တောင်ဥက္ကလာပမြို့နယ် မှ နှစ်လောင်းပြိုင် ပန်းထိမ် လင်မယား အသတ်ခံရမှု ပြစ်မှုကျူးလွန်သူကို CCTV မှတ်တမ်းဖြင့် ရှာဖွေနေ


တောင်ဥက္ကလာပမြို့နယ် မှ နှစ်လောင်းပြိုင် ပန်းထိမ် လင်မယား အသတ်ခံရမှု ပြစ်မှုကျူးလွန်သူကို CCTV မှတ်တမ်းဖြင့် ရှာဖွေနေ



တောင်ဥက္ကလာပမြို့နယ် မှ နှစ်လောင်းပြိုင် ပန်းထိမ် လင်မယား အသတ်ခံရမှု ပြစ်မှုကျူးလွန်သူကို CCTV မှတ်တမ်းဖြင့် ရှာဖွေနေ

အသတ် ခံ ခဲ့ရ တဲ့ လင်မယားနှစ်ဦး မှာ ကိုထွန်းနိုင် နဲ့ မလှလှ တို့ဖြစ်ပြီး အသတ်မခံရ မီ အချိန်မှာ နေအိမ် ကို ပြစ်မှုကျူးလွန်သူက ဆိုက်ကားဖြင့် လာရောက်ခဲ့တာကို CCTV အရ သိရှိရတဲ့ အ တွက် သွား ခဲ့တဲ့ လမ်းကြောင်းတွေ အရ မကြာခင် မှာဖမ်းမိနိုင်ဖို့များတယ် လို့ ဆို ပါ တယ်။

တောင်ဥက္ကလာပမြို့နယ် မှ နှစ်လောင်းပြိုင် ပန်းထိမ် လင်မယား အသတ်ခံရမှု ပြစ်မှုကျူးလွန်သူကို CCTV မှတ်တမ်းဖြင့် ရှာဖွေနေ


တောင်ဥက္ကလာပမြို့နယ် မှ နှစ်လောင်းပြိုင် ပန်းထိမ် လင်မယား အသတ်ခံရမှု ပြစ်မှုကျူးလွန်သူကို CCTV မှတ်တမ်းဖြင့် ရှာဖွေနေ


Unicode

တောင် ဥက္က လာပမြို့ နယ် ၊ ပန်း ထိမ် လင်မယား ၂ ဦး အ သတ်ခံ ရ မှု ပြစ်မှုကျူး လွန်သူ ကို CCTV မှတ် တမ်းဖြင့် ရှာဖွေ ဖမ်းဆီး ဖို့ လုပ်နေ တယ် လို့ ၇ ရပ်ကွက် အုပ်ချုပ် ရေးမှုး ဦးလှမြင့် က သြဂုတ် လ ၁ ရက်နေ့ မှာ ပြော ပါ တယ် ။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ညပိုင်း က တောင်ဥက္ကလာပမြို့နယ် ၊အမှတ် ၇ရပ်ကွက် ၆ လမ်းရှိ ကန်ထရိုက်တိုက် ၅ လွှာမှာ နေထိုင် တဲ့ ပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူ လင်မယားနှစ်ဦး အသတ် ခံ ခဲ့ ရ ပါ တယ်။ အဲ့ဒီ အသတ်ခံရမှု အတွက် ပြစ်မှုကျူးလွန်သူ ကို CCTV မှတ်တမ်းကြည့်ပြီး ရှာဖွေ ဖမ်းဆီဖို့ ဆောင်ရွက်နေတာဖြစ် ပါတယ် ။

“အဲဒီ လင်မယား အသတ် ခံ ရ တာ ကို ဦးဘတိုး ဆိုသူ ကလာအကြောင်းကြား တယ် ။ကျနော်လည်း နယ်ထိန်း ကို ဖုန်းဆက်ပြီး သွားကြည့်တယ် တရားခံကိုရှာနေဆဲပါပဲ”လို့ အုပ်ချုပ်ရေးမှုး ကပြော ပါ တယ် ။

အသတ် ခံ ခဲ့ရ တဲ့ လင်မယားနှစ်ဦး မှာ ကိုထွန်းနိူင် နဲ့ မလှလှ တို့ဖြစ်ပြီး အသတ်မခံရ မီ အချိန်မှာ နေအိမ် ကို ပြစ်မှုကျူးလွန်သူက ဆိုက်ကားဖြင့် လာရောက်ခဲ့တာကို CCTV အရ သိရှိရတဲ့ အ တွက် သွား ခဲ့တဲ့ လမ်းကြောင်းတွေ အရ မကြာခင် မှာဖမ်းမိနိုင်ဖို့များတယ် လို့ ဆို ပါ တယ်။

တော င်ဥက္ကလာ ပမြို့ မရဲစခန်း မှ တာဝန်ရှိ အရာ ရှိ တစ်ဦးကတော့ ပန်းထိမ်လုပ်တဲ့ လင်မယားနှစ်ဦး အသတ်ခံ ရတဲ့ ကိစ္စဟာ တရား ဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်ခြင်းဖြစ်တာကြောင့် ပြစ်မှုကျူးလွန်သူ ကို အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ကြိုးစားသွားမယ် လို့ဆိုပါတယ်။

လက် ရှိ မှာတော့ ပြစ်မှုကျူးလွန်သူ ကို ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး အမှုကို စစ်ဆေးဆောင်ရွက်နေ တယ် လို့ တောင်ဥက္ကလာပမြို့မ ရဲစခန်း ကသိ ရ ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *