ဒီအိမ် မှာ သရဲကြီးနေနိုင်အောင် လည်း ပရိယယ်သုံးပြီး ဦးထွန်း လက်ခံ လာအောင် ပြောပေးရ ပါတယ်…. အခု ဒီကိစ္စတွေအားလုံးပေါ် ကုန်ပြီမို့ ကျွန်မကိုခွင့်လွတ်ပါ ဆရာကြီး ဒီအိမ်ကနေ ကျွန်မအပြီးထွက်သွား ပါမယ်… ဒါတွေအားလုံး ကို ကျွန်မယောက်ျား အောက်လမ်းဆရာက စီစဉ်တဲ့အတိုင်း သူကိုကြောက် လို့လုပ်ရတာပါ ….နောင်ကို သူနဲ့ လည်း မပေါင်းတော့ပါဘူး… ဒီအိမ်ကလူတွေကိုလည်း ဒုက္ခမပေးတော့ ပါဘူးဆိုတာ ကတိပေးပါတယ် ဆရာကြီး…….”
ဆြာစိုး
Unicode
မော်လမြိုင်ကျွန်းမြို့ အပိုင်ကြက်ကျွန်း ၌ ရွာသူုကြီး လည်းဖြစ် အထက်ဂိုဏ်း ဆရာကြီးလည်းဖြစ် တဲ့ ဆရာကြီး ဦးထွန်း သည် အဘ ဘိုးတော်ပွ င့်၏ တပည့်ရင်းဖြစ်ပြီး အလွန်ပင် လူသိများကာ ထင်ရှားကျော်ကြား ၍နေလေ သည်….။ ထိုရွာကြီးနှင့် မနီးမဝေး ရွာကြီးတစ်ရွာ မှ အောက်လမ်းဆရာကြီး တစ်ဦးသည် လည်း ဆရာကြီး ဦးထွန်းအား ပျက်စီးရာ ပျက်စီးကြောင်း အမြဲအလစ်ချောင်းကာကြံစည်လျက် ရှိချေ၏…။
” ဂိုဏ်းတော် ချုပ် ဘိုးတော် ဦးပွင့် နှင့် လူ့ အရေပြားပေါ် မှာ ရေးထား တဲ့ သရဲနိုင်အင်း “
ဒီလိုနဲ့ ဆရာကြီးဦးထွန်း ၏ ဇနီးသည် ဆုံးပြီး တစ်လခန့်အကြာ ၌ အသက်နှစ်ဆယ်ငါးနှစ်ကျော် သုံးဆယ်ခန့် အသားဖြူဖြူ လုံးကြီးပေါက် လှ ရုပ်ရည်က သနားကမား နဲ့အမျိုးသမီးတစ်ဦး ဆရာကြီးတို့အိမ်သို့ရောက်ရှိ လာပြီး ဆေးကုသလိုလို နဲ့ သူကိုယ်သူ အပျိုကြီး ပါဆိုပြီး ပတ်ချွဲနှတ်ချွဲ နဲ့ မုဆိုးဖိုဆရာကြီး ဦးထွန်းအား ဖျားယောင်းမြူ ဆွယ်လေတော့သည်….။
နောက် မကြာမှီ ကြောင်ကတွင်းပျက် ဆရာကြီးဦးထွန်း နဲ့ ဇရက်တောင်ပံကျိုုး အပျိုကြီး အကြောင်း တစ်ရွာလုံးက သိကုန်ကြလေ သည်….။ သားသမီးများကလည်း မထူးတော့ဘူး ဆေးပေးမီးယူရ ပါစေတော့ဆိုပြီး သူတို့နှစ်ဦး ကို ပေးစားလိုက်ကြရာ ဆရာကြီးဦးထွန်းတို့ ရေငတ်တုန်းရေတွင်းထဲ ကျပြန်လေပြီ….။
မင်္ဂလာ ဆောင်ပြီးတဲ့နောက် ခုနှစ်ရက်မြောက်မှာ ဘဲ ပြသာနာက စတင်၍လာချေ ပြီ…….။ အိမ်ခေါင်မိုးပေါ် မှ အသံသြသြကြီးနဲ့အော်လိုက်တဲ့ အသံကို တစ်မိသားစုလုံးကြားလိုက်ရပေသည်….။ “ဆရာကြီး…ကျွန်တော်ဒီအိ မ်မှာနေပါ ရစေ….” “မင်းကဘယ်သူလဲကွ….သွားသွား…. ငါအိမ်မှာ လာမနေနဲ့ ငါလက်မခံဘူးကွ….” အဲဒီလိုလည်းပြောလိုက်ရော အသံရှင်ကေ ပျာက်သွားပြန်လေ သည်….။
” ဂိုဏ်းတော် ချုပ် ဘိုးတော် ဦးပွင့် နှင့် လူ့ အရေပြားပေါ် မှာ ရေးထား တဲ့ သရဲနိုင်အင်း “
နောက်နှစ်ရက် သုံးရက်ခန့်နေတော့ ဦးထွန်း၏ အသစ်စက်စက်ဇနီးလေးက “အကိုကြီးရေ…ဒီတခါနေပါရစေ ဆိုရင် ခွင့်ပြုလိုက်ပါနော်၊ မစဖို့ရောက်လာတဲ့ ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်နေမှာ……” တပတ်လောက် လည်းရှိရော “ဆရာကြီး… .ကျွန်တော် ဒီအိမ်မှာနေ ပါရစေ….” “မင်းက ငါ့အိမ်မှာ ဘာလုပ်ဖို့နေချင်ရတာလဲ….” “ဘာမှ မလုပ်ပါဘူး… အိမ်သူ အိမ်သားများကို ကူညီစောင့်ရှောက်ပြီးနေ ချင်လို့ပါ….”
‘အကိုကြီးရယ်… ကောင်းကောင်းနေမယ် ဆို ခွင့်ပြုလိုက်ပါ….” မယားစကားကအောင်ချေ ပြီ….။ ဦးထွန်းတို့အိမ်မှာနေ ခွင့်ပြုလိုက်လေုပြီ….။ “အေးအေး…ဒီအိမ်က လူတွေကို မနှောက်ယှက်ဘဲ အကူအညီပေးမယ် ဆိုရင် နေပေါ့ကွာ……” “ဟုတ်ကဲ့ပါ ဆရာကြီး… ကျွန်တော် ကောင်းကောင်း နေပါ မယ်….” အသံရှင်က ကောင်းစွာနေမည့်အကြောင်း ကတိပြုလေ သည်….။
ထိုသိုနေခွင့်ပြုသည့်နေမှစ ၍ အိမ်ခေါင်မိုးပေါ်၌ ဝုန်းဒိုင်းကြဲ ၍ သောင်းကျန်းကာနေတော့သည် ။ လူများ ထိုင်သည့် အနီးမှလည်း မထိအောင်ကပ် ၍ ပြေးလွားခြင်း ချောက်လှန့်ခြင်းများပြုလေတော့သ ည်….။ ဆရာကြီး ဦးထွန်းလည်း ဒေါသထွက်ပြီး “ဟေ့အကောင်…. နင် ဒီအိမ်မှာကောင်းကောင်းနေမယ်ဆိုလို့ ငါခွင့်ပြုထားတာ….အခုနင်ကတိ မတည်ဘူး… အခုချက်ချင်း ငါအိမ်ကထွက်သွားစမ်း….” “ဟားဟားဟားဟား….မထွက်တော့ ဘာလုပ်ချင်လဲ…. လုံးဝမထွက်နိုင်ဘူးဗျ….”
အထက်လမ်းဆရာကြီးတော့ သရဲမောင်းထုတ်တာမရလို့ဒုက္ခတော့တွေချေပြီ ….။ ‘အရင် ငါပယောဂကိုနိုင် လို့ ကုနေတာ အခု ဒီသရဲကြ မှ ဘာဖြစ်လို့မနိုင်တာလဲ တခုခုတော့ တခုခုပဲ….ငါနဲ့ ပညာညီကို ဦးငွေရစီသွားပြီးတိုင်ပင်ဦး မှ…’ ဆိုပြီးအိမ် မှ ထွက်သွားလေတော့ သည်….။
” ဂိုဏ်းတော် ချုပ် ဘိုးတော် ဦးပွင့် နှင့် လူ့ အရေပြားပေါ် မှာ ရေးထား တဲ့ သရဲနိုင်အင်း “
ဦးငွေရသည် ဦးထွန်းနှင့် ပညာညီကိုဖြစ်ပြီး ဘိုးတော်ပွင့်၏ တပည့်ကြီးများဖြစ်ကြလေသည် ….။ ဆရာကြီးဦးငွေရ အိမ်ကို လည်းရောက်ရော သဲမန်း ဆန်မန်းများဖြင့် အိမ်ခြံအား ရှင်းလင်းပက်ဖြန်း ၍ ဆောင်ရွက်လေ တော့သည် ….။ အိမ်၏အတက်အဆင်း လှေကားရင်း၌ အင်းချပ်တစ်ခုအားတွေ့ရလေသည်…..။ ထိုအင်းမှာ လူ၏အရေပြား ၌ အင်းကွက်များချထားခြင်းဖြစ် သည်…..။ ထိုအင်းအား မီးနှင့်ရှို့ကြည်ရာ မီးမလောင် သဖြင့် ရေထဲမျောချ လိုက်သော အခါ ရေကူးသွားကြောင်းတွေ့ရလေသည်…..။
ဤကဲ့သို့ဖြစ်နေ သဖြင့် ဆရာကြီးဦးထွန်းတို့ပညာ ညီကိုနှစ်ဦး တိုင်ပင်ပြီး ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းတော်ချုပ် ဘိုးတော် ပွင့်ကြီးအား မရမကပင့်ကြလေေ တာသည်…..။ ဘိုးတော်ပွင့်ကြီး အိမ်သို့ကြွရောက်လာပြီး မိသားစုဝင်များ အားလုံး အား စီတန်းထိုင်စေပြီး ‘ အတွင်းရန် အပြင်ရန် အတွင်းစက် အပြင်စက်များအား ချုပ်ပြီးတုတ်ပြီးဖြစ်စေ ထသွား၍တောင် မရစေနဲ့’ ဟု အမိန့်ပြန်လေတော့သည်…..။
ပြီးနောက် “မင်းတို့တွေ…တစ်ယောက်ချင်း စီထပြီး ဒီနေရာကနေဟိုနေရာ ကို သွားလို့ ရရင် သွားထိုင်ချေ “ဟု ခိုင်းလေတော့ သည်….။ ဦးထွန်း၏ ဇနီးအသစ်မှာ ကြမ်းပြင်၌ သံမှိုစွဲနေသည့်ပမာကပ်နေပြီး ထလို့ မရတော့ပေ…..။
ထိုအချိ န်၌ အိမ်ခေါင်မိုးပေါ် မှ သရဲကြီးက “ဆရာကြီး ခင်ဗျ….အဲဒီမိန်းမက အဓိက တရားခံပါ….သူ့ကိုစစ်ဆေးရင် အားလုံး ပေါ်မှာပါ…ကျွန်တော် ကိုလည်း သူတို့ခိုင်းစားနေကြတာပါ…ကျွန်တော် ဒီဘဝက ကျွတ်လွတ်ချ င်ပါပြီ…. ဆရာကြီး ကယ်တော် မူပါခင်ဗျား….” “ကိုင်း….ကြားတဲ့ အတိုင်းဘဲ မင်း အမှန်အတိုင်း ပြောပေတော့……” “ဟုတ်ကဲ့ပါ… .အမှန် အတိုင်း ပြောပါမယ်….”
“ဒီလိုပါ ဆရာကြီး….ကျွန်မက အောက်လမ်းဆရာကြီးရဲ့ မိန်းမပါ…. ကျွန်မယောက်ျား က ဦးထွန်း ကို ပညာပြိုင်တာ ဘယ်လို မှ မရဘူးဖြစ်နေတော့ ဦးထွန်း သီလပျက်အောင် ကျွန်မကို အပျိုယောင်ဆောင် ခိုင်းပြီး ဦးထွန်းနဲ့ညားအောင် လုပ်ခိုင်းတာ ပါ…. ပြီးတော့ အိမ်အတက် အဆင်းလှေကရင်းမှာ အင်းမြုတ်ခိုင်းလိုမြုတ်ပေးထား ရပါတယ် အခုတော့ဆရာတွေ ရှင်းလိုက် ပါပြီ….
ဒီအိမ် မှာ သရဲကြီးနေနိုင်အောင် လည်း ပရိယယ်သုံးပြီး ဦးထွန်း လက်ခံ လာအောင် ပြောပေးရ ပါတယ်…. အခု ဒီကိစ္စတွေအားလုံးပေါ် ကုန်ပြီမို့ ကျွန်မကိုခွင့်လွတ်ပါ ဆရာကြီး ဒီအိမ်ကနေ ကျွန်မအပြီးထွက်သွား ပါမယ်… ဒါတေ ွအားလုံး ကို ကျွန်မယောက်ျား အောက်လမ်းဆရာက စီစဉ်တဲ့အတိုင်း သူကိုကြောက် လို့လုပ်ရတာပါ ….နောင်ကို သူနဲ့ လည်း မပေါင်းတော့ပါဘူး… ဒီအိမ်ကလူတွေကိုလည်း ဒုက္ခမပေးတော့ ပါဘူးဆိုတာ ကတိပေးပါတယ် ဆရာကြီး…….”
“ကိုင်းကိုင်း….မောင်ထွန်းရေ ရန်သူက အရှုံးပေးနေမှတော့ ခွင့်လွတ်လိုက် ပါကွာ….. နောင်ကို အပျိုဆိုတိုင်း မယူနဲ့ကွ… သေချာလေ့လာ ပါ…အိမ်မှာနေ ပါရစေ…. အိမ်ကိုစောင့်ရှောက်ပါရစေ ဆိုတိုင်း ဘာကောင်မှန်းမသိ လက်မခံနဲ့ကွ…. အဲဒါ သင်ခန်းစာပဲကွ….သူတို့ရဲ့လှည့်ကွက်ထဲ မဝင်အောင် သီလ သမာဓိ ပညာနဲ့ ဝေဖန်ပိုင်းခြားပြီး လုပ်ရမယ်ဟေ့…. ကိုင်းကိုင်း …ပြသာနာတွေလည်း ရှင်းပြီမို့ ငါပြန်တော့မယ်ဟေ့…အားလုံးသော အိမ်သူအိမ်သား တပည့်သားမြေးတွေ ကျမ်းမာချမ်းသာကြ ပါစေကွာ….”
ဆြာစိုး
Add a Comment
Your email address will not be published. Required fields are marked *