး စားနှုန်း က နေ့စဉ် ၃၀ ဂရမ်လောက်ရှိသတဲ့။ သူလည်း လတ်ဗီးယားလိုပဲ Covid ကြောင့် သေနှုန်းအနည်းဆုံးနိုင်ငံတွေထဲမှာ ပါတယ် ။

ကိုရိုနာဗိုင်းရပ်စ် အတွက် ဂေါ်ဖီထုပ် နဲ့ သခွားသီး များများစားခြင်း ဟာ သေနှုန်း လျော့ကျေ

ဘာကြောင့် သခွားသီး နဲ့ ဂေါ်ဖီထုပ်စားခြင်းဟာ သေနှုန်းလျော့ကျမှု ကို ဖြစ်စေနိုင်တာလဲ…⁉️

အဲ့ဒီဖြစ်နိုင်ခြေက လူတွေ မှာ ရှိတဲ့ Nrf2 ဆိုတဲ့ ပရိုတိန်း နဲ့ သက်ဆိုင် တယ် ။ Sars-CoV-2 ဆိုတဲ့ Covid-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ လူနာတွေ မှာ ပြင်းထန် တဲ့ ကိုယ်ခန္ဓာအစိတ် အပိုင်းယောင်ယမ်းမှုတွေ ကို ဖြစ်စေတယ် ။ ပြီးတော့ ဓာတ်တိုးစေ တဲ့ အောက်ဆီဂျင် အမှုန်တွေ ကို ထုတ်လွှတ်ပေးတယ် ။ Nrf2 ဟာ အဲ့ဒီ အမှုန်တွေ ကို ဖမ်းယူပြီးတော့ လူကိုဆိုးကျိုးမဖြစ်အောင်လျော့ချေ ပးတယ် ။

အရင်တုန်းက သုသေသနလေ့လာမှုတွေ အရ ဟင်းသီးဟင်းရွက်တွေ မှာ curcumin, sulforaphane နဲ့ vitamin D တို့လို သဘာဝကွန်ပေါင်းတွေပါတယ်။ အဲ့ဒီသဘာဝကွန်ပေါင်းတွေက Nrf2 ထုတ်လုပ်မှုကို တိုးမြင့်စေတာမို့လို့ သခွားသီးနဲ့ ဂေါ်ဖီထုပ်စားရင် Nrf2 ပရိုတိန်းကို ရရှိနိုင်တာ ဖြစ်ပါသတဲ့။

broccoli နဲ့ cauliflower ပန်းဂေါ်ဖီ တို့ကနေ Nrf2 ထွက်ခြင်းတိုးမြင့်စေတာ အခုအထိမတွေ့ရသေးပါဘူးတဲ့။ ဒါပေမယ့်အခုလို အကျိုးသက်ရောက်မှုမတွေ့ရသေးတာက broccoli နဲ့ cauliflower ပန်းဂေါ်ဖီစားတာ က တစ်နေ့ ၆ ဂရမ်ထက်နည်းလို့ မတွေ့သေးတာဖြစ်နိုင်ပါတယ်တဲ့။

ကိုရိုနာဗိုင်းရပ်စ် အတွက် ဂေါ်ဖီထုပ် နဲ့ သခွားသီး များများစားခြင်း ဟာ သေနှုန်း လျော့ကျေ

လတ်ဗီးယားနဲ့ ဆိုက်ပရပ်စ်တို့ ဂေါ်ဖီထုက် နဲ့ သခွားသီး စား သလို ကျနော်တို့ ဂေါ်ဖီစိမ်း broccoli နဲ့ ပန်းဂေါ်ဖီကို တစ်နေ့ ဂရမ် ၃၀ လောက်စားရင် Nrf2 ထွက်နိုင်ပါသတဲ့။

ဆလပ်ရွက်ကြတော့ ပဟေဠိဖြစ်နေပါသတဲ့ ဆလပ်ရွက်ပိုစားတဲ့ စပိန် နဲ့ အီတလီက ဆလပ်ရွက်လျော့စားတဲ့ ဂျာမနီထက်သေနှုန်းပို မြင့်ပါသတဲ့။ ဒါတွေလေ့လာစဉ်မှာ နိုင်ငံအလိုက် GDP, လူနေမှုထူထပ်နှုန်း၊ အဝလွန်မှုအခြေအနေနဲ့ အသက်အရွယ်အခြေအနေေ တွပါ ထည့်သွင်း စဉ်းစားထားတာ ပါတဲ့။

ကျနော့်အမြင်ကတော့ ဟင်းသီးဟင်းရွက်ဟာ လူကိုရောဂါ တိုက်ဖျက်ရေး မှာ အကူအညီပေးတယ် ဆိုတာသေချာတယ် ။ ဒါပေမယ့် Covid-19 ကရောဂါအသစ်အဆန်းဖြစ်နေတယ်။ တရုတ်ရော ကျန်ကမ္ဘာ့နိုင်ငံတွေမှာ ဆေးမြီးတိုကအစ Covid အတွက် အသုံးကျမကျ လိုက်ရှာနေကြတယ် ။

ကိုရိုနာဗိုင်းရပ်စ် အတွက် ဂေါ်ဖီထုပ် နဲ့ သခွားသီး များများစားခြင်း ဟာ သေနှုန်း လျော့ကျေ

ဒါပေမယ့် ဘာကြောင့်ကောင်းစေမှာလဲဆိုတာ သေသေချာချာသုသေသနပြုသင့်တယ်။ တုပ်ကွေး သက်သာတဲ့ဆေးတိုင်း က Covid ကို ကုနိုင်တာမဟုတ်တဲ့အတွက် စိတ်မှန်းနဲ့ ရမ်းပြောလို့မရတာတွေ ရှိတယ်။

အ ခုတွေ့ ရှိ ချက် က ကျယ်ကျယ်ပြန့်ပြန့် သုသေသနပြုထားတာ မဟုတ်သေးတာ။ သို့သော် သခွားသီးနဲ့ ဂေါ်ဖီထုပ်က ကျနော်တို့ဆီမှာ အလွယ်တကူလည်းရ လူတိုင်းလိုလို စားတတ်တာမို့ သတင်းကောင်းပါး လိုက်တာပါ ။ ပိုးသတ်ဆေး ဓာတ်ကြွင်းလွတ်အောင် ရေတော့သေသေချာချာဆေးပြီး မှ စားသုံးသင့် ပါတယ်။

အခုသုသေသနမှာ ထည့်ပြောထားတဲ့ တစ်ချက် က ဟင်းသီးဟင်းရွက်တွေ ကို over cooked အလွန်ချက်ပြုတ်ပြီး အရမ်းနွမ်းစေရင် အဟာရ အာနိပျက်တတ်ပါ တယ်တဲ့ ။

Richard Myo Thant (22-July-2020)

https://www.facebook.com/richard.myothant

Add a Comment

Your email address will not be published. Required fields are marked *