ဇူလိုင် ( ၂၅ ) ရက်နေ့ အတွက် မိုးလေ၀သ ခန့်မှန်းချက် ( မိုးဇလ )
မိုးဇလ
မိုးဇလ
မိုးဇလ
Unicode
နေ့စဉ်မိုးလေဝသ သတင်း ( ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ ( ၂၅ ) ရက်နေ့ နံနက် ( ၇:၀၀ )နာရီ အချိန် ထုတ်ပြန်ချက် )
ဘင်္ဂလား ပင်လယ်အော် အ‌ခြေအနေ။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေ အားအလွန်နည်းနေ ပါသည်။
ယနေ့ညနေ အထိ ခန့်မှန်းချက်။ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာ ကျဲကျဲ နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း( ၈၀ ) ဖြစ်ပါ သည်။
မိုးဇလ
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့် အတင့်ရှိမည်။ လှိုင်းအမြင့် မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ( ၄ )ပေ မှ ( ၆ )ပေခန့် ရှိနိုင် ပါသည်။
နောက်(၂)ရက် အတွက် ခန့်မှန်းချက်။ ရှမ်းပြည်နယ် တွင် မိုးပိုလာနိုင် ပါသည်။
မိုးဇလ
နေပြည်တော်နှင့်အနီး တစ်ဝိုက် အတွက်ယနေ့ညနေ အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း( ၈၀ ) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီး တစ်ဝိုက် အတွက်ယနေ့ညနေ အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း ( ၈၀ ) ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါ သည်။ ရွာရန်ရာနှုန်း ( ၆၀ ) ဖြစ်ပါသည်။
မိုးဇလ
Add a Comment
Your email address will not be published. Required fields are marked *