ေဒၚေအာင္ဆန္းစုၾကည္ ေျပာတဲ႕ “စစ္မွန္တဲ့ မိတ္ေဆြေကာင္း ဆိုတာ” ( အေမစုကိုယ္တိုင္ေရးထားတဲ႔ မွတ္သားစရာတစ္ခုပါ )

စစ္မွန္ တဲ့ မိတ္ေဆြ မိတ္ေဆြေကာင္း ဆိုတာ (ေရး သား သူ – ေဒၚေအာင္ဆန္း စုၾကည္)

မိတ္ ေဆြ နဲ႔ ပတ္ သက္ၿပီး အဓိပၸာယ္ ဖြင့္ ဆို ခ်က္ တစ္ ခု ရွိ ပါ တယ္ ။ အဲဒီ အဓိပၸာယ္ ဟာ ျမန္မာျပည္ မွာ ႏိုင္ငံေရး လႈပ္ရွားမႈ ျပဳလုပ္ရင္ မတည္ၿမဲ တဲ့ ေလာကဓံ အေတြ႕အႀကဳံ ကို စုံေနေအာင္ ေတြ႕ႀကဳံဖူးသူေတြ အေန နဲ႔ တကယ္ ဟုတ္ ပါ လား လို႔ ေခါင္း တ ညိတ္ ညိတ္ နဲ႔ က်န္ ခဲ့ မယ့္ အဓိ ပၸာယ္ ပါ ပဲ ။

သင္ နာ မ က်န္း ျဖစ္ေနတဲ့ အခ်ိန္၊ မျပည့္စုံေန တဲ့ အခ်ိန္၊ ဒါ မွ မဟုတ္ အခက္ အခဲ ေတြ႕ေနတဲ့ အခ်ိန္မ်ိဳးမွာ၊ သင္ ရန္သူရဲ႕ ဖမ္းဆီးမႈ ခံရတဲ့ အခါမ်ိဳးမွာ၊ ဘုရင့္ေရွ႕ေမွာက္ ၀င္ ရ မယ့္ အခ်ိန္ မ်ိဳး မွာ၊ ဒါ မွ မ ဟုတ္ အေလာင္းေကာင္ ဘ၀ ေရာက္ တဲ့ အခါမ်ိဳး မွာ သင့္အေပၚ သစၥာရွိတဲ့ မိတ္ေဆြ ဟာ တကယ့္ကို စစ္မွန္ တဲ့ မိတ္ေဆြ ျဖစ္ ပါ တယ္ ။

“စစ္မွန္တဲ့ မိတ္ေဆြေကာင္း ဆိုတာ”

မိတ္ေဆြေကာင္း ဆို တာ

ဗုဒၶ ဘာ သာ ရဲ႕ သြန္သင္ခ်က္ အရ မိတ္ေဆြေကာင္း ဆိုတာ ေပးဖို ႔ရာ မလြယ္ တဲ့ အရာေတြကို ေပးတဲ့သူ၊ ျပဳလုပ္ဖို႔ရာ ခက္ခဲတဲ့ အရာကို ျပဳလုပ္တဲ့သူ၊ မာထန္တဲ့ စကား ကို သည္းခံတဲ့သူ၊ သူရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို သင့္ကို ေျပာျပတဲ့သူ၊ သင္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြ ကို အထူးတလည္ ထိန္းသိမ္း ေစာင့္ေရွာက္ တဲ့ သူ၊ မရွိဆင္းရဲ တဲ့ အခ်ိန္ မွာ သင့္ကို စြန္႔ခြာမသြားတဲ့ သူ ၊ သင္ ဆုံးရႈံး ပ်က္စီး တဲ့ အခါ သင့္ ကို ျပစ္တင္ ေဝဖန္ျခင္း မျပဳတဲ့သူ လို႔ ဆို ပါ တယ္ ။

ဒီလို မိတ္ေဆြေ ကာင္းေတြ နဲ႔ ဆို ရင္ အၾကမ္း တမ္းဆုံး ခရီးလမ္း ကို ေလွ်ာက္လွမ္းႏိုင္ ပါတယ္။ အခက္အခဲ အၾကမ္းအတမ္းေတြကို လက္ေျမႇာက္ အရႈံးေပးစရာ မလိုပါဘူး။အမွန္ မွာေတာ့ သြား ရ မယ့္ ခရီးလမ္းက ၾကမ္းေလ ၊ ေလာကဓံ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ရတဲ့ အခါ ကိုယ့္အေပၚ သစၥာရွိတဲ့၊ ေကာင္းမြန္ ျမင့္ျမတ္တဲ့ ကလ်ာဏမိတၱ မိတ္ေဆြေတြနဲ႔ အေဖာ္ျပဳရေလ၊ ၾကည္ႏူးရေလ ပါပဲ ။

“စစ္မွန္တဲ့ မိတ္ေဆြေကာင္း ဆိုတာ”

မိတ္ေဆြေကာင္းျဖစ္ခ်င္

ကြၽန္မအေန နဲ ႔လည္း ကြၽန္မ တို႔ ျပည္သူေတြ အတြက္ မိတ္ေဆြေကာင္း တစ္ေယာက္ ျဖစ္ခ်င္ ပါတယ္ ။ အဲ ဒီေတာ့ ခက္ခဲ တဲ့ အခ်ိန္ မွာလည္း ရပ္တည္ မယ္။

ေနာက္ တစ္ခု က မိတ္ေဆြေကာင္း ဆိုတာ မွန္မွန္ ကန္ကန္ ပြင့္ပြင့္လင္းလင္း ဆက္ဆံ ရတယ္ ။ ေျပာဆို ရတယ္ ။ ကိုယ့္အႀကိဳက္ ကို လိုက္လိုက္ေျပာတဲ့ သူက မိတ္ေဆြေ ကာင္း လို႔ မထင္နဲ႔ေနာ္ ။ မွားလိမ့္မယ္ ။ ဘယ္ေတာ့မဆို ကိုယ့္အႀကိဳက္ကို လိုက္ၿပီးေျပာတာဟာ မိတ္ေဆြေကာင္း မ်ား ရဲ႕ အလုပ္ မဟုတ္ဘူး။

တ ကယ့္ မိတ္ေဆြေကာင္း ဆို တာ ကိုယ္ရဲ႕ေကာင္းက်ိဳးကို ေရွးရႈၿပီး ေျပာသင့္ ေျပာထိုက္တာကို ေျပာမယ္။ ေထာက္ျပသင့္တာကို ေထာက္ျပမယ္။
ဒီေတာ့ ကြၽန္မတို ႔ဟာ တစ္ ဦးနဲ႔ တစ္ဦး ကြၽန္မနဲ႔ ျပည္သူၾကား မွာ တကယ့္ကို ေကာင္းျမတ္ တဲ့ မိတ္ေဆြစစ္ေတြ ရဲ႕ ဆက္ဆံမႈ တစ္ခု ျဖစ္ေစခ်င္ ပါတယ္။

“စစ္မွန္တဲ့ မိတ္ေဆြေကာင္း ဆိုတာ”

မိတ္ေဆြကို ကိုယ့္လူျဖစ္ေအာင္

ေဖေဖ ေျပာ ခဲ့တဲ့ စကားအရ ဆိုရင္ ရန္သူကို မိတ္ေဆြ ျဖစ္ေအာင္ လုပ္ရမယ္ ၊ မိတ္ေဆြ ကို ကိုယ့္လူ ျဖစ္ေအာင္ လုပ္ရ မယ္တဲ့ ။ရန္သူ ကို မိတ္ေဆြ ျဖစ္ေအာင္ လုပ္တယ္ ဆိုတာ ကေတာ့ အဓိပၸာယ္ က ရွင္းပါတယ္။ မိတ္ေဆြ ကို ကိုယ့္လူျဖစ္ေအာင္ လုပ္ရမယ္ ဆိုတာ တခ်ိဳ႕ က နားမလည္ဘူး။ ေျပာခ်င္တာက မိတ္ေဆြေတြ ကလည္း ကိုယ္နဲ႔အတူ ပူးေပါင္းၿပီးေတာ့ လုပ္သင့္တာေတြကို အတူတူ လုပ္တဲ့ အဆင့္ ျဖစ္ရမယ္။ တခ်ိဳ႕က မိတ္ေဆြေတာ့ မိတ္ေဆြပဲ။ ဘာမွ မလုပ္ေပးဘူး။ ေဘးကေန ၾကည့္ေနတယ္။ မိတ္ေဆြ ခင္ပါတယ္၊ သူငယ္ခ်င္း ကိုယ့္ဘာသာ ကိုယ္ ႐ုန္းကန္ေပါ့ေနာ္။ အဲဒါဟာ မလုံေလာက္ဘူး။

အဲဒါေၾကာ င့္မလို႔ မိတ္ေဆြကို ကိုယ့္လူ ျဖစ္ေအာင္ လုပ္ရ မယ္ ဆိုတာ ကိုယ့္မိတ္ေဆြေတြ ကလည္း ကိုယ္နဲ႔အတူတူ ဘုံရည္မွန္းခ်က္အတြက္ ႐ုန္းကန္ႏိုင္တဲ့ အေနအထားမွာ ေရာက္လာေအာင္လို႔ ကြၽန္မတို႔ ႀကိဳးစား ရ မယ္ ။ အဲဒီေတာ့ ကြၽန္မတို႔ အတြက္ ဒီႏိုင္ငံမွာ ဘယ္သူကမွ ဘယ္သူ႔ကိုမွ ရန္သူရယ္လို႔ မျမင္ခ်င္ဘူး။ ဒီႏိုင္ငံသူႏိုင္ငံသား အားလုံး ဟာ မိတ္ေဆြေတြ လိုပဲ ျဖစ္ရ မယ္။ အားလုံးဟာ ကိုယ့္လူေတြပဲ ဆိုတာ၊ အားလုံးဟာ ကိုယ့္ႏိုင္ငံအတြက္ ႐ုန္းကန္ဖို႔ အဆင္သင့္ရွိတဲ့ အေျခအေနမွာ ျဖစ္ရမယ္။

“စစ္မွန္တဲ့ မိတ္ေဆြေကာင္း ဆိုတာ”

အမ်ိဳး သားရင္ၾကားေစ့ေရး ဆိုတာ

အမ်ိဳး သား ရင္ၾကားေစ့ေရး ဆိုတာ ဟာ ဘာလဲ ဆိုေတာ့ ဆယ္စုႏွစ္ေပါင္း ေျမာက္ျမားစြာ ကြာဟေန တဲ့ အသင္း အဖြဲ႕ေတြ ၊ တိုင္းရင္းသား လူမ်ိဳးေတြ၊ အုပ္စုေတြ စုစည္းၿပီးေတာ့ ႏိုင္ငံ့ အက်ိဳး အတြက္ အတူ ထမ္းေဆာင္ႏိုင္ဖို႔ ကိစၥရပ္သာ ျဖစ္ပါတယ္။
အဲဒီေတာ့ ဒီ လို လုပ္ ဖို႔ အတြက္ ဆိုရင္ ကြၽန္မတို႔ ျပည္သူေတြ အားလုံးဟာ ေရရွည္အျမင္နဲ႔ လုပ္ဖို႔ လိုပါ တယ္။ အဲဒီလို ေရရွည္အျမင္နဲ႔လုပ္မွ ကြၽန္မတို႔ ေအာင္ျမင္ႏိုင္မွာပါ။

“စစ္မွန္တဲ့ မိတ္ေဆြေကာင္း ဆိုတာ”

မညီၫြတ္ျခင္း ရဲ႕အေၾကာင္းရင္း က

ကြၽန္မတို႔ႏိုင္ငံ မွာ ႏိုင္ငံသူႏိုင္ငံသားေတြ မ ညီၫြတ္ျခင္း ရဲ႕ အေၾကာင္းရင္း ကေတာ့ ကိုယ့္ကိုယ္ ကိုယ္ ယုံၾကည္မႈ မရွိလို႔ပဲ။ ကိုယ့္ကိုယ္ ကိုယ္ ယုံၾကည္မႈ မရွိလို႔၊ မရွိတဲ့ အခါက်ေတာ့ တျခားလူ ကိုယ့္ထက္ သာသြားမွာ အင္မတန္မွ စိုးရိမ္ၾကတယ္။ ဒီစိတ္ဓာတ္ေတြကို ေဖ်ာက္ လိုက္ပါ။ လူတိုင္း လူတိုင္းဟာ သူ႔တန္ဖိုးနဲ႔သူ ရွိပါတယ္။ ပန္းသီးနဲ႔ လိေမၼာ္သီး ဘယ္ဟာသာတယ္လို႔ ေျပာမလဲ။ ဒါက ေျပာလို႔ရတာ မဟုတ္ ဘူးေလ။ လိေမၼာ္သီး ႀကိဳက္တဲ့သူ ကလည္း လိေမၼာ္သီးေပါ့။ ပန္းသီး ႀကိဳက္တဲ့သူကေတာ့ ပန္းသီးေပါ့။ ပန္းသီးက လိေမၼာ္သီး ကို မနာလိုလို႔ရွိရင္ ပန္းသီးပဲ အက်ိဳးယုတ္မွာေပါ့။ အဲဒီေတာ့ ကြၽန္မတို႔ တစ္ေတြဟာ မနာလိုတဲ့ စိတ္ေတြကို ေဖ်ာက္ဖို႔ဆိုတာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ရွိေအာင္ လို႔ ကိုယ့္ကိုယ္ကိုယ္ ျပဳစုပ်ိဳးေထာင္ဖို႔ လိုတယ္။

“စစ္မွန္တဲ့ မိတ္ေဆြေကာင္း ဆိုတာ”

အခ်ိန္ကိုတန္ဖိုးထားျခင္း

အခ်ိန္ ကို တန္ဖိုး ထားျခ င္း၊ ေနာက္ တစ္မ်ိဳးကေတာ့ အခ်ိန္ ကို တန္ဖိုး ရွိေအာင္ သုံးျခင္း ပါပဲ။ ေပ်ာက္ပ်က္ သြား တဲ့ စကၠန္႔၊ မိနစ္ေတြဟာ ဗလာနတၳိ၊ ျပစရာမရွိ မျဖစ္ရေအာင္က အေရးႀကီး ပါတယ္ ။ ဒီထက္ပို အေရးႀကီး တာ ကေတာ့ ေပ်ာက္ ကြယ္ျမန္တဲ့ အခ်ိန္ေတြကို အႏုတ္လကၡဏာ ေဆာင္တဲ့ အျပဳအမူေတြနဲ႔ မျဖဳန္းလိုက္ဖို႔ပါပဲ။

ကြၽန္မတို႔ ရဲ႕ အနိစၥေလာကႀကီး မွာ ျဖစ္ၿပီးကိစၥေတြ မျဖစ္ခဲ့ရင္ ေကာင္းမွာပဲလို႔ ေတြးေန ေဆြးေနမယ္ဆိုရင္ ကုကၠဳစၥ အကုသိုလ္ ေျမာက္ပါတယ္။ ဒါေၾကာင့္ ပစၥဳပၸန္နဲ႔ အနာဂတ္ ကို ေရွးရႈၿပီး အေကာင္းဆုံး ျဖစ္ေအာင္ လုပ္ၾက ရ မွာပါ။ အခုအခ်ိန္ ဟာ ကြၽန္မတို႔ႏိုင္ငံ အတြက္ တန္ဖိုးရွိေအာင္ သုံးရမယ့္အခ်ိန္ ျဖစ္ပါတယ္။

အတိတ္ကရ ခဲ့တဲ့ ဒဏ္ရာ ဒဏ္ခ်က္ေတြ ေပ်ာက္ကင္းေအာင္ လုပ္ၾကရ င္းနဲ႔ အနာဂ တ္အတြက္ အာမခံခ်က္ ေပးႏိုင္မယ့္ ပစၥဳပၸန္ကို တည္ေဆာက္ရမွာ ျဖစ္ပါတယ္။ ကြၽန္မ ခဏ ခဏ ေျပာေနတဲ့ အခက္ခဲဆုံး ကာလလို႔ ဆိုရမယ့္ အေဝးက ျမင္ေနရတဲ့ ဒီမိုကေရစီ ပန္းတိုင္ကို အေရာက္သြားရမယ့္ ခရီးေနာက္ဆုံး အပိုင္းကို မွန္မွန္ကန္ကန္ ေက်ာ္ျဖတ္ဖို႔ အထူး အေရးႀကီး ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ / Eternal Light Magazine / January 2018 မိတ္ေဆြေကာင္း

Unicode

စစ်မှန်တဲ့ မိတ်ဆွေ မိတ်ဆွေကောင်းဆိုတာ (ရေးသားသူ – ဒေါ်အောင်ဆန်းစုကြည်)

မိတ်ဆွေ နဲ့ ပတ်သက်ပြီး အဓိပ္ ပာယ် ဖွင့်ဆိုချက် တစ်ခု ရှိ ပါတယ် ။ အဲဒီ အဓိပ္ပာယ် ဟာ မြန်မာပြည် မှာ နိုင်ငံရေး လှုပ်ရှားမှု ပြုလုပ်ရင် မတည်မြဲ တဲ့ လောကဓံ အတွေ့အကြုံ ကို စုံနေအောင် တွေ့ကြုံဖူးသူတွေ အနေ နဲ့ တကယ် ဟုတ်ပါလား လို့ ခေါင်းတညိတ်ညိတ် နဲ့ ကျန်ခဲ့မယ့် အဓိပ္ပာယ် ပါပဲ။

သင် နာမကျန်း ဖြစ်နေ တဲ့ အချိန်၊ မပြည့်စုံနေ တဲ့ အချိန်၊ ဒါ မှ မဟုတ် အခက် အခဲ တွေ့နေတဲ့ အချိန်မျိုးမှာ၊ သင် ရန်သူရဲ့ ဖမ်းဆီးမှု ခံရတဲ့ အခါမျိုးမှာ၊ ဘုရင့်ရှေ့မှောက် ဝင်ရမယ့် အချိန်မျိုးမှာ၊ ဒါမှမဟုတ် အလောင်းကောင် ဘ၀ ရောက် တဲ့ အခါမျိုး မှာ သင့်အပေါ် သစ္စာရှိတဲ့ မိတ်ဆွေ ဟာ တကယ့်ကို စစ်မှန် တဲ့ မိတ်ဆွေ ဖြစ် ပါတယ်။

မိတ်ဆွေကောင်း ဆို တာ

ဗုဒ္ဓ ဘာသာ ရဲ့ သွန်သင်ချက် အရ မိတ်ဆွေကောင်း ဆိုတာ ပေးဖို့ရာ မလွယ် တဲ့ အရာတွေကို ပေးတဲ့သူ၊ ပြုလုပ်ဖို့ရာ ခက်ခဲတဲ့ အရာကို ပြုလုပ်တဲ့သူ၊ မာထန်တဲ့ စကား ကို သည်းခံတဲ့သူ၊ သူရဲ့ လျှို့ဝှက်ချက်တွေကို သင့်ကို ပြောပြတဲ့သူ၊ သင်ရဲ့ လျှို့ဝှက်ချက်တွေ ကို အထူးတလည် ထိန်းသိမ်း စောင့်ရှောက် တဲ့ သူ၊ မရှိဆင်းရဲ တဲ့ အချိန် မှာ သင့်ကို စွန့်ခွာမသွားတဲ့ သူ၊ သင် ဆုံးရှုံး ပျက်စီး တဲ့ အခါ သင့်ကို ပြစ်တင် ဝေဖန်ခြင်း မပြုတဲ့သူ လို့ ဆိုပါတယ်။

ဒီလို မိတ်ဆွေ ကောင်းတွေ နဲ့ ဆိုရင် အကြမ်း တမ်းဆုံး ခရီးလမ်း ကို လျှောက်လှမ်းနိုင် ပါတယ်။ အခက်အခဲ အကြမ်းအတမ်းတွေကို လက်မြှောက် အရှုံးပေးစရာ မလိုပါဘူး။
အမှန် မှာတော့ သွား ရ မယ့် ခရီးလမ်းက ကြမ်းလေ ၊ လောကဓံ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ အခါ ကိုယ့်အပေါ် သစ္စာရှိတဲ့၊ ကောင်းမွန် မြင့်မြတ်တဲ့ ကလျာဏမိတ္တ မိတ်ဆွေတွေနဲ့ အဖော်ပြုရလေ၊ ကြည်နူးရလေ ပါပဲ ။

မိတ် ဆွေကောင်းဖြစ်ချင်

ကျွန်မ အနေ နဲ့လည်း ကျွန်မ တို့ ပြည်သူတွေ အတွက် မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ချင် ပါတယ် ။ အဲ ဒီတော့ ခက်ခဲ တဲ့ အချိန် မှာလည်း ရပ်တည် မယ်။

နော က် တစ်ခု က မိတ်ဆွေကောင်း ဆိုတာ မှန်မှန် ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံ ရတယ် ။ ပြောဆို ရတယ် ။ ကိုယ့်အကြိုက် ကို လိုက်လိုက်ပြောတဲ့ သူက မိတ်ဆွေကောင်း လို့ မထင်နဲ့နော် ။ မှားလိမ့်မယ် ။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီးပြောတာဟာ မိတ်ဆွေကောင်း များ ရဲ့ အလုပ် မဟုတ်ဘူး။

တ ကယ့် မိတ်ဆွေကောင်း ဆိုတာ ကိုယ်ရဲ့ကောင်းကျိုးကို ရှေးရှုပြီး ပြောသင့် ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို ထောက်ပြမယ်။
ဒီတော့ ကျွန်မတို့ဟာ တစ် ဦးနဲ့ တစ်ဦး ကျွန်မနဲ့ ပြည်သူကြား မှာ တကယ့်ကို ကောင်းမြတ်တဲ့ မိတ်ဆွေစစ်တွေ ရဲ့ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။

မိတ်ဆွေကို ကိုယ့်လူဖြစ်အောင်

ဖေဖေ ပြော ခဲ့တဲ့ စကားအရ ဆိုရင် ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်ရမယ် ၊ မိတ်ဆွေ ကို ကိုယ့်လူ ဖြစ်အောင် လုပ်ရ မယ်တဲ့ ။ရန်သူ ကို မိတ်ဆွေ ဖြစ်အောင် လုပ်တယ် ဆိုတာ ကတော့ အဓိပ္ပာယ် က ရှင်းပါတယ်။ မိတ်ဆွေ ကို ကိုယ့်လူဖြစ်အောင် လုပ်ရမယ် ဆိုတာ တချို့ က နားမလည်ဘူး။ ပြောချင်တာက မိတ်ဆွေတွေ ကလည်း ကိုယ်နဲ့အတူ ပူးပေါင်းပြီးတော့ လုပ်သင့်တာတွေကို အတူတူ လုပ်တဲ့ အဆင့် ဖြစ်ရမယ်။ တချို့က မိတ်ဆွေတော့ မိတ်ဆွေပဲ။ ဘာမှ မလုပ်ပေးဘူး။ ဘေးကနေ ကြည့်နေတယ် ။ မိတ်ဆွေ ခင်ပါတယ်၊ သူငယ်ချင်း ကိုယ့်ဘာသာ ကိုယ် ရုန်းကန်ပေါ့နော်။ အဲဒါဟာ မလုံလောက်ဘူး။

အဲဒါကြော င့်မ လို့ မိတ်ဆွေကို ကိုယ့်လူ ဖြစ်အောင် လုပ်ရ မယ် ဆိုတာ ကိုယ့်မိတ်ဆွေတွေ ကလည်း ကိုယ်နဲ့အတူတူ ဘုံရည်မှန်းချက်အတွက် ရုန်းကန်နိုင်တဲ့ အနေအထားမှာ ရောက်လာအောင်လို့ ကျွန်မတို့ ကြိုးစား ရ မယ် ။ အဲဒီတော့ ကျွန်မတို့ အတွက် ဒီနိုင်ငံမှာ ဘယ်သူကမှ ဘယ်သူ့ကိုမှ ရန်သူရယ်လို့ မမြင်ချင်ဘူး။ ဒီနိုင်ငံသူနိုင်ငံသား အားလုံး ဟာ မိတ်ဆွေတွေ လိုပဲ ဖြစ်ရ မယ်။ အားလုံးဟာ ကိုယ့်လူတွေပဲ ဆိုတာ၊ အားလုံးဟာ ကိုယ့်နိုင်ငံအတွက် ရုန်းကန်ဖို့ အဆင်သင့်ရှိတဲ့ အခြေအနေမှာ ဖြစ်ရမယ်။

အမျိုး သားရင်ကြားစေ့ရေး ဆိုတာ

အမျိုး သား ရင်ကြားစေ့ရေး ဆိုတာ ဟာ ဘာလဲ ဆိုတော့ ဆယ်စုနှစ်ပေါင်း မြောက်မြားစွာ ကွာဟနေ တဲ့ အသင်း အဖွဲ့တွေ ၊ တိုင်းရင်းသား လူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့ အကျိုး အတွက် အတူ ထမ်းဆောင်နိုင်ဖို့ ကိစ္စရပ်သာ ဖြစ်ပါတယ်။
အဲဒီတော့ ဒီ လို လုပ် ဖို့ အတွက် ဆိုရင် ကျွန်မတို့ ပြည်သူတွေ အားလုံးဟာ ရေရှည်အမြင်နဲ့ လုပ်ဖို့ လိုပါ တယ်။ အဲဒီလို ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။

မညီညွတ်ခြင်း ရဲ့အကြောင်းရင်း က

ကျွန်မတို့နိုင်ငံ မှာ နိုင်ငံသူနိုင်ငံသားတွေ မ ညီညွတ်ခြင်း ရဲ့ အကြောင်းရင်း ကတော့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု မရှိလို့ပဲ။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု မရှိလို့၊ မရှိတဲ့ အခါကျတော့ တခြားလူ ကိုယ့်ထက် သာသွားမှာ အင်မတန်မှ စိုးရိမ်ကြတယ်။ ဒီစိတ်ဓာတ်တွေကို ဖျောက် လိုက်ပါ။ လူတိုင်း လူတိုင်းဟာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ပန်းသီးနဲ့ လိမ္မော်သီး ဘယ်ဟာသာတယ်လို့ ပြောမလဲ။ ဒါက ပြောလို့ရတာ မဟုတ် ဘူးလေ။ လိမ္မော်သီး ကြိုက်တဲ့သူ ကလည်း လိမ္မော်သီးပေါ့။ ပန်းသီး ကြိုက်တဲ့သူကတော့ ပန်းသီးပေါ့။ ပန်းသီးက လိမ္မော်သီး ကို မနာလိုလို့ရှိရင် ပန်းသီးပဲ အကျိုးယုတ်မှာပေါ့။ အဲဒီတော့ ကျွန်မတို့ တစ်တွေဟာ မနာလိုတဲ့ စိတ်တွေကို ဖျောက်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် လို့ ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ဖို့ လိုတယ်။

အချိန်ကိုတန်ဖိုးထားခြင်း

အချိန် ကို တန်ဖိုးထားခြင်း၊ နောက်တစ်မျိုးကတော့ အချိန်ကို တန်ဖိုးရှိအောင် သုံးခြင်း ပါပဲ။ ပျောက်ပျက် သွား တဲ့ စက္ကန့်၊ မိနစ်တွေဟာ ဗလာနတ္ထိ၊ ပြစရာမရှိ မဖြစ်ရအောင်က အရေးကြီး ပါတယ် ။ ဒီထက်ပို အရေးကြီး တာ ကတော့ ပျောက်ကွယ်မြန်တဲ့ အချိန်တွေကို အနုတ်လက္ခဏာ ဆောင်တဲ့ အပြုအမူတွေနဲ့ မဖြုန်းလိုက်ဖို့ပါပဲ။

ကျွန်မတို့ ရဲ့ အနိစ္စလောကကြီး မှာ ဖြစ်ပြီးကိစ္စတွေ မဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးနေ ဆွေးနေမယ်ဆိုရင် ကုက္ကုစ္စ အကုသိုလ် မြောက်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ် ကို ရှေးရှုပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ကြရ မှာပါ။ အခုအချိန် ဟာ ကျွန်မတို့နိုင်ငံ အတွက် တန်ဖိုးရှိအောင် သုံးရမယ့်အချိန် ဖြစ်ပါတယ်။

အတိတ်ကရ ခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ပျောက်ကင်းအောင် လုပ်ကြရ င်းနဲ့ အနာဂ တ်အတွက် အာမခံချက် ပေးနိုင်မယ့် ပစ္စုပ္ပန်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်မ ခဏ ခဏ ပြောနေတဲ့ အခက်ခဲဆုံး ကာလလို့ ဆိုရမယ့် အဝေးက မြင်နေရတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်သွားရမယ့် ခရီးနောက်ဆုံး အပိုင်းကို မှန်မှန်ကန်ကန် ကျော်ဖြတ်ဖို့ အထူး အရေးကြီး ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် / Eternal Light Magazine / January 2018 မိတ်ဆွေကောင်း

Add a Comment

Your email address will not be published. Required fields are marked *