အေမရိကန္ ႀကိဳက္ သေလာက္ ပိ တ္ဆို႕ ဖိအားေပး လည္း ပဲ့ထိန္း ဒုံးက်ည္ နဲ႔ န်ဴက လီး ယား စီမံကိန္း ကို မရပ္တန႔္ဘူးဟု အီရန္ ေျပာ

ပဲ့ ထိန္း ဒုံးက်ည္ ထုတ္ လုပ္ေရး နဲ႔ န်ဴက လီးယား စက္႐ုံ တည္ ေဆာက္ေရး တို႔ကို အေမရိကန္ ရပ္တန ႔္ဖို႔ ေတာင္း ဆို ေနတာ ကို အီရန္ အေန နဲ႔ လိုက္ေလ်ာလိမ့္ မွာ မဟုတ္ဘူး လို႔ ဘာသာေရး ဥေသွ်ာင္ အလီ ခါေမနီ က ေျပာ ပါတယ္ ။ အီရန္ ဟာ အေမရိကန္ ရဲ႕ အႏိုင္က်င့္မႈ ကို ရင္ဆိုင္ ႏိုင္စြမ္းရွိတယ္ လို႔ လည္း သူက ဆို ပါ တယ္ ။

အေမရိကန္ ၾကိဳက္သေလာက္ပိတ္ဆို႕ ဖိအားေပးလည္း ပဲ့ထိန္းဒုံးက်ည္ နဲ႔ န်ဴကလီးယား စီမံကိန္း ကို မရပ္တန႔္ဘူးဟု အီရန္ ေျပာ

အီရန္ အေပၚ အေမ ရိ ကန္ ရဲ႕ ဒဏ္ခတ္ ပိတ္ဆို႔မႈ ဟာ အီရန္ ရဲ႕ စီးပြားေရး ကို ဖ်က္ဆီးဖို႔ နဲ႔ ေဒသတြင္း ဩဇာလြမ္းမိုးမႈ ကို ေလွ်ာ့ခ်ပစ္ ဖို႔ ျဖစ္ေပမယ့္ ဒါဟာ အီရန္ ကို ပိုၿပီး ႀကံ့ႀကံ့ခိုင္ႏိုင္စြမ္း ရွိလာေစ တယ္ လို႔ အိဒ္ေန႔ အထိမ္း အမွတ္ ႐ုပ္သံ ကေန မိန႔္ခြန္းေျပာ ရာမွာ ခါေမနီက ေျပာ ပါတယ္ ။ “ဒီ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြဟာ အီရန္ႏိုင္ငံ အေပၚ က်ဳးလြန္ တဲ့ ရာဇဝတ္မႈ ျဖစ္တယ္။

အေမရိကန္ ၾကိဳက္သေလာက္ပိတ္ဆို႕ ဖိအားေပးလည္း ပဲ့ထိန္းဒုံးက်ည္ နဲ႔ န်ဴကလီးယား စီမံကိန္း ကို မရပ္တန႔္ဘူးဟု အီရန္ ေျပာ

အီရန္ရဲ႕ အုပ္ခ်ဳပ္ေရး ကို ပစ္မွတ္ထားပုံ ရေပမယ့္ တစ္ႏိုင္ငံလုံး ကို ထိခိုက္ေစတာ ျဖစ္တယ္။ ”လို႔ သူက ေျပာ ပါ တယ္ ။အေမရိကန္ က ဘယ္လိုပဲ ႀကိဳးစားႀကိဳးစား အီရန္ဟာ ကိုယ့္ရဲ႕ ကာကြယ္ေရး အတြက္ ပဲ့ ထိန္း ဒုံးက်ည္ေတြ ထုတ္လုပ္မႈနဲ႔ န်ဴကလီးယားစက္႐ုံေတြကို ရပ္တန႔္မွာ မဟုတ္ဘူးလို႔ ခါေမနီ က ေျပာ ပါတယ္ ။ အီရန္အေန နဲ႔ တတ္သမွ် ခုခံသြားမယ္လို႔လည္း သူက သတိေပး ပါ တယ္ ။

အေမရိကန္ ၾကိဳက္သေလာက္ပိတ္ဆို႕ ဖိအားေပးလည္း ပဲ့ထိန္းဒုံးက်ည္ နဲ႔ န်ဴကလီးယား စီမံကိန္း ကို မရပ္တန႔္ဘူးဟု အီရန္ ေျပာ

“အ မ်ိဳး သား စြမ္းေဆာင္ ရည္ နဲ႔ ေရနံအေပၚ မွီခိုေန ရတာကို ေလွ်ာ့ခ်ၿပီး အေမရိကန္ရဲ႕ ဖိအားကို တြန္းလွန္သြားၾကရမွာ ျဖစ္တယ္။”လို႔ ၎က ဆိုပါတယ္။အေမရိကန္ဟာ အီရန္အေပၚ ဖိအားေတြ ဆက္တိုက္ေပး လ်က္ ရွိေနၿပီး ပုံမွန္ ႏိုင္ငံမ်ိဳးျဖစ္ ဖို႔ လိုအပ္ရင္ အင္အား သုံးသြား မယ္ လို႔ ပါ ေျပာ ဆို ထား တာ ျဖစ္ ပါ တယ္။

သမၼတ ေဒၚနယ္ထရမ့္ လက္ထက္ မွာ အရင္ သမၼတေဟာင္း အိုဘားမား ရဲ႕ ေပၚလစီေတြ ကို ေျပာင္းျပန္ လွန္ၿပီး အီရန္ အေပၚ ဆက္ဆံလာ ခဲ့ တာ ပါ ။

အေမရိကန္ ၾကိဳက္သေလာက္ပိတ္ဆို႕ ဖိအားေပးလည္း ပဲ့ထိန္းဒုံးက်ည္ နဲ႔ န်ဴကလီးယား စီမံကိန္း ကို မရပ္တန႔္ဘူးဟု အီရန္ ေျပာ

၂၀၁၅ အီရန္ န်ဴကလီးယား သေဘာ တူညီခ်က္ကေန အေမရိကန္ ဟာ ႏုတ္ ထြက္ၿပီး ဒဏ္ခတ္ ပိတ္ ဆို႔မႈေတြ ျပန္က်င့္သုံး လာတာေၾကာင့္ ႏွစ္ႏိုင္ငံ တင္းမာမႈ ဒီေရ ျမင့္တက္ေနခဲ့ တာလည္း ျဖစ္ ပါ တယ္။ YGN Times

Unicode

ပဲ့ ထိန်း ဒုံးကျည် ထုတ် လုပ်ရေး နဲ့ နျူက လီးယား စက်ရုံ တည် ဆောက်ရေး တို့ကို အမေရိကန် ရပ်တန့်ဖို့ တောင်း ဆို နေတာ ကို အီရန် အနေ နဲ့ လိုက်လျောလိမ့် မှာ မဟုတ်ဘူး လို့ ဘာသာရေး ဥသျှောင် အလီ ခါမေနီ က ပြော ပါတယ် ။ အီရန် ဟာ အမေရိကန် ရဲ့ အနိုင်ကျင့်မှု ကို ရင်ဆိုင် နိုင်စွမ်းရှိတယ် လို့ လည်း သူက ဆို ပါ တယ် ။

အီရန် အပေါ် အမေ ရိ ကန် ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ဟာ အီရန် ရဲ့ စီးပွားရေး ကို ဖျက်ဆီးဖို့ နဲ့ ဒေသတွင်း ဩဇာလွမ်းမိုးမှု ကို လျှော့ချပစ် ဖို့ ဖြစ်ပေမယ့် ဒါဟာ အီရန် ကို ပိုပြီး ကြံ့ကြံ့ခိုင်နိုင်စွမ်း ရှိလာစေ တယ် လို့ အိဒ်နေ့ အထိမ်း အမှတ် ရုပ်သံ ကနေ မိန့်ခွန်းပြော ရာမှာ ခါမေနီက ပြော ပါတယ် ။ “ဒီ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ အီရန်နိုင်ငံ အပေါ် ကျုးလွန် တဲ့ ရာဇဝတ်မှု ဖြစ်တယ်။

အီရန်ရဲ့ အုပ်ချုပ်ရေး ကို ပစ်မှတ်ထားပုံ ရပေမယ့် တစ်နိုင်ငံလုံး ကို ထိခိုက်စေတာ ဖြစ်တယ်။ ”လို့ သူက ပြော ပါ တယ် ။အမေရိကန် က ဘယ်လိုပဲ ကြိုးစားကြိုးစား အီရန်ဟာ ကိုယ့်ရဲ့ ကာကွယ်ရေး အတွက် ပဲ့ ထိန်း ဒုံးကျည်တွေ ထုတ်လုပ်မှုနဲ့ နျူကလီးယားစက်ရုံတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ခါမေနီ က ပြော ပါတယ် ။ အီရန်အနေ နဲ့ တတ်သမျှ ခုခံသွားမယ်လို့လည်း သူက သတိပေး ပါ တယ် ။

“အ မျိုး သား စွမ်းဆောင် ရည် နဲ့ ရေနံအပေါ် မှီခိုနေ ရတာကို လျှော့ချပြီး အမေရိကန်ရဲ့ ဖိအားကို တွန်းလှန်သွားကြရမှာ ဖြစ်တယ်။”လို့ ၎င်းက ဆိုပါတယ်။အမေရိကန်ဟာ အီရန်အပေါ် ဖိအားတွေ ဆက်တိုက်ပေး လျက် ရှိနေပြီး ပုံမှန် နိုင်ငံမျိုးဖြစ် ဖို့ လိုအပ်ရင် အင်အား သုံးသွား မယ် လို့ ပါ ပြော ဆို ထား တာ ဖြစ် ပါ တယ်။

သမ္မတ ဒေါ်နယ်ထရမ့် လက်ထက် မှာ အရင် သမ္မတဟောင်း အိုဘားမား ရဲ့ ပေါ်လစီတွေ ကို ပြောင်းပြန် လှန်ပြီး အီရန် အပေါ် ဆက်ဆံလာ ခဲ့ တာ ပါ ။

၂၀၁၅ အီရန် နျူကလီးယား သဘော တူညီချက်ကနေ အမေရိကန် ဟာ နုတ် ထွက်ပြီး ဒဏ်ခတ် ပိတ် ဆို့မှုတွေ ပြန်ကျင့်သုံး လာတာကြောင့် နှစ်နိုင်ငံ တင်းမာမှု ဒီရေ မြင့်တက်နေခဲ့ တာလည်း ဖြစ် ပါ တယ်။ YGN Times

Add a Comment

Your email address will not be published. Required fields are marked *