မြန်မာ့ အိမ်နီးချင်း တွေမှာ တင်မဟုတ် ကိုရီးယားမှာပါ ရေကြီးနေပြီ..အိမ် နှင့် ကား အစီးရေပေါင်း ရာ နဲ့ ချီ နစ်မြုပ်









SiThu Maung

Unicode

ကိုရီးယား တွင် မိုးသည်းထန်စွာ ရွာပြီး ရေကြီးနေ ၊ ကား အစီးရေပေါင်း ရာ နဲ့ ချီ နစ်မြုပ်

တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်း ရှိ Daejeon (ဒယ်ဂျွန်း) မြို့နှင့် ခရိုင်ချင်းဆက်ဒေသများတွင် ဇူလိုင် ၃၀ ရက်နေ့ မနက် ၀၁:၀၀ ချိန်မှစ၍ နံနက် ၀၄:၀၀ ချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံဖြစ်ပေါ်ကာ လူတစ်ဦး သေဆုံးပြီး ရာနှင့် ချီသော အိမ်များနှင့် ကားများနစ်မြုပ် ခဲ့တယ်လို့ သိရပါတယ်။

ကိုရီးယားမိုးလေဝသစီမံခန့်ခွဲမှု (KMA) ရဲ့ အဆိုအရ ဆိုးလ်တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာရှိ Daejeon ၌ မိုးရေချိန် ၁၉၇ မီလီမီတာ၊ ကြာသပတေးနေ့ နံနက် ၁၁ နာရီအထိ၊ Geumsan ၌ ၁၅၀.၅ မီလီမီတာ၊ Gyerong တွင် ၁၄၄ မီလီမီတာ၊ Nonsan တွင် ၁၄၂ မီလီမီတာ၊ Cheonan ရှိ ၁၁၈ မီလီမီတာနှင့် Sejong တွင် ၁၁၁.၅ မီလီမီတာအထိ မိုးရေချိန်မြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ် ကာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ မှ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြရပါသည်။

SiThu Maung

Add a Comment

Your email address will not be published. Required fields are marked *