တောင်တရုတ်ပင်လယ် စစ်ပွဲအတွက် ဂျပန်ရဲ့နည်းပညာ ပြင်ဆင်မူကြီးဖြစ်တဲ့ F-15J တိုက်လေယာဉ်များ အဆင့်မြှင့်တင်မှု အတွက် ဘိုးရင် ၊ မစ်ဆူဘီရှီ က လေယာဉ်ကုမ္ပဏီ နှင့် ကားကုမ္ပဏီ တို့ပါ ပူးပေါင်းဆောင်ရွက်



F-15J တိုက်လေယာဉ်များ အဆင့်မြှင့်တင်မှု အတွက် ဘိုးရင် ၊ မစ်ဆူဘီရှီ က လေယာဉ်ကုမ္ပဏီ နှင့် ကားကုမ္ပဏီ တို့ပါ ပူးပေါင်းဆောင်ရွက်




F-15J တိုက်လေယာဉ်များ အဆင့်မြှင့်တင်မှု အတွက် ဘိုးရင် ၊ မစ်ဆူဘီရှီ က လေယာဉ်ကုမ္ပဏီ နှင့် ကားကုမ္ပဏီ တို့ပါ ပူးပေါင်းဆောင်ရွက်



F-15J တိုက်လေယာဉ်များ အဆင့်မြှင့်တင်မှု အတွက် ဘိုးရင် ၊ မစ်ဆူဘီရှီ က လေယာဉ်ကုမ္ပဏီ နှင့် ကားကုမ္ပဏီ တို့ပါ ပူးပေါင်းဆောင်ရွက်




F-15J တိုက်လေယာဉ်များ အဆင့်မြှင့်တင်မှု အတွက် ဘိုးရင် ၊ မစ်ဆူဘီရှီ က လေယာဉ်ကုမ္ပဏီ နှင့် ကားကုမ္ပဏီ တို့ပါ ပူးပေါင်းဆောင်ရွက်



KoPheon (M.W.O)

Unicode

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မှာ ဘိုးရင်း-(Boeing) ကော်ပိုရေးရှင်း ကနေပြီး ဂျပန်နိုင်ငံ ရဲ့ စီပွားရေး လုပ်ငန်း စုကြီး တစ်ခု ဖြစ်တဲ့ မစ်ဆူဘီရှီ အကြီးစားစက်မှု လုပ်ငန်း (Mitsubishi Heavy lndustries-MHl) နဲ့ သဘော တူညီမှု စာချုပ် တစ်ခု ကို လက်မှတ်ရေး ထိုးနိုင်ခဲ့ ပါ တယ် ။

လက်မှတ်ရေး ထိုး ခဲ့တဲ့ အကြောင်း အရာ ကတော့ အမေရိကန်ကနေ တိုက်ရိုက် ကော်မာရှယ် နဲ့ ရောင်းချ (Direct Commercial Sale -DCS)ခဲ့ပြီး ဂျပန်လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ မှာ သာလွန် ကြားဖြတ်တိုက် လေယာဉ် (Super interceptor) အဖြစ် အသုံးပြုနေ တဲ့

ဘိုးရင်း ကုမ္ပဏီ ထုတ် F-15J ‘Eagle’ အမျိုးအစား တိုက်လေယာဉ် ၉၈ စီး ကို အဆင့်မြှင် တင်မှုများ ပြုလုပ်ရာ မှာ မစ်ဆူဘီရှီကော် ပိုရေးရှင်း နဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်သွား ဖို့ အတွက် ပဲ ဖြစ် ပါ တယ် ။

အဆိုပါစာချုပ်ဟာ အမေရိကန် အစိုးရ က ၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်း က ကြေညာ ခဲ့တဲ့ ဒေါ်လာ ၄.၅ ဘီလီယံ တန်ကြေးရှိ ခေတ်မီဆန်းသစ်ရေး အစီအစဉ်’Modernization program’ ရဲ့ အစိတ်အပိုင်း တစ်ရပ် လည်း ဖြစ် ပါတယ် ။

အဆင့်မြှင့်တင်မှုအနေ နဲ့ တိုက်ပွဲဝင် အီလက်ထရောနစ် နည်းပညာ နဲ့ လက်နက်တပ် ဆင်မှု ပညာရပ်ကနေ အစ’ပြုပါ မယ် ။

ပြီးမှ လေယာဉ် မောင်းခန်း(cockpit)ကို အဆင့်မြင့် နည်းပညာသစ်များ အသုံးပြုပြီး အစိတ်အပိုင်း အားလုံး ကို အစားထိုး လဲလှယ် သွားမှာပါ ။ ကမ္ဘာ့ စွမ်းဆောင်ရည် အမြင့်ဆုံး လို့ ဆိုရမဲ့ မစ်ရှင်း ကွန်ပြူတာ ကို အသုံးပြုပြီး ပိုင်းလော့များ အနေ နဲ့ တိုးမြှင့်ထား တဲ့ နည်း ပညာကြောင့် သက်တောင့် သက်သာ ရှိစွာပဲ ကိုင်တွယ် အသုံးပြု ရလွယ်ကူစေ မယ် လို့ ဆို ပါ တယ် ။

သဘော တူစာချုပ် မှာ ဘိုးရင်းကုမ္ပဏီကနေပြီး မစ်ဆူဘီရှီနဲ့အတူ ပထမဆုံး F-15J တိုက်လေယာဉ် ၂ စီးကို မြေပြင်အထောက်- အကူပြု စစ်လက်နက်အစိတ်အပိုင်းများနဲ့ နည်းပညာ ပိုင်းတွေ မှာ အဆင့်မြှင့်တင်မှုပြုပြီး သာလွန်ကြားဖြတ်တိုက်လေယာဉ် တစ်စင်း ပုံသဏ္ဍန်ပေါ်လွင်စေဖို့ စီစဉ်ဆောင်ရွက်ပေး ရမှာ ဖြစ်ပါတယ်။

ထို DCS စနစ်နဲ့ရောင်းချ ခဲ့တဲ့ စာချုပ်မှာပါရှိတဲ့ အတိုင်း Modernization progran ရဲ့ အခြေခံတွေ ကို အစီအစဉ်ချ ဆောင်ရွက်လျက် ရှိပါတယ်။ MHI အနေနဲ့ ဂျက်လေယာဉ်များ အတွက် ပြင်ဆင်မွမ်းမံမှုဆိုင်ရာ အသေးစိတ် အချက်အအလက် တွေနဲ့ လုပ်ငန်းခွင် အတွင်း လိုအပ်မဲ့ အထောက်အကူပြုပစ္စည်း များကို

ကြိုတင်ပြင်ဆင်လျက် ရှိပြီး တိုက်လေယာဉ် ၉၈ စီးစလုံး အဆင့်မြှင့်တင်မှုကိုတော့ ၂၀၂၂ ခုနှစ်မှသာ အစ’ပြုနိုင်လိမ့် မယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိမှာ ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးလေတပ် (JASDF) အနေနဲ့ မစ်ဆီဘီရှီ အကြီးစားစက်မှုလုပ်ငန်းရဲ့ ၁၉၈၀ ကနေ ၂၀၀၀ ခုနှစ်များဆီက လိုင်စင်နဲ့ ထုတ်လုပ်ထားတဲ့

(single- seat)တစ်ယောက်မောင်း F-15J တိုက်လေယာဉ် ၁၅၆ စီးနဲ့ နှစ်ယောက်မောင်း (two-seat) အတန်းအစား F-15DJ တိုက်လေယာဉ် ၄၅ စင်းကို အသုံးပြုလျှက်ရှိ ပါတယ်။

ယခင် ကလည်း Japanese Super lnterceptor (JSI) မျိုးကွဲ အဆင့်ဖြစ်စေရန် အတွက် J-MSIP (Japan-Multi- Stage lmprovement Program) အစီအစဉ်နဲ့ F-15J တိုက်လေယာဉ် ၉၈ စီး ကို ပထမ နဲ့ဒုတိယ အဆင့် အထိ အဆင့်မြှင့် တင်မှု လုပ်ငန်း ကို ဆောင်ရွက် ခဲ့သေးကြောင်း သိ ရှိ ရ ပါ တယ်။

KoPheon (M.W.O)

Add a Comment

Your email address will not be published. Required fields are marked *