၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွက် (၇)ရက်သားသမီး တစ်လစာ ဗေဒင် ဟောစာတမ်း

(၇)ရက် သားသမီး မိတ်ဆွေများ မင်္ဂလာပါ ဆရာမင်းသိက္ခာ မှ (2020)ခုနှစ် ဇန်နဝါရီ (1)လပိုင်းအတွက် မိတ်ဆွေများ တောင်းဆိုမှုကြောင့် အထူးတင်ပေးလိုက်ပါတယ် ဆောင်ရှောင်ရန်က အစပါပါတယ်

တနင်္ဂနွေ သားသမီးများ

ဒီကာလ အတွင်းမှာတော့ အရမ်းရင်းနှီးတဲ့သူတွေနဲ့ စိတ်ဝမ်းကွဲ စကားများရတတ်တယ်။ အထူးသဖြင့် မိမိကိုမနာလို၍ ပြသာနာရှာမျိုးလည် ကြုံတွေတတ်သည်။ အလုပ်အကိုင်များ အဆင်မပြေသေးပါ။ အလုပ်ထဲ စိတ်ပျော်ရွှင်မှု မရှိပဲ ဖြစ်နေမည်။ ဆုံးဖြတ်ရ ခက်သောကိစ္စများ ပြသာနာများကို အနည်းငယ် ရင်ဆိုင်နေရမည်။ စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။ လက်အောက်ငယ်သားများ ထံမှ အကြံပေးသူ ပေါ်လာမည်ခရီးသွားဖို့ စီစဉ်ထားခြင်းများ ရက်ရွေ့ရတတ်ပါသည်။

ဇိမ်ခံပစ္စည်းများ ဝယ်ယူခြင်းမျိုး မပြုသင့်သေးတဲ့အချိန်ပါ။ အလှူအတန်းကိစ္စများ မင်္ဂလာကိစ္စများကြုံတွေ့ရတတ်သည်။ မိမိနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ မိတ်ဆွေဟောင်းနဲ့ပြန်ဆုံရတတ်သည်။ အလုပ်သစ် စီးပွားသစ်မကောင်းသေးပါ။ ယာဉ်ကားနဲ့ ပက်သက်သောလုပ်ငန်းများ အရှုံးပေါ်ရတတ်ပါတယ်။ အပျော်အပါးအတွက် ငွေကုန်မခံပါနဲ့။ အိမ်ပြင် အိမ်ဆောက်ခြင်းမလုပ်မိပါစေနဲ့။

အချစ်ရေး ကိစ္စများ အဆင်ပြေပါသည်။ ချစ်သူနဲ့ ဖုန်းပြောဖို့တောင်အချိန်လုနေရတတ်ပါတယ်။တခါတလေချစ်သူကြောင့် စိတ်သောကရောက်မည်။ စိတ်ပင်ပန်းရတတ်သလို ကာယအားလဲ စိုက်ထုတ်ရမဲ့ကာလပါ။အိမ်ထောင်ရေးကိစ္စများ စကားပြောဆိုမှု အဆင်ပြေပါသည်။ ကျန်းမာရေးတွင် အိပ်ရေးပျက်ခြင်း ၊ သွေးအားနည်းခြင်းများ ဖြစ်မည်။ အကျိုးပေးဂဏန်း – ၆ / ၀ / ၉

ယတြာ။ ။ မွေးနေ့နံနက်တွင် နှင်းဆီပန်းအဖြူရောင် ၁၁ ပွင့်နှင့် အောင်သပြေ ၇ ခက် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

တနင်္လာ သားသမီးများအတွက်

ဒီကာလအတွင်းမှာတော့ တွေးခေါ်မြော်မြင်မှုတွေအားနည်းနေတတ်ပါသည်။အတွေးချော်နေတတ်တဲ့အတွက် ဆုံးဖြတ်ချက်ချမယ်ဆို လောဘ ဒေါသ မောဟနည်းတဲ့အချိန် ဆုံးဖြတ်ပါ။ဒါမှ အလုပ်ကိစ္စများ အဆင်ပြေပါသည်။ တွဲဖက် လုပ်ငန်းများ စမ်တူကိစ္စလုပ်ငန်းများ တိုးတက်လာမည်။ မိမိ နှင့် ပူးတွဲလုပ်ကိုင်နေသူများကို ဂရုစိုက်ပါ။ အတိုက်အခံ ဖြစ်နေရမည်။

လက်အောက်ငယ်များ ထံမှ အကူအညီ ရမည် ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရှာသလောက် ရမည် ။ ငွေဝင်မည်။ ခရီးထွက်ရမည်။ ရွှေဝင်မည်။ လူဝင်မည်ကြာသပတေးနံပစ္စည်းများ ဝင်လာမည်။ ဘာသာရေးနဲ့ သက်ဆိုင်သောပစ္စည်းများ လက်ဆောင်ရပါလိမ့်မယ်။ ဘာသာရေးကိစ္စများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကံတွေမြင့်လာဖွယ်ရှိပါတယ်။

အချစ်ရေးကိစ္စတွေမှာ အကောင်းအဆိုးတလှည့်ဆီဖြစ်နေမဲ့အချိန်ပါ။ မကြာခဏ ရန်ဖြစ်ရတတ်သည်။မိသားစု အတွင်း အတိုက်အခံ စကားများရမည်။ မိသားစုအရေးကိစ္စတွေက မိမိတစ်ယောက်ထဲပူပန်နေလို့ ငြိမ်းအေးမည်မဟုတ်ပါ။ ကျန်းမာရေးမှာ အခုလအတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်းဖြစ်နေမည်။ အကျိုးပေးဂဏန်း – ၀ / ၄ / ၆

ယတြာ။ ။ မွေးနေ့နံနက်တွင် နှင်းဆီနီ ၅ ပွင့် နှင့်ရွက်လှ ၅ ညွှန့် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ

အင်္ဂါသားသမီးများအတွက်

ဒီကာလ ထဲမှာ အလုပ်အကိုင်ကိစ္စများ အဆင်ပြေမည့် လမ်းစများ ပေါ်ပေါက်လာမည်။ အကူအညီပေးသူများ ပေါ်မည်။ စပ်တူရှယ်ယာကိစ္စများ လုပ်ကိုင်ရာတွင် အနည်းငယ် စိတ်ညစ်နေရမည်။အင်္ဂါသားသမီးတွေအနေနဲ့ အလုပ်အကိုင်အထူးအဆင်ပြေခြင်း ၊ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုး ကြုံရပါလိမ့်မည်။အထက်အရာရှိများ၏ မျက်နှာသာပေးခြင်းခံရတတ်သည်။အသွား အလာ စင်ကျင်နေထိုင်ရန်အထူး ဂရုစိုက်ရန်လိုအပ်ပါသည်။

နေရင်ထိုင်ရင် ထိခိုက်ဒဏ်ရာရတတ်သည်။ငွေကြေး ကိစ္စများ အဆင်ပြေလာမည်။ ချေးဌားထားသော ငွေကြေးများ အကြွေးများ ပြန်ရမည်။ ငွေဝင်နေသည့်အတိုင်း ငွေကြေးလက်စုပ်လက်ကိုင်ပြပါဆိုရင် မပြနိုင်သည့် အချိန်ကာလ ဖြစ်သည်။ ယခုလအတွင်း ငွေကြေးများ ချေးဌားခြင်းများ ခဏရှောင်လိုက်ပါ။ မိသားစုအတွင်း စီးပွားရေး လုပ်ငန်းများ အဆင်ပြေလာမည်။ မိတ်ဆွေ သူငယ်ချင်းများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။

အချစ်ရေးမှာ မိမိအနေအထိုင်မတတ်သောကြောင့် ချစ်သူက အခြားသူတစ်ဦးနဲ့ အထင်လွဲစွပ်စွဲခြင်းခံရတတ်ပါတယ်။အိမ်ထောင်သည်များ အိမ်ထောင်ရေး ရှုပ်ထွေးမှုများကြုံလာနိုင်၍ အနေအထိုင်တော့ ဆင်ခြင်ပါ။ အတွင်းအုပ်စု ရန်သဘောဆောင်နေခြင်းကြောင့် အတူနေသူများ မိသားစုဝင်များနဲ့ စကားများ စိတ်ဝမ်းကွဲတာမျိုးတော့ဖြစ်မည်။ ကျန်းမာရေးမှာ ခြေလက် ထိခိုက်ဒဏ်ရာရတတ်ပြီး အိပ်ရေးပျက်မည်။နာတာရှည်ဖြစ်နေသူများ ဒီကာလမှာ ဆေးတိုးသွားနိုင်ပါတယ်။ အကျိုးပေးဂဏန်း – ၀ / ၂ / ၄

ယတြာ။ ။ မွေးနေ့နံနက်တွင် ပန်းအဖြူရောင် ၁၅ပွင့် သပြေညွန့် ၁၂ညွန့် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု သားသမီးများအတွက်

ဒီကာလထဲမှာတော့ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရတာမျိုး၊စပ်တူရှယ်ယာလုပ်ငန်းများ လုပ်ရတာမျိုးကြုံမည်။ ဝမ်သားစရာ၊ ဂုဏ်ယူစရာ ပီတိဖြစ်စရာတွေရလိမ့်မည်။အလုပ်ကိစ္စများ အဆင်ပြေသော်လည်း လုပ်ဖော်ကိုင်ဖက် အချင်းချင်း စကားပြောဆိုမှု အဆင်မပြေပါ။ အလုပ်သစ် နေရာအသစ် ရရှိလာမည်။လက်လွန်ထားသောငွေများ၊ ပြန်မရမည်ဟု ထင်ထားသောငွေများ လက်ထဲတွင် ပြန်ရမည်။

စကားပြောဆင်ခြင်ပါ စကားတစ်ခုကို အလွယ်တကူပြောမိတာမျိုး မဖြစ်စေပါနှင့်၊ စေတနာနှင့်ပြောသောစကားက ဝေဒနာဖြစ်ရတတ်ပါသည်။သူငယ်ချင်းအသစ် မိတ်ဆွေအသစ်များ ရရှိမည်။ စက်ပစ္စည်းဝင်မည်။ အချစ်ရေးမှာ ချစ်သူဟောင်းထံမှ ဆက်သွယ်လာနိူင်ပြီး ချစ်သူကြောင့် စိတ်ဆင်းရဲရမည် စိတ်ရှုပ်ရမည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေး အဆင်မပြေတာမျိုးဖြစ်မည်။ အိမ်ထောင်ဘက်က စပြီး လမ်းခွဲတဲ့စကား ပြောတာမျိုးဖြစ်လိမ့်မည်။

တစ်ခါထဲ ဆုံးဖြတ်ချက်မချဘဲ အခြေအနေနှင့်အချိန်အခါကို ဆင်ခြင်သုံးသပ်ပြီးမှ ဆုံးဖြတ်ပါ။ အခုအချိန်ကာလက သင်လုပ်သမျှတွေဟာ နောက်မှ ပြင်မရသော အမှားလည်းဖြစ်နိုင်သလို၊ အောင်မြင်သော အနာဂတ်လည်းဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ကျန်းမာရေးမှာ ညံ့မည်။ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ် နေမည်။ အကျိုးပေးဂဏန်း – ၂ / ၅ / ၈

ယတြာ။ ။ မွေးနေ့နံနက်တွင် ပန်းအဝါရောင် ၁၁ပွင့် နှင့် ရွက်လှညွန့် ၁၁ညွန့် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ကြာသပတေးသားသမီးများအတွက်

ဒီကာလအတွင်း အလုပ်အကိုင်များ အဆင်မပြေသေးပါ။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုလို နဲ့ အချိန်ကုန်နေမည်။ လက်အောက်ငယ်သားများထံမှ အကူအညီ ရရှိမည်။ လူမှုဆက်ဆံရေးများ အနည်းငယ် လွဲချော်နေမည်။

ငွေဝင်သလောက် လက်ထဲမြဲမှာ မဟုတ်ပါဘူး၊ ရတာထက်ကုန်တာ များလိမ့်မည်။ငွေကြေးကိစ္စများ အဆင်ပြေသော်လည်း အဖတ်မတင်သေးပါ။အမွေကိစ္စများ ငွေကြေးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရမည်။ ခရီးများ မကြာခဏထွက်ရတတ်သည်။

အချစ်ရေးမှာ အဆင်ပြေမယ်လိုလိုနဲ့ အဆင်မပြေဖြစ်မည်။ ချစ်သူက တစ်ခြားတစ်ယောက်နှင့် အထင်လွဲတာမျိုး ကြုံမည်။အိမ်ထောင်ရှိသူများ အိမ်ထောင်ရေးမှာ တစ်ခြားသူတစ်ယောက်ရဲ့ အနောက်အယှက်ကြောင့် အိမ်ထောင်ရေးကွဲတာ ပြတ်တာမျိုးကြုံမည်။

မကြာခဏစကားများရတာမျိုး၊ နားလည်းမှု့လွဲတာမျိုးဖြစ်မည်။ ကျန်းမားရေးနှင့် ပတ်သက်ပြီး မျက်စိ၊ ခါး၊ ဒူး ကိုက်တာမျိုး၊ထုံတာ/ ကြင်တာမျိုး မကြာခဏဖြစ်မည်။ အကျိုးပေးဂဏန်း – ၃ / ၆ / ၇

ယတြာ။ ။ မွေးနေ့နံနက်တွင် ငွေပန်း ၁၁ပွင့် နှင့် ကံကော်ညွန့် ၁၁ညွှန့် ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

သောကြာသားသမီးများအတွက်

ဒီကာလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ ရပ်တန့်နေသော စီးပွားရေး လုပ်ငန်းများ ပုံမှန်လည်ပတ်လာမည်။ အလုပ်အသစ်တွေ လုပ်ဆောင်ရမည်။ သူငယ်ချင်းမိတ်တွေများထံမှ ကူညီပေးမှု ရမည်။ လုပ်ငန်းဆောင်တာ ကိစ္စများ အကြံညဏ်ပေးသူ ကူညီပေးသူများ ရှိလာမည်။ ငွေကြေးအပေးအယူသတိရှိပါ။ ငွေယူခြင်း ကြွေးတောင်းခြင်းမလုပ်ပါနှင့်။ မိသားစုအရေးကိစ္စတွေအပြင် အလုပ်ကိစ္စတွေကြောင့်ပါ မနားမနေ အလုပ်များနေရတတ်ပါသည်။

လူငယ်များ စိတ်လေပြီး အိမ်မကပ်ချင်တာမျိုးဖြစ်နေရတတ်သည်။ စိတ်ကူးထားတာ ရည်မှန်းထားတာတွေ ဖြေးဖြေးမှန်မှန်အကျိုးပေးပါလိမ့်မည်။ငွေကြေးကိစ္စများ အဆင်ပြေမည်။ ချေးဌားထားသော ငွေကြေးများ ပြန်ရမည်။ ငွေဝင်သော် အနည်းငယ် ကုန်ကျမှု ရှိနေပါသည်။

အချစ်ရေးကိစ္စတွေမှာ အသဲကွဲရတာ၊ ချစ်သူရဲ့ဥပေက္ခာပြုခြင်းခံရတာမျိုးတွေကြုံရလိမ့်မည်။ အချစ်ရေးကြား လူဝင်နှောက်ယှက်ခံရမည်။ အိမ်ထောင်ရေးကိစ္စများ မကြာခဏ စကားများနေမည်။ ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ အကောင်းကြီးကနေ ရုတ်တရက်ကျန်းမာရေးအားနည်းသွားတာမျိုးကြုံရတတ်သည်။ ခါးနာ ၊ ဒူးနာ ဖြစ်မည်။ အကျိုးပေးဂဏန်း – ၉ / ၇ / ဝ

ယတြာ။ ။ မွေးနေ့နံနက်တွင် ရွှေပန်း ၁၁ပွင့် နှင့် အုန်ညွန့် ၁၁ညွှန့် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

စနေသားသမီးများအတွက်

ဒီကာလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေမည်။အထက်လူကြီးများနဲ့ ပူးတွဲလုပ်ကိုင်ရမည်။ စမ်တူလုပ်ငန်းများ အဆင်ပြေနေ အချိန်လေး ဖြစ်ပါသည်။အလုပ်ထဲတွင် ကိုယ်ရဲ့ လက်အောက်ငယ်သားများကြောင့် စိတ်ညစ်ရတတ်ပြီး သူတို့ကြောင့်ဘာလုပ်လုပ် အခက်အခဲများမည်၊ အဆင်မပြေတာများမည်။ ငွေကြေးကိစ္စများ အဆင်ပြေနေမည်။

အဖက်ဖက်က ငွေဝင်ကိန်းရှိပါသည်။ ငွေဝင်နေသော်လည်း မစုမိသေးပါ။ အထက်လူကြီးများ၏ အဆဲအဆိုအပြောခံရတတ်ပါသည်။ အလုပ်တစ်ခုကိုဘဲ စိတ်ရှည် သည်းခံပြီးလုပ်ပါ၊

ဒီဟာလုပ်ချင်သလိုလို ဟိုဟာလုပ်ချင်သလိုလိုဖြစ်မည်။ အရင်းနှီးဆုံး အပေါင်းအသင်း သူငယ်ချင်းများနှင့် စိတ်ဝမ်းကွဲတာမျိုးဖြစ်မည်၊ ရန်များမည် (အထူးဂရုစိုက်ပါ)။ အချစ်ရေးမှာတော့ တစ်ယောက်နှင့် တစ်ယောက် အပြောမှား၊ အဆိုမှား၊ အထင်အမြင်လွဲမှားမှု ၊သဘောထားကွဲလွဲမှုတွေကြောင့် ကွဲနိုင်ပြတ်နိုင်ပါသည်။အသဲကွဲခံရတတ်သည်။

မိမိ ဂရုစိုက်တတ်သော ချစ်သူနှင့် တွေ့မည်။ အိမ်ထောင်ရေး အဆင်ပြေနေသော အချိန်လေးပါ။ ကျန်းမာရေးမှာ အညံ့ဘက်တွင်ရှိပြီး ကျန်းမာရေးကြောင့် ဆေးရုံး/ဆေးခန်း ခဏခဏသွားရတတ်သည်။ ဗိုက်ရောဂါ အထူးဂရုစိုက်ပါ။ ခေါင်းမူး ခေါင်းကိုက်မကြာခန ဖြစ်မည်။ အကျိုးပေးဂဏန်း – ၁/ ၄ / ၆

ယတြာ ။ ။ မွေးနေ့နံနက်တွင် စပယ်ပန်း ၉ ပွင့် နှင့် ဒန်းညွန့် ၉ ညွန့် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဆရာမင်းသိက္ခာ 09/259993784(viber)

Add a Comment

Your email address will not be published. Required fields are marked *