ကိုရိုနာဗိုင်းရပ်စ် အပြင်မှာဘယ်လောက်အထိ အသက်ရှင်နေနိုင်သလဲအဖြေထွက်လာပါပြီ


ကိုရိုနာဗိုင်းရပ်စ် အပြင်မှာဘယ်လောက်အထိ အသက်ရှင်နေနိုင်သလဲအဖြေထွက်လာပါပြီ




ကိုရိုနာဗိုင်းရပ်စ် အပြင်မှာဘယ်လောက်အထိ အသက်ရှင်နေနိုင်သလဲအဖြေထွက်လာပါပြီ


Dr. Nyan Win Phyo

Unicode

ဂျာမဏီက ဆေးရုံတစ်ခုက သုတေသန စာစောင် ( ၂၂ ) စောင်ကို သုံးသပ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ပိုးရှိတဲ့ လူနာနားက ထိတွေ့ထားော ခုံတွေ အိပ်ရာခင်းတွေ တံခါးလက်ကိုင် စတဲ့ မျက်နှာပြင်တွေပေါ်မှာ ၉ ရက်အထိ အသက်ရှင်နေထိုင်နိုင်ပြီး ရာသီဥတုအေးပြီး စိုထိုင်းဆ ပိုများရင် ရက်ပိုပြီး အသက်ပို ရှည်နိုင်ပါ တယ်တဲ့…

သူ့ကို သတ်ဖို့ကတော့ သာမန် အရက်ပျံ နဲ့ ဆေးရုံသုံး ပိုးသတ်ဆေးတွေ နဲ့ လုံလောက်ပါတယ် တဲ့ တော်ပါသေးတယ်…

ဒီတော့ အဓိက လက်မကြာခဏဆေးပါတဲ့.. တခါဆေးရင် စက္ကန့် ၂၀ ကြာတဲ့အထိဆေးဖို့ပဲ ပေါ့.. ဆေးတဲ့နေရာမှာဆပ်ပြာနဲ့ရေနဲ့ပဲဆေးလို့ရပါတယ်တဲ့.. အထူးသဖြင့် တခုခုကိုကိုင်ပြီးရင် လက်ဆေးသင့်တယ် ။ လက်နဲ့ မျက်နှာကို ခဏခဏ မထိတွေ့သင့်ပါဘူး ။ ဒီဟာပြောရတာလွယ်သလောက်.. အင်မတန်အလုပ်ခက်ပါတယ်…

တရုတ်နိုင်ငံကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုဟာ ဘယ်လောက် ကြာဦးမယ်ဆိုတာ မခန့်မှန်းနိုင်သေးလို့ သတိရှိရှိနေကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) သတိပေး ပြောကြားထားပါတယ် ။ WHO ရဲ့ လေ့လာချက်အရ နဂိုကတည်းက ရောဂါအခံရှိတဲ့ အသက်အရွယ် ကြီးရင့်သူတွေမှာ ပိုပြီး ကူးစက်ဒဏ်ခံရတာကို တွေ့ရှိထားပါတယ်။

ကမ္ဘာတဝန်း ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၈၁၃) ဦးရှိလာပြီး လူပေါင်း (၃၇၀၄၇) ကူးစက်ခံထားရသည်။

Dr. Nyan Win Phyo

Add a Comment

Your email address will not be published. Required fields are marked *