









Unicode

အရက်သောက်ခြင်းကြောင့် ကိုယ်ခံအား စနစ်အားနည်း သွားပြီး ကိုဗစ် ရောဂါကူးစက်နိုင် သည့် အန္တရာယ်ပိုများကြောင်း အမေရိကန် ဆရာဝန်များ က သတိပေး လိုက်ပါတယ်။

အရက် ကို လွန်ကဲစွာ မကြာခဏေ သာက်ခြင်းကြောင့် ကျန်းမာရေးအတွက် ပြင်းထန်သောအန္တရာယ် အချို့ဖြစ်စေနိုင်ပြီး အထူးသဖြင့် ကိုဗစ်ရောဂါ အန္တရာယ်ရှိကြောင်း အမေရိကန် ရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာန CDC ကလည်း သတိပေးထားပါတယ်။

အရက်ကြိုက်သူများ ကိုဗစ်ကူးစက်နိုင်မှုနှုန်း မြင့်မားဟာ ပညာရှင်များ သတိပေးလိုက်

အရက် သောက်ခြင်းနှင့် ယင်းရောဂါဖြစ်ပွားမှုကြား ဆက်စပ်မှုကို လေ့လာထားသော လေ့လာမှုများ မရှိသေးသော်လည်း အရက်သောက်ခြင်းကြောင့် ကိုယ်ခံအားနည်းသွားစေနိုင်၍ ရောဂါအလွယ်တကူ ကူးစက်နို င်ကြောင်း ဆရာဝန်များ က ပြောကြားထား ပါတယ်။

အရက်ကြိုက်သူများ ကိုဗစ်ကူးစက်နိုင်မှုနှုန်း မြင့်မားဟာ ပညာရှင်များ သတိပေးလိုက်

သွေးထဲတွင် အရက်ရှိနေသော အချိန် ၌ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရ ပါက ခန္ဓာကိုယ် ၏ ရောဂါ တိုက်ထုတ်နိုင်စွမ်း လျော့နည်းမှုနှင့်ကြုံနိုင် သဖြင့် အလွယ်တကူ ရောဂါ ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့ ( WHO ) ကလည်း သတိပေးထား ပါတယ် ။

အရက်ကြိုက်သူများ ကိုဗစ်ကူးစက်နိုင်မှုနှုန်း မြင့်မားဟာ ပညာရှင်များ သတိပေးလိုက်

ထို့ပြင် အရက် သောက်ခြင်းကြောင့် အူနံရံများ ရှိဆဲလ်များ ထိခိုက် ပျက်စီးနိုင်ကြောင်း ပညာရှင်များ က ပြော ပါတယ် ။

အရက်နှင့် ဆေးလိပ်သောက်သူ များ ကိုဗစ် ရောဂါကူးစက်ခံ ရပါက ရောဂါ လက္ခဏာ များ ပိုမိုပြင်းထန်လေ့ရှိကြောင်း လည်း ပညာရှင်များ က ပြော ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *