မင်းဓမ္မပညာ့ရိပ်သာအိမ်ရာမှ ပညာတတ်ဆရာ ၊ ဆရာမတွေ ဖြစ်ပေမယ့် ဒီလို စိတ်မျိုးရှိနေကြတဲ့ သူတွေ










Nang Htwe Khin

Unicode

ဟိုတလောက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်ပေးတဲ့ မင်းဓမ ္မပညာ့ရိပ်သာအိမ်ရာ မှာ နေထိုင်ခွင့်ရသူ ဆရာ ဆရာမများဟာ တော်တော့ကို ကံကောင်းတဲ့ သူများ ပါပဲ.. သူတို့ရဲ့ အဆင့်အတန်း သူ့တို့ရဲ့သိက္ခာနဲ့လျော်ညီစွာ နေထိုင်နိုင်တဲ့ အခွင့်အလမ်း ကို E လိုပြောရရင် Facilities အပြည့်ပေါ့ရှင်…

သို့သော် ကျွန်စိတ်မဖယ်နိုင်တာ ခက်တယ်ရှင့်.. ဘာလဲဆိုတော့ နိုင်ငံတကာ အဆင့်မီအိမ်ရာ တိုက် ၉ တိုက်အတွက် တတိုက် ၉၆ ခန်း နဲ့တွဲလျက် ကားပါကင် အပြည့်ပေးထားပါတယ်.. တိုက်ခန်းအရေအတွက်နဲ့လည်း ကိုက်ညီတဲ့ ကားပါကင် ၁၂ လွှာရှိတဲ့ အဆောက်အဦးကြီး ၂ ခု ပေးထားတယ်.. ကားအစီးပေါင်း ၈၆၄ စီး မိုးလုံလေလုံ နေလုံ ထားနိုင်အောင် လုပ်ပေးထား တယ်.. ဓါတ်လှေခါး အိမ်သာအစုံထဲ့ ထားပေးတယ်.. ကား၂ စီးလွတ်လွတ် ကျွတ်ကျွတ် ရှောင်နိုင်အောင်ကားလမ်းလုပ်ထားပေးတယ်…

သို့သော် အများစုက သတ်မှတ်ထားတဲ့ ကားပါကင်မှာ မရပ်ပဲ ကားလမ်းတဖက်စီ ကားရပ်ထားတော့ ကားရှောင်လို့မရတော့ဘူးဖြစ်သွားပါတယ်.. အပြင်မှာ ကားပါကင် လုရင်းနဲ့ရန်တွေတောင် ဖြစ်နေရတဲ့အချိန် မင်းဓမ္မအိမ်ရာတော့ လူနဲ့သူနဲ့နေနိုင်အောင် အဆင့်တန်းမြင့်မြင့် ကားပါကင်များ ပေးထားပါသော်လည်း သူတို့နဲ့ မထိုက်တန်တာလား မသုံးတတ်တာလား စိတ်ဓါတ်ညံ့တာလား ကျွန်စိတ်မဖျောက်နိုင်တာလား.. သူများအမိန့်အာဏာပါဝါနဲ့ လာမောင်းထုတ်တာကို စောင့်နေတာလား.. သူများအဆင်မပြေရင် ဝမ်းသာနေတာလား မသိပါ…

ကားကို ညအိပ် လမ်းတဖက်စီထားတော့ မနက် ကျောင်ကားတွေ တက်စီ တွေ အချင်းချင်းရှောင်လို့မလွတ်ပါဘူး.. ရှေ့တိုးနောက်ဆုတ်လုပ်နေရပါတယ်.. အဆင်ပြေအောင်လုပ်ပေးထားတဲ့ လမ်းကို အဆင်မပြေအောင် ထားတဲ့ကားပိုင်ရှင်များ သခင်စိတ်လေးမွေးပြီး သတ်မှတ်ထားတဲ့ ကားပါကင်မှာ သွားထားကာ မိမိဂုဏ်သိက္ခာကို မြင့်မြင့်ထားကြပါစို့လားရှင်..

သူများလဲ အဆင်ပြေ.. ကိုယ်လဲ အဆင်ပြေ.. သူများလဲ စိတ်ချမ်းသာ.. ကိုယ်လဲစိတ်ချမ်းသာ.. ထပ်တူပြုကြပါစို့…

Nang Htwe Khin

Add a Comment

Your email address will not be published. Required fields are marked *