ကိုဗစ္ ေၾကာင့္ မေလးရွားတြင္ တားဆီးပိတ္ ဆို႔စဥ္ ဖမ္းဆီးညွင္းပန္းလွ်က္ရွိဟု အယ္လ္ဂ်ားဇီးယားသို႕ ေျပာၾကားခဲ႔သူ၊ ဘဂၤလားဒက္ရွ္ႏိုင္ငံ သားအား မေလးရွားကဖမ္းဆီးရမိ။ အယ္လ္ဂ်ားဇီးယားကေ တာင္းပန္ရမည္ဟု ဆို

ေရႊ႔ေျပာင္းေနထိုင္ သူ မ်ားႏွင့္ ပတ္သက္ ၍ မဟုတ္မမွန္ေသာ အခ်က္အလက္ေပါင္းမ်ားစြာ တို႔ကို ကာတာႏိုင္ငံအေျခစိုက္ Al Jazeera အယ္လ္ဂ်ားဇီးယား သတင္းဌာနအား ေျပာၾကားခဲ့သျဖင့္ လူ၀င္မွဳၾကီးၾကပ္ေရး႒ာန က အလို ရွိေန သူ ဘဂၤလားဒက္ရွ္ႏိုင္ငံသား အား ဖမ္းဆီးရမိျပီျဖစ္ေၾကာင္း မေလးရွား အာဏာပိုင္မ်ားက ေျပာဆိုသည္ ဟု bdnews24 က ယေန႔ေရးသား သည္ ။

ေသာၾကာေန႔ ညေန တြင္ တိမ္းေရွာင္ပုန္းေအာင္းေနသူ အသက္ ၂၅ ႏွစ္အရြယ္ မိုဟာမက္ေရဟန္ကဘား အမည္ ရွိ ဘဂၤလားဒက္ရွ္ႏိုင္ငံသားအား ကြာလာလန္ပူျမိဳ႔ ဂ်လန္ပါဟန္ကြန္ဒိုမီနီယံ တြင္ ဖမ္းဆီးရမိေၾကာင္း The New Straits Times သတင္းစာေဖာ္ျပခ်က္ အရ သိရွိရသည္။

မိုဟာမက္ေရဟန္ကဘား

ကဘားသည္ မေလးရွား တြင္ ကိုရိုနာဗိုင္းရပ္ေရာဂါ မျပန္႔ပြားေရး တားဆီးပိတ္ဆို႔ ထားခိုက္ အေထာက္အထားမဲ့ေရႊ႔ေျပာင္းေနထိုင္သူမ်ား မွာ တရား လက္လြတ္ ဖမ္းဆီးခံေနရေၾကာင္း အယ္လ္ဂ်ာဇီးယားႏွင့္ ေတြ ႔ဆံုစဥ္ ျပင္းထန္စြာ ေ၀ဖန္ေျပာဆိုခဲ့သူ ႏိုင္ငံျခားသားမ်ားအနက္ တစ္ဦးျဖစ္သည္။ ၄င္းအား လူ၀င္မွဳၾကီးၾကပ္ေရး အက္ဥပေဒအရ စစ္ေဆးေမးျမန္းရန္ ၄င္း၏နိုင္ငံကူး လက္မွတ္ ၊ ေနာက္ဆံုး ေနရပ္ လိပ္စာႏွင့္ တကြ အလိုရွိေၾကာင္း သတင္းထုတ္ျပန္ထားျခင္း ခံရသည္။

မိုဟာမက္ေရဟန္ကဘား

အယ္လ္ဂ်ာ ဇီးယား ၏ “ မေလးရွားတြင္ တားဆီးပိတ္ဆို႔ခိုက္ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းမ်ား “ အမည္ရွိ အျငင္းပြားဖြယ္ရာ သတင္းမွတ္တမ္းရုပ္သံတြင္ Lock down အမိန္႔ထုတ္ျပန္ထားစဥ္ မေလးရွား ရဲတပ္ဖြဲ႔ ၀င္မ်ား က ဖမ္းဆီးသျဖင့္ အေထာက္ အထားမဲ့ေရႊ႕ေျပာင္းအလုပ္သမားမ်ား ရာေထာင္ခ်ီလွ်က္ ဒုကၡေရာက္ရပံု ကို ေဖာ္ျပထားသည္ဆို၏။

အဆိုပါ မွတ္တမ္း ႐ုပ္ရွင္ ထြက္ေပၚလာျပီးေနာက္ ခ်က္ခ်င္းဆိုသလိုပင္ အြန္လိုင္းလူမွဳကြန္ရက္၌ ေ၀ဖန္ေျပာဆိုမွဳမ်ား ျဖစ္ခဲ့ရသည္။ မေလးရွားအရာရွိမ်ားကမူ သတင္းရုပ္သံမွာ တိက်ျခင္းမရွိ၊ လိုရာဆြဲ၍ မတရားေဖာ္ျ ပထားျခင္းမ်ားသာျဖစ္ေၾကာင္း ေခ်ပ ခဲ့သည္။

အေထာက္အထားမဲ့ ၀င္ေရာက္ လာသူမ်ားႏွင့္ ပတ္သက္ သည့္ သတင္းမွာ မွန္ကန္ျခင္းမရွိ အယ္လ္ဂ်ားဇီးယားအေနျဖင့္ ႏိုင္ငံေတာ္အား လူမ်ိဳးၾကီး၀ါဒီႏွင့္ လူမ်ိဳးခြဲျခားဆက္ဆံသူအျဖစ္ စြပ္စြဲရာေရာက္သည့္အတြက္ ေတာင္းပန္ရမည္ ဟု မေလးရွား ကာကြယ္ေရးဝန္ႀကီး အီစမန္ဆာဘရီယာကြတ္က ေျပာဆိုသည္။ အယ္လ္ဂ်ားဇီးယား မီဒီယာ၏ မေလးရွားအေျခစိုက္ သတင္းေထာက္မ်ားကိုလည္း ေခၚယူ စစ္ေၾကာခဲ့ သည္။

အယ္လ္ဂ်ာဇီးရားကမူ ၎တို႔သ ည္ စာနယ္ဇင္းပညာ ၏ ပရိုဖက္ရွင္နယ္ပီသမႈ၊ အရည္အေသြးႏွင့္ ဘက္မလိုက္မႈေဘာင္အတြင္းမွ သတင္းေဖာ္ျပျခင္းသာျဖစ္ျေၾကာင္း ခုခံေျပာဆိုျပီး မေလးရွားအာဏာပိုင္တို႔က ရာဇ၀တ္ေၾကာင္း စုံစမ္းစစ္ေဆးမႈ မ်ားအား ႐ုပ္သိမ္းရန္ေတာင္း ဆိုခဲ့သည္။

မိုဟာမက္ေရဟန္ကဘား

(( မေလးရွားႏိုင္ငံ သည္ မေလး လူမ်ဳိးမ်ား သာလွ်င္ ဘူမိပုၾတ ( ဘူမိပုတၱ ) ႏိုင္ငံသားရင္းစစ္စစ္မ်ား ျဖစ္ၾကသည္ ဟူ၍ ႏိုင္ငံသား အျခားလူမ်ိဳးမ်ားထက္ အခြင့္အေရး ပိုမိုအပ္ႏွင္းထားသည့္ ဥပေဒမ်ားျပ႒ာန္းထားေၾကာင္း စြပ္စြဲျခင္းခံ ရသည္။

လြန္ခဲ့သည့္ ဧျပီလ တြင္ မေလးရွား ေရာက္ ဒုကၡသည္ဘဂၤါလီ ( မူရင္း ရိုဟင္ဂ်ာဟု ေဖာ္ျပ ) ဆိုသူမ်ားက တန္းတူႏိုင္ငံသားအခြင့္အေရးအျပည့္အ၀ေပးရန္ ေတာင္းဆိုသည့္သတင္းထြက္ေပၚ လာျပီးေနာက္ မေလးရွားေရာက္ ဒုကၡသည္မ်ားအေပၚ ဆန္႔က်င္ေရးဂယက္ ျပင္းထန္စြာ ရိုက္ခတ္လွ်က္ ရွိသည္။

ဇူလိုင္ ၃-ရက္၊ ၂၀၂၀ ရက္စြဲျဖင့္ လႊင့္တင္ေသာ Al Jazeera ၏ “ Locked Up in Malaysia’s Lockdown “ သတင္းရုပ္သံ မွာ ထိုစြပ္စြဲခ်က္ ကို အေလးအနက္ မီးေမာင္းထိုးျပသကဲ့သို႔ ရွိေနျပီး ကၽြန္ေတာ္ မ်ား ဗဟုသုတ အျဖစ္ သိမွတ္သင့္ေသာ လတ္တေလာျဖစ္စဥ္ မ်ားကို မၾကာမီ ဆက္လက္ေဖာ္ျပ ပါမည္။ ။ သတင္းဘာသာျပန္သူ ))

HtayOung, OungMarine

unicode

ရွှေ့ပြောင်းနေထိုင် သူ များနှင့် ပတ်သက် ၍ မဟုတ်မမှန်သော အချက်အလက်ပေါင်းများစွာ တို့ကို ကာတာနိုင်ငံအခြေစိုက် Al Jazeera အယ်လ်ဂျားဇီးယား သတင်းဌာနအား ပြောကြားခဲ့သဖြင့် လူဝင်မှုကြီးကြပ်ရေးဋ္ဌာန က အလို ရှိနေ သူ ဘင်္ဂလားဒက်ရှ်နိုင်ငံသား အား ဖမ်းဆီးရမိပြီဖြစ်ကြောင်း မလေးရှား အာဏာပိုင်များက ပြောဆိုသည် ဟု bdnews24 က ယနေ့ရေးသား သည် ။

သောကြာနေ့ ညနေ တွင် တိမ်းရှောင်ပုန်းအောင်းနေသူ အသက် ၂၅ နှစ်အရွယ် မိုဟာမက်ရေဟန်ကဘား အမည် ရှိ ဘင်္ဂလားဒက်ရှ်နိုင်ငံသားအား ကွာလာလန်ပူမြို့ ဂျလန်ပါဟန်ကွန်ဒိုမီနီယံ တွင် ဖမ်းဆီးရမိကြောင်း The New Straits Times သတင်းစာဖော်ပြချက် အရ သိရှိရသည်။

မိုဟာမက်ရေဟန်ကဘား

ကဘားသည် မလေးရှား တွင် ကိုရိုနာဗိုင်းရပ်ရောဂါ မပြန့်ပွားရေး တားဆီးပိတ်ဆို့ ထားခိုက် အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများ မှာ တရား လက်လွတ် ဖမ်းဆီးခံနေရကြောင်း အယ်လ်ဂျာဇီးယားနှင့် တွေ့ဆုံစဉ် ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့သူ နိုင်ငံခြားသားများအနက် တစ်ဦးဖြစ်သည်။ ၎င်းအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ စစ်ဆေးမေးမြန်းရန် ၎င်း၏နိုင်ငံကူး လက်မှတ် ၊ နောက်ဆုံး နေရပ် လိပ်စာနှင့် တကွ အလိုရှိကြောင်း သတင်းထုတ်ပြန်ထားခြင်း ခံရသည်။

မိုဟာမက်ရေဟန်ကဘား

အယ်လ်ဂျာ ဇီးယား ၏ “ မလေးရှားတွင် တားဆီးပိတ်ဆို့ခိုက် ဖမ်းဆီးချုပ်နှောင်ခြင်းများ “ အမည်ရှိ အငြင်းပွားဖွယ်ရာ သတင်းမှတ်တမ်းရုပ်သံတွင် Lock down အမိန့်ထုတ်ပြန်ထားစဉ် မလေးရှား ရဲတပ်ဖွဲ့ ဝင်များ က ဖမ်းဆီးသဖြင့် အထောက် အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများ ရာထောင်ချီလျှက် ဒုက္ခရောက်ရပုံ ကို ဖော်ပြထားသည်ဆို၏။

အဆိုပါ မှတ်တမ်း ရုပ်ရှင် ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် အွန်လိုင်းလူမှုကွန်ရက်၌ ဝေဖန်ပြောဆိုမှုများ ဖြစ်ခဲ့ရသည်။ မလေးရှားအရာရှိများကမူ သတင်းရုပ်သံမှာ တိကျခြင်းမရှိ၊ လိုရာဆွဲ၍ မတရားဖော်ြ ပထားခြင်းများသာဖြစ်ကြောင်း ချေပ ခဲ့သည်။

အထောက်အထားမဲ့ ဝင်ရောက် လာသူများနှင့် ပတ်သက် သည့် သတင်းမှာ မှန်ကန်ခြင်းမရှိ အယ်လ်ဂျားဇီးယားအနေဖြင့် နိုင်ငံတော်အား လူမျိုးကြီးဝါဒီနှင့် လူမျိုးခွဲခြားဆက်ဆံသူအဖြစ် စွပ်စွဲရာရောက်သည့်အတွက် တောင်းပန်ရမည် ဟု မလေးရှား ကာကွယ်ရေးဝန်ကြီး အီစမန်ဆာဘရီယာကွတ်က ပြောဆိုသည်။ အယ်လ်ဂျားဇီးယား မီဒီယာ၏ မလေးရှားအခြေစိုက် သတင်းထောက်များကိုလည်း ခေါ်ယူ စစ်ကြောခဲ့ သည်။

အယ်လ်ဂျာဇီးရားကမူ ၎င်းတို့သ ည် စာနယ်ဇင်းပညာ ၏ ပရိုဖက်ရှင်နယ်ပီသမှု၊ အရည်အသွေးနှင့် ဘက်မလိုက်မှုဘောင်အတွင်းမှ သတင်းဖော်ပြခြင်းသာဖြစ်ြကြောင်း ခုခံပြောဆိုပြီး မလေးရှားအာဏာပိုင်တို့က ရာဇဝတ်ကြောင်း စုံစမ်းစစ်ဆေးမှု များအား ရုပ်သိမ်းရန်တောင်း ဆိုခဲ့သည်။

မိုဟာမက်ရေဟန်ကဘား

(( မလေးရှားနိုင်ငံ သည် မလေး လူမျိုးများ သာလျှင် ဘူမိပုတြ ( ဘူမိပုတ္တ ) နိုင်ငံသားရင်းစစ်စစ်များ ဖြစ်ကြသည် ဟူ၍ နိုင်ငံသား အခြားလူမျိုးများထက် အခွင့်အရေး ပိုမိုအပ်နှင်းထားသည့် ဥပဒေများပြဋ္ဌာန်းထားကြောင်း စွပ်စွဲခြင်းခံ ရသည်။

လွန်ခဲ့သည့် ဧပြီလ တွင် မလေးရှား ရောက် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) ဆိုသူများက တန်းတူနိုင်ငံသားအခွင့်အရေးအပြည့်အဝပေးရန် တောင်းဆိုသည့်သတင်းထွက်ပေါ် လာပြီးနောက် မလေးရှားရောက် ဒုက္ခသည်များအပေါ် ဆန့်ကျင်ရေးဂယက် ပြင်းထန်စွာ ရိုက်ခတ်လျှက် ရှိသည်။

ဇူလိုင် ၃-ရက်၊ ၂၀၂၀ ရက်စွဲဖြင့် လွှင့်တင်သော Al Jazeera ၏ “ Locked Up in Malaysia’s Lockdown “ သတင်းရုပ်သံ မှာ ထိုစွပ်စွဲချက် ကို အလေးအနက် မီးမောင်းထိုးပြသကဲ့သို့ ရှိနေပြီး ကျွန်တော် များ ဗဟုသုတ အဖြစ် သိမှတ်သင့်သော လတ်တလောဖြစ်စဉ် များကို မကြာမီ ဆက်လက်ဖော်ပြ ပါမည်။ ။ သတင်းဘာသာပြန်သူ ))

HtayOung, OungMarine

Add a Comment

Your email address will not be published. Required fields are marked *