” ကမာၻေက်ာ္ မတရားမႈႀကီး ” ( သုိ႕ ) ကမာၻက သိေအာင္ မ်က္ႏွာပ်က္ ခဲ့ရတဲ့ ဂ်ပန္နိုင္ငံ ရဲ႕ တရားစီရင္ေရး

တရား စီ ရင္ မႈ ဆို တာ…

အရက္ ေသာက္ေန တဲ့ မိန္းမေတြ ရဲ႕ မ်က္ႏွာေတြ ျပာႏွမ္း လာ တယ္…။ ႐ုတ္ တ ရက္ ဟုမိခို က “ ဗိုက္နာတယ္.. မူးတယ္…အား..! ကယ္ၾကပါ…” ဟုမိခို လဲက်သြား တယ္..။ ၿပီးေတာ့ မိန္းမေတြ တစ္ေယာက္ၿပီး တစ္ေယာက္ လဲက်ကဳန္တယ္…။

“ေဝါ့..အား ! ကယ္ပါ..” မိန္းမေတြ ဟာ သူတို႔ ထိုင္ေနတဲ့ေနရာ မွာတင္ ထိုးအန္ လိုက္ၾကၿပီး သတိလစ္ လဲက် ကုန္ တယ္…။ မိန္းမေတြကို ႐ြာထဲက ဆရာဝန္နဲ႕ သူနာျပဳေတြက အျမန္ဆုံး ေရာက္လာၿပီး အသက္ကယ္ဖို႔ ႀကိဳးစားၾကတယ္..။ မိန္းမ ၁၂ ေယာက္ ကိုေတာ့ သူတို႔ ကယ္လိုက္နိုင္ၾက တယ္..။ ၅ ေယာက္ကေတာ့ ေသသြားၿပီ..။

သူတို႔တေတြ အရက္ ထဲ အဆိပ္ခတ္ ခံရတာတဲ့…။ သူတို႔က ဂ်ပန္ အမ်ိဳးသမီးေတြေပါ့ ..။ အဲဒီေန႕ က Kuzuo ႐ြာနဲ႕ အိမ္နီးခ်င္း ႐ြာေတြ အစည္းအေဝး လုပ္တဲ့ေန႕..။ အဲဒီေန႕က သူတို႔ တစ္႐ြာနဲ႕ တစ္႐ြာခ်စ္ၾကည္ေရး အသင္း ရဲ႕ အဖြဲ႕ေခါင္းေဆာင္ အသစ္ ထပ္ေ႐ြး တယ္..။ ၿပီးေတာ့ အစည္းအေဝးေအာင္ျမင္တဲ့ အထိမ္းအမွတ္နဲ႕ အရက္စေသာက္ၾကရင္း ဒီလိုေၾကာက္မက္ဖြယ္ရာ အျဖစ္ဆိုးႀကီးျဖစ္ခဲ့ တာေပါ့…။

(Masaru Okunishi)

Kuzuo ႐ြာကလူေတြဟာ တစ္ေယာက္ နဲ႕ တစ္ေယာက္ သိပ္ရင္းႏွီးၿပီး တစ္ေယာက္အေၾကာင္းတစ္ေယာက္ သိပ္စိတ္ဝင္စားၾကတဲ့ မိသားစုလိုေနၾကတဲ့ ႐ြာငယ္ေလးေပါ့…။ ဒီျပႆနာက Kuzuo ႐ြာတစ္႐ြာလုံးကို တုန္လႈပ္ ေခ်ာက္ခ်ားေစ တယ္။ အဲဒီေခတ္ ႐ြာကလူေတြ ဟာ သူတို႔႐ြာ ကို သူတို႔ သိပ္ဂုဏ္ယူၾကတယ္..။ တစ္ခုခုျဖစ္ၿပီဆို ႐ြာနာမည္မပ်က္ဖို႔ အဓိကထားၾကတဲ့ေခတ္ေပါ့..။ လူေသတာထက္ သူတို႔႐ြာကို ဝိုင္းပယ္ၾကမွာ၊ အိမ္နီးခ်င္း႐ြာေတြနဲ႕ ကုန္ပစၥည္း အေရာင္း အဝယ္ မျဖစ္မွာ သိပ္စိုးရိမ္ၾကတာမ်ိဳး..။

ဒီ သတင္း ဟာ ဂ်ပန္ျပည္က အစိုးရအဖြဲ႕နဲ႕ ျပည္သူေတြကို အုတ္ေအာ္ေသာင္းတင္း ျဖစ္ေစ တယ္..။ ေထာက္လွမ္းေရး ဘက္ ကို တရားစီရင္ေရးအဖြဲ႕က ဖိအားေပးေတာ့တယ္..။

ဂ်ပန္နိုင္ငံလည္း ေတာင္ကိုရီးယား လိုပဲ အမႈ တစ္ခုျဖစ္ရင္ သက္ေသရွာ အမႈစုံစ မ္းရတာ ရဲေတြရဲ႕တာဝန္၊ ေနာက္တစ္ဆင့္ ရဲေတြက ေထာက္လွမ္းေရးေတြ ဆီ တင္ျပရတယ္..။ ေထာက္လွမ္းေရး က အမႈ ကို ထပ္စစ္ၿပီး တရား သူႀကီးဆီ တင္တာေပါ့…။ ဒီလိုျပႆနာအႀကီးႀကီးျဖစ္လာရင္ အစိုးရအဖြဲ႕က ေထာက္လွမ္းေရးကို ဖိအားေပး..။ ေထာက္လွမ္းေရးက ရဲေတြကို ဖိအားေပးျပန္ တယ္…။

Kuzuo ႐ြာထဲ ကို ရဲေတြေရာက္ လာၿပီး ႐ြာသားေတြ ကို စစ္ေဆးေတာ့တယ္..။

အခင္း ျဖစ္တဲ့ေန႕ က ၁၉၆၁ ခုႏွစ္မတ္လ ၂၈ ရက္ေန႕.. အဲဒီေန႕က အစည္းအေဝးၿပီးေတာ့ ႐ြာဓေလ့ထုံးစံအရ အမ်ိဳးသားေတြက ဆန္နဲ႕ လုပ္ထားတဲ့ ဆာေကး (Sake) အရက္ကိုေသာက္ရတယ္။ မိန္းကေလးေတြ ကေတာ့ စပ်စ္သီး နဲ႕ လုပ္ထားတဲ့ ဝိုင္အျဖဴ ကို ေသာက္ၾက ရတယ္။ “ အစည္းအေဝးတက္ၾကတဲ့ မိန္းကေလးအေယာက္ႏွစ္ဆယ္ထဲက ဝိုင္ေသာက္တဲ့သူက ၁၇ ေယာက္ .. အားလုံးထိုးအန္ၾကတာရွင့္…။ ဝိုင္မေသာက္တဲ့ ၃ ေယာက္ကေတာ့ ဘာ မွ မျဖစ္ဘူး..”

(Masaru Okunishi)

ရဲေတြ ဟာ လက္က်န္ ပုလင္းႀကီးထဲ က ဝိုင္ေတြနဲ႕ ေသာက္လက္စ ဝိုင္ခြက္ထဲ က အက်န္ေတြ ကိုသိမ္းဆည္းၿပီး ဓာတ္ခြဲခန္းပို႔လိုက္ၾက တယ္။ ဝိုင္ထဲမွာ လယ္ယာစိုက္ပ်ိဳးေရးမွာ သုံးရတဲ့ ပိုးသတ္ေဆး (pesticide) ေတြေရာေႏွာေန တာ ေတြ႕ ရတယ္…။

Kuzuo ႐ြာဟာ ၿမိဳ႕နဲ႕ ေဝးလံေခါင္ဖ်ားတဲ့ေနရာ က ေတာင္တန္းေတြၾကားက ေက်း႐ြာ တစ္႐ြာျဖစ္တယ္..။ အဲဒီ ပိုးသတ္ေဆးေတြကို ဝယ္မယ္ဆိုရင္ တကူးတက ၿမိဳ႕တက္ၿပီး ဝယ္မွရတာမို႔ အာဏာပိုင္ေတြက ဒါဟာ တမင္ရည္႐ြယ္ တဲ့ အမႈလို႔ တစ္႐ြာလုံးကို စြပ္စြဲလိုက္ေတာ့ တယ္..။ ဒါေၾကာင့္ Kuzuo ႐ြာကလူေတြ ပိုၿပီး ဆတ္ဆတ္ထိမခံ ျဖစ္သြားၾကတာေပါ့..။

အဲဒီဝိုင္နဲ႕ အရက္ေတြ ကို ေဒသခံ႐ြာ အႀကီး အကဲအိမ္ကေန အစည္းအေဝးခန္းမကို သယ္သြားဖို႔ တာဝန္က်ခဲ့တဲ့ ေယာက်္ား၃ ေယာက္ရွိတယ္..။ သူတို႔သယ္လာၿပီး အစည္းအေဝးခန္းမေရာက္ ေတာ့ ၅ နာရီ ၂၀ …။ လူေတြ စ ေရာက္ လာေတာ့ ၅ နာရီ ၃၀ မိနစ္..။ အဲဒီ ၁၀ မိနစ္မွာ တစ္စုံ တစ္ေယာက္က အရက္ထဲ ပိုးသတ္ေဆးေတြ ထည့္လိုက္တာေပါ့..။ အရက္သယ္ ဖို႔ တာဝန္ယူသူ ၃ ေယာက္ ကို ရဲေတြကေခၚစစ္ေတာ့ တယ္…။

သူတို႔ ၃ ေယာက္အထဲ က လယ္သမား မာဆ႐ု အိုခုနိရွိ (Masaru Okunishi) ကို တရားခံပါလို႔ ႐ြာကလူတစ္ေယာက္ ႏွစ္ေယာက္ က စၿပီးစြပ္စြဲၾကေတာ့ တာပဲ..။ အဲဒီျပႆနာမျဖစ္ခင္ ကတည္းက အိုခုနိရွိ က မိန္းမရွိလ်က္သား နဲ႕ အျခားမိန္းမနဲ႕ရႈပ္တယ္လို႔ တီးတိုး သတင္းထြက္ေနသူမို႔ ႐ြာမွာ သူ႕ကိုသိပ္ၾကည့္ မရတဲ့သူေတြ ရွိေနတယ္..။

ေနာက္တစ္ေန႕မွာ ပဲ ႐ြာထဲကလူေတြက လယ္သမား အိုခုနိရွိဟာ လူသတ္သမား ပါဆိုၿပီး တစ္႐ြာလုံး အတိအက် ေဒါသတႀကီး ေျပာၾကေတာ့ တာပဲ..။ ဒီဝိုင္ပုလင္းကို စဖြင့္တဲ့သူကလည္း အိုခုနိရွိ မဟုတ္ဘူး..။ အသစ္ေ႐ြးခံရ တဲ့ ခ်စ္ၾကည္ေရး အသင္းရဲ႕ အဖြဲ႕ေခါင္းေဆာင္ ..။ အိုခုနိရွိက ဆာေကး အရက္ ပုလင္းကို ဖြင့္တာျဖစ္တယ္..။ အိုခုနိရွိ က အဆိပ္ထည့္တယ္ဆိုတာ ဘာမွ သက္ေသမရွိ.. ႐ြာသားေတြ ရဲ႕ သံသယနဲ႕ အတင္းစကား၊ ေကာလာဟလေတြဟာ ေၾကာက္စရာေကာင္းေလာက္ေအာင္ ပ်ံ့ႏွံ႕ ကုန္တယ္..။

ရဲေတြဟာ ႐ြာသားေတြ ရဲ႕ စြပ္စြဲခ်က္၊ အထက္က ေထာက္လွမ္းေရးေတြ ရဲ႕ ဖိအားေၾကာင့္ အိုခုနိရွိ ကို ၃ ရက္ လုံးလုံး ျပင္းျပင္းထန္ထန္ ႏွိပ္စက္ စစ္ေဆးေမးျမန္းေတာ့ တယ္..။ အိုခုနိရွိဟာ ႏွိပ္စက္တဲ့ ဒဏ္ကို ဆက္မခံနိုင္ေတာ့ ဘူး..။

(Masaru Okunishi)

၁၉၆၁ ဧၿပီ ၂ ရက္.. အိုခုနိရွိ ကို အခ်ဳပ္ခ် လိဳက္တယ္…။

“ေသသြားတဲ့သူေတြထဲ မွာ ကြၽန္ေတာ့္ မိန္းမေရာ… ကြၽန္ေတာ့္ ရည္းစားေရာ ႏွစ္ေယာက္လုံး ပါတယ္…။ မိန္းမ ႏွစ္ေယာက္ၾကား ဗ်ာမ်ားၿပီး ဘာလုပ္ လို႔ လုပ္ရမွန္းမသိ… အရက္ထဲ အဆိပ္ခတ္သတ္ရင္း နဲ႕ တျခား မဆိုင္တဲ့မိန္းမေတြ ပါ အဆိပ္မိကုန္ ပါတယ္။”

မာဆ႐ု အိုခုနိရွိ (Masaru Okunishi) ဆိုသူက အဲဒီလို ဝန္ခံလိုက္ၿပီ လို႔ သတင္းေတြထဲ ပါလာတယ္..။ အဲဒီ အမႈဟာ အဲဒီလို လ်င္လ်င္ျမန္ျမန္ အဆုံး သတ္သြားတယ္..။ အိုခုနိရွိ မိန္းမလည္းေသ..။ အိုခုနိရွိ ကေလးေတြ ဆို အေမကေသ၊ အေဖက ေထာင္က်..။ အဘိုးအဘြား၊ ေဆြမ်ိဳးေတြကို ႐ြာထဲက လူေတြ က ဝိုင္းရိုက္…။ ဘဝေတြပ်က္ေတာ့တာပဲ..။

ေထာက္လွမ္းေရးဆီ ရဲေတြက ပို႔လိုက္တဲ့ အစီရင္ခံစာ ေရာက္လာ တယ္..။ အိုခုနိရွိက ကိုယ့္အသိစိတ္ နဲ႕ကိုယ္တိုင္ လာၿပီး ဝန္ခံတာ တဲ့…။ သက္ေသကေရာ..? သက္ေသကေတာ့ ေရေရရာရာ သိပ္မ ရွိဘူးတဲ့။

(Masaru Okunishi)

ထူးျခားတာက ႐ြာသားေတြ ဟာ လိုတာ ထက္ပိုၿပီး ေဒါသႀကီးေနၾကတယ္..။ အိုခုနိရွိ ကို ေသဒဏ္ေပး ဖို႔ ေတာင္းဆိုၾကပါေလေရာ…။ တကယ့္ လူသတ္သမားက ႐ြာသားေတြကို ဆူေအာင္လုပ္တာ လည္း ပါမွာေပါ့..။

ဒါေပမဲ့ သူတို႔ အိုခုနိရွိကို ဒီရာဇ၀တ္မႈ နဲ႕ ဆက္စပ္တယ္ လို႔ ေျပာရေအာင္ ႐ုပ္၀တၳဳ သက္ေသ အေထာက္အထား ဒါမွမဟုတ္ မ်က္ျမင္သက္ေသ တစ္ခုဆို တစ္ခုမွမရွိ..။ အတင္းကေန ေကာလာဟလ… ေကာလာ ဟလကေန သတင္းျဖစ္လာတဲ့ လုပ္ႀကံ ဇာတ္လမ္း သက္သက္…။

အခင္းျဖစ္ပြားတဲ့ေန႕က ဝိုင္ အဆို႔မွာ သြားနဲ႕ကိုက္ ထုတ္ထားတဲ့ သြားရာ တစ္ရာေတာ့ ရွိ တယ္..။ အဲဒီတုန္း က DNA test လည္းမေပၚေသးေတာ့ ဘယ္သူ႕ သြားရာ ဆိုတာ ေသခ်ာ မသိနိုင္..။

အိုခုနိရွိ ဟာ တရား႐ုံး မွာ “ ကြၽန္ေတာ္ လူမသတ္ ပါဘူး..။ မတရား မလုပ္ၾကပါနဲ႕ ခင္ဗ်ာ.. ေၾကာက္လို႔ ဝန္ခံ လိုက္တာပါ” လို႔ ငိုယိုေတာင္းပန္ေနရွာ တယ္…။ ႐ြာသားေတြကလည္း ေဒါသ တႀကီး စြပ္စြဲၾကေပါ့..။

အိုခုနိရွိ ဟာ အခင္းျဖစ္ပြား တဲ့ေန႕ မတိုင္ခင္ ၆ လေလာက္တုန္းက ၿမိဳ႕တက္ၿပီးေတာ့ ပိုးသတ္ေဆးဝယ္တယ္….။ အဲဒီပိုးသတ္ေဆးနဲ႕ဝိုင္ထဲကပိုးသတ္ေဆးနဲ႕တူတူပဲဆိုၿပီးေတာ့ သက္ေသျပတယ္။ ဒါေပမဲ့ အိုခုနိရွိက အဆိပ္ခတ္တယ္ ဆိုတာ သက္ေသ အေထာက္အထား မရွိတာေၾကာင့္ အိုခုနိရွိဘက္ က ေရွ႕ေနနိုင္ တယ္…။ ဝိုင္ပုလင္း ဆို႔ေပၚက သြားရာကို ပညာရွင္ ၆ ေယာက္ကိုဆုံးျဖတ္ခိုင္း တာ အိုခုနိရွိ ရဲ႕သြားရာလို႔ ေထာက္ခံ သူက ၃ ေယာက္…။ အိုခုနိရွိရဲ႕သြားရာ မဟုတ္ဘူးလို႔ျငင္း သူက ၃ ေယာက္…။

(Masaru Okunishi)

၁၉၆၄ ခုႏွစ္ ဒီဇင္ဘာလ…။ ပထမဦးဆုံး တရား႐ုံး က “အျပစ္ မရွိ တရားေသ” လို႔ ဆုံးျဖတ္လိုက္တ ယ္…။ အိုခုနိရွိ ေပ်ာ္ေနခဲ့ေသး တယ္…။ ဒီလို အေျဖကိုရ ဖို႔ အိုခုနိရွိေရွ႕ေနႀကီးက ႀကိဳးစား ရတာ ၄ ႏွစ္နီးပါး..။

႐ြာသားေတြ က လူသတ္ေကာင္ရွာမေတြ႕ရင္ ရဲေတြ ႐ြာထဲကိုထပ္လာ၊ ဇာတ္လမ္းရွည္ၿပီး ႐ြာနာမည္ပ်က္ မွာ ေၾကာက္တယ္..။ ရဲေတြက အိုခုနိရွိ ကို ႏွိပ္စက္ၿပီး အတင္းအက်ပ္ ဝန္ခံခိုင္းတာကို ျပႆနာတက္ မွာေၾကာက္ တယ္..။ ေထာက္လွမ္းေရးဘက္ ကလည္း ဒါ ရဲေတြ ႏွိပ္စက္ၿပီး အတင္းဝန္ခံ ခိုင္းခဲ့တာ ရိပ္မိေနၿပီ..။ ဒါေပမဲ့ စၿပီးသား အလုပ္မို႔ သူတို႔ ရဲ႕ အမွား ကို ဂ်ပန္ျပည္သူေတြ ေရွ႕မွာ ဝန္မခံခ်င္..။ ဒါေၾကာင့္ အိုခုနိရွိ တရားခံ မဟုတ္ရင္ တရားခံဘယ္သူလဲ ဆိုတာ သူတို႔အားလုံး မေတြးခ်င္ၾက…။ သူတို႔ အားလုံးဟာ အိုခုနိရွိ ကိုသာတရားခံ လို႔ အတည္ျပဳဖို႔ ႀကိဳးစားၾကေတာ့တာပဲ..။

ေထာက္လွမ္းေရးေတြက သက္ေသ ထပ္ရွာၿပီးေတာ့ အမႈထပ္ဖြင့္ တယ္။

အိုခုနိရွိ ေထာင္ထဲကေန အမႈကို ဆက္ၿပီး ရင္ဆိုင္ရတယ္..။ အဲဒီလို အိုခုနိရွိ ေထာင္ထဲေနရတဲ့ အခ်ိန္ က်န္ခဲ့တဲ့မိသားစုက ႐ြာမွာ အႏွိမ္ခံ၊ အပယ္ခံရတာ.. ရစရာကိုမရွိ…။ ေနာက္ဆုံး ရိုက္ႏွက္ၿပီး အိုခုနိရွိ မိသားစု ေဆြမ်ိဳးေတြ အကုန္လုံးကို ႐ြာထဲက ေမာင္းထုတ္ လိုက္ၾကတယ္..။

(Masaru Okunishi)

Nabari ၿမိဳ႕ မွာ အထက္တန္းေက်ာင္းသြား တက္ေနတဲ့ သူ႕သားလည္း လူသတ္သမား ရဲ႕သားဆိုၿပီး ေက်ာင္းမွာ အရိုက္ခံရ၊ ေက်ာင္းအထုတ္ခံရ…။

“မတရားဘူး.. သူ တို႔ ကြၽန္ေတာ့္ ကေလးေတြ နဲ႕ ကြၽန္ေတာ့္ကို ခြဲပစ္လိုက္ၾကတာ “ အိုခုနိရွိဟာ ႐ြာသားေတြ ကို အလြန္စိတ္နာသြားတယ္..။

“ကြၽန္ေတာ့္ ကေလးေတြအ တြက္ ကြၽန္ေတာ္ လုပ္ေပးနိုင္တာ တစ္ခုတည္း ရွိတယ္.. ကြၽန္ေတာ္ အျပစ္မရွိတာ သက္ေသျပဖို႔ပဲ…။ ႐ြာသားေတြ ရဲ႕ မတရားမႈ၊ ဂ်ပန္နိုင္ငံရဲ႕ မတရားမႈကို တစ္ေန႕ေန႕ တစ္ကမာၻလုံးက သိေစရမယ္ ဆိုတာပဲ..”

အမႈက ေနာက္ထပ္ ၄ ႏွစ္ၾကာသြားတယ္..။၁၉၆၉ ခုႏွစ္၊ စက္တင္ဘာလ.. သက္ေသ အသစ္ ဆို ဘာမွမရွိ…။ ပထမ တရား႐ုံးတုန္းက အိုခုနိရွိ ရဲ႕သြားရာလို႔ ေထာက္ခံသူ ၃ ေယာက္ထဲက တစ္ေယာက္က ဂ်ပန္နိုင္ငံက နာမည္ႀကီး ပါေမာကၡျဖစ္တယ္..။ သူတင္ျပတာ ျဖစ္နိုင္ေခ် ရွိတယ္ ဆိုၿပီး တရားသူႀကီးက ေထာက္လွမ္းေရး ဘက္က အနိုင္ေပးလိုက္တယ္…။

၁၉၆၉ ခုႏွစ္.. ေနာက္ထပ္ တရားခြင္ မွာ လယ္သမား အိုခုနိရွိ “ ေသဒဏ္”….။ အိုခုနိရွိ အသက္ ၃၅ ႏွစ္..။ ဂ်ပန္နိုင္ငံရဲ႕ အလြန္ ေဝးလံေခါင္သီေသာေတာင္တန္းေတြၾကား က အရပ္ျမင့္ျမင့္ ႐ုပ္ေခ်ာေခ်ာ … Kuzuo ႐ြာသားေလးတစ္ေယာက္ ရဲ႕ ရင္နင့္ဖြယ္ျဖစ္ရပ္ေပါ့..။

အိုခုနိရွိဟာ Nabari ဘူတာ႐ုံ မွာ ၁၉၄၂ ကစၿပီး အလုပ္လု ပ္ခဲ့တယ္ …..။ ၁၉၄၄ မွ ၁၉၄၅ ဒုတိယကမာၻစစ္ အတြင္း မွာေတာ့ စစ္သားဝင္ လုပ္ခဲ့ေသးတယ္…။

ဒုတိယကမာၻစစ္အၿပီး ၁၉၄၇ ခုႏွစ္မွာ Chieko ဆိုတဲ့ Nabari ဘူတာ႐ုံမွာ အလုပ္ အတူတူလုပ္တဲ့ အမ်ိဳးသမီး နဲ႕ အိမ္ေထာင္က်ၿပီး သားတစ္ေယာက္ ၊ သမီးတစ္ေယာက္ ရခဲ့တယ္..။ အဲဒီေနာက္ပိုင္း အိုခုနိရွိဟာ လယ္သမား အလုပ္လုပ္ၿပီး မိသားစုနဲ႕ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနေနတဲ့ သာမန္ အညတရ တစ္ေယာက္..။ မိန္းမ ရွိလ်က္သားနဲ႕ အျခားမိန္းမနဲ႕ မရႈပ္မရွင္းျဖစ္ေနခဲ့တာေတာ့ အမွန္ပဲလို႔ သူ ဝန္ခံ ခဲ့တယ္..။

(Masaru Okunishi)

၁၉၇၂ မွာ အိုခုနိရွိ ေသဒဏ္ဆိုတာ အျမင့္ဆုံး တရား႐ုံး က အတည္ျပဳ လိုက္တယ္..။ အိုခုနိရွိက ၄ ႀကိမ္ဆက္တိုက္ ထပ္ၿပီး အယူခံဆက္ဝင္တယ္…။ တရား႐ုံးက အၿမဲပယ္ခ်တယ္..။

၁၉၇၃ ခုႏွစ္.. အိုခုနိရွိ အဲဒီလို မတရားသျဖင့္ အနိုင္က် င့္တာ ခံေန ရတာမို႔ Japan Federation of Bar Associations (JFBA) က ‘Nabari Case Committee’ ကိုဖြဲ႕စည္းခဲ့တာေပါ့..။ အိုခုနိရွိ ရဲ႕ ၅ ႀကိမ္ေျမာက္ အယူခံဝင္ဖို႔ ကူညီေပးၾက တယ္..။ တရား႐ုံး က ထပ္ၿပီး ပယ္ခ်တယ္..။

၁၉၉၇ ခုႏွစ္.. Professor Habu က လူတစ္ေယာက္ ဝိုင္ပုလင္းဆို႔ကို ပါးစပ္နဲ႕ ၃ ႀကိမ္ ကိုက္ဖြင့္ေစၿပီး အဲဒီလို ကိုက္ဖြင့္တဲ့ သြားရာေတြဟာ အေျခအေန အမ်ိဳးမ်ိဳးကို မူတည္ၿပီး မတူညီနိုင္ဘူး ဆိုတာ သက္ေသျပ တယ္..။ ဒါေၾကာင့္ အိုခုနိရွိ ရဲ႕ သြားရာ ဆိုတဲ့ သက္ေသ ဟာ ခိုင္လုံမႈ မရွိလို႔ အိုခုနိရွိရဲ႕ အမႈကို အယူခံ ထပ္ဝင္တယ္..။ ဒါ ၆ ႀကိမ္ေျမာက္ေပါ့..။ တရား႐ုံးက ပယ္ခ်ျပန္ တယ္..။

၂၀၀၅ ခုႏွစ္.. သိပၸံပညာေတြ တိုးတက္လာ တယ္..။ စမ္းသပ္ခ်က္ေတြ အရ အမ်ိဳးသမီးေတြေသာက္ ခဲ့တဲ့ စပ်စ္ဝိုင္ထဲက ပိုးသတ္ေဆး နဲ႕ အိုခုနိရွိ ဝယ္ခဲ့တဲ့ ပိုးသတ္ေဆးဟာ လုံးဝမတူဘူး ဆိုတဲ့ အေျဖထြက္လာတယ္..။ ေနာက္တစ္ခုက အိုခုနိရွိ ဝယ္တဲ့ ပိုးသတ္ေဆးက အနီေရာင္ နဲ႕ အျဖဴအႏွစ္ေရာင္ ႏွစ္မ်ိဳးပဲရွိတယ္…။ ဝိုင္အၾကည္ထဲကို ထည့္ရင္ အသိသာႀကီး..။ ဒါကို ပထမတရား႐ုံးတုန္းက ဘယ္သူမွ သတိမထားမိခဲ့ၾက…။ အိုခုနိရွိက ဝမ္းသာအားရ ၇ ႀကိမ္ေျမာက္ အယူခံဝင္ျပန္ တယ္..။ ဒီတစ္ခါေတာ့ ဂ်ပန္ တရားစီရင္ေရးအဖြဲ႕က တရားျပန္စီရင္ေပးမယ္လို႔ အမိန့္ခ်လိဳက္ တယ္..။ အသက္ ၈၀ နီးပါး အဘိုးႀကီး အိုခုနိရွိ အလြန္ ဝမ္းသာသြားတယ္…။

ဒါေပမဲ့ ၂၀၀၆ ခုႏွစ္မွာ ေထာက္လွမ္းေရးေတြဘက္ က အဲဒီအမိန့္ ကို ျပန္႐ုပ္သိမ္း ဖို႔ စာတင္ျပန္တယ္..။ ေနာက္ဆုံးအခ်ိန္အထိ အမွားကို ဝန္မခံတဲ့သူေတြ..။ သိပ္ေၾကာက္ဖို႔ေကာင္း ခဲ့တယ္..။

(Masaru Okunishi)

ေက်ာေထာက္ေနာက္ခံ မရွိတဲ့ အမွန္တရားဟာ မာနႀကီး ပညာတတ္သူေတြ ရဲ႕ လွည့္ကြက္မွာ အလူးအလဲေပါ့..။

“အမႈျပန္စစ္ဖို႔ အတြက္ ေထာင္ထဲကေန ႐ြာက အခင္းျဖစ္တဲ့ေနရာ သြားရတယ္..။ ႐ြာထဲကို ဝင္လိုက္တိုင္း ကြၽန္ေတာ့္ရဲ႕သားနဲ႕ သမီးေလးက“ အေဖေရ..”လို႔ေအာ္ၿပီးေတာ့ ေအာ္ငိုလိုက္တဲ့အသံ ကို ကြၽန္ေတာ္အၿမဲၾကားေန မိတယ္ဗ်ာ..!”

ဒီလိုနဲ႕ ၂၀၀၈ ခုႏွစ္ ေမလ ကိုေရာက္လာတယ္..။ “The Center on Wrongful Convictions at Northwestern University School of Law” ဆိုတဲ့ အေမရိကန္ U.S. Law School Clinic တရားဝင္အဖြဲ႕အစည္းက အိုခုနိရွိ အမႈကို ျပန္လည္စစ္ေဆး ဖို႔ ကူညီျငင္းခုံေပးေတာ့ အိုခုနိရွိ အသက္ ၈၁ ႏွစ္ရွိေနၿပီ..။

အိုခုနိရွိကို ေသဒဏ္ခ်လိဳက္တဲ့ တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ ဟာ မွားယြင္း တဲ့ ၀န္ခံခ်က္ေတြ နဲ႕ မွားယြင္းစြာနားလည္မႈအေပၚ အေျခခံထားတာ မို႔ အမႈျပန္ဖြင့္ေပးဖို႔ ဂ်ပန္ဗဟိုတရား႐ုံးခ်ဳပ္ကို ေတာင္းဆို လိုက္တယ္..။ ဒါကို ဂ်ပန္ျပည္ က စဥ္းစားမယ္ ဆိုၿပီးေျပာ ဆိုခဲ့တယ္..။

အိုခုနိရွိ တစ္ေယာက္ အားတက္ရျပန္ တယ္…။ အိုခုနိရွိ ေရွ႕ေနက ကူညီၿပီး အမႈ ဟိုးအစကေန အဆုံးအထိ အသစ္ျပန္ေရးၿပီး ျပန္ေလွ်ာက္တယ္…။

(Masaru Okunishi)

ဒီေန႕အထိ တင္ထားဆဲျဖ စ္တယ္..။

၂၀၁၀ မွာ အိုခုနိရွိ ရဲ႕ သားက ေရာဂါနဲ႕ ကြယ္လြန္ ခဲ့တယ္..။ အိုခုနိရွိဟာ မိသားစုနဲ႕ အတူျပန္ေနဖို႔ ေမွ်ာ္လင့္ထားသမွ် သားက သူ႕ ကို အရင္ခြဲခြာသြားေလၿပီ..။

UN Human Rights Committee က အိုခုနိရွိ ကို ကူညီခဲ့ၾကေပမဲ့ မာနႀကီး တဲ့ ဂ်ပန္နိုင္ငံက ေထာက္လွမ္းေရးေတြဟာ ဂ်ပန္နိုင္ငံ တရားစီရင္ေရးဘက္ မွာ ဩဇာေညာင္းလြန္းလွတယ္..။

The Asian Human Rights Commission (AHRC) အာရွလူ႕အခြင့္အေရးေကာ္မရွင္ကလည္း အသက္ (၈၁) ႏွစ္ရွိၿပီျဖစ္တဲ့ အိုခုနိရွိ နဲ႕ပတ္သက္ေသာသတင္းအခ်က္အလက္ေတြကို စုေဆာင္းၿပီး အမႈျပန္ဖြင့္ဖို႔ ကူညီခဲ့တယ္။

ဘယ္ အခ်ိန္၊ ဘယ္ေန႕ တံခါးလာေခါက္ၿပီး လွ်ပ္စစ္ခုံေပၚ ထိုင္ရမလဲဆိုတဲ့ အေတြး နဲ႕ အိုခုနိရွိဟာ တစ္ေယာက္ခန္းေထာင္ထဲ မွာ ေၾကာက္လန့္ၿပီး ႏွစ္ေပါင္းမ်ားစြာ ..။ ေန႕တိုင္းဟာ သူ႕ရဲ႕ ေနာက္ဆုံးေန႕ျဖစ္လာနိုင္ တယ္ေလ…။ ဂ်ပန္နိုင္ငံ မွာ ေသဒဏ္ခ်မွတ္ခံရတဲ့သူေတြ ဟာ သူတို႔ ေသရမယ့္ အခ်ိန္ကို နာရီပိုင္းေလာက္ ပဲ ႀကိဳသိ ရတာေလ..။

အယူခံေလး ဝင္ၿပီး ေမွ်ာ္လင့္ခ်က္ရွိလာလိုက္… ေထာက္လွမ္းေရးဘက္က ပယ္ခ်လိဳက္… ဘဝမွာ ရွင္လိုက္၊ ေသလိုက္ ျဖစ္ခဲ့ရတာ အႀကိမ္ႀကီမ္…။ ဒါနဲ႕ပဲ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလ၊ အိုခုနိရွိ ဟာ ေထာင္ထဲ မွာပဲ နမိုးနီးယား နဲ႕ ေသ ခဲ့ရတယ္..။ အိုခုနိရွိ အသက္ ၈၉ ႏွစ္အ႐ြယ္..။ မေသခင္အထိ သူေျပာခဲ့တဲ့ စကားက “ ကြၽန္ေတာ္ လူမသတ္ပါဘူး..။ မတရားမလုပ္ၾကပါနဲ႕ ခင္ဗ်ာ..” တဲ့

(Masaru Okunishi)

အိုခုနိရွိ ရဲ႕ အမႈဟာ ဂ်ပန္ ရာဇ၀တ္မႈ တရားစီရင္ေရးစနစ္ ရဲ႕ တလြဲမာန ကိုျပတယ္…။ အိုခုနိရွိ နဲ႕ပတ္သက္ၿပီး ဂ်ပန္နိုင္ငံေရး တရားစီရင္မႈဟာ ကမာၻက သိေအာင္ မ်က္ႏွာပ်က္ခဲ့ရတာေပါ့…။ ဒီေန႕အထိ ဂ်ပန္ျပည္သူေတြ ၾကား မွာ အႀကီးမားဆုံး အျငင္းပြားစရာ ပဋိပကၡ တစ္ခု အျဖစ္ရွိေနဆဲ..။

ဂ်ပန္ျပစ္မႈဆိုင္ရာက်င့္ထုံး ဥပေဒ ပုဒ္မ ၃၃၆ မွာ.. “ အျပစ္ကင္းစင္ သည္ဟု ယူဆရျခင္း ဥပေဒသ ” ကိုျပဌာန္းထားေပမဲ့ စာအုပ္ထဲမွာပဲ ရွိခဲ့တယ္..။ အဲဒီ ဥပေဒမွာ “ တရားခံတစ္ဦးသည္ မႈခင္းဆိုင္ရာ အခ်က္ အလက္ ရွာေဖြေတြ႕ရွိမႈ ၌ အမွားအယြင္းတ စ္ခုခုႏွင့္ ပတ္သက္လွ်င္ အယူခံဝင္ခြင့္ ရွိသည္။” တဲ့..။

လက္ေတြ႕ မွာေတာ့ ဂ်ပန္နိုင္ငံ ရဲ႕ ဩဇာအာဏာရွိၿပီး မာနႀကီး တဲ့ ေထာက္လွမ္းေရးေတြဟာ စကား ကို ျပန္ျပင္ေျပာဖို႔ ဆိုတာ လုံးဝမျဖစ္နိုင္သေလာက္..။

ေထာင္ထဲ မွာ အသက္ေသသြားရရွာ တဲ့ အိုခုနိရွိ ဟာ အျပစ္မရွိသူ တစ္ေယာက္ဆိုတာ ကို သက္ေသျပဖို႔ အိုခုနိ ရွိရဲ႕ သမီး နဲ႕ ေျမး ျမစ္ေတြက ဆက္လက္ တိုက္ပြဲဝင္ေနဆဲျဖစ္ ပါတယ္..။

ဒီေန႕ အထိေပါ့..။

တစ္ေန႕ေန႕ မွာ အမွန္တရားကို ျပသခြင့္ရမယ္ လို႔ ယုံၾကည္မႈ အျပည့္ နဲ႕ေပါ့..။

မေ႐ႊမိုး (ကိုရီးယား)

Unicode

တရားစီရင်မှု ဆိုတာ…

အရက်သောက်နေ တဲ့ မိန်းမတွေ ရဲ့ မျက်နှာတွေ ပြာနှမ်း လာတယ်…။ ရုတ်တရက် ဟုမိခို က “ ဗိုက်နာတယ်.. မူးတယ်…အား..! ကယ်ကြပါ…” ဟုမိခို လဲကျသွား တယ်..။ ပြီးတော့ မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက် လဲကျကုန်တယ်…။

“ဝေါ့..အား ! ကယ်ပါ..” မိန်းမတွေ ဟာ သူတို့ ထိုင်နေတဲ့နေရာ မှာတင် ထိုးအန် လိုက်ကြပြီး သတိလစ် လဲကျ ကုန် တယ်…။ မိန်းမတွေကို ရွာထဲက ဆရာဝန်နဲ့ သူနာပြုတွေက အမြန်ဆုံး ရောက်လာပြီး အသက်ကယ်ဖို့ ကြိုးစားကြတယ်..။ မိန်းမ ၁၂ ယောက် ကိုတော့ သူတို့ ကယ်လိုက်နိုင်ကြ တယ်..။ ၅ ယောက်ကတော့ သေသွားပြီ..။

သူတို့တတွေ အရက် ထဲ အဆိပ်ခတ် ခံရတာတဲ့…။ သူတို့က ဂျပန် အမျိုးသမီးတွေပေါ့ ..။ အဲဒီနေ့ က Kuzuo ရွာနဲ့ အိမ်နီးချင်း ရွာတွေ အစည်းအဝေး လုပ်တဲ့နေ့..။ အဲဒီနေ့က သူတို့ တစ်ရွာနဲ့ တစ်ရွာချစ်ကြည်ရေး အသင်း ရဲ့ အဖွဲ့ခေါင်းဆောင် အသစ် ထပ်ရွေး တယ်..။ ပြီးတော့ အစည်းအဝေးအောင်မြင်တဲ့ အထိမ်းအမှတ်နဲ့ အရက်စသောက်ကြရင်း ဒီလိုကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးကြီးဖြစ်ခဲ့ တာပေါ့…။

(Masaru Okunishi)

Kuzuo ရွာကလူတွေဟာ တစ်ယောက် နဲ့ တစ်ယောက် သိပ်ရင်းနှီးပြီး တစ်ယောက်အကြောင်းတစ်ယောက် သိပ်စိတ်ဝင်စားကြတဲ့ မိသားစုလိုနေကြတဲ့ ရွာငယ်လေးပေါ့…။ ဒီပြဿနာက Kuzuo ရွာတစ်ရွာလုံးကို တုန်လှုပ် ချောက်ချားစေ တယ်။ အဲဒီခေတ် ရွာကလူတွေ ဟာ သူတို့ရွာ ကို သူတို့ သိပ်ဂုဏ်ယူကြတယ်..။ တစ်ခုခုဖြစ်ပြီဆို ရွာနာမည်မပျက်ဖို့ အဓိကထားကြတဲ့ခေတ်ပေါ့..။ လူသေတာထက် သူတို့ရွာကို ဝိုင်းပယ်ကြမှာ၊ အိမ်နီးချင်းရွာတွေနဲ့ ကုန်ပစ္စည်း အရောင်း အဝယ် မဖြစ်မှာ သိပ်စိုးရိမ်ကြတာမျိုး..။

ဒီ သတင်း ဟာ ဂျပန်ပြည်က အစိုးရအဖွဲ့နဲ့ ပြည်သူတွေကို အုတ်အော်သောင်းတင်း ဖြစ်စေ တယ်..။ ထောက်လှမ်းရေး ဘက် ကို တရားစီရင်ရေးအဖွဲ့က ဖိအားပေးတော့တယ်..။

ဂျပန်နိုင်ငံလည်း တောင်ကိုရီးယား လိုပဲ အမှု တစ်ခုဖြစ်ရင် သက်သေရှာ အမှုစုံစ မ်းရတာ ရဲတွေရဲ့တာဝန်၊ နောက်တစ်ဆင့် ရဲတွေက ထောက်လှမ်းရေးတွေ ဆီ တင်ပြရတယ်..။ ထောက်လှမ်းရေး က အမှု ကို ထပ်စစ်ပြီး တရား သူကြီးဆီ တင်တာပေါ့…။ ဒီလိုပြဿနာအကြီးကြီးဖြစ်လာရင် အစိုးရအဖွဲ့က ထောက်လှမ်းရေးကို ဖိအားပေး..။ ထောက်လှမ်းရေးက ရဲတွေကို ဖိအားပေးပြန် တယ်…။

Kuzuo ရွာထဲ ကို ရဲတွေရောက် လာပြီး ရွာသားတွေ ကို စစ်ဆေးတော့တယ်..။

အခင်း ဖြစ်တဲ့နေ့ က ၁၉၆၁ ခုနှစ်မတ်လ ၂၈ ရက်နေ့.. အဲဒီနေ့က အစည်းအဝေးပြီးတော့ ရွာဓလေ့ထုံးစံအရ အမျိုးသားတွေက ဆန်နဲ့ လုပ်ထားတဲ့ ဆာကေး (Sake) အရက်ကိုသောက်ရတယ်။ မိန်းကလေးတွေ ကတော့ စပျစ်သီး နဲ့ လုပ်ထားတဲ့ ဝိုင်အဖြူ ကို သောက်ကြ ရတယ်။ “ အစည်းအဝေးတက်ကြတဲ့ မိန်းကလေးအယောက်နှစ်ဆယ်ထဲက ဝိုင်သောက်တဲ့သူက ၁၇ ယောက် .. အားလုံးထိုးအန်ကြတာရှင့်…။ ဝိုင်မသောက်တဲ့ ၃ ယောက်ကတော့ ဘာ မှ မဖြစ်ဘူး..”

(Masaru Okunishi)

ရဲတွေ ဟာ လက်ကျန် ပုလင်းကြီးထဲ က ဝိုင်တွေနဲ့ သောက်လက်စ ဝိုင်ခွက်ထဲ က အကျန်တွေ ကိုသိမ်းဆည်းပြီး ဓာတ်ခွဲခန်းပို့လိုက်ကြ တယ်။ ဝိုင်ထဲမှာ လယ်ယာစိုက်ပျိုးရေးမှာ သုံးရတဲ့ ပိုးသတ်ဆေး (pesticide) တွေရောနှောနေ တာ တွေ့ ရတယ်…။

Kuzuo ရွာဟာ မြို့နဲ့ ဝေးလံခေါင်ဖျားတဲ့နေရာ က တောင်တန်းတွေကြားက ကျေးရွာ တစ်ရွာဖြစ်တယ်..။ အဲဒီ ပိုးသတ်ဆေးတွေကို ဝယ်မယ်ဆိုရင် တကူးတက မြို့တက်ပြီး ဝယ်မှရတာမို့ အာဏာပိုင်တွေက ဒါဟာ တမင်ရည်ရွယ် တဲ့ အမှုလို့ တစ်ရွာလုံးကို စွပ်စွဲလိုက်တော့ တယ်..။ ဒါကြောင့် Kuzuo ရွာကလူတွေ ပိုပြီး ဆတ်ဆတ်ထိမခံ ဖြစ်သွားကြတာပေါ့..။

အဲဒီဝိုင်နဲ့ အရက်တွေ ကို ဒေသခံရွာ အကြီး အကဲအိမ်ကနေ အစည်းအဝေးခန်းမကို သယ်သွားဖို့ တာဝန်ကျခဲ့တဲ့ ယောကျ်ား၃ ယောက်ရှိတယ်..။ သူတို့သယ်လာပြီး အစည်းအဝေးခန်းမရောက် တော့ ၅ နာရီ ၂၀ …။ လူတွေ စ ရောက် လာတော့ ၅ နာရီ ၃၀ မိနစ်..။ အဲဒီ ၁၀ မိနစ်မှာ တစ်စုံ တစ်ယောက်က အရက်ထဲ ပိုးသတ်ဆေးတွေ ထည့်လိုက်တာပေါ့..။ အရက်သယ် ဖို့ တာဝန်ယူသူ ၃ ယောက် ကို ရဲတွေကခေါ်စစ်တော့ တယ်…။

သူတို့ ၃ ယောက်အထဲ က လယ်သမား မာဆရု အိုခုနိရှိ (Masaru Okunishi) ကို တရားခံပါလို့ ရွာကလူတစ်ယောက် နှစ်ယောက် က စပြီးစွပ်စွဲကြတော့ တာပဲ..။ အဲဒီပြဿနာမဖြစ်ခင် ကတည်းက အိုခုနိရှိ က မိန်းမရှိလျက်သား နဲ့ အခြားမိန်းမနဲ့ရှုပ်တယ်လို့ တီးတိုး သတင်းထွက်နေသူမို့ ရွာမှာ သူ့ကိုသိပ်ကြည့် မရတဲ့သူတွေ ရှိနေတယ်..။

နောက်တစ်နေ့မှာ ပဲ ရွာထဲကလူတွေက လယ်သမား အိုခုနိရှိဟာ လူသတ်သမား ပါဆိုပြီး တစ်ရွာလုံး အတိအကျ ဒေါသတကြီး ပြောကြတော့ တာပဲ..။ ဒီဝိုင်ပုလင်းကို စဖွင့်တဲ့သူကလည်း အိုခုနိရှိ မဟုတ်ဘူး..။ အသစ်ရွေးခံရ တဲ့ ချစ်ကြည်ရေး အသင်းရဲ့ အဖွဲ့ခေါင်းဆောင် ..။ အိုခုနိရှိက ဆာကေး အရက် ပုလင်းကို ဖွင့်တာဖြစ်တယ်..။ အိုခုနိရှိ က အဆိပ်ထည့်တယ်ဆိုတာ ဘာမှ သက်သေမရှိ.. ရွာသားတွေ ရဲ့ သံသယနဲ့ အတင်းစကား၊ ကောလာဟလတွေဟာ ကြောက်စရာကောင်းလောက်အောင် ပျံ့နှံ့ ကုန်တယ်..။

ရဲတွေဟာ ရွာသားတွေ ရဲ့ စွပ်စွဲချက်၊ အထက်က ထောက်လှမ်းရေးတွေ ရဲ့ ဖိအားကြောင့် အိုခုနိရှိ ကို ၃ ရက် လုံးလုံး ပြင်းပြင်းထန်ထန် နှိပ်စက် စစ်ဆေးမေးမြန်းတော့ တယ်..။ အိုခုနိရှိဟာ နှိပ်စက်တဲ့ ဒဏ်ကို ဆက်မခံနိုင်တော့ ဘူး..။

(Masaru Okunishi)

၁၉၆၁ ဧပြီ ၂ ရက်.. အိုခုနိရှိ ကို အချုပ်ချ လိုက်တယ်…။

“သေသွားတဲ့သူတွေထဲ မှာ ကျွန်တော့် မိန်းမရော… ကျွန်တော့် ရည်းစားရော နှစ်ယောက်လုံး ပါတယ်…။ မိန်းမ နှစ်ယောက်ကြား ဗျာများပြီး ဘာလုပ် လို့ လုပ်ရမှန်းမသိ… အရက်ထဲ အဆိပ်ခတ်သတ်ရင်း နဲ့ တခြား မဆိုင်တဲ့မိန်းမတွေ ပါ အဆိပ်မိကုန် ပါတယ်။”

မာဆရု အိုခုနိရှိ (Masaru Okunishi) ဆိုသူက အဲဒီလို ဝန်ခံလိုက်ပြီ လို့ သတင်းတွေထဲ ပါလာတယ်..။ အဲဒီ အမှုဟာ အဲဒီလို လျင်လျင်မြန်မြန် အဆုံး သတ်သွားတယ်..။ အိုခုနိရှိ မိန်းမလည်းသေ..။ အိုခုနိရှိ ကလေးတွေ ဆို အမေကသေ၊ အဖေက ထောင်ကျ..။ အဘိုးအဘွား၊ ဆွေမျိုးတွေကို ရွာထဲက လူတွေ က ဝိုင်းရိုက်…။ ဘဝတွေပျက်တော့တာပဲ..။

ထောက်လှမ်းရေးဆီ ရဲတွေက ပို့လိုက်တဲ့ အစီရင်ခံစာ ရောက်လာ တယ်..။ အိုခုနိရှိက ကိုယ့်အသိစိတ် နဲ့ကိုယ်တိုင် လာပြီး ဝန်ခံတာ တဲ့…။ သက်သေကရော..? သက်သေကတော့ ရေရေရာရာ သိပ်မ ရှိဘူးတဲ့။

(Masaru Okunishi)

ထူးခြားတာက ရွာသားတွေ ဟာ လိုတာ ထက်ပိုပြီး ဒေါသကြီးနေကြတယ်..။ အိုခုနိရှိ ကို သေဒဏ်ပေး ဖို့ တောင်းဆိုကြပါလေရော…။ တကယ့် လူသတ်သမားက ရွာသားတွေကို ဆူအောင်လုပ်တာ လည်း ပါမှာပေါ့..။

ဒါပေမဲ့ သူတို့ အိုခုနိရှိကို ဒီရာဇဝတ်မှု နဲ့ ဆက်စပ်တယ် လို့ ပြောရအောင် ရုပ်ဝတ္ထု သက်သေ အထောက်အထား ဒါမှမဟုတ် မျက်မြင်သက်သေ တစ်ခုဆို တစ်ခုမှမရှိ..။ အတင်းကနေ ကောလာဟလ… ကောလာ ဟလကနေ သတင်းဖြစ်လာတဲ့ လုပ်ကြံ ဇာတ်လမ်း သက်သက်…။

အခင်းဖြစ်ပွားတဲ့နေ့က ဝိုင် အဆို့မှာ သွားနဲ့ကိုက် ထုတ်ထားတဲ့ သွားရာ တစ်ရာတော့ ရှိ တယ်..။ အဲဒီတုန်း က DNA test လည်းမပေါ်သေးတော့ ဘယ်သူ့ သွားရာ ဆိုတာ သေချာ မသိနိုင်..။

အိုခုနိရှိ ဟာ တရားရုံး မှာ “ ကျွန်တော် လူမသတ် ပါဘူး..။ မတရား မလုပ်ကြပါနဲ့ ခင်ဗျာ.. ကြောက်လို့ ဝန်ခံ လိုက်တာပါ” လို့ ငိုယိုတောင်းပန်နေရှာ တယ်…။ ရွာသားတွေကလည်း ဒေါသ တကြီး စွပ်စွဲကြပေါ့..။

အိုခုနိရှိ ဟာ အခင်းဖြစ်ပွား တဲ့နေ့ မတိုင်ခင် ၆ လလောက်တုန်းက မြို့တက်ပြီးတော့ ပိုးသတ်ဆေးဝယ်တယ်….။ အဲဒီပိုးသတ်ဆေးနဲ့ဝိုင်ထဲကပိုးသတ်ဆေးနဲ့တူတူပဲဆိုပြီးတော့ သက်သေပြတယ်။ ဒါပေမဲ့ အိုခုနိရှိက အဆိပ်ခတ်တယ် ဆိုတာ သက်သေ အထောက်အထား မရှိတာကြောင့် အိုခုနိရှိဘက် က ရှေ့နေနိုင် တယ်…။ ဝိုင်ပုလင်း ဆို့ပေါ်က သွားရာကို ပညာရှင် ၆ ယောက်ကိုဆုံးဖြတ်ခိုင်း တာ အိုခုနိရှိ ရဲ့သွားရာလို့ ထောက်ခံ သူက ၃ ယောက်…။ အိုခုနိရှိရဲ့သွားရာ မဟုတ်ဘူးလို့ငြင်း သူက ၃ ယောက်…။

(Masaru Okunishi)

၁၉၆၄ ခုနှစ် ဒီဇင်ဘာလ…။ ပထမဦးဆုံး တရားရုံး က “အပြစ် မရှိ တရားသေ” လို့ ဆုံးဖြတ်လိုက်တ ယ်…။ အိုခုနိရှိ ပျော်နေခဲ့သေး တယ်…။ ဒီလို အဖြေကိုရ ဖို့ အိုခုနိရှိရှေ့နေကြီးက ကြိုးစား ရတာ ၄ နှစ်နီးပါး..။

ရွာသားတွေ က လူသတ်ကောင်ရှာမတွေ့ရင် ရဲတွေ ရွာထဲကိုထပ်လာ၊ ဇာတ်လမ်းရှည်ပြီး ရွာနာမည်ပျက် မှာ ကြောက်တယ်..။ ရဲတွေက အိုခုနိရှိ ကို နှိပ်စက်ပြီး အတင်းအကျပ် ဝန်ခံခိုင်းတာကို ပြဿနာတက် မှာကြောက် တယ်..။ ထောက်လှမ်းရေးဘက် ကလည်း ဒါ ရဲတွေ နှိပ်စက်ပြီး အတင်းဝန်ခံ ခိုင်းခဲ့တာ ရိပ်မိနေပြီ..။ ဒါပေမဲ့ စပြီးသား အလုပ်မို့ သူတို့ ရဲ့ အမှား ကို ဂျပန်ပြည်သူတွေ ရှေ့မှာ ဝန်မခံချင်..။ ဒါကြောင့် အိုခုနိရှိ တရားခံ မဟုတ်ရင် တရားခံဘယ်သူလဲ ဆိုတာ သူတို့အားလုံး မတွေးချင်ကြ…။ သူတို့ အားလုံးဟာ အိုခုနိရှိ ကိုသာတရားခံ လို့ အတည်ပြုဖို့ ကြိုးစားကြတော့တာပဲ..။

ထောက်လှမ်းရေးတွေက သက်သေ ထပ်ရှာပြီးတော့ အမှုထပ်ဖွင့် တယ်။

အိုခုနိရှိ ထောင်ထဲကနေ အမှုကို ဆက်ပြီး ရင်ဆိုင်ရတယ်..။ အဲဒီလို အိုခုနိရှိ ထောင်ထဲနေရတဲ့ အချိန် ကျန်ခဲ့တဲ့မိသားစုက ရွာမှာ အနှိမ်ခံ၊ အပယ်ခံရတာ.. ရစရာကိုမရှိ…။ နောက်ဆုံး ရိုက်နှက်ပြီး အိုခုနိရှိ မိသားစု ဆွေမျိုးတွေ အကုန်လုံးကို ရွာထဲက မောင်းထုတ် လိုက်ကြတယ်..။

(Masaru Okunishi)

Nabari မြို့ မှာ အထက်တန်းကျောင်းသွား တက်နေတဲ့ သူ့သားလည်း လူသတ်သမား ရဲ့သားဆိုပြီး ကျောင်းမှာ အရိုက်ခံရ၊ ကျောင်းအထုတ်ခံရ…။

“မတရားဘူး.. သူ တို့ ကျွန်တော့် ကလေးတွေ နဲ့ ကျွန်တော့်ကို ခွဲပစ်လိုက်ကြတာ “ အိုခုနိရှိဟာ ရွာသားတွေ ကို အလွန်စိတ်နာသွားတယ်..။

“ကျွန်တော့် ကလေးတွေအ တွက် ကျွန်တော် လုပ်ပေးနိုင်တာ တစ်ခုတည်း ရှိတယ်.. ကျွန်တော် အပြစ်မရှိတာ သက်သေပြဖို့ပဲ…။ ရွာသားတွေ ရဲ့ မတရားမှု၊ ဂျပန်နိုင်ငံရဲ့ မတရားမှုကို တစ်နေ့နေ့ တစ်ကမ္ဘာလုံးက သိစေရမယ် ဆိုတာပဲ..”

အမှုက နောက်ထပ် ၄ နှစ်ကြာသွားတယ်..။၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ.. သက်သေ အသစ် ဆို ဘာမှမရှိ…။ ပထမ တရားရုံးတုန်းက အိုခုနိရှိ ရဲ့သွားရာလို့ ထောက်ခံသူ ၃ ယောက်ထဲက တစ်ယောက်က ဂျပန်နိုင်ငံက နာမည်ကြီး ပါမောက္ခဖြစ်တယ်..။ သူတင်ပြတာ ဖြစ်နိုင်ချေ ရှိတယ် ဆိုပြီး တရားသူကြီးက ထောက်လှမ်းရေး ဘက်က အနိုင်ပေးလိုက်တယ်…။

၁၉၆၉ ခုနှစ်.. နောက်ထပ် တရားခွင် မှာ လယ်သမား အိုခုနိရှိ “ သေဒဏ်”….။ အိုခုနိရှိ အသက် ၃၅ နှစ်..။ ဂျပန်နိုင်ငံရဲ့ အလွန် ဝေးလံခေါင်သီသောတောင်တန်းတွေကြား က အရပ်မြင့်မြင့် ရုပ်ချောချော … Kuzuo ရွာသားလေးတစ်ယောက် ရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်ပေါ့..။

အိုခုနိရှိဟာ Nabari ဘူတာရုံ မှာ ၁၉၄၂ ကစပြီး အလုပ်လု ပ်ခဲ့တယ် …..။ ၁၉၄၄ မှ ၁၉၄၅ ဒုတိယကမ္ဘာစစ် အတွင်း မှာတော့ စစ်သားဝင် လုပ်ခဲ့သေးတယ်…။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်မှာ Chieko ဆိုတဲ့ Nabari ဘူတာရုံမှာ အလုပ် အတူတူလုပ်တဲ့ အမျိုးသမီး နဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက် ၊ သမီးတစ်ယောက် ရခဲ့တယ်..။ အဲဒီနောက်ပိုင်း အိုခုနိရှိဟာ လယ်သမား အလုပ်လုပ်ပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေနေတဲ့ သာမန် အညတရ တစ်ယောက်..။ မိန်းမ ရှိလျက်သားနဲ့ အခြားမိန်းမနဲ့ မရှုပ်မရှင်းဖြစ်နေခဲ့တာတော့ အမှန်ပဲလို့ သူ ဝန်ခံ ခဲ့တယ်..။

(Masaru Okunishi)

၁၉၇၂ မှာ အိုခုနိရှိ သေဒဏ်ဆိုတာ အမြင့်ဆုံး တရားရုံး က အတည်ပြု လိုက်တယ်..။ အိုခုနိရှိက ၄ ကြိမ်ဆက်တိုက် ထပ်ပြီး အယူခံဆက်ဝင်တယ်…။ တရားရုံးက အမြဲပယ်ချတယ်..။

၁၉၇၃ ခုနှစ်.. အိုခုနိရှိ အဲဒီလို မတရားသဖြင့် အနိုင်ကျ င့်တာ ခံနေ ရတာမို့ Japan Federation of Bar Associations (JFBA) က ‘Nabari Case Committee’ ကိုဖွဲ့စည်းခဲ့တာပေါ့..။ အိုခုနိရှိ ရဲ့ ၅ ကြိမ်မြောက် အယူခံဝင်ဖို့ ကူညီပေးကြ တယ်..။ တရားရုံး က ထပ်ပြီး ပယ်ချတယ်..။

၁၉၉၇ ခုနှစ်.. Professor Habu က လူတစ်ယောက် ဝိုင်ပုလင်းဆို့ကို ပါးစပ်နဲ့ ၃ ကြိမ် ကိုက်ဖွင့်စေပြီး အဲဒီလို ကိုက်ဖွင့်တဲ့ သွားရာတွေဟာ အခြေအနေ အမျိုးမျိုးကို မူတည်ပြီး မတူညီနိုင်ဘူး ဆိုတာ သက်သေပြ တယ်..။ ဒါကြောင့် အိုခုနိရှိ ရဲ့ သွားရာ ဆိုတဲ့ သက်သေ ဟာ ခိုင်လုံမှု မရှိလို့ အိုခုနိရှိရဲ့ အမှုကို အယူခံ ထပ်ဝင်တယ်..။ ဒါ ၆ ကြိမ်မြောက်ပေါ့..။ တရားရုံးက ပယ်ချပြန် တယ်..။

၂၀၀၅ ခုနှစ်.. သိပ္ပံပညာတွေ တိုးတက်လာ တယ်..။ စမ်းသပ်ချက်တွေ အရ အမျိုးသမီးတွေသောက် ခဲ့တဲ့ စပျစ်ဝိုင်ထဲက ပိုးသတ်ဆေး နဲ့ အိုခုနိရှိ ဝယ်ခဲ့တဲ့ ပိုးသတ်ဆေးဟာ လုံးဝမတူဘူး ဆိုတဲ့ အဖြေထွက်လာတယ်..။ နောက်တစ်ခုက အိုခုနိရှိ ဝယ်တဲ့ ပိုးသတ်ဆေးက အနီရောင် နဲ့ အဖြူအနှစ်ရောင် နှစ်မျိုးပဲရှိတယ်…။ ဝိုင်အကြည်ထဲကို ထည့်ရင် အသိသာကြီး..။ ဒါကို ပထမတရားရုံးတုန်းက ဘယ်သူမှ သတိမထားမိခဲ့ကြ…။ အိုခုနိရှိက ဝမ်းသာအားရ ၇ ကြိမ်မြောက် အယူခံဝင်ပြန် တယ်..။ ဒီတစ်ခါတော့ ဂျပန် တရားစီရင်ရေးအဖွဲ့က တရားပြန်စီရင်ပေးမယ်လို့ အမိန့်ချလိုက် တယ်..။ အသက် ၈၀ နီးပါး အဘိုးကြီး အိုခုနိရှိ အလွန် ဝမ်းသာသွားတယ်…။

ဒါပေမဲ့ ၂၀၀၆ ခုနှစ်မှာ ထောက်လှမ်းရေးတွေဘက် က အဲဒီအမိန့် ကို ပြန်ရုပ်သိမ်း ဖို့ စာတင်ပြန်တယ်..။ နောက်ဆုံးအချိန်အထိ အမှားကို ဝန်မခံတဲ့သူတွေ..။ သိပ်ကြောက်ဖို့ကောင်း ခဲ့တယ်..။

(Masaru Okunishi)

ကျောထောက်နောက်ခံ မရှိတဲ့ အမှန်တရားဟာ မာနကြီး ပညာတတ်သူတွေ ရဲ့ လှည့်ကွက်မှာ အလူးအလဲပေါ့..။

“အမှုပြန်စစ်ဖို့ အတွက် ထောင်ထဲကနေ ရွာက အခင်းဖြစ်တဲ့နေရာ သွားရတယ်..။ ရွာထဲကို ဝင်လိုက်တိုင်း ကျွန်တော့်ရဲ့သားနဲ့ သမီးလေးက“ အဖေရေ..”လို့အော်ပြီးတော့ အော်ငိုလိုက်တဲ့အသံ ကို ကျွန်တော်အမြဲကြားနေ မိတယ်ဗျာ..!”

ဒီလိုနဲ့ ၂၀၀၈ ခုနှစ် မေလ ကိုရောက်လာတယ်..။ “The Center on Wrongful Convictions at Northwestern University School of Law” ဆိုတဲ့ အမေရိကန် U.S. Law School Clinic တရားဝင်အဖွဲ့အစည်းက အိုခုနိရှိ အမှုကို ပြန်လည်စစ်ဆေး ဖို့ ကူညီငြင်းခုံပေးတော့ အိုခုနိရှိ အသက် ၈၁ နှစ်ရှိနေပြီ..။

အိုခုနိရှိကို သေဒဏ်ချလိုက်တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက် ဟာ မှားယွင်း တဲ့ ဝန်ခံချက်တွေ နဲ့ မှားယွင်းစွာနားလည်မှုအပေါ် အခြေခံထားတာ မို့ အမှုပြန်ဖွင့်ပေးဖို့ ဂျပန်ဗဟိုတရားရုံးချုပ်ကို တောင်းဆို လိုက်တယ်..။ ဒါကို ဂျပန်ပြည် က စဉ်းစားမယ် ဆိုပြီးပြော ဆိုခဲ့တယ်..။

အိုခုနိရှိ တစ်ယောက် အားတက်ရပြန် တယ်…။ အိုခုနိရှိ ရှေ့နေက ကူညီပြီး အမှု ဟိုးအစကနေ အဆုံးအထိ အသစ်ပြန်ရေးပြီး ပြန်လျှောက်တယ်…။

(Masaru Okunishi)

ဒီနေ့အထိ တင်ထားဆဲဖြ စ်တယ်..။

၂၀၁၀ မှာ အိုခုနိရှိ ရဲ့ သားက ရောဂါနဲ့ ကွယ်လွန် ခဲ့တယ်..။ အိုခုနိရှိဟာ မိသားစုနဲ့ အတူပြန်နေဖို့ မျှော်လင့်ထားသမျှ သားက သူ့ ကို အရင်ခွဲခွာသွားလေပြီ..။

UN Human Rights Committee က အိုခုနိရှိ ကို ကူညီခဲ့ကြပေမဲ့ မာနကြီး တဲ့ ဂျပန်နိုင်ငံက ထောက်လှမ်းရေးတွေဟာ ဂျပန်နိုင်ငံ တရားစီရင်ရေးဘက် မှာ ဩဇာညောင်းလွန်းလှတယ်..။

The Asian Human Rights Commission (AHRC) အာရှလူ့အခွင့်အရေးကော်မရှင်ကလည်း အသက် (၈၁) နှစ်ရှိပြီဖြစ်တဲ့ အိုခုနိရှိ နဲ့ပတ်သက်သောသတင်းအချက်အလက်တွေကို စုဆောင်းပြီး အမှုပြန်ဖွင့်ဖို့ ကူညီခဲ့တယ်။

ဘယ် အချိန်၊ ဘယ်နေ့ တံခါးလာခေါက်ပြီး လျှပ်စစ်ခုံပေါ် ထိုင်ရမလဲဆိုတဲ့ အတွေး နဲ့ အိုခုနိရှိဟာ တစ်ယောက်ခန်းထောင်ထဲ မှာ ကြောက်လန့်ပြီး နှစ်ပေါင်းများစွာ ..။ နေ့တိုင်းဟာ သူ့ရဲ့ နောက်ဆုံးနေ့ဖြစ်လာနိုင် တယ်လေ…။ ဂျပန်နိုင်ငံ မှာ သေဒဏ်ချမှတ်ခံရတဲ့သူတွေ ဟာ သူတို့ သေရမယ့် အချိန်ကို နာရီပိုင်းလောက် ပဲ ကြိုသိ ရတာလေ..။

အယူခံလေး ဝင်ပြီး မျှော်လင့်ချက်ရှိလာလိုက်… ထောက်လှမ်းရေးဘက်က ပယ်ချလိုက်… ဘဝမှာ ရှင်လိုက်၊ သေလိုက် ဖြစ်ခဲ့ရတာ အကြိမ်ကြီမ်…။ ဒါနဲ့ပဲ ၂၀၁၅ ခုနှစ် အောက်တိုဘာလ၊ အိုခုနိရှိ ဟာ ထောင်ထဲ မှာပဲ နမိုးနီးယား နဲ့ သေ ခဲ့ရတယ်..။ အိုခုနိရှိ အသက် ၈၉ နှစ်အရွယ်..။ မသေခင်အထိ သူပြောခဲ့တဲ့ စကားက “ ကျွန်တော် လူမသတ်ပါဘူး..။ မတရားမလုပ်ကြပါနဲ့ ခင်ဗျာ..” တဲ့

(Masaru Okunishi)

အိုခုနိရှိ ရဲ့ အမှုဟာ ဂျပန် ရာဇဝတ်မှု တရားစီရင်ရေးစနစ် ရဲ့ တလွဲမာန ကိုပြတယ်…။ အိုခုနိရှိ နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံရေး တရားစီရင်မှုဟာ ကမ္ဘာက သိအောင် မျက်နှာပျက်ခဲ့ရတာပေါ့…။ ဒီနေ့အထိ ဂျပန်ပြည်သူတွေ ကြား မှာ အကြီးမားဆုံး အငြင်းပွားစရာ ပဋိပက္ခ တစ်ခု အဖြစ်ရှိနေဆဲ..။

ဂျပန်ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၃၃၆ မှာ.. “ အပြစ်ကင်းစင် သည်ဟု ယူဆရခြင်း ဥပဒေသ ” ကိုပြဌာန်းထားပေမဲ့ စာအုပ်ထဲမှာပဲ ရှိခဲ့တယ်..။ အဲဒီ ဥပဒေမှာ “ တရားခံတစ်ဦးသည် မှုခင်းဆိုင်ရာ အချက် အလက် ရှာဖွေတွေ့ရှိမှု ၌ အမှားအယွင်းတ စ်ခုခုနှင့် ပတ်သက်လျှင် အယူခံဝင်ခွင့် ရှိသည်။” တဲ့..။

လက်တွေ့ မှာတော့ ဂျပန်နိုင်ငံ ရဲ့ ဩဇာအာဏာရှိပြီး မာနကြီး တဲ့ ထောက်လှမ်းရေးတွေဟာ စကား ကို ပြန်ပြင်ပြောဖို့ ဆိုတာ လုံးဝမဖြစ်နိုင်သလောက်..။

ထောင်ထဲ မှာ အသက်သေသွားရရှာ တဲ့ အိုခုနိရှိ ဟာ အပြစ်မရှိသူ တစ်ယောက်ဆိုတာ ကို သက်သေပြဖို့ အိုခုနိ ရှိရဲ့ သမီး နဲ့ မြေး မြစ်တွေက ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ် ပါတယ်..။

ဒီနေ့ အထိပေါ့..။

တစ်နေ့နေ့ မှာ အမှန်တရားကို ပြသခွင့်ရမယ် လို့ ယုံကြည်မှု အပြည့် နဲ့ပေါ့..။

မရွှေမိုး (ကိုရီးယား)

Add a Comment

Your email address will not be published. Required fields are marked *