စလံုး က ကိုရိုနာဗိုင္းရပ္စ္ ကူးစပ္ခံရတဲ့လူနာ ျမန္မာအိမ္ အကူမေလးအတြက္ ကူညီေဆာင္ရြက္ေပးျခင္း မရိွဘူးဆိုတဲ့ ျမန္မာသံရံုး

စင္ကာပူႏိုင္ငံ မွာ အိမ္အကူ အလုပ္လုပ္ေနတဲ့ ျမန္မာမိန္းကေလး တစ္ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတယ္လို႔ သံသယ ရွိတာေၾကာင့္ မေန႔က ေဆး႐ုံတက္ေနရပါတယ္။

ေဖေဖာ္ဝါရီ (၇) ရက္ ညေနပိုင္းမွာ ဒီအိမ္အကူ ျမန္မာမေလး ဟာ ေဈးသြားဝယ္ရင္း အသက္ရႈၾကပ္တာ၊ ေခါင္းမူးတာ၊ ေခ်ာင္းဆိုးတာေတြေၾကာင့္ နီးစပ္ရာေဆးခန္းမွာ ဝင္ျပရာကေန အခုလို ေဆး႐ုံေရာက္ လာတာလို႔ ကာယကံရွင္ မေအးျမင့္ခိုင္က ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစပ္ခံရတဲ့လူနာ ျမန္မာအိမ္ အကူမေလး

မေအးျမင့္ခိုင္ ဟာ သူ အလုပ္လုပ္တဲ့အိမ္က အိမ္ရွင္ အမ်ိဳးသားဟာ ၿပီးခဲ့တဲ့ တစ္လေက်ာ္က တ႐ုတ္ႏိုင္ငံကို အလည္ပတ္ခရီးသြားခဲ့ၿပီး ျပန္ေရာက္လာခ်ိန္မွာ ဖ်ားေနတဲ့အေၾကာင္း၊ အိမ္ရွင္ကေန တဆင့္ အဖ်ားကူးၿပီး လည္ေခ်ာင္းနာတာေတြ၊ ေခ်ာင္းဆိုးတာေတြ၊ ကိုယ္ပူတာေတြျဖစ္လာေပမယ့္ အိမ္ရွင္က ေဆးခန္းျပေပးျခင္း မရိွလို႔ ဘယ္လိုလုပ္ရမလဲဆိုၿပီး အကူညီေတာင္းစာကို ေဖေဖာ္ဝါရီ ၇ ရက္ေန႔က စင္ကာပူေရာက္ ေ႐ႊျမန္မာမ်ား ေဖ့ဘြတ္စ္စာမ်က္ႏွာမွာ တင္ထားတာ ေတြ႕ရပါတယ္။ စင္ကာပူႏိုင္ငံက ျမန္မာသံ႐ုံးက တစ္စုံတစ္ရာ အကူအညီေဆာင္ရြက္ေပးတာ မရွိဘူးလို႔ မေအးျမင့္ခိုင္က ဆိုပါတယ္။ အိမ္ရွင္ကေတာ့ ဖုန္းေတာင္မဆက္ဘူးေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစပ္ခံရတဲ့လူနာ ျမန္မာအိမ္ အကူမေလး

ျမန္မာအိမ္အကူ မေအးျမင့္ခိုင္ဟာ ယခု လက္ရိွ စကၤာပူႏိုင္ငံ Tan Tock Seng ေဆးရံုမွာ တက္ေနပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစပ္ခံရတဲ့လူနာ ျမန္မာအိမ္ အကူမေလး

စင္ကာပူႏိုင္ငံ မွာ ေဖေဖာ္ဝါရီ ၈ ရက္အထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အေယာက္ ၄၀ ရွိသြားၿပီလို႔ စင္ကာပူ အစိုးရက ထုတ္ျပန္ထားပါတယ္။ စင္ကာပူႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို အဝါေရာင္ကေန လိေမၼာ္ေရာင္အဆင့္ သတ္မွတ္ သတိေပးထားပါတယ္။ ဒီေန႔မွာလည္း အေျခခံလူသုံးကုန္ပစၥည္းေတြကို အကန႔္အသတ္နဲ႔သာ ေရာင္းခ်ဖို႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစပ္ခံရတဲ့လူနာ ျမန္မာအိမ္ အကူမေလး

တရုတ္ႏုိင္ငံတြင္ ျဖစ္ပြားလ်က္ရွိေသာ ၀ူဟန္ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၈၁၃ ဦးရွိလာၿပီး လူေပါင္း ၃၇၀၄၇ ကူးစက္ခံထားရပါတယ္။

Unicode

စင်ကာပူနိုင်ငံ မှာ အိမ်အကူ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေး တစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယ ရှိတာကြောင့် မနေ့က ဆေးရုံတက်နေရပါတယ်။

ဖေဖော်ဝါရီ (၇) ရက် ညနေပိုင်းမှာ ဒီအိမ်အကူ မြန်မာမလေး ဟာ ဈေးသွားဝယ်ရင်း အသက်ရှုကြပ်တာ၊ ခေါင်းမူးတာ၊ ချောင်းဆိုးတာတွေကြောင့် နီးစပ်ရာဆေးခန်းမှာ ဝင်ပြရာကနေ အခုလို ဆေးရုံရောက် လာတာလို့ ကာယကံရှင် မအေးမြင့်ခိုင်က ပြောပါတယ်။

မအေးမြင့်ခိုင် ဟာ သူ အလုပ်လုပ်တဲ့အိမ်က အိမ်ရှင် အမျိုးသားဟာ ပြီးခဲ့တဲ့ တစ်လကျော်က တရုတ်နိုင်ငံကို အလည်ပတ်ခရီးသွားခဲ့ပြီး ပြန်ရောက်လာချိန်မှာ ဖျားနေတဲ့အကြောင်း၊ အိမ်ရှင်ကနေ တဆင့် အဖျားကူးပြီး လည်ချောင်းနာတာတွေ၊ ချောင်းဆိုးတာတွေ၊ ကိုယ်ပူတာတွေဖြစ်လာပေမယ့် အိမ်ရှင်က ဆေးခန်းပြပေးခြင်း မရှိလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး အကူညီတောင်းစာကို ဖေဖော်ဝါရီ ၇ ရက်နေ့က စင်ကာပူရောက် ရွှေမြန်မာများ ဖေ့ဘွတ်စ်စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။ စင်ကာပူနိုင်ငံက မြန်မာသံရုံးက တစ်စုံတစ်ရာ အကူအညီဆောင်ရွက်ပေးတာ မရှိဘူးလို့ မအေးမြင့်ခိုင်က ဆိုပါတယ်။ အိမ်ရှင်ကတော့ ဖုန်းတောင်မဆက်ဘူးပြောပါတယ်။

မြန်မာအိမ်အကူ မအေးမြင့်ခိုင်ဟာ ယခု လက်ရှိ စင်္ကာပူနိုင်ငံ Tan Tock Seng ဆေးရုံမှာ တက်နေပါတယ်။

စင်ကာပူနိုင်ငံ မှာ ဖေဖော်ဝါရီ ၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အယောက် ၄၀ ရှိသွားပြီလို့ စင်ကာပူ အစိုးရက ထုတ်ပြန်ထားပါတယ်။ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အဝါရောင်ကနေ လိမ္မော်ရောင်အဆင့် သတ်မှတ် သတိပေးထားပါတယ်။ ဒီနေ့မှာလည်း အခြေခံလူသုံးကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ ရောင်းချဖို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၁၃ ဦးရှိလာပြီး လူပေါင်း ၃၇၀၄၇ ကူးစက်ခံထားရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *