အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့် ( သံချပ်ကာ ) ကမ်းတက်ယာဉ် AAV တစင်း ရေနက်ပိုင်း အတွင်းနစ်မြှုပ်မှုဖြစ်ပွား
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့် ( သံချပ်ကာ ) ကမ်းတက်ယာဉ် AAV တစင်း ရေနက်ပိုင်း အတွင်းနစ်မြှုပ်မှုဖြစ်ပွား
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့် ( သံချပ်ကာ ) ကမ်းတက်ယာဉ် AAV တစင်း ရေနက်ပိုင်း အတွင်းနစ်မြှုပ်မှုဖြစ်ပွား
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့် ( သံချပ်ကာ ) ကမ်းတက်ယာဉ် AAV တစင်း ရေနက်ပိုင်း အတွင်းနစ်မြှုပ်မှုဖြစ်ပွား
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့် ( သံချပ်ကာ ) ကမ်းတက်ယာဉ် AAV တစင်း ရေနက်ပိုင်း အတွင်းနစ်မြှုပ်မှုဖြစ်ပွား
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့် ( သံချပ်ကာ ) ကမ်းတက်ယာဉ် AAV တစင်း ရေနက်ပိုင်း အတွင်းနစ်မြှုပ်မှုဖြစ်ပွား
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့် ( သံချပ်ကာ ) ကမ်းတက်ယာဉ် AAV တစင်း ရေနက်ပိုင်း အတွင်းနစ်မြှုပ်မှုဖြစ်ပွား
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့် ( သံချပ်ကာ ) ကမ်းတက်ယာဉ် AAV တစင်း ရေနက်ပိုင်း အတွင်းနစ်မြှုပ်မှုဖြစ်ပွား
၂၀၁၈ ဇွန်လအတွင်း က ၄င်းတို့အသုံးပြုလျှက် ရှိသည့် AAV များနေရာတွင် BAE Systems မှထုတ်လုပ်သည့် ‘Iveco’ ဘီးတပ် Super-AV များအာ Amphibious Combat Vehicle (ACV) ပရိုဂရမ် အရ အစားထိုးအသုံးပြုသွားမည် ဟု ကြေညာ ခဲ့သည်။ source : PhoNe (M.W.O)
Unicode
အမေရိကန် မရိန်းတပ်သား (၁) ယောက်သေဆုံး၊ (၂) ယောက် ဒဏ်ရာရခဲ့ပြီး (၈) ယောက်ပျောက်ဆုံး ခဲ့တဲ့ ကမ်းတက် အထောက် အကူပြု သံချပ်ကာယာဉ် (Assault amphibious vehicle- AAV) နှစ်မြုပ်မှု အဖြစ်အပျက် တစ်ခု သည် ဇူလိုင် (၃၀) ရက် (၂၀၂၀) ခုနှစ် တွင် ကာလီဖိုးနီးယား တောင်ပိုင်းရှိ ကမ်းခြေ အလွန် ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပျက် ခဲ့သည့် မရိန်းတပ်သား အားလုံးမှာ အမှတ် ၁၅ မရိန်း Expeditionary Unit (15th MEU) မှဖြစ်ကြောင်း အမေရိကန် မရိန်း တပ်ဖွဲ့(USMC) လက်အောက်ရှိ အမှတ် ၁ မရိန်း ရှာဖွေစွန့်စားရေးတပ်ဖွဲ့ (1 MEF) ကတဆင့် သိ ရသည် ။ အဆိုပါ တရားဝင် သိရှိမှုများ အရ အမေရိကန်ရေတပ်(U.S. Navy)နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များ မှ ပျောက်ဆုံးလျက်ရှိ သည့် စစ်သည် ၈ ဦးအား ပြန်လည်ရှာဖွေနေမှု တွင် အကူအညီပေးလျ က် ရှိကြောင်း သိရပါသည်။
မရိန်းတပ်ဖွဲ့ဝင်များအား သယ်ဆောင်လျက် ရေနက်ပိုင်း အတွင်း ထိခိုက်မှုဖြစ်ခဲ့သည့် ကမ်းတက်ယာဉ် မတော်တဆဖြစ်ရပ် သည် ခန်မှန်းခြေ (5:45 p.m-PST) အချိန်ကဖြစ်မည် ဟု ခန့်မှန်း ထားကြသည် ။ “ကျွန်တော်တို့ ဒီဝမ်းနည်းဖွယ်ကောင်း တဲ့ မတော်တဆဖြစ်ရပ် (tragic accident)အတွက် နက်နက်ရှိုင်းရှိုင်း ကြေကွဲပူဆွေး ရပါတယ်။ ခင်ဗျားတို့အနေ နဲ့ ကျွန်တော်တို့ရဲ့ မရိန်းတပ်သားတွေ, သငေ်္ဘာသားတွေ နဲ့ မိသားစုဝင်တွေ အတွက် လက်ရှိဒီရှာဖွေနေမှုကို အောင်အောင်မြင်မြင် အပြီးသတ်နိုင် ဖို့ ဆုတောင်းပေးနေစေချင် ပါတယ်” ဟုအထက် ပါဖြစ်စဉ် ပတ်သတ် ၍ 15th MEU မှ ကြီးကြပ်ကွပ်ကဲရေးအရာရှိဖြစ်သူ Col. Christopher Bronzi မှ ပြောကြားသည်။
ရှာဖွေ ကယ်ဆယ်ရေး အတွက် အမေရိကန်ရေတပ် ၏ Arleigh Burke-class ပဲ့ထိန်းဒုံးကျည် တပ်ဖျက်သငေ်္ဘာ USS Jhon Finn (DDG-113), Wasp-class ကမ်းတက် အထောက် အကူပြုစစ် ရေယာဉ် USS Makin lsland (LHD-8) မှ ရေတပ်သုံး MH-60 ရဟတ်ယာဉ် ၃ စင်းနှင့် ရှာဖွေရေးစစ်ရေယာဉ်ငယ်များ, San Antonio- class ကမ်းတက် သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ် သည့် USS Somerest (LPD-25) နှင့် USS San Diego (LPD-22)တို့ပါဝင်ကြသည်။ ထို့အပြင် အမေရိကန် ကမ်းခြေ စောင့်တပ်ဖွဲ့မှ Sentinel-class အလျင် အမြန် တုန့်ပြန်ရေး Cutter ဖြစ်သည့် USCGC Forest Rednour (WPC-1129) နှင့် ဆန်ဒီယေဂို ကမ်းခြေစောင့်တပ်ဖွဲ့အပိုင် မှ MH-60 Jayhawk ရဟတ်ယာဉ် ၁ စီး လည်း ပါဝင်ကူညီ ရှာဖွေပေးလျက် ရှိသည်။
ကမ်းတက် အထောက်အကူပြု သံချပ်ကာယာဉ် AAVP-7A1 များ သည် (လက်ရှိ စစ်သည် တင် LVTP-7 အဖြစ်လူ အများသိကြ) ခေတ်မီ အပြည့်အဝ သံကြိုးတပ် မြေပြင် ကမ်းတက် သံချပ်ကာ ယာဉ်များဖြစ်ကြပြီး လက်ရှိတွင် အမေရိကန်မရိန်းတပ်ဖွဲ့ ၏ စစ်သည် တင် ကမ်းတက်ယာဉ်များအဖြစ် အသုံးပြုလျက်ရှိသည်။
၂၀၁၈ ဇွန်လအတွင်း က ၎င်းတို့အသုံးပြုလျှက် ရှိသည့် AAV များနေရာတွင် BAE Systems မှထုတ်လုပ်သည့် ‘Iveco’ ဘီးတပ် Super-AV များအာ Amphibious Combat Vehicle (ACV) ပရိုဂရမ် အရ အစားထိုးအသုံးပြုသွားမည် ဟု ကြေညာ ခဲ့သည်။ source : PhoNe (M.W.O)
Add a Comment
Your email address will not be published. Required fields are marked *