မြန်မာ့ တပ်မတော် လေ နှင့် အမေရိကန်ထုတ် Lockheed တိုက်လေယာဉ် T 33 တို့၏ စိတ်ဝင်စားစရာ ဇာတ်လမ်း


T 33


T 33


T 33


T 33



T 33


NLH_IR

Unicode

T 33 လို့ လူသိများ တဲ့ Lockheed T 33 အမောင်းသင် ဂျက်တိုက်လေယာဉ် ဟာ အမေရိကန်ပိုင် Lockheed ကုမ္ပဏီ က ထုတ်လု ပ်ခဲ့တဲ့ အင်ဂျင်တစ်လုံးတပ် ဂျက်တိုက်လေယာဉ်ဖြစ် ပါတယ်။ T 33 ဂျက်တိုက် လေယာဉ် ကို ၁၉၄၈ ခုနှစ်မှာ စတင်ပျံသန်းမှုပြုလုပ် ခဲ့ပြီး အမေရိကန် ရေတပ် မှာ စတင် အသုံးပြု ခဲ့ ပါ တယ် ။

T 33

T 33 ဂျက်တိုက်လေယာဉ် ကို အမေရိကန် ရဲ့ မိတ်ဖက်နိုင်ငံတွေ ရဲ့လေတပ်တွေ မှာ အချိန် အတော်ကြာ အသုံးပြုခဲ့ကြ ပါတယ် ။ ထိုအချိန် က အာရှဒေသမှာ အမေရိကန် ရဲ့ မိတ်ဖက်တွေဖြစ်တဲ့ ဂျပန် ၊ထိုင်ဝမ်၊ အင်ဒိုနီးရှား ၊တောင်ကိုရီးယား နဲ့ မြန်မာ နိုင်ငံတို့သာ T 33 ဂျက်တိုက်လေယာဉ်တွေ ကို ပိုင်ဆိုင်အသုံးပြုနိုင်ခဲ့ ပါတယ်။

T 33

တပ်မတော် လေ အနေဖြင့် ယခင်အသုံးပြုနေသော Vampire တိုက်လေယာဉ်များရဲ့နေရာမှာ အစားထိုးအသုံးပြုဖို့အတွက် ၁၉၆၄ ခုနှစ်မှာ ပဲ A T 33 ဂျက်တိုက်လေယာဉ် ၅ စီးကို ပထမသုတ်အနေ နဲ့ လက်ခံရရှိခဲ့ပြီး မဂ်လာဒုံလေတပ်စခန်းဋ္ဌာနချု ပ်နဲ့ တပ်မတော် လေ ရဲ့ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ နမ့်ဆန် လေတပ်စခန်း ဋ္ဌာနချုပ်တွေမှာ တွဲဘက်တိုက်ခိုက်ရေးအုပ်အဖြစ် စတင်ဖွဲ့စည်း တပ်တော်ဝင်ခဲ့ကြပါ တယ်။

T 33

၁၉၆၆ ၆၇ ခုနှစ်များ မှာတော့ A T 33 ဂျက်တိုက်လေယာဉ် ၅ စီး ဆီ အသုတ်လိုက် လက်ခံရရှိခဲ့ပြီး စုစုပေါင်း ၁၅ စီးအထိ ပိုင်ဆိုင်အသုံးပြုနိုင်ခဲ့ ပါတယ်။T 33 တိုက်လေယာဉ်များအနေဖြင့် ကွမ်လုံ တိုက်ပွဲ အပါအဝင် တိုက်ပွဲပေါင်းများစွာ ကို တပ်မတော် လေ ၏ မြေပြင်ပစ်ကူ ဂျက်တိုက်လေယာဉ်အြ ဖစ် ဆယ်စုနှစ် နှစ်ခု တိုင်အောင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးအခြေအနေများ နှင့် အမေရိက န်၏ ပိတ်ဆို့အရေးယူမှုများကြောင့် ပြင်ဆင်ထိန်းသိမ်းရန် အပိုပစ္စည်း ရှားပါးလာပြီး မတော်တဆမှုများ ဖြစ်ပွားလာ ခဲ့ပါတယ်။

T 33

၁၉၇၄ ခုနှစ် တွင် ဖြစ်ပွားခဲ့တဲ့ T 33 ဂျက်တိုက်လေယာဉ် ၅ စီးပျက်ကျမှု ဟာ တပ်မတော် လေ အတွက် တိုက်လေယာဉ်မျိုး ဆက်သစ်တစ်ခု လိုအပ်နေပြီဆိုတာကို မီးမောင်းထိုးပြခဲ့ပြီးဖြ စ်ပါတယ်။

ဒီအချက်တွေကြောင့် ပဲ မကြာမီမှာ တပ်မတော် လေ အနေ နဲ့ ဆယ်စုနှစ် နှစ်ခုတိုင် တာဝန်ကျေပွ န်ခဲ့တဲ့ T 33 ဂျက်တိုက်လေယာဉ်တွေ ရဲ့ နေရာမှာ ယူဂိုဆလားဗီးယားနိုင်ငံထုတ် G 4 နှင့်တရုတ်နိုင်ငံလုပ် F 7 ကြားဖြတ်တိုက်လေယာဉ် များဖြင့် အဆင့်မြှင့်တင် အစားထိုး အသုံးပြုခဲ့ပြီး T 33 တိုက်လေယာဉ်တွေကိုတော့ တဖြေးဖြေး တပ်တော်ဝင် အဖြစ် မှ အနားပေးခဲ့ပါတယ်။

T 33

T 33 ဂျက်တိုက်လေယာဉ်များ ဟာ တပ်မတော် လေ ရဲ့ ပထမဆုံး နဲ့ နောက်ဆုံး အသုံးပြုခဲ့တဲ့ အမေရိကန်ထုတ် တိုက်လေယာဉ်ဖြစ်ပြီး ထိုခေတ် အခါက နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေရဲ့ ပြယုဂ်တစ်ခု အဖြစ်လဲ တပ်မတော် လေ ရဲ့ သမိုင်း မှာ ဆက်လက်ပါဝင်နေဦး မှာ ဖြစ်ပါကြောင်း…..။

NLH_IR

Add a Comment

Your email address will not be published. Required fields are marked *