ႏိုင္ငံတကာက လက္ရွိ တ႐ုတ္သူလွ်ို ဆိုသူေတြ ရဲ႕ အရႈပ္ ေတာ္ပုံမ်ား…

လက္ရွိ တ႐ုတ္ သူလွ်ို ဆိုသူေတြ ရဲ႕ အရႈပ္ ေတာ္ပုံမ်ား…။

ျပင္သစ္- တ႐ုတ္ – စင္ကာပူ – အေမရိကန္

တ႐ုတ္စစ္တပ္ကသူလွ်ိုလို႔စြပ္စြဲခံရတဲ့ သုေသသနပညာရွင္ Tang Juan ကို ၾကာသပေတးေန႕ က ဖမ္းဆီးမိခဲ့ တယ္ လို႔ အေမရိကန္ အာဏာပိုင္ေတြက ေျပာ ပါတယ္။

Tang Juan ဟာ San Francisco ၿမိဳ႕က တ႐ုတ္ေကာင္စစ္ဝန္႐ုံးမွာ ပုန္းေအာင္းေနတယ္ လို႔ အစကေျပာၾကားထားတာပါ။ သူမဟာ သူ႕ဘာသာသူလာအဖမ္းခံတာလား? သူမကိုဖမ္းမိတာလား ေသခ်ာမေျပာပါ။ San Francisco က တ႐ုတ္ေကာင္စစ္ ဝန္႐ုံး ကို ပိတ္ခိုင္းရင္ သူမထြက္လာနိုင္တာ မို႔ ေကာင္စစ္ဝန္႐ုံး က ထုတ္ေပး လိုက္တာလားလည္း မသဲကြဲ ပါဘူး။

ႏိုင္ငံတကာက လက္ရွိ တ႐ုတ္သူလွ်ို ဆိုသူေတြ ရဲ႕ အရႈပ္ ေတာ္ပုံမ်ား…

သူမကို diplomatic immunity (သံတမန္ေရးလြတ္ၿငိမ္းခ်မ္းသာခြင့္) မေပးနိုင္ဘူးလို႔ေျပာထား ပါတယ္။ ဒီေန႕ Sacramento ၿမိဳ႕မွာ သူမကို႐ုံး ထုတ္မယ္လို႔ဆိုပါတယ္။

သူမ ဟာ ကယ္လီဖိုးနီးယား တကၠသိုလ္ မွာ တ႐ုတ္ ပညာေရးဝန္ႀကီးဌာန လက္ေအာက္ ရွိ ေဆး႐ုံကေန သုေသသန ပရိုဂရမ္ နဲ႕ လာခဲ့တာ ျဖစ္ပါတယ္။ သူမကို အေမရိကန္ FBI ေအးဂ်င့္ေတြက စုံစမ္းေမးျမန္းစဥ္တုန္းက သူမဟာ တ႐ုတ္စစ္တပ္ နဲ႕ ပက္သက္မႈကို ျငင္းဆို ခဲ့ပါတယ္။ သူမရဲ႕ စစ္ဝတ္စုံ အေဆာင္အေယာင္အျပည့္စုံ နဲ႕ ဓာတ္ပုံေတြကို ထုတ္ျပစဥ္မွာလည္း #သူမဘာမွမသိေၾကာင္းျငင္း ဆိုခဲ့ပါတယ္။

အေမရိကန္တရားေရးဌာန ရွိ စာ႐ြက္စာတမ္းေတြ အရ သူမဟာ တ႐ုတ္ေလတပ္ ကျဖစ္ၿပီး ေဆးသုေသသနပညာရွင္ လို႔ ဆိုပါတယ္။

အခု ေနာက္သူလွ်ိုမႈ တစ္ခုကို ဆက္ ပါမယ္။

စင္ကာပူနိုင္ငံသား Dickson Yeo Jun Wei ဟာ အေမရိကန္ျပည္ေထာင္စုမွာ မေန႕က သူလွ်ိုမႈအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။ Dickson Yeo Jun Wei ဟာ စင္ကာပူတကၠသိုလ္ (NUS) မွာ နိုင္ငံေရးသိပၸံကို ေလ့လာခဲ့သူပါ။ သူဟာ တ႐ုတ္ျပည္ ရဲ႕ ေခတ္သစ္ပိုးလမ္းမႀကီး (Belt and Road) နဲ႕ ကမာၻ႔စီးပြားေရးကြန္ယက္အေၾကာင္း ကို စာတမ္းျပဳစုခဲ့သူပါ။

Dickson တစ္ေယာက္ PhD ေက်ာင္းသားဘဝတုန္းက ေပက်င္းၿမိဳ႕ေတာ္မွာ အေရွ႕ေတာင္အာရွနိုင္ငံေတြရဲ႕ နိုင္ငံေရးအေျခအေန အေၾကာင္း presentation သြားလုပ္ခ်ိန္မွာ တ႐ုတ္သူလွ်ိုလုပ္ေပးဖို႔စည္း႐ုံးတာခံခဲ့ရတယ္လို႔ ဆိုပါတယ္။ သူဟာ အဲ့ဒီတုန္းက National University of Singapore မွာ Public Policy နဲ႕ PhD ယူဖို႔ တက္ေနတာျဖစ္ပါတယ္။ သူ႕ကို သူလွ်ိုအျဖစ္ စည္း႐ုံးသိမ္းသြင္းခဲ့သူေတြဟာ Chinese Think Tank ဉာဏ္ႀကီးရွင္အဖြဲ႕ဝင္ေတြျဖစ္ တယ္လို႔ ဆို ပါတယ္။

ႏိုင္ငံတကာက လက္ရွိ တ႐ုတ္သူလွ်ို ဆိုသူေတြ ရဲ႕ အရႈပ္ ေတာ္ပုံမ်ား…

Dickson ဟာ အေမရိကန္နိုင္ငံ မွာ တ႐ုတ္ျပည္ နဲ႕ အာဆီယံနိုင္ငံေတြအေရးကြၽမ္းက်င္သူ အတိုင္ပင္ခံ အလုပ္ ကို လုပ္ခဲ့ပါတယ္။ အဲ့ဒီ နိုင္ငံေရးအတိုင္ပင္ခံစီးပြားေရးလုပ္ငန္း မ်က္ႏွာဖုံးေအာက္ မွာ သူဟာသူလွ်ိုအျဖစ္ လုပ္ကိုင္ၿပီး အေမရိကန္ကလ်ိဴ႕ဝွက္သတင္းေတြ ကို စုေဆာင္းခဲ့ပါတယ္။ သူရဲ႕ဝန္ခံခ်က္အရ သူဟာ ၂၀၁၅ ကေန ၂၀၁၉ ခုႏွစ္အဖမ္းခံရခ်ိန္အထိ တ႐ုတ္သူလွ်ိုအျဖစ္ လုံၿခဳံေရးျမင့္မားတဲ့ အေမရိကန္ေတြရဲ႕ လ်ိဴ႕ဝွက္သတင္းေတြကို လိုက္စုေပး ခဲ့ပါတယ္။

သူ႕ရဲ႕ အတိုင္ပင္ခံလုပ္ငန္းအတြက္ ဝန္ထမ္းေၾကညာေခၚခဲ့ရာမွာ resumes ကိုယ္ေရး အေစာင္ ၄၀၀ ေလာက္ရခဲ့ပါတယ္။ အဲ့ဒီထဲက ၉၀ ရာႏႈန္းဟာ အေမရိကန္စစ္တပ္ (သို႔) အစိုးရနဲ႕ပတ္သက္သူေတြပါ။

အဲ့ဒီလူေတြ ရဲ႕ စာ႐ြက္စာတမ္းေတြ ကို တ႐ုတ္ အစိုးရဆီ လႊဲေျပာင္းေပးခဲ့ပါတယ္တဲ့။ ေငြေၾကးမေခ်ာင္လည္တဲ့ သူေတြကို သူ႕အတြက္ အလုပ္လုပ္ေပးေအာင္ စည္း႐ုံးေရးဆင္းခဲ့ၿပီး သတင္းႏွိုက္တာလည္း လုပ္ခဲ့ပါတယ္။ အဲ့ဒီအထဲမွာ အေမရိကန္ေလတပ္နဲ႕ ဆက္ႏြယ္ၿပီး အလုပ္လုပ္ေနတဲ့ အရပ္သား တစ္ေယာက္လည္းပါပါတယ္။ သူ႕ဆီကေန အေမရိကန္ေလတပ္ F-35B stealth fighter-bomber ေလယာဥ္ ပေရာဂ်က္သတင္းေတြ ႏွိုက္ခဲ့ပါတယ္။

ၿပီးေတာ့ အာဖကန္နစၥတန္ မွာ တာဝန္ထမ္းခဲ့တဲ့ အေမရိကန္ ပန္တာဂြန္စစ္ ဌာနခ်ဳပ္ က ဝန္ထမ္း တစ္ေယာက္လည္း ပါပါတယ္။ ၿပီးေတာ့ အေမရိကန္ျပည္ေထာင္စု ျပည္ထဲေရးဝန္ႀကီးဌာနက ဝန္ထမ္းတစ္ေယာက္လည္း ပါ ပါေသးတယ္။ သူ႕ကို အေမရိကန္အစိုး ရ ကက္ဘိနက္ က အေရးႀကီး ပုဂၢိဳလ္ တစ္ေယာက္အေၾကာင္း ရီပို႔ေရးခိုင္းခဲ့တာပါ ။

သူတို႔ကို Dickson က သူလိုခ်င္တဲ့ ရီပို႔တစ္ေစာင္ေရးေပး ဖို႔အတြက္ တစ္ေယာက္ ကို ေဒၚလာ ၂၀၀၀ ေလာက္ေပးခဲ့ ပါတယ္တဲ့။ Dickson က အလုပ္ေလွ်ာက္တဲ့ social media page ေတြ websites ေတြကေန အတိုင္ပင္ခံကုမၸဏီဗန္းျပၿပီး တ႐ုတ္အစိုးရအတြက္ အလုပ္လုပ္ေပးမယ့္ လူေတြကိုလည္း ဆြဲေဆာင္စုေဆာင္းခဲ့ပါတယ္တဲ့။ တ႐ုတ္အစိုးရအတြက္ သတင္းစုေဆာင္းရာမွာ တ႐ုတ္ေထာက္လွမ္းေရးက အေရးႀကီးတဲ့ လူမသိတဲ့ သတင္းမ်ိဳးကိုသာ စုေဆာင္းခိုင္းတာပါ။

ႏိုင္ငံတကာက လက္ရွိ တ႐ုတ္သူလွ်ို ဆိုသူေတြ ရဲ႕ အရႈပ္ ေတာ္ပုံမ်ား…

သူတို႔ scuttlebutt လို႔ေခၚတဲ့ ေကာလဟာလလို သတင္းမ်ိဳး ကိုလုံးဝမလိုခ်င္ဘူးလို႔ ေျပာထားပါသတဲ့။ အစပိုင္းမွာ သူ႕ကို အေရွ႕ေတာင္အာရွနိုင္ငံေတြရဲ႕လွ်ို႔ဝွက္သတင္းေတြသာ စုေဆာင္းခိုင္းၿပီး ေနာက္မွ အေမရိကန္ျပည္ေထာင္စုဖက္ ဦးလွည့္ခိုင္းခဲ့တာပါ။ သူဟာ တ႐ုတ္ျပည္ကို အႀကိမ္ ၂၀ ေလာက္သြားခဲ့ၿပီး ေထာက္လွမ္းေရးအခ်ိတ္အဆက္ေတြနဲ႕ ေနရာေပါင္းစုံေျပာင္းၿပီး ၂၅ ႀကိမ္ေလာက္ေတြ႕ခဲ့ရပါတယ္။

သူတ႐ုတ္ျပည္ကိုဝင္ရင္ လူဝင္မႈႀကီးၾကပ္ေရးမွာ တန္းစီစရာမလိုပဲ သပ္သပ္ခြဲဝင္လို႔ ရပါသတဲ့။ အေမရိကန္မွာရွိေနစဥ္ တ႐ုတ္ေထာက္လွမ္းေရးကို မဆက္သြယ္ရပါဘူး။ သူသုံးဖို႔ ဘဏ္ကဒ္ေပးထားပါတယ္။ အေရးႀကီးရင္ Coffeeshop လိုေနရာကပဲ email ပို႔ခိုင္းပါတယ္။ အေမရိကန္မွာ မရွိေနရင္ WeChat နဲ႕ တ႐ုတ္ေထာက္လွမ္းေရးဘက္ကို ဆက္သြယ္ ရပါတယ္တဲ့။

သူ႕ကိုမတူတဲ့ ဖုန္းနံပါတ္အမ်ိဳးမ်ိဳးကို သုံးၿပီးဆက္သြယ္ခိုင္းပါသတဲ့။ တ႐ုတ္ေထာက္လွမ္းေရးက သူ႕ကို ဘာေတြ ပစ္မွတ္ထား သတင္းစုေဆာင္းရမယ္ဆိုတာ ၫႊန္ၾကားပါသတဲ့။ အေမရိကန္ ကုန္သြယ္ေရးဌာန ၊ artificial intelligence အသိဉာဏ္တုကိစၥ၊ ကုန္သြယ္ေရးစစ္ပြဲကိစၥ စသည္ျဖင့္ ၫႊန္ၾကားပါသတဲ့။

တ႐ုတ္ေထာက္လွမ္းေရးကေန သူ႕ကို ၫႊန္ၾကားရာမွာ သူတို႔ပစ္မွတ္ထားသူဟာ –

အလုပ္ခြင္မွာ မေက်နပ္ခ်က္ေတြရွိေနသလား…?

ေငြေရးေၾကး​ေရးအက်ပ္အတည္းရွိေနသလား…?

သူတို႔မွာကေလးေတြေထာက္ပံ့ဖို႔ရွိေနသလား…?

သူတို႔မွာ အလုပ္ကအနားယူ retired လုပ္ရင္ႀကဳံရမယ့္အခက္အခဲကို ပူပင္ေနသလား…?

စတဲ့အားနည္းခ်က္ေတြ နဲ႕ ပစ္မွတ္ထားရွာ ပါသတဲ့ ။

၂၀၁၉ ခုႏွစ္ နိုဝင္ဘာလမွာ Dickson တစ္ေယာက္ ေလဆိပ္မွာ အေမရိကန္ေျမေပၚေျခခ်လိဳက္တာနဲ႕ အဖမ္းခံလိုက္ရတာ ျဖစ္ပါတယ္။ သူ႕ကို ေအာက္တိုဘာလ ၉ ရက္ေန႕မွာ အမိန႔္ခ်မွာ ျဖစ္ပါတယ္။ ေနာက္ ျပင္သစ္ကိစၥဆက္ပါမယ္။ ဒီႏွစ္ ဇြန္လိုင္လဆန္းတုန္းကလည္း ျပင္သစ္နိုင္ငံမွာ လူသုံးေယာက္ကို တ႐ုတ္ေထာက္လွမ္းေရးအတြက္ သူလွ်ိုလုပ္ေပးမႈနဲ႕ တရားစြဲဆိုခဲ့ပါတယ္။

အဲ့ဒီ Pierre – Marie H. နဲ႕ Henri M. တို႔ဟာ တကယ္ေတာ့ #ျပင္သစ္ေထာက္လွမ္းေရး DGSE မွာ အလုပ္လုပ္ခဲ့ၾကသူေတြပါ။ သူတို႔ဟာ ေထာင္ဒဏ္ ၁၅ ႏွစ္အထိ က်ခံရနိုင္ပါတယ္။တကယ္တ႐ုတ္ကိုသူလွ်ိုလုပ္ေပးခဲ့ရင္ သူတို႔ဟာ ႏွစ္ဖက္ခြၽန္ double agents ေတြျဖစ္လာမွာပါ။

Pierre – Marie H. ရဲ႕ မိန္းမျဖစ္သူ Laurence H. ကိုလည္း နိုင္ငံေတာ္သစၥာေဖာက္မႈနဲ႕ တရားစြဲထားပါတယ္။ သူတို႔ကိစၥကို အလြန္အေရးႀကီးကိစၥအျဖစ္လ၂၀၀၈ ခုႏွစ္က ျပင္သစ္အာဏာပိုင္ေတြက စုံစမ္းေဖာ္ထုတ္ခဲ့တာပါ။ Henri M. ဟာ ျပင္သစ္ေထာက္လွမ္းေရးမွာလုပ္ေနစဥ္ ၁၉၉၇ ခုႏွစ္မွာ တ႐ုတ္ျပည္ျပင္သစ္သံ႐ုံးမွာ ဒုတိယအတြင္းဝန္အေနနဲ႕ ေနခဲ့ပါတယ္။

သူဟာ သံအမတ္ႀကီး ရဲ႕ တ႐ုတ္စကားျပန္မေလးနဲ႕ဇာတ္လမ္းရႈပ္တာေၾကာင့္ ၁၉၉၈ ခုႏွစ္အေစာပိုင္းမွာပဲ ျပန္ေခၚခံခဲ့ရတာပါ။ je t’aime ကို ဘာသာျပန္ခိုင္းတယ္ထင္ပါရဲ႕။

ႏိုင္ငံတကာက လက္ရွိ တ႐ုတ္သူလွ်ို ဆိုသူေတြ ရဲ႕ အရႈပ္ ေတာ္ပုံမ်ား…

သူဟာ အလုပ္ကအနားယူၿပီး ၂၀၀၃ ခုႏွစ္မွာ တ႐ုတ္ျပည္ကို ျပန္သြားခဲ့ပါတယ္။ အဲ့ဒီ တ႐ုတ္စကားျပန္မေလးနဲ႕ယူၿပီး ဟိုင္နန္ကြၽန္းမွာ အေျခခ်ပါတယ္။ ျပင္သစ္ဂ်ာနယ္လစ္ Franck Renaud က Henri M. ရဲ႕ အရႈပ္ေတာ္ပုံဇာတ္လမ္းကို Les Diplomates အျဖစ္စာအုပ္ထုတ္ခဲ့ပါတယ္။ အဲ့ဒီ ၁၉၉၀ ေက်ာ္ကာလ Henri M. ေပက်င္းၿမိဳ႕ေတာ္ေရာက္ေနခ်ိန္မွာ ျပင္သစ္ နဲ႕ တ႐ုတ္ရဲ႕ ဆက္ဆံေရးဆိုးဝါးေနခ်ိန္ ျဖစ္ပါတယ္။ တ႐ုတ္ ၁၉၈၉ Tiananmen ရင္ျပင္အေရးအခင္း၊ ၁၉၉၁ ျပင္သစ္စစ္သေဘၤာ ဖရီးဂိတ္ေတြ ထိုင္ဝမ္ကိုေရာင္းမႈ စတာတို႔နဲ႕ တင္းမာေနခ်ိန္ ျဖစ္ပါတယ္။ သူ႕ကိုဘယ္လိုဖမ္းမိလည္း မေျပာထားပါဘူး။

Pierre – Marie H. ကိစၥကေတာ့ သူဟာ ျပည္ပမွာ ေထာက္လွမ္းေရးတာဝန္မထမ္းေဆာင္ဖူးပါ။ သူ႕ကို ဆြစ္စလန္နိုင္ငံ ဇူးရစ္ေလဆိပ္မွာ ေငြေတြသယ္ေဆာင္လာမႈနဲ႕ ဖမ္းဆီးခဲ့တာပါ။ သူဟာ တ႐ုတ္ေထာက္လွမ္းေရးအဆက္အသြယ္နဲ႕ အိႏၵိယသမုဒၵရာထဲက ကြၽန္းတစ္ကြၽန္းမွာ ေတြ႕ဆုံၿပီး ျပန္လာတယ္လို႔ဆိုပါတယ္။ အခုလထဲမွာ ၾကားသိခဲ့ရသမွ် တ႐ုတ္သူလွ်ိုဆိုသူေတြရဲ႕အရႈပ္ေတာ္ပုံအစုံစုံကို အတိုခ်ဳံးတင္ျပလိုက္ပါတယ္။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
24-July-2020

Unicode

လက်ရှိ တရုတ် သူလျှို ဆိုသူတွေ ရဲ့ အရှုပ် တော်ပုံများ…။

ပြင်သစ်- တရုတ် – စင်ကာပူ – အမေရိကန်

တရုတ်စစ်တပ်ကသူလျှိုလို့စွပ်စွဲခံရတဲ့ သုသေသနပညာရှင် Tang Juan ကို ကြာသပတေးနေ့ က ဖမ်းဆီးမိခဲ့ တယ် လို့ အမေရိကန် အာဏာပိုင်တွေက ပြော ပါတယ်။

Tang Juan ဟာ San Francisco မြို့က တရုတ်ကောင်စစ်ဝန်ရုံးမှာ ပုန်းအောင်းနေတယ် လို့ အစကပြောကြားထားတာပါ။ သူမဟာ သူ့ဘာသာသူလာအဖမ်းခံတာလား? သူမကိုဖမ်းမိတာလား သေချာမပြောပါ။ San Francisco က တရုတ်ကောင်စစ် ဝန်ရုံး ကို ပိတ်ခိုင်းရင် သူမထွက်လာနိုင်တာ မို့ ကောင်စစ်ဝန်ရုံး က ထုတ်ပေး လိုက်တာလားလည်း မသဲကွဲ ပါဘူး။

နိုင်ငံတကာက လက်ရှိ တရုတ်သူလျှို ဆိုသူတွေ ရဲ့ အရှုပ် တော်ပုံများ…

သူမကို diplomatic immunity (သံတမန်ရေးလွတ်ငြိမ်းချမ်းသာခွင့်) မပေးနိုင်ဘူးလို့ပြောထား ပါတယ်။ ဒီနေ့ Sacramento မြို့မှာ သူမကိုရုံး ထုတ်မယ်လို့ဆိုပါတယ်။

သူမ ဟာ ကယ်လီဖိုးနီးယား တက္ကသိုလ် မှာ တရုတ် ပညာရေးဝန်ကြီးဌာန လက်အောက် ရှိ ဆေးရုံကနေ သုသေသန ပရိုဂရမ် နဲ့ လာခဲ့တာ ဖြစ်ပါတယ်။ သူမကို အမေရိကန် FBI အေးဂျင့်တွေက စုံစမ်းမေးမြန်းစဉ်တုန်းက သူမဟာ တရုတ်စစ်တပ် နဲ့ ပက်သက်မှုကို ငြင်းဆို ခဲ့ပါတယ်။ သူမရဲ့ စစ်ဝတ်စုံ အဆောင်အယောင်အပြည့်စုံ နဲ့ ဓာတ်ပုံတွေကို ထုတ်ပြစဉ်မှာလည်း #သူမဘာမှမသိကြောင်းငြင်း ဆိုခဲ့ပါတယ်။

အမေရိကန်တရားရေးဌာန ရှိ စာရွက်စာတမ်းတွေ အရ သူမဟာ တရုတ်လေတပ် ကဖြစ်ပြီး ဆေးသုသေသနပညာရှင် လို့ ဆိုပါတယ်။

အခု နောက်သူလျှိုမှု တစ်ခုကို ဆက် ပါမယ်။

စင်ကာပူနိုင်ငံသား Dickson Yeo Jun Wei ဟာ အမေရိကန်ပြည်ထောင်စုမှာ မနေ့က သူလျှိုမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ Dickson Yeo Jun Wei ဟာ စင်ကာပူတက္ကသိုလ် (NUS) မှာ နိုင်ငံရေးသိပ္ပံကို လေ့လာခဲ့သူပါ။ သူဟာ တရုတ်ပြည် ရဲ့ ခေတ်သစ်ပိုးလမ်းမကြီး (Belt and Road) နဲ့ ကမ္ဘာ့စီးပွားရေးကွန်ယက်အကြောင်း ကို စာတမ်းပြုစုခဲ့သူပါ။

Dickson တစ်ယောက် PhD ကျောင်းသားဘဝတုန်းက ပေကျင်းမြို့တော်မှာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံရေးအခြေအနေ အကြောင်း presentation သွားလုပ်ချိန်မှာ တရုတ်သူလျှိုလုပ်ပေးဖို့စည်းရုံးတာခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ အဲ့ဒီတုန်းက National University of Singapore မှာ Public Policy နဲ့ PhD ယူဖို့ တက်နေတာဖြစ်ပါတယ်။ သူ့ကို သူလျှိုအဖြစ် စည်းရုံးသိမ်းသွင်းခဲ့သူတွေဟာ Chinese Think Tank ဉာဏ်ကြီးရှင်အဖွဲ့ဝင်တွေဖြစ် တယ်လို့ ဆို ပါတယ်။

နိုင်ငံတကာက လက်ရှိ တရုတ်သူလျှို ဆိုသူတွေ ရဲ့ အရှုပ် တော်ပုံများ…

Dickson ဟာ အမေရိကန်နိုင်ငံ မှာ တရုတ်ပြည် နဲ့ အာဆီယံနိုင်ငံတွေအရေးကျွမ်းကျင်သူ အတိုင်ပင်ခံ အလုပ် ကို လုပ်ခဲ့ပါတယ်။ အဲ့ဒီ နိုင်ငံရေးအတိုင်ပင်ခံစီးပွားရေးလုပ်ငန်း မျက်နှာဖုံးအောက် မှာ သူဟာသူလျှိုအဖြစ် လုပ်ကိုင်ပြီး အမေရိကန်ကလျိူ့ဝှက်သတင်းတွေ ကို စုဆောင်းခဲ့ပါတယ်။ သူရဲ့ဝန်ခံချက်အရ သူဟာ ၂၀၁၅ ကနေ ၂၀၁၉ ခုနှစ်အဖမ်းခံရချိန်အထိ တရုတ်သူလျှိုအဖြစ် လုံခြုံရေးမြင့်မားတဲ့ အမေရိကန်တွေရဲ့ လျိူ့ဝှက်သတင်းတွေကို လိုက်စုပေး ခဲ့ပါတယ်။

သူ့ရဲ့ အတိုင်ပင်ခံလုပ်ငန်းအတွက် ဝန်ထမ်းကြေညာခေါ်ခဲ့ရာမှာ resumes ကိုယ်ရေး အစောင် ၄၀၀ လောက်ရခဲ့ပါတယ်။ အဲ့ဒီထဲက ၉၀ ရာနှုန်းဟာ အမေရိကန်စစ်တပ် (သို့) အစိုးရနဲ့ပတ်သက်သူတွေပါ။

အဲ့ဒီလူတွေ ရဲ့ စာရွက်စာတမ်းတွေ ကို တရုတ် အစိုးရဆီ လွှဲပြောင်းပေးခဲ့ပါတယ်တဲ့။ ငွေကြေးမချောင်လည်တဲ့ သူတွေကို သူ့အတွက် အလုပ်လုပ်ပေးအောင် စည်းရုံးရေးဆင်းခဲ့ပြီး သတင်းနှိုက်တာလည်း လုပ်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ အမေရိကန်လေတပ်နဲ့ ဆက်နွယ်ပြီး အလုပ်လုပ်နေတဲ့ အရပ်သား တစ်ယောက်လည်းပါပါတယ်။ သူ့ဆီကနေ အမေရိကန်လေတပ် F-35B stealth fighter-bomber လေယာဉ် ပရောဂျက်သတင်းတွေ နှိုက်ခဲ့ပါတယ်။

ပြီးတော့ အာဖကန်နစ္စတန် မှာ တာဝန်ထမ်းခဲ့တဲ့ အမေရိကန် ပန်တာဂွန်စစ် ဌာနချုပ် က ဝန်ထမ်း တစ်ယောက်လည်း ပါပါတယ်။ ပြီးတော့ အမေရိကန်ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ထမ်းတစ်ယောက်လည်း ပါ ပါသေးတယ်။ သူ့ကို အမေရိကန်အစိုး ရ ကက်ဘိနက် က အရေးကြီး ပုဂ္ဂိုလ် တစ်ယောက်အကြောင်း ရီပို့ရေးခိုင်းခဲ့တာပါ ။

သူတို့ကို Dickson က သူလိုချင်တဲ့ ရီပို့တစ်စောင်ရေးပေး ဖို့အတွက် တစ်ယောက် ကို ဒေါ်လာ ၂၀၀၀ လောက်ပေးခဲ့ ပါတယ်တဲ့။ Dickson က အလုပ်လျှောက်တဲ့ social media page တွေ websites တွေကနေ အတိုင်ပင်ခံကုမ္ပဏီဗန်းပြပြီး တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးမယ့် လူတွေကိုလည်း ဆွဲဆောင်စုဆောင်းခဲ့ပါတယ်တဲ့။ တရုတ်အစိုးရအတွက် သတင်းစုဆောင်းရာမှာ တရုတ်ထောက်လှမ်းရေးက အရေးကြီးတဲ့ လူမသိတဲ့ သတင်းမျိုးကိုသာ စုဆောင်းခိုင်းတာပါ။

နိုင်ငံတကာက လက်ရှိ တရုတ်သူလျှို ဆိုသူတွေ ရဲ့ အရှုပ် တော်ပုံများ…

သူတို့ scuttlebutt လို့ခေါ်တဲ့ ကောလဟာလလို သတင်းမျိုး ကိုလုံးဝမလိုချင်ဘူးလို့ ပြောထားပါသတဲ့။ အစပိုင်းမှာ သူ့ကို အရှေ့တောင်အာရှနိုင်ငံတွေရဲ့လျှို့ဝှက်သတင်းတွေသာ စုဆောင်းခိုင်းပြီး နောက်မှ အမေရိကန်ပြည်ထောင်စုဖက် ဦးလှည့်ခိုင်းခဲ့တာပါ။ သူဟာ တရုတ်ပြည်ကို အကြိမ် ၂၀ လောက်သွားခဲ့ပြီး ထောက်လှမ်းရေးအချိတ်အဆက်တွေနဲ့ နေရာပေါင်းစုံပြောင်းပြီး ၂၅ ကြိမ်လောက်တွေ့ခဲ့ရပါတယ်။

သူတရုတ်ပြည်ကိုဝင်ရင် လူဝင်မှုကြီးကြပ်ရေးမှာ တန်းစီစရာမလိုပဲ သပ်သပ်ခွဲဝင်လို့ ရပါသတဲ့။ အမေရိကန်မှာရှိနေစဉ် တရုတ်ထောက်လှမ်းရေးကို မဆက်သွယ်ရပါဘူး။ သူသုံးဖို့ ဘဏ်ကဒ်ပေးထားပါတယ်။ အရေးကြီးရင် Coffeeshop လိုနေရာကပဲ email ပို့ခိုင်းပါတယ်။ အမေရိကန်မှာ မရှိနေရင် WeChat နဲ့ တရုတ်ထောက်လှမ်းရေးဘက်ကို ဆက်သွယ် ရပါတယ်တဲ့။

သူ့ကိုမတူတဲ့ ဖုန်းနံပါတ်အမျိုးမျိုးကို သုံးပြီးဆက်သွယ်ခိုင်းပါသတဲ့။ တရုတ်ထောက်လှမ်းရေးက သူ့ကို ဘာတွေ ပစ်မှတ်ထား သတင်းစုဆောင်းရမယ်ဆိုတာ ညွှန်ကြားပါသတဲ့။ အမေရိကန် ကုန်သွယ်ရေးဌာန ၊ artificial intelligence အသိဉာဏ်တုကိစ္စ၊ ကုန်သွယ်ရေးစစ်ပွဲကိစ္စ စသည်ဖြင့် ညွှန်ကြားပါသတဲ့။

တရုတ်ထောက်လှမ်းရေးကနေ သူ့ကို ညွှန်ကြားရာမှာ သူတို့ပစ်မှတ်ထားသူဟာ –

အလုပ်ခွင်မှာ မကျေနပ်ချက်တွေရှိနေသလား…?

ငွေရေးကြေးရေးအကျပ်အတည်းရှိနေသလား…?

သူတို့မှာကလေးတွေထောက်ပံ့ဖို့ရှိနေသလား…?

သူတို့မှာ အလုပ်ကအနားယူ retired လုပ်ရင်ကြုံရမယ့်အခက်အခဲကို ပူပင်နေသလား…?

စတဲ့အားနည်းချက်တွေ နဲ့ ပစ်မှတ်ထားရှာ ပါသတဲ့ ။

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ Dickson တစ်ယောက် လေဆိပ်မှာ အမေရိကန်မြေပေါ်ခြေချလိုက်တာနဲ့ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ သူ့ကို အောက်တိုဘာလ ၉ ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်။ နောက် ပြင်သစ်ကိစ္စဆက်ပါမယ်။ ဒီနှစ် ဇွန်လိုင်လဆန်းတုန်းကလည်း ပြင်သစ်နိုင်ငံမှာ လူသုံးယောက်ကို တရုတ်ထောက်လှမ်းရေးအတွက် သူလျှိုလုပ်ပေးမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

အဲ့ဒီ Pierre – Marie H. နဲ့ Henri M. တို့ဟာ တကယ်တော့ #ပြင်သစ်ထောက်လှမ်းရေး DGSE မှာ အလုပ်လုပ်ခဲ့ကြသူတွေပါ။ သူတို့ဟာ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။တကယ်တရုတ်ကိုသူလျှိုလုပ်ပေးခဲ့ရင် သူတို့ဟာ နှစ်ဖက်ချွန် double agents တွေဖြစ်လာမှာပါ။

Pierre – Marie H. ရဲ့ မိန်းမဖြစ်သူ Laurence H. ကိုလည်း နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲထားပါတယ်။ သူတို့ကိစ္စကို အလွန်အရေးကြီးကိစ္စအဖြစ်လ၂၀၀၈ ခုနှစ်က ပြင်သစ်အာဏာပိုင်တွေက စုံစမ်းဖော်ထုတ်ခဲ့တာပါ။ Henri M. ဟာ ပြင်သစ်ထောက်လှမ်းရေးမှာလုပ်နေစဉ် ၁၉၉၇ ခုနှစ်မှာ တရုတ်ပြည်ပြင်သစ်သံရုံးမှာ ဒုတိယအတွင်းဝန်အနေနဲ့ နေခဲ့ပါတယ်။

သူဟာ သံအမတ်ကြီး ရဲ့ တရုတ်စကားပြန်မလေးနဲ့ဇာတ်လမ်းရှုပ်တာကြောင့် ၁၉၉၈ ခုနှစ်အစောပိုင်းမှာပဲ ပြန်ခေါ်ခံခဲ့ရတာပါ။ je t’aime ကို ဘာသာပြန်ခိုင်းတယ်ထင်ပါရဲ့။

နိုင်ငံတကာက လက်ရှိ တရုတ်သူလျှို ဆိုသူတွေ ရဲ့ အရှုပ် တော်ပုံများ…

သူဟာ အလုပ်ကအနားယူပြီး ၂၀၀၃ ခုနှစ်မှာ တရုတ်ပြည်ကို ပြန်သွားခဲ့ပါတယ်။ အဲ့ဒီ တရုတ်စကားပြန်မလေးနဲ့ယူပြီး ဟိုင်နန်ကျွန်းမှာ အခြေချပါတယ်။ ပြင်သစ်ဂျာနယ်လစ် Franck Renaud က Henri M. ရဲ့ အရှုပ်တော်ပုံဇာတ်လမ်းကို Les Diplomates အဖြစ်စာအုပ်ထုတ်ခဲ့ပါတယ်။ အဲ့ဒီ ၁၉၉၀ ကျော်ကာလ Henri M. ပေကျင်းမြို့တော်ရောက်နေချိန်မှာ ပြင်သစ် နဲ့ တရုတ်ရဲ့ ဆက်ဆံရေးဆိုးဝါးနေချိန် ဖြစ်ပါတယ်။ တရုတ် ၁၉၈၉ Tiananmen ရင်ပြင်အရေးအခင်း၊ ၁၉၉၁ ပြင်သစ်စစ်သငေ်္ဘာ ဖရီးဂိတ်တွေ ထိုင်ဝမ်ကိုရောင်းမှု စတာတို့နဲ့ တင်းမာနေချိန် ဖြစ်ပါတယ်။ သူ့ကိုဘယ်လိုဖမ်းမိလည်း မပြောထားပါဘူး။

Pierre – Marie H. ကိစ္စကတော့ သူဟာ ပြည်ပမှာ ထောက်လှမ်းရေးတာဝန်မထမ်းဆောင်ဖူးပါ။ သူ့ကို ဆွစ်စလန်နိုင်ငံ ဇူးရစ်လေဆိပ်မှာ ငွေတွေသယ်ဆောင်လာမှုနဲ့ ဖမ်းဆီးခဲ့တာပါ။ သူဟာ တရုတ်ထောက်လှမ်းရေးအဆက်အသွယ်နဲ့ အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းတစ်ကျွန်းမှာ တွေ့ဆုံပြီး ပြန်လာတယ်လို့ဆိုပါတယ်။ အခုလထဲမှာ ကြားသိခဲ့ရသမျှ တရုတ်သူလျှိုဆိုသူတွေရဲ့အရှုပ်တော်ပုံအစုံစုံကို အတိုချုံးတင်ပြလိုက်ပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
24-July-2020

Add a Comment

Your email address will not be published. Required fields are marked *