အမွန္တရား ဘက္ေတာ္သား ဟံသာဝတီ ဦးဝင္းတင္ အေပၚ စစ္အာဏာရွင္တို႔ ရဲ႕ ရက္စက္ျခင္း ထက္ပိုေသာ ႏွိပ္စက္ညႇင္းဆဲ ယုတ္မာမႈမ်ား

အမွန္ တရား ဘက္ေတာ္သား ၊ ဒီမိုကေရစီ အေရးေတာ္ပုံ တပ္သားႀကီး ဟံသာဝတီ ဦးဝင္းတင္ အေပၚ စစ္အာဏာရွင္တို႔ ရဲ႕ ရက္စက္ျခင္း ထက္ပိုေသာ လူယုတ္မာ တို ႔၏ လုပ္ရပ္

ကြၽန္ ေတာ္ ေထာင္က် လို႔ အိမ္ခန္းက ဖယ္ရွားခံ ရတယ္။ အၿငိမ္းစား လစာ ရိကၡာ ခံစားခြင့္ ဆုံးရႈံးရတယ္ ၊ ေထာက္လွမ္းေရး စစ္ေၾကာေရး လက္ခ်က္ နဲ႔ သြားေတြ အားလုံး ေျပာင္သလင္း ခါခဲ့တယ္။ ေထာင္ဆန္ၾကမ္း ထမင္း နဲ႔ ေထာင္ ဟင္း႐ြက္ျပဳတ္ရည္ ကို မေသ႐ုံတမယ္ သြားဖုံး နဲ႔ ၿမဳံခဲ့ရတယ္။ အဲဒီလို ေနခဲ့ရတာ ရွစ္ႏွစ္ တိတိၾကာတယ္၊ ဒုကၡေရာက္ပုံေတာ့ ေျပာမျပ တတ္ေအာင္ ပါပဲ ။

ရက္စက္ျခင္း ထက္ပိုေသာ လူယုတ္မာ တို ႔၏ လုပ္ရပ္

အစာအိမ္ေရာဂါ စြဲခဲ့ ရတယ္။ အူက်ေရာဂါကို ငါးႏွစ္ လုံးလုံး ခြဲစိတ္ ကုသခြင့္ မေပး။ ေဆး႐ုံမတင္ ျဖစ္ခ်င္ ရာျဖစ္ ပစ္ထား ခံခဲ့ရတယ္။ ေနာက္ဆုံး ခြဲစိတ္ေတာ့ ေနာက္က်လြန္းေနၿပီ၊ အူေတြ ပူးကက္က်ပ္ ညပ္ျဖစ္ေနၿပီ၊ အာ႐ုံေၾကာေတြ နဲ႔ ေထြးေရာယွက္တင္ျဖစ္ကုန္ၿပီ၊ ခြဲစိတ္ ဒဏ္ေၾကာင့္ ေပါင္းတစ္ဖက္ နာက်င္ ကိုက္ခဲ အၿမဲ ျဖစ္ေနရၿပီ ၊ ေမြးရာပါ ပစၥည္းတစ္ခု ဆုံးပါးခဲ့ရၿပီ၊

ရက္စက္ျခင္း ထက္ပိုေသာ လူယုတ္မာ တို ႔၏ လုပ္ရပ္

ႏွလုံးေရာဂါ ကို ထိေရာက္လုံေလာက္ တဲ့ ကုသလမႈ မေပးခဲ့ လို႔ အခု ဒီေရာဂါက ေသ႐ြာပို႔တဲ့ အဆင့္ေရာက္ေန ရၿပီ၊ ႏွစ္ႏွစ္ဆယ္ျပည့္လု နီးပါး လုံးလုံး ကြၽန္ေတာ့္ ကို တိုက္ပိတ္ထား ခဲ့တယ္။ အျခား ႏိုင္ငံေရး အက်ဥ္းသား၊ ရာဇ၀တ္အက်ဥ္သားေတြနဲ႔ သာမက ေထာင္၀န္ထမ္းေတြနဲ႔ပါ အဆက္ျဖတ္ထားခဲ့တယ္။ ေဘးအခန္းက လူေတြနဲ႔ စကားေျပာဖို႔ အသာထား လွမ္းေအာ္ရင္ေတာင္ မၾကားရေအာင္ ကြၽန္ေတာ္နဲ႔ တျခား လူေနအခန္းေတြ ၾကား မွာ အနည္းဆုံး သုံးခန္းေလးခန္း ( သုံးဆယ္ႏွစ္ေပ-ေလးဆယ့္ရွစ္ေပ ) ျခားထား ခဲ့တယ္။

ရက္စက္ျခင္း ထက္ပိုေသာ လူယုတ္မာ တို ႔၏ လုပ္ရပ္

ႏွစ္ေပါင္းႏွယ္ဆယ္ ဆိုတဲ့ အေဟာသိကံ ကာလရွည္ႀကီးက ကြၽန္ေတာ့္ရဲ႕ ဘ၀ ေန၀င္ခ်ိန္ လူစင္မီမႈ ကို ကိုက္ဖဲ့ဝါးမ်ိဳသြားတယ္၊ စာအုပ္မဖတ္ရ၊ လူသူ မေတြ႕ရ၊ စကားမေျပာရ၊ လႈပ္ရွားသြားလာ မလုပ္ရ။ ဝါသနာ အလုပ္ေတြ၊ (ပန္းခ်ီ၊ ဂီတ၊ စာေရးစာဖတ္၊ အိမ္ေမွ်ာ္) ေတြ ဆုံးရႈံးရ။

ရက္စက္ျခင္း ထက္ပိုေသာ လူယုတ္မာ တို ႔၏ လုပ္ရပ္

တိုတိုေျပာရရင္ ကြၽန္ေတာ္ ရဲ႕ လူ႔သက္တမ္းထဲက ေလးပုံတစ္ပုံေလာက္ ကို နင္းေခ်ဖ်က္ေခ် အမႈန္႔ေခ် ေရမွ်ာပစ္ခဲ့ တယ္ဗ်ာ ။ ႏွေျမာလိုက္တာ။ ႏွေျမာလိုက္တာ။ အသည္းနာ ပါရဲ႕။ ႏွလုံးနာပါရဲ႕။ စိတ္နာပါရဲ႕။ ေကာင္းၾကေသးရဲ႕လားဗ်ာတို႔လို႔ ေလာကႀကီး ကို ေအာ္ဟစ္တိုင္တည္ လိုက္ခ်င္တယ္။

ရက္စက္ျခင္း ထက္ပိုေသာ လူယုတ္မာ တို ႔၏ လုပ္ရပ္

အသက္ ရွစ္ဆယ္မွာ ကြၽန္ေတာ္ ေနစရာအိမ္ မရွိဘူး။ သုံးစရာေငြမရွိဘူး ။ ေတြးစရာေခါင္း မရွိဘူး။ အႀကံမဲ့ ဥာဏ္မဲ့ နလမဲ့တုံးျဖစ္ေနၿပီး၊ လႈပ္စရာ အားမရွိဘူး ၊ ေရာဂါေတြ တစ္သီတစ္တန္းနဲ႔ အိုနာ က်ိဳးကန္းျဖစ္ေနၿပီး၊ ခိုစရာ ကြန္းမရွိဘူး ။ ေက်ာင္းကန္ဘုရား၊ ေဆြအိမ္မ်ိဳးအိမ္၊ မိတ္ေဆြ သူငယ္ခ်င္း အိမ္၊ ဥယ်ာဥ္ပန္းၿခံ၊ ႐ုံးျပင္ကနား၊ ေစ်းေက်ာင္း၊ ျပခန္း၊ ေဆး႐ုံ၊ သုသာန္ေတြကိုေတာင္ စိတ္လြတ္လူလြတ္ သြားလာ ၀င္ထြက္လုပ္လို႔မရဘူး။ သြားလို႔ မရဘူး ။ သတင္းေထာက္လွမ္းေရး တပ္သားေတြ ၊ ေမာ္ေတာ္ဆိုင္ကယ္ေတြ ေနာက္က တဘုံးဘုံး တန္းလန္း ။

ကြၽန္ေတာ္ေထာင္ထဲ က ထြက္လာ ခဲ့တယ္။ အျပင္ေရာက္ေတာ့လည္း ေထာင္ ကိုပဲ ေရာက္ေနျပန္ ပါပေကာလား ။ ေထာင္ႀကီးတာ နဲ႔ ေထာင္ေသးတာ ပဲ ကြာတယ္ ေပါ့ေလ ။

(ဦး၀င္းတင္ ၊ ဘာလဲဟဲ့ လူ႔ငရဲ အမွာစာ မွ..)

သြားေႂကြခါးက်ိဳး၊

ေသေတာတိုးလည္း

အ႐ိုး ေတြေတာ့ တြန္ လိမ့္မယ္ ။

(ဦး၀င္းတင္)

MinNya

Unicode

ရက်စက်ခြင်း ထက်ပိုသော လူယုတ်မာ တို့၏ လုပ်ရပ်

ကျွန် တော် ထောင်ကျ လို့ အိမ်ခန်းက ဖယ်ရှားခံ ရတယ်။ အငြိမ်းစား လစာ ရိက္ခာ ခံစားခွင့် ဆုံးရှုံးရတယ် ၊ ထောက်လှမ်းရေး စစ်ကြောရေး လက်ချက် နဲ့ သွားတွေ အားလုံး ပြောင်သလင်း ခါခဲ့တယ်။ ထောင်ဆန်ကြမ်း ထမင်း နဲ့ ထောင် ဟင်းရွက်ပြုတ်ရည် ကို မသေရုံတမယ် သွားဖုံး နဲ့ မြုံခဲ့ရတယ်။ အဲဒီလို နေခဲ့ရတာ ရှစ်နှစ် တိတိကြာတယ်၊ ဒုက္ခရောက်ပုံတော့ ပြောမပြ တတ်အောင် ပါပဲ ။

ရက်စက်ခြင်း ထက်ပိုသော လူယုတ်မာ တို့၏ လုပ်ရပ်

အစာအိမ်ရောဂါ စွဲခဲ့ ရတယ်။ အူကျရောဂါကို ငါးနှစ် လုံးလုံး ခွဲစိတ် ကုသခွင့် မပေး။ ဆေးရုံမတင် ဖြစ်ချင် ရာဖြစ် ပစ်ထား ခံခဲ့ရတယ်။ နောက်ဆုံး ခွဲစိတ်တော့ နောက်ကျလွန်းနေပြီ၊ အူတွေ ပူးကက်ကျပ် ညပ်ဖြစ်နေပြီ၊ အာရုံကြောတွေ နဲ့ ထွေးရောယှက်တင်ဖြစ်ကုန်ပြီ၊ ခွဲစိတ် ဒဏ်ကြောင့် ပေါင်းတစ်ဖက် နာကျင် ကိုက်ခဲ အမြဲ ဖြစ်နေရပြီ ၊ မွေးရာပါ ပစ္စည်းတစ်ခု ဆုံးပါးခဲ့ရပြီ၊

ရက်စက်ခြင်း ထက်ပိုသော လူယုတ်မာ တို့၏ လုပ်ရပ်

နှလုံးရောဂါ ကို ထိရောက်လုံလောက် တဲ့ ကုသလမှု မပေးခဲ့ လို့ အခု ဒီရောဂါက သေရွာပို့တဲ့ အဆင့်ရောက်နေ ရပြီ၊ နှစ်နှစ်ဆယ်ပြည့်လု နီးပါး လုံးလုံး ကျွန်တော့် ကို တိုက်ပိတ်ထား ခဲ့တယ်။ အခြား နိုင်ငံရေး အကျဉ်းသား၊ ရာဇဝတ်အကျဉ်သားတွေနဲ့ သာမက ထောင်ဝန်ထမ်းတွေနဲ့ပါ အဆက်ဖြတ်ထားခဲ့တယ်။ ဘေးအခန်းက လူတွေနဲ့ စကားပြောဖို့ အသာထား လှမ်းအော်ရင်တောင် မကြားရအောင် ကျွန်တော်နဲ့ တခြား လူနေအခန်းတွေ ကြား မှာ အနည်းဆုံး သုံးခန်းလေးခန်း ( သုံးဆယ်နှစ်ပေ-လေးဆယ့်ရှစ်ပေ ) ခြားထား ခဲ့တယ်။

ရက်စက်ခြင်း ထက်ပိုသော လူယုတ်မာ တို့၏ လုပ်ရပ်

နှစ်ပေါင်းနှယ်ဆယ် ဆိုတဲ့ အဟောသိကံ ကာလရှည်ကြီးက ကျွန်တော့်ရဲ့ ဘ၀ နေဝင်ချိန် လူစင်မီမှု ကို ကိုက်ဖဲ့ဝါးမျိုသွားတယ်၊ စာအုပ်မဖတ်ရ၊ လူသူ မတွေ့ရ၊ စကားမပြောရ၊ လှုပ်ရှားသွားလာ မလုပ်ရ။ ဝါသနာ အလုပ်တွေ၊ (ပန်းချီ၊ ဂီတ၊ စာရေးစာဖတ်၊ အိမ်မျှော်) တွေ ဆုံးရှုံးရ။

ရက်စက်ခြင်း ထက်ပိုသော လူယုတ်မာ တို့၏ လုပ်ရပ်

တိုတိုပြောရရင် ကျွန်တော် ရဲ့ လူ့သက်တမ်းထဲက လေးပုံတစ်ပုံလောက် ကို နင်းချေဖျက်ချေ အမှုန့်ချေ ရေမျှာပစ်ခဲ့ တယ်ဗျာ ။ နှမြောလိုက်တာ။ နှမြောလိုက်တာ။ အသည်းနာ ပါရဲ့။ နှလုံးနာပါရဲ့။ စိတ်နာပါရဲ့။ ကောင်းကြသေးရဲ့လားဗျာတို့လို့ လောကကြီး ကို အော်ဟစ်တိုင်တည် လိုက်ချင်တယ်။

ရက်စက်ခြင်း ထက်ပိုသော လူယုတ်မာ တို့၏ လုပ်ရပ်

အသက် ရှစ်ဆယ်မှာ ကျွန်တော် နေစရာအိမ် မရှိဘူး။ သုံးစရာငွေမရှိဘူး ။ တွေးစရာခေါင်း မရှိဘူး။ အကြံမဲ့ ဉာဏ်မဲ့ နလမဲ့တုံးဖြစ်နေပြီး၊ လှုပ်စရာ အားမရှိဘူး ၊ ရောဂါတွေ တစ်သီတစ်တန်းနဲ့ အိုနာ ကျိုးကန်းဖြစ်နေပြီး၊ ခိုစရာ ကွန်းမရှိဘူး ။ ကျောင်းကန်ဘုရား၊ ဆွေအိမ်မျိုးအိမ်၊ မိတ်ဆွေ သူငယ်ချင်း အိမ်၊ ဥယျာဉ်ပန်းခြံ၊ ရုံးပြင်ကနား၊ ဈေးကျောင်း၊ ပြခန်း၊ ဆေးရုံ၊ သုသာန်တွေကိုတောင် စိတ်လွတ်လူလွတ် သွားလာ ဝင်ထွက်လုပ်လို့မရဘူး။ သွားလို့ မရဘူး ။ သတင်းထောက်လှမ်းရေး တပ်သားတွေ ၊ မော်တော်ဆိုင်ကယ်တွေ နောက်က တဘုံးဘုံး တန်းလန်း ။

ကျွန်တော်ထောင်ထဲ က ထွက်လာ ခဲ့တယ်။ အပြင်ရောက်တော့လည်း ထောင် ကိုပဲ ရောက်နေပြန် ပါပကောလား ။ ထောင်ကြီးတာ နဲ့ ထောင်သေးတာ ပဲ ကွာတယ် ပေါ့လေ ။

(ဦးဝင်းတင် ၊ ဘာလဲဟဲ့ လူ့ငရဲ အမှာစာ မှ..)

သွားကြွေခါးကျိုး၊

သေတောတိုးလည်း

အရိုး တွေတော့ တွန် လိမ့်မယ် ။

(ဦးဝင်းတင်)

MinNya

Add a Comment

Your email address will not be published. Required fields are marked *