ႏိုင္ငံႏွင့္ လူမ်ိဳးေပၚ လုိက္ျပီး အဆိုး၀ါးဆံုး အမ်ိဳးမ်ိဳး ျဖစ္ေနတဲ႕ ကိုဗစ္ ေၾကာင့္ ဒီႏွစ္အကုန္မွာ ေသႏႈန္း သိသိသာသာ ၾကီး ေလ်ာ့က်သြားလိမ့္မယ္လို႕ ဘီလ္ဂိတ္ေျပာ

Covid – 19 ေၾကာင့္ ေသႏႈန္းဟာ ဒီႏွစ္ အကုန္ မွာ သိသိသာသာႀကီး ေလ်ာ့က်သြား လိမ့္မယ္ လို႔ ဘီလ္ဂိတ္ ကမွန္းပါ သတဲ့ ။

အဂၤါေန႕က CNBC နဲ႕ အင္တာဗ်ဴးလႊင့္ရာမွာ ဘီလ္ဂိတ္က အခုလိုေျပာၾကားလိုက္တာျဖစ္ပါတယ္။ ဘီဂိတ္အင္တာဗ်ဴးအေၾကာင္းမေျပာခင္ ကမာၻ႔ Covid အေျခအေနကိုအရင္ေျပာပါမယ္။ ယေန႕အထိ ကမာၻမွာ Covid ပိုးေတြ႕ရွိသူေပါင္း ၁၆.၉၇ သန္း ရွိပါတယ္။ နက္ျဖန္မွာ ၁၇ သန္းျပည့္ပါလိမ့္မယ္။

ကူးစက္ႏႈန္းက ေၾကာက္ခမန္းလိလိပါ။ ဒီတစ္လခြဲကာလအတြင္းမွာ ႏွစ္ဆတိတိျဖစ္သြားခဲ့တာပါ။ အလြန္ျမန္ပါတယ္။ တိတိက်က်ေျပာရရင္ ဇြန္လ ၁၄ ရက္ေန႕မွာ ၈ သန္းျပည့္ပါတယ္။ ၁၆ သန္းကို ဇူလိုင္ ၂၅ မွာျပည့္တာမို႔ တစ္လခြဲေတာင္မၾကာခဲ့ပါ။

အခု ၅ ရက္အတြင္းမွာ ေနာက္တစ္သန္းထပ္တိုးသြားျပန္ပါၿပီ။ မယုံနိုင္ေလာက္ေအာင္ ကူးစက္မႈျမန္ဆန္လြန္းပါတယ္။ ဒီႏႈန္းနဲ႕သာတိုးရင္ လပိုင္းအတြင္း သန္း ၅၀ ျဖစ္သြားမွာပါ။ ႏွစ္မကုန္ခင္မွာ သန္း ၁၀၀ ျဖစ္သြားနိုင္ပါတယ္။ ျပႆနာက အခုထိအျမင့္ဆုံး peak ကို မေရာက္ေသးတာပါ။ ေရာက္ၿပီးရင္ Poission distribution နဲ႕ဆင္းရင္ ႏွစ္ဆေလာက္ ျဖစ္မွာပါ။ ကာကြယ္ေဆးေရာ ကုသေဆးေရာအေရးတႀကီးလိုအပ္ေနပါၿပီ။

ႏိုင္ငံႏွင့္ လူမ်ိဳးေပၚ လုိက္ျပီး အဆိုး၀ါးဆံုး အမ်ိဳးမ်ိဳး ျဖစ္ေနတဲ႕ ကိုဗစ္ ေၾကာင့္ ဒီႏွစ္အကုန္မွာ ေသႏႈန္း သိသိသာသာ ၾကီး ေလ်ာ့က်သြားလိမ့္မယ္လို႕ ဘီလ္ဂိတ္ေျပာ

လူေတြအေၾကာက္ဆုံးက Covid ေၾကာင့္လူေသဆုံးမႈ နဲ႕ ေပ်ာက္ကင္းခဲ့ရင္ေတာင္ ဆိုး႐ြားတဲ့ေနာက္ဆက္တြဲေရာဂါခံ စားရမႈျဖစ္မွာကိုပါ။ နိုင္ငံနဲ႕ လူအမ်ိဳးမ်ိဳးေပၚမူတည္ၿပီး အေျခအေနဆိုး႐ြားနိုင္မႈ အမ်ိဳးမ်ိဳးျဖစ္ေနပါတယ္။ အခုအခ်ိန္အထိ ကမာၻမွာ Covid ျဖစ္မႈအမ်ားဆုံး နိုင္ငံ ၂၀ မွာ ယူေကနိုင္ငံက ၁၅. ၂ ရာႏႈန္းအထိရွိၿပီး ေဆာ္ဒီမွာေတာ့ ၁ ရာႏႈန္းပဲရွိတာ ေတြ႕ရပါတယ္။ နိုင္ငံအမ်ားစုမွာေတာ့ ေသႏႈန္းဟာ ၄ ရာႏႈန္းနဲ႕ ေအာက္မွာပဲရွိေနတာကို ေတြ႕ရပါတယ္။ အခုလက္ရွိအေျခအေနကို တင္ျပအၿပီးမွာ ဘီလ္ဂိတ္ရဲ႕ အင္တာဗ်ဴးကိုဆက္လက္တင္ျပပါမယ္။

Gilead Sciences ရဲ႕ Remdesivir ေဆးဟာ လူနာေတြအေနနဲ႕ ေရာဂါလကၡဏာတစ္ခုခုျပတာနဲ႕ သုံးစြဲနိုင္တဲ့အထိ အဆင္ေျပေအာင္ ႀကိဳးပမ္းေနၾကတယ္လို႔ ဘီလ္ဂိတ္ကဆိုပါတယ္။ Remdesivir ေဆးကို အေမရိကန္ FDA က ေမလအတြင္းမွာ ေဆး႐ုံေတြရွိ Covid ေရာဂါအေျခအေနဆိုးတဲ့လူနာေတြမွာ အေရးေပၚသုံးစြဲခြင့္ျပဳထားတာပါ။

အေၾကာေဆးအေနနဲ႕ပဲ ventilator နဲ႕ အျခားအသက္ကူရႈကိရိယာသုံးရသူေတြမွာ ထိုးေပးခဲ့တာပါ။ ၿပီးခဲ့တဲ့လက Gilead Sciences ရဲ႕ CEO Daniel O’Day က လူမွာရႈေဆးအေနနဲ႕စမ္းသပ္သုံးနိုင္ဖို႔ FDA က ခြင့္ျပဳခဲ့တယ္လို႔ ဆိုပါတယ္။ inhaler ရႈေဆးဆိုတာက ႏွာေခါင္းကေန အလြယ္တကူရႈၿပီး အသက္ရႈလမ္းေၾကာင္းကို ပိုးသတ္လို႔ရတဲ့ေဆးမ်ိဳးကို ဆိုလိုပုံရပါတယ္။

ႏိုင္ငံႏွင့္ လူမ်ိဳးေပၚ လုိက္ျပီး အဆိုး၀ါးဆံုး အမ်ိဳးမ်ိဳး ျဖစ္ေနတဲ႕ ကိုဗစ္ ေၾကာင့္ ဒီႏွစ္အကုန္မွာ ေသႏႈန္း သိသိသာသာ ၾကီး ေလ်ာ့က်သြားလိမ့္မယ္လို႕ ဘီလ္ဂိတ္ေျပာ

ဒါဆိုရင္ ေရာဂါစျဖစ္တာနဲ႕ ေဆး႐ုံျပင္ပမွာ လြယ္လြယ္ကူကူ သုံးစြဲနိုင္မယ့္သေဘာျဖစ္တာမို႔ #ေရာဂါအေျခအေနဆိုးဝါးမႈကိုေစာေစာစီးစီးတားဆီးနိုင္မယ့္သေဘာျဖစ္ပါတယ္။ ေစာေစာစီးစီးကုလို႔ေပ်ာက္ရင္ အသက္အႏၲရာယ္သိပ္မစိုးရိမ္ရေတာ့ပါဘူး။ ဘီလ္ဂိတ္က အျခား Covid အတြက္ ကုသနိုင္မယ့္ #ကုထုံးႏွစ္ခုရွိေသးေၾကာင္း ေျပာပါတယ္။

ဘယ္ေဆး ဘယ္ကုထုံးေတြလို႔ အတိအက်မေျပာပဲ ဒီႏွစ္ကုန္မွာ Remdesivir လိုပဲ Covid ေၾကာင့္ အသက္ဆုံးရႈံးမယ့္ေဘးက ကယ္တင္ေပးနိုင္မယ့္ ေဆးႏွစ္ခု ဒီႏွစ္ကုန္မွာ ထြက္ေပၚလာနိုင္တယ္လို႔ ဆိုပါတယ္။

အေၾကာေဆးထက္ ေသာက္ေဆးျဖစ္ဖို႔မ်ားတာေၾကာင့္ လူေတြေစာစီးလြယ္ကူစြာသုံးစြဲနိုင္ပါလိမ့္မယ္တဲ့။ Monoclonal antibodies နည္းဟာ အေျခအေနအေကာင္းဆုံးနည္းျဖစ္လာနိုင္ၿပီး Regeneron, Eli Lilly နဲ႕ AstraZeneca တို႔က အေသအခ်ာႀကိဳးပမ္းေနၾကပါတယ္တဲ့။ အဲ့ဒီ ကုထုံးေတြစမ္းသပ္မႈဟာ ကာကြယ္ေဆးထက္ ပိုျမန္တာမို႔ လူေတြလက္ထဲျမန္ျမန္ေရာက္နိုင္ပါလိမ့္မယ္တဲ့။

🇺🇸 အေမရိကန္အစိုးရကလည္း လက္မေႏွးပါ။ Regeneron Pharmaceuticals ကေန Covid-19 antibody cocktail ကုထုံးကို ေဒၚလာ သန္း ၄၅၀ ဖိုး စာခ်ဳပ္ခ်ဳပ္ထားၿပီးပါၿပီ။ အဲ့ဒီ Covid-19 antibody cocktail ကုထုံးဆိုတာက လူဖန္တီးယူထားတဲ့ antibody နဲ႕ Covid ေရာဂါကျပန္သက္သာလာတဲ့ လူနာဆီက antibody တို႔ကို ေရာစပ္ထားတဲ့စပ္ကုထုံးပါ။

(antibody = ေရာဂါကာကြယ္ေသာပဋိပစၥည္း)

အဲ့ဒီ ကုထုံးနဲ႕ကုရင္ လူနာကို ေရာဂါကုနိုင္သလို ေရာဂါကေနလည္း ကာကြယ္ေပးနိုင္ ပါတယ္ ။ ဒါေပမယ့္ လူနာဟာ အဲ့ဒီ antibody ကို အႀကိမ္ႀကိမ္ထိုးဖို႔ လိုေကာင္းလိုပါလိမ့္မယ္။ ဘီလ္ဂိတ္ေျပာခဲ့တဲ့ ေနာက္ ကုမၸဏီတစ္ခုျဖစ္တဲ့ Eli Lilly ဟာ Shanghai Junshi နဲ႕ေပါင္းၿပီး တ႐ုတ္ျပည္မွာ ၿပီးခဲ့တဲ့လက Phase 1 စမ္းသပ္ကုသမႈကို လုပ္ခဲ့ပါတယ္။ Eli Lilly ရဲ႕ အေမရိကန္က ပါတနာကလည္း တ႐ုတ္နိုင္ငံျပင္ပမွာ စမ္းသပ္မွာပါ။

ၿပီးခဲ့တဲ့လကပဲ Oxford University နဲ႕တြဲၿပီး ကာကြယ္ေဆးထုတ္ေနတဲ့ AstraZeneca က Vanderbilt University ကေန antibody ကုထုံးကို လိုင္စင္ရရွိခဲ့ပါတယ္။

ႏိုင္ငံႏွင့္ လူမ်ိဳးေပၚ လုိက္ျပီး အဆိုး၀ါးဆံုး အမ်ိဳးမ်ိဳး ျဖစ္ေနတဲ႕ ကိုဗစ္ ေၾကာင့္ ဒီႏွစ္အကုန္မွာ ေသႏႈန္း သိသိသာသာ ၾကီး ေလ်ာ့က်သြားလိမ့္မယ္လို႕ ဘီလ္ဂိတ္ေျပာ

အႏွစ္ခ်ဳပ္ေျပာရရင္…

Covid ကာကြယ္ေဆးကိုေစာင့္မေနပဲ antibody ကုထုံးကိုအရင္ ရနိုင္ေအာင္ ကာကြယ္ေဆးနဲ႕ၿပိဳင္တူ တြန္းၿပီးႀကိဳးစားေနတာကို ေတြ႕ရပါတယ္။

-ဒီႏွစ္အကုန္ မွာ ကာကြယ္ေဆးႏွစ္မ်ိဳးေလာက္ ရနိုင္မယ္လို႔ ယူဆရပါတယ္။

-ကုသေဆးဘက္က Remdesivir ကို လူေတြအလြယ္တကူသုံးနိုင္ေအာင္လုပ္ေနတာေတြ႕ရပါတယ္။

-ဘီလ္ဂိတ္အေျပာအရ ႏွစ္ကုန္မွာ ေသာက္ေဆးႏွစ္ခုေပၚနိုင္ပါတယ္။

-antibody ကုထုံးသုံးခုေလာက္ကလည္း အေျခအေနေကာင္းေနပါတယ္။

ဘီလ္ဂိတ္ရဲ႕ခန႔္မွန္းခ်က္အရ အခုကမာၻ႔ကပ္ေရာဂါျပႆနာႀကီးကို ကာကြယ္ေဆးမေပၚခင္ ကုသေဆးေတြနဲ႕ ေၾကာက္စရာေရာဂါႀကီးအျဖစ္မွ အသက္ဆုံးရႈံးမွာသိပ္မစိုးရိမ္ရတဲ့ ကုသေဆးရွိတဲ့ေရာဂါတစ္ခုအျဖစ္ အသြင္ေျပာင္းပစ္နိုင္ဖို႔မ်ားပါတယ္တဲ့ခင္ဗ်ား။

အဲ့လိုဆိုရင္ ကမာၻႀကီးဟာ ထင္တာထက္ပိုျမန္ၿပီး ျပန္လည္သက္ဝင္လႈပ္ရွားနိုင္လာပါလိမ့္မယ္။

ဘီလ္ဂိတ္မွန္းထားသလို ကုထုံးနဲ႕ ကုသေဆးေတြေရာ ကာကြယ္ေဆးေရာ ဒီႏွစ္မကုန္ခင္မွာ ရပါေစလို႔ဆုေတာင္းလိုက္ပါတယ္။

အခ်ိန္မရလို႔ အေသးစိတ္ေရးမေပးနိုင္တာခြင့္လႊတ္ပါ။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant

29-July-2020

Unicode

Covid – 19 ကြောင့် သေနှုန်းဟာ ဒီနှစ် အကုန် မှာ သိသိသာသာကြီး လျော့ကျသွား လိမ့်မယ် လို့ ဘီလ်ဂိတ် ကမှန်းပါ သတဲ့ ။

အင်္ဂါနေ့က CNBC နဲ့ အင်တာဗျူးလွှင့်ရာမှာ ဘီလ်ဂိတ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ ဘီဂိတ်အင်တာဗျူးအကြောင်းမပြောခင် ကမ္ဘာ့ Covid အခြေအနေကိုအရင်ပြောပါမယ်။ ယနေ့အထိ ကမ္ဘာမှာ Covid ပိုးတွေ့ရှိသူပေါင်း ၁၆.၉၇ သန်း ရှိပါတယ်။ နက်ဖြန်မှာ ၁၇ သန်းပြည့်ပါလိမ့်မယ်။

ကူးစက်နှုန်းက ကြောက်ခမန်းလိလိပါ။ ဒီတစ်လခွဲကာလအတွင်းမှာ နှစ်ဆတိတိဖြစ်သွားခဲ့တာပါ။ အလွန်မြန်ပါတယ်။ တိတိကျကျပြောရရင် ဇွန်လ ၁၄ ရက်နေ့မှာ ၈ သန်းပြည့်ပါတယ်။ ၁၆ သန်းကို ဇူလိုင် ၂၅ မှာပြည့်တာမို့ တစ်လခွဲတောင်မကြာခဲ့ပါ။

အခု ၅ ရက်အတွင်းမှာ နောက်တစ်သန်းထပ်တိုးသွားပြန်ပါပြီ။ မယုံနိုင်လောက်အောင် ကူးစက်မှုမြန်ဆန်လွန်းပါတယ်။ ဒီနှုန်းနဲ့သာတိုးရင် လပိုင်းအတွင်း သန်း ၅၀ ဖြစ်သွားမှာပါ။ နှစ်မကုန်ခင်မှာ သန်း ၁၀၀ ဖြစ်သွားနိုင်ပါတယ်။ ပြဿနာက အခုထိအမြင့်ဆုံး peak ကို မရောက်သေးတာပါ။ ရောက်ပြီးရင် Poission distribution နဲ့ဆင်းရင် နှစ်ဆလောက် ဖြစ်မှာပါ။ ကာကွယ်ဆေးရော ကုသဆေးရောအရေးတကြီးလိုအပ်နေပါပြီ။

နိုင်ငံနှင့် လူမျိုးပေါ် လိုက်ပြီး အဆိုးဝါးဆုံး အမျိုးမျိုး ဖြစ်နေတဲ့ ကိုဗစ် ကြောင့် ဒီနှစ်အကုန်မှာ သေနှုန်း သိသိသာသာ ကြီး လျော့ကျသွားလိမ့်မယ်လို့ ဘီလ်ဂိတ်ပြော

လူတွေအကြောက်ဆုံးက Covid ကြောင့်လူသေဆုံးမှု နဲ့ ပျောက်ကင်းခဲ့ရင်တောင် ဆိုးရွားတဲ့နောက်ဆက်တွဲရောဂါခံ စားရမှုဖြစ်မှာကိုပါ။ နိုင်ငံနဲ့ လူအမျိုးမျိုးပေါ်မူတည်ပြီး အခြေအနေဆိုးရွားနိုင်မှု အမျိုးမျိုးဖြစ်နေပါတယ်။ အခုအချိန်အထိ ကမ္ဘာမှာ Covid ဖြစ်မှုအများဆုံး နိုင်ငံ ၂၀ မှာ ယူကေနိုင်ငံက ၁၅. ၂ ရာနှုန်းအထိရှိပြီး ဆော်ဒီမှာတော့ ၁ ရာနှုန်းပဲရှိတာ တွေ့ရပါတယ်။ နိုင်ငံအများစုမှာတော့ သေနှုန်းဟာ ၄ ရာနှုန်းနဲ့ အောက်မှာပဲရှိနေတာကို တွေ့ရပါတယ်။ အခုလက်ရှိအခြေအနေကို တင်ပြအပြီးမှာ ဘီလ်ဂိတ်ရဲ့ အင်တာဗျူးကိုဆက်လက်တင်ပြပါမယ်။

Gilead Sciences ရဲ့ Remdesivir ဆေးဟာ လူနာတွေအနေနဲ့ ရောဂါလက္ခဏာတစ်ခုခုပြတာနဲ့ သုံးစွဲနိုင်တဲ့အထိ အဆင်ပြေအောင် ကြိုးပမ်းနေကြတယ်လို့ ဘီလ်ဂိတ်ကဆိုပါတယ်။ Remdesivir ဆေးကို အမေရိကန် FDA က မေလအတွင်းမှာ ဆေးရုံတွေရှိ Covid ရောဂါအခြေအနေဆိုးတဲ့လူနာတွေမှာ အရေးပေါ်သုံးစွဲခွင့်ပြုထားတာပါ။

အကြောဆေးအနေနဲ့ပဲ ventilator နဲ့ အခြားအသက်ကူရှုကိရိယာသုံးရသူတွေမှာ ထိုးပေးခဲ့တာပါ။ ပြီးခဲ့တဲ့လက Gilead Sciences ရဲ့ CEO Daniel O’Day က လူမှာရှုဆေးအနေနဲ့စမ်းသပ်သုံးနိုင်ဖို့ FDA က ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ inhaler ရှုဆေးဆိုတာက နှာခေါင်းကနေ အလွယ်တကူရှုပြီး အသက်ရှုလမ်းကြောင်းကို ပိုးသတ်လို့ရတဲ့ဆေးမျိုးကို ဆိုလိုပုံရပါတယ်။

နိုင်ငံနှင့် လူမျိုးပေါ် လိုက်ပြီး အဆိုးဝါးဆုံး အမျိုးမျိုး ဖြစ်နေတဲ့ ကိုဗစ် ကြောင့် ဒီနှစ်အကုန်မှာ သေနှုန်း သိသိသာသာ ကြီး လျော့ကျသွားလိမ့်မယ်လို့ ဘီလ်ဂိတ်ပြော

ဒါဆိုရင် ရောဂါစဖြစ်တာနဲ့ ဆေးရုံပြင်ပမှာ လွယ်လွယ်ကူကူ သုံးစွဲနိုင်မယ့်သဘောဖြစ်တာမို့ #ရောဂါအခြေအနေဆိုးဝါးမှုကိုစောစောစီးစီးတားဆီးနိုင်မယ့်သဘောဖြစ်ပါတယ်။ စောစောစီးစီးကုလို့ပျောက်ရင် အသက်အန္တရာယ်သိပ်မစိုးရိမ်ရတော့ပါဘူး။ ဘီလ်ဂိတ်က အခြား Covid အတွက် ကုသနိုင်မယ့် #ကုထုံးနှစ်ခုရှိသေးကြောင်း ပြောပါတယ်။

ဘယ်ဆေး ဘယ်ကုထုံးတွေလို့ အတိအကျမပြောပဲ ဒီနှစ်ကုန်မှာ Remdesivir လိုပဲ Covid ကြောင့် အသက်ဆုံးရှုံးမယ့်ဘေးက ကယ်တင်ပေးနိုင်မယ့် ဆေးနှစ်ခု ဒီနှစ်ကုန်မှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

အကြောဆေးထက် သောက်ဆေးဖြစ်ဖို့များတာကြောင့် လူတွေစောစီးလွယ်ကူစွာသုံးစွဲနိုင်ပါလိမ့်မယ်တဲ့။ Monoclonal antibodies နည်းဟာ အခြေအနေအကောင်းဆုံးနည်းဖြစ်လာနိုင်ပြီး Regeneron, Eli Lilly နဲ့ AstraZeneca တို့က အသေအချာကြိုးပမ်းနေကြပါတယ်တဲ့။ အဲ့ဒီ ကုထုံးတွေစမ်းသပ်မှုဟာ ကာကွယ်ဆေးထက် ပိုမြန်တာမို့ လူတွေလက်ထဲမြန်မြန်ရောက်နိုင်ပါလိမ့်မယ်တဲ့။

🇺🇸 အမေရိကန်အစိုးရကလည်း လက်မနှေးပါ။ Regeneron Pharmaceuticals ကနေ Covid-19 antibody cocktail ကုထုံးကို ဒေါ်လာ သန်း ၄၅၀ ဖိုး စာချုပ်ချုပ်ထားပြီးပါပြီ။ အဲ့ဒီ Covid-19 antibody cocktail ကုထုံးဆိုတာက လူဖန်တီးယူထားတဲ့ antibody နဲ့ Covid ရောဂါကပြန်သက်သာလာတဲ့ လူနာဆီက antibody တို့ကို ရောစပ်ထားတဲ့စပ်ကုထုံးပါ။

(antibody = ရောဂါကာကွယ်သောပဋိပစ္စည်း)

အဲ့ဒီ ကုထုံးနဲ့ကုရင် လူနာကို ရောဂါကုနိုင်သလို ရောဂါကနေလည်း ကာကွယ်ပေးနိုင် ပါတယ် ။ ဒါပေမယ့် လူနာဟာ အဲ့ဒီ antibody ကို အကြိမ်ကြိမ်ထိုးဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဘီလ်ဂိတ်ပြောခဲ့တဲ့ နောက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Eli Lilly ဟာ Shanghai Junshi နဲ့ပေါင်းပြီး တရုတ်ပြည်မှာ ပြီးခဲ့တဲ့လက Phase 1 စမ်းသပ်ကုသမှုကို လုပ်ခဲ့ပါတယ်။ Eli Lilly ရဲ့ အမေရိကန်က ပါတနာကလည်း တရုတ်နိုင်ငံပြင်ပမှာ စမ်းသပ်မှာပါ။

ပြီးခဲ့တဲ့လကပဲ Oxford University နဲ့တွဲပြီး ကာကွယ်ဆေးထုတ်နေတဲ့ AstraZeneca က Vanderbilt University ကနေ antibody ကုထုံးကို လိုင်စင်ရရှိခဲ့ပါတယ်။

နိုင်ငံနှင့် လူမျိုးပေါ် လိုက်ပြီး အဆိုးဝါးဆုံး အမျိုးမျိုး ဖြစ်နေတဲ့ ကိုဗစ် ကြောင့် ဒီနှစ်အကုန်မှာ သေနှုန်း သိသိသာသာ ကြီး လျော့ကျသွားလိမ့်မယ်လို့ ဘီလ်ဂိတ်ပြော

အနှစ်ချုပ်ပြောရရင်…

Covid ကာကွယ်ဆေးကိုစောင့်မနေပဲ antibody ကုထုံးကိုအရင် ရနိုင်အောင် ကာကွယ်ဆေးနဲ့ပြိုင်တူ တွန်းပြီးကြိုးစားနေတာကို တွေ့ရပါတယ်။

-ဒီနှစ်အကုန် မှာ ကာကွယ်ဆေးနှစ်မျိုးလောက် ရနိုင်မယ်လို့ ယူဆရပါတယ်။

-ကုသဆေးဘက်က Remdesivir ကို လူတွေအလွယ်တကူသုံးနိုင်အောင်လုပ်နေတာတွေ့ရပါတယ်။

-ဘီလ်ဂိတ်အပြောအရ နှစ်ကုန်မှာ သောက်ဆေးနှစ်ခုပေါ်နိုင်ပါတယ်။

-antibody ကုထုံးသုံးခုလောက်ကလည်း အခြေအနေကောင်းနေပါတယ်။

ဘီလ်ဂိတ်ရဲ့ခန့်မှန်းချက်အရ အခုကမ္ဘာ့ကပ်ရောဂါပြဿနာကြီးကို ကာကွယ်ဆေးမပေါ်ခင် ကုသဆေးတွေနဲ့ ကြောက်စရာရောဂါကြီးအဖြစ်မှ အသက်ဆုံးရှုံးမှာသိပ်မစိုးရိမ်ရတဲ့ ကုသဆေးရှိတဲ့ရောဂါတစ်ခုအဖြစ် အသွင်ပြောင်းပစ်နိုင်ဖို့များပါတယ်တဲ့ခင်ဗျား။

အဲ့လိုဆိုရင် ကမ္ဘာကြီးဟာ ထင်တာထက်ပိုမြန်ပြီး ပြန်လည်သက်ဝင်လှုပ်ရှားနိုင်လာပါလိမ့်မယ်။

ဘီလ်ဂိတ်မှန်းထားသလို ကုထုံးနဲ့ ကုသဆေးတွေရော ကာကွယ်ဆေးရော ဒီနှစ်မကုန်ခင်မှာ ရပါစေလို့ဆုတောင်းလိုက်ပါတယ်။

အချိန်မရလို့ အသေးစိတ်ရေးမပေးနိုင်တာခွင့်လွှတ်ပါ။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant

29-July-2020

Add a Comment

Your email address will not be published. Required fields are marked *