မြစ်ရေ သတိပေးချက် ထုတ်ပြန်၊.. စစ်ကိုင်းတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေ အမှတ် ကို ကျော်လွန်သွားပြီ ( မိုးဇလ )
Unicode
စစ်ကိုင်းမြို့နယ် ၊ မင်းကွန်းယဉ်ကျေးမှုဒေသသို့သွားရာ စစ်ကိုင်း-မင်းကွန်းကားလမ်း ဆွမ်းဦးပုည‌ရှင် ရေစက် အနီး ကားလမ်းပေါ် သို့ ဇူလိုင် ၂၈ တွင် ဧရာဝတီမြစ်ရေ စတင်ကျော်မှု ဖြစ်ပွားေ နပါသည်။
ကားလမ်းပေါ်ရေကျော်နေပြီဖြစ်သော်လ ည်း ကား၊ ဆိုင်ကယ်များ သွားလာ၍ ရပါသည် ။ ယနေ့ နေ့လည် မြစ်ရေတိုင်းထွာချက် အရ ဧရာဝတီမြစ်ရေ သည် ၁၁၅၁ စင်တီမီတာသို့ရောက်ရှိနေပြီး စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာကို ကျော်လွန်သွားပြီဖြစ်သည် ။ စစ်ကိုင်း-မင်းကွန်း အောက်လမ်း (ရှင်ဖြူရှင်လှလမ်းပိုင်း) ရေကျော်၍ သွားလာရခက်ခဲ ပါက အပေါ်လမ်း မှ လမ်းလွှဲမောင်နှင်ပါသည်။
စစ်ကိုင်းတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေ အမှတ် ကို ကျော်လွန်လာ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ( ၂၈ )ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်း ကို အောက်ပါအတိုင်း ထုတ်ပြန်ထား ပါတယ်။
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့ တွင် (၁)စင်တီမီတာခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး၊ နောက်(၂)ရက် အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် သို့ ပြန်လည်ကျဆင်းနိုင် ပါသည်။
စစ်ကိုင်းတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေ အမှတ် ကို ကျော်လွန်လာ
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီ အချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့ တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက် ( ၂ ) ရက် အတွင်း ပေဝက်ခန့် ဆက်လက်တက်လာ နိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
စစ်ကိုင်းတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေ အမှတ် ကို ကျော်လွန်လာ
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်း ထွာချက် အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့ တွင် (၃)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေရောက်ရှိနေပါသည်။ အဆို ပါမြစ်ရေ သည် လက်ရှိ ရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် ပါသည်။
စစ်ကိုင်းတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေ အမှတ် ကို ကျော်လွန်လာ
ယနေ့မြန်မာစံတော်ချိန် ( ၁၀:၃၀ ) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ သည် ဖောင်းပြင်မြို့ တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် သို့ ပြန်လည် ကျဆင်းနိုင်ပါသည်။
အကြံပြုချက် ။ ။ သို့ဖြစ်ပါ ၍ ညောင်ဦးမြို့နယ်နှင့် ဆိပ်သာမြို့အတွင်း ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြ ပါရန် အသိပေးနှိုးဆော်အ ပ်ပါ သည်။
Add a Comment
Your email address will not be published. Required fields are marked *