













Unicode

ဒီတစ်ခေါက် မှာတော့ ထူးထူးဆန်းဆန်း အကြောင်း အရာလေး တစ်ခု အကြောင်း ကို ပြောပြပေးချင် ပါတ ယ်။ ဒါကတော့ ကျောက် တုံးကြီး တစ်တုံး ကို မှ ထုခွဲပြီး တည်ဆောက်ထား တဲ့ အိန္ဒိယနိုင်ငံ က ဘုရားကျောင်း တစ်ခု အကြောင်း ကို ပြောပြပေးချင် ပါတယ်။ ဘယ်လိုမျိုး ထုခွဲ တည်ဆောက်ထား လဲ ဆိုတာ ကတော့ ဆက်ပြီး လေ့လာကြည့်လိုက် ရအောင်နော်…

လူ ( ၁ )ထောင်ကျော် နဲ့ အချိန် (၃) နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီး ခဲ့တဲ့ အံ့ဖွယ် ဘုရားကျောင်း

The Kailasa လို့ အမည်ရ တဲ့ ဘုရားကျောင်း ဟာ ဆိုရင် ကမ္ဘာပေါ်မှာ ခရီးသွားတွေ လည်ပတ်မှု အများဆုံး က နေရာ တစ်နေရာလည်း ဖြစ် ပါတယ်။ စိတ်ဝင်စား ဖို့ကောင်းတဲ့ အချက်အလက် ကတော့ ဒီဘုရားကျောင်းကြီးရဲ့ မူလဇာစ်မြစ် နဲ့ ဘယ်သူတွေ တည်ဆောက်ခဲ့ကြလဲ ဆိုတာကို ယနေ့ချိန်အထိ အဖြေမရှာနိုင်ကြသေးပါဘူး ။ ဒါ့အပြင် ပညာရှင်တွေဟာ ဘုရားကျောင်းကြီး ရဲ့ သက်တမ်း ဘယ်လောက် ရှိနေပြီ လဲ ဆိုတာ ကိုလည်း မခန့်မှန်းနိုင်ကြသေး ပါဘူး ။

လူ ( ၁ )ထောင်ကျော် နဲ့ အချိန် (၃) နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီး ခဲ့တဲ့ အံ့ဖွယ် ဘုရားကျောင်း

ပထမဦးဆုံး ဘုရားကျောင်းကြီး ရဲ့ တည်ဆောက်ပုံကို ကြည့်လိုက်မယ်ဆိုရင် များပြားလှတဲ့ ဗိသုကာ အနုပညာနဲ့ ပန်းပုပညာတို့ကို ကွဲကွဲပြားပြားနဲ့ တည်ဆောာက်ထားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ တစ်ချို့ ပညာရှင်ေ တွကတော့ ဘုရားကျောင်းကြီး ရဲ့ အရွယ်အစား ကိုကြည်ပြီး ရာစုနှစ် ပေါင်းများစွာက တည်ဆောက် တာ ဖြစ်နိုင်တယ် လို့ ခန့်မှန်းထားကြ ပါတယ် ။ နောက်ပြီး ဘုရားကျောင်းကြီး ကို အပေါ်စီးကနေ ကြည့်မယ် ဆိုရင် U ပုံစံ တည်ဆောက် ထားပြီး ကျောင်းဆောင်တွေ ရဲ့ အပေါ်ကနေ အောက်ခြေအထိ ဆင်ရုပ်တုပေါင်းများစွာကို ထုလုပ်ထားတာ တွေ့ရတာ ပဲ ဖြစ် ပါတယ်။

လူ ( ၁ )ထောင်ကျော် နဲ့ အချိန် (၃) နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီး ခဲ့တဲ့ အံ့ဖွယ် ဘုရားကျောင်း

ကမ္ဘာ့ရှေးဟောင်း အမွေ အနှစ် စာရင်းဝင်ထား တဲ့ ဒီဘုရား ကျောင်းကြီး ကို အလုပ် သမားပေါင်း ၇၀၀၀ ကျော် နဲ့ အချိန် အတော်ကြာယူပြီး တည်ဆောက် ရမှာ ဖြစ်တယ် လို့ ပညာရှင်တွေက ခန့်မှန်းထား ကြ ပါတယ်။ တစ်ချို့သော သမိုင်း အချက်အလက်တွေအရ ဒီဘုရားကျောင်းကြီးကို တည်ဆောက်ခဲ့တဲ့ အချိန်တုန်းက အလုပ်သမားတွေဟာ တစ်ရက်ကို ၁၈ နာရီလောက် အလုပ် လုပ်ကြရတယ် လို့ သိရ ပါတယ် ။ နောက်ပြီး လျှပ်စစ်မီး မပေါ်ပေါက်သေး တဲ့ အချိန် မို့လို့ ဂူအ တွင်းပိုင်းကို အလင်းရောင်ရစေရန် မှန်တွေကို အသုံးပြုကာ ရောင်ပြန်နည်းနဲ့ အလင်းပေးထား ခဲ့ကြတာပဲ ဖြစ် ပါတယ်။

လူ ( ၁ )ထောင်ကျော် နဲ့ အချိန် (၃) နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီး ခဲ့တဲ့ အံ့ဖွယ် ဘုရားကျောင်း

ထူးခြားတဲ့ အချက်ကတော့ ဘုရား ကျောင်းကြီး အတွင်း မှာ မရေမတွက် နိုင်တဲ့ ပဟေဠိတွေ အများကြီး ရှိလို့နေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဘုရားကျောင်းအတွင်းက ရှေးဟောင်း အင်ဒို – ဥရောပ ဘာသာ စကားလုံး ပေါင်း များစွာ ကို ဘာသာမပြန်နိုင် ကြသေး ပါဘူး ။ နောက်ထပ် စိတ်ဝင်စားစရာ အကြောင်းကေ တာ့ တစ်ချိန်တုန်း က ဟိန္ဒူဘုရားကျောင်းတွေ ကို ဖျက်စီးပစ်ခဲ့တဲ့ Mughal ဘုရင် Arangzeb ဆိုတဲ့ လူ ရှိခဲ့ ပါတယ်။

လူ ( ၁ )ထောင်ကျော် နဲ့ အချိန် (၃) နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီး ခဲ့တဲ့ အံ့ဖွယ် ဘုရားကျောင်း

တစ်နေ့မှာတော့ သူနဲ့ အပေါင်း အပါတွေဟာ ဒီဘုရားကျောင်းကြီး ကို ဖျက်စီး ဖို့ လူအင်အား ( ၁၀၀၀ ) လောက်သုံးပြီး ဖျက်စီးဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း အချိန် ( ၃ ) နှစ်သာ ကြာသွားပြီး ဘုရားကျောင်းရဲ့ အစိတ်အပိုင်း အနည်းငယ်လောက် သာ ဖျက်စီးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ ဘုရင် Aranzgeb ဟာ လက်လျော့ ခဲ့ပြီး ဘုရားကျော င်းကိုလည်း မဖျက်ဆီးခဲ့တော့ ပါဘူး ။

လူ ( ၁ )ထောင်ကျော် နဲ့ အချိန် (၃) နှစ်ယူပြီး ဖျက်စီးတာတောင် မပျက်စီး ခဲ့တဲ့ အံ့ဖွယ် ဘုရားကျောင်း

ဒီလို ထူးဆန်း တဲ့ အကြောင်းတွေကြောင့်ပဲ Kailasa ဘုရားကျောင်းကြီး ဟာ ယနေ့အချိန် အထိ နာမည်ကြီးလျက်ရှိပြီး ခရီးသွားသူတွေ နဲ့ ပြည့်နှက်လို့နေတာ ပဲ ဖြစ်ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *