မ်က္ႏွာဖံုး Mask မ်ားသန္႔ရွင္းေရး ျပဳလုပ္ရာ တြင္ ဓါတ္ဆီသံုး သင့္ေၾကာင္း ဖိလစ္ပိုင္ ဒူတာတီး ေျပာ၊ ေဆးပညာရွင္မ်ား လက္မခံ

မ်က္ႏွာဖံုး Mask မ်ားသန္႔ရွင္းေရး ျပဳလုပ္ရာ တြင္ ဓါတ္ဆီသံုး သင့္ေၾကာင္း ဖိလစ္ပိုင္ ဒူတာတီး အၾကံျပဳ။ ရယ္စရာေျပာ တာ မဟုတ္ဟု လည္းဆို။ ေဆးပညာကၽြမ္းက်င္သူ တို႔ သေဘာ မတူ ။ ဓါတ္ဆီႏွင့္ ဒီဇယ္ဆီ တို႔မွာ ပိုးသတ္ရာ တြင္ အသံုးျပဳႏိုင္ျခင္း မရွိ ။

ၾသဂုတ္ – ဝ၂ ၊ ၂ဝ၂ဝ

ဖိလစ္ပိုင္ျပည္သူတို႔ အေနျဖင့္ ကိုရိုနာ ဗိုင္းရပ္စ္ ကာကြယ္ေရး Mask မ်က္ႏွာဖံုးမ်ား ကို ပိုးသတ္ရာ တြင္ ဓါတ္ဆီ ကို အသံုးျပဳ သင့္ေၾကာင္း သမၼတရိုဒရီဂို ဒူတာတီးက ဘြင္းဘြင္းၾကီး တိုက္တြန္း လိုက္ျပီး ရယ္စရာေျပာေနျခင္း မဟုတ္ေၾကာင္း ကိုလည္း အေလးအနက္ ေျပာဆိုသည္ ဟု Reuters က ယေန႔ေရး သားသည္။

မ်က္ႏွာဖံုးမ်ား ကို သန္႔ရွင္းေရးျပဳ လုပ္ရာတြင္ ပိုးသတ္ေဆး အလြယ္တကူ မရရွိပါက ဓါတ္ဆီအသံုးျပဳသင့္ေၾကာင္း လြန္ခဲ့ သည့္ ရက္သတၱပတ္ ၌ သမၼတ ဒူတာတီးက ေျပာဆိုခဲ့ဖူးသည္။ သမၼတ၏ ေျပာေရးဆိုခြင့္ ရွိသူကမူ ဒူတာတီးအေနျဖင့္ ရယ္စရာေျပာျခင္းျဖစ္ေၾကာင္း၊ သမၼၾကီးမွာ မၾကာခဏ ျပက္လံုးထုတ္ေလ့ရွိသည္ကို အမ်ားသိျဖစ္ေၾကာင္း ေခ်ပေျပာဆို ခဲ့သည္ ။

ေသာၾကာေန႔ ရုပ္သံ မွ တစ္ဆင့္ မိန္႔ခြန္းေျပာၾကားရာ တြင္မူ သမၼတဒူတာတီးက “ ကၽြန္ေတာ္ တကယ္ေျပာ တာပါ ၊ ဓါတ္ဆီဆိုင္ ကို သြား၊ ဓါတ္ဆီနည္းနည္း ၀ယ္၊ မ်က္ႏွာဖံုးေတြ အတြက္ ပိုးသတ္ေဆး ရပါျပီ “ ဟု ေျပာဆိုျပီး “ ရယ္စရာေျပာေန တယ္ ထင္ၾကလား၊ တကယ္ေျပာတာပါ ၊ ရယ္စရာ လုပ္ထာ မဟုတ္ပါဘူး “ဟု ထပ္မံေျပာ ဆိုသည္။

မ်က္ႏွာဖံုး Mask မ်ားသန္႔ရွင္းေရး ျပဳလုပ္ရာ တြင္ ဓါတ္ဆီသံုး သင့္ေၾကာင္း ဖိလစ္ပိုင္ ဒူတာတီး ေျပာ၊ ေဆးပညာရွင္မ်ား လက္မခံ

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၉-ေသာင္းေက်ာ္ႏွင့္ ေသဆံုးရသူ ၂-ေထာင္ေက်ာ္ရွိေနေသာ ဖိလစ္ပိုင္တြင္ လြန္ခဲ့သည့္ မတ္လကတည္းက မ်က္ႏွာဖံုးမ်ား မျဖစ္မေန ၀တ္ဆင္ၾကရန္ လိုအပ္ခ်က္ျဖစ္လာသည္။ ေသာၾကာေန႔ တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အမ်ားဆံုး ထပ္မံေတြ႔ရွိရျခင္းသည္ အေရွ႔ေတာင္အာရွ၌ ဒုတိယအၾကိမ္ အမ်ားဆံုး အေရအတြက္ျဖစ္သည္။ ဖိလစ္ပိုင္သမၼတအေနျဖင့္ ေရာဂါျပန္႔ပြားမွဳထိန္းခ်ဳပ္ ရန္ ကန္႔သတ္ခ်က္မ်ား ကို တိုးခ်ဲ႔ခဲ့ရျပီး လာမည့္ ဒီဇင္ဘာလတြင္ ပံုမွန္ျပန္လည္ေရာက္ ရွိမည္ျဖစ္ေၾကာင္း ကတိျပဳ သည္။

မ်က္ႏွာဖံုး Mask မ်ားသန္႔ရွင္းေရး ျပဳလုပ္ရာ တြင္ ဓါတ္ဆီသံုး သင့္ေၾကာင္း ဖိလစ္ပိုင္ ဒူတာတီး ေျပာ၊ ေဆးပညာရွင္မ်ား လက္မခံ

ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္သူတို႔ကမူ ဓါတ္ဆီ မွာ ရွဴရွိဳက္ မိလွ်င္ အႏၱရာယ္ျဖစ္ေစသည့္ အတြက္ ပိုးသတ္ေဆး အျဖစ္ သံုးစြဲႏိုင္ျခင္း မရွိဟုဆိုကာ သမၼတဒူတာတီး၏ မ်က္ႏွာဖုံးသန႔္ရွင္းေရး အႀကံျပဳခ်က္ ကို ေထာက္ခံျခင္း မရွိေၾကာင္း ဖိလစ္ပိုင္ေဆးဘက္ဆိုင္ရာအစည္းအရံုး ဥကၠ႒က Reuters အား ေျပာဆိုသည္။

ျပန္လည္အသုံးျပဳနိုင္ သည့္ အ၀တ္မ်က္ႏွာဖံုးမ်ား ကို ဆပ္ျပာႏွင့္ ေရအသံုးျပဳ ၍ သန္႔ရွင္းေရး ျပဳလုပ္ႏို င္ေၾကာင္း ၊ အီသိုင္း ၇၀% ပါေသာ အရည္ သို႔မဟုတ္ အုိင္ဆိုပရိုပိုင္းလ္ အယ္လ္ကိုေဟာ အရည္ျဖင့္ ေကာင္းစြာ ပိုးသတ္ႏိုင္ေၾကာင္း က်န္းမာေရး ကၽြမ္းက်င္သူ တို႔က ရွင္းျပသည္။

မ်က္ႏွာဖုံးမ်ား သန္႔ရွင္းေရး တြင္ ဓာတ္ဆီသုံးရန္ ပထမ အၾကိမ္အႀကံျပဳစဥ္ ကတည္းကပင္ ဒူတာတီးက လူအမ်ား ဒုကၡေရာက္ေအာင္ ေဂ်ာက္တြန္းျခင္း သက္သက္သာျဖစ္ျပီး လက္တည့္ မစမ္းၾကရန္ သမၼတ၏ ႏိုင္ငံေရး ျပိဳင္ဘက္ အခ်ိဳ႔ က ကန္႔ကြက္ခဲ့ၾက သည္ ။

“FACT CHECK: Gasoline and diesel should not be used in disinfecting.”

အြန္လိုင္းအခ်က္အလက္စစ္ေဆးေရးမွတ္ခ်က္။ ဓါတ္ဆီႏွင့္ဒီဇယ္ဆီတို႔မွာ ပိုးသတ္ရာတြင္ အသံုးျပဳႏိုင္ျခင္း မရွိ ။ OungMarine

Unicode

မျက်နှာဖုံး Mask များသန့်ရှင်းရေး ပြုလုပ်ရာ တွင် ဓါတ်ဆီသုံး သင့်ကြောင်း ဖိလစ်ပိုင် ဒူတာတီး အကြံပြု။ ရယ်စရာပြော တာ မဟုတ်ဟု လည်းဆို။ ဆေးပညာကျွမ်းကျင်သူ တို့ သဘော မတူ ။ ဓါတ်ဆီနှင့် ဒီဇယ်ဆီ တို့မှာ ပိုးသတ်ရာ တွင် အသုံးပြုနိုင်ခြင်း မရှိ ။

သြဂုတ် – ဝ၂ ၊ ၂ဝ၂ဝ

ဖိလစ်ပိုင်ပြည်သူတို့ အနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေး Mask မျက်နှာဖုံးများ ကို ပိုးသတ်ရာ တွင် ဓါတ်ဆီ ကို အသုံးပြု သင့်ကြောင်း သမ္မတရိုဒရီဂို ဒူတာတီးက ဘွင်းဘွင်းကြီး တိုက်တွန်း လိုက်ပြီး ရယ်စရာပြောနေခြင်း မဟုတ်ကြောင်း ကိုလည်း အလေးအနက် ပြောဆိုသည် ဟု Reuters က ယနေ့ရေး သားသည်။

မျက်နှာဖုံးများ ကို သန့်ရှင်းရေးပြု လုပ်ရာတွင် ပိုးသတ်ဆေး အလွယ်တကူ မရရှိပါက ဓါတ်ဆီအသုံးပြုသင့်ကြောင်း လွန်ခဲ့ သည့် ရက်သတ္တပတ် ၌ သမ္မတ ဒူတာတီးက ပြောဆိုခဲ့ဖူးသည်။ သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူကမူ ဒူတာတီးအနေဖြင့် ရယ်စရာပြောခြင်းဖြစ်ကြောင်း၊ သမ္မကြီးမှာ မကြာခဏ ပြက်လုံးထုတ်လေ့ရှိသည်ကို အများသိဖြစ်ကြောင်း ချေပပြောဆို ခဲ့သည် ။

သောကြာနေ့ ရုပ်သံ မှ တစ်ဆင့် မိန့်ခွန်းပြောကြားရာ တွင်မူ သမ္မတဒူတာတီးက “ ကျွန်တော် တကယ်ပြော တာပါ ၊ ဓါတ်ဆီဆိုင် ကို သွား၊ ဓါတ်ဆီနည်းနည်း ဝယ်၊ မျက်နှာဖုံးတွေ အတွက် ပိုးသတ်ဆေး ရပါပြီ “ ဟု ပြောဆိုပြီး “ ရယ်စရာပြောနေ တယ် ထင်ကြလား၊ တကယ်ပြောတာပါ ၊ ရယ်စရာ လုပ်ထာ မဟုတ်ပါဘူး “ဟု ထပ်မံပြော ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉-သောင်းကျော်နှင့် သေဆုံးရသူ ၂-ထောင်ကျော်ရှိနေသော ဖိလစ်ပိုင်တွင် လွန်ခဲ့သည့် မတ်လကတည်းက မျက်နှာဖုံးများ မဖြစ်မနေ ဝတ်ဆင်ကြရန် လိုအပ်ချက်ဖြစ်လာသည်။ သောကြာနေ့ တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံး ထပ်မံတွေ့ရှိရခြင်းသည် အရှေ့တောင်အာရှ၌ ဒုတိယအကြိမ် အများဆုံး အရေအတွက်ဖြစ်သည်။ ဖိလစ်ပိုင်သမ္မတအနေဖြင့် ရောဂါပြန့်ပွားမှုထိန်းချုပ် ရန် ကန့်သတ်ချက်များ ကို တိုးချဲ့ခဲ့ရပြီး လာမည့် ဒီဇင်ဘာလတွင် ပုံမှန်ပြန်လည်ရောက် ရှိမည်ဖြစ်ကြောင်း ကတိပြု သည်။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတို့ကမူ ဓါတ်ဆီ မှာ ရှူရှိုက် မိလျှင် အန္တရာယ်ဖြစ်စေသည့် အတွက် ပိုးသတ်ဆေး အဖြစ် သုံးစွဲနိုင်ခြင်း မရှိဟုဆိုကာ သမ္မတဒူတာတီး၏ မျက်နှာဖုံးသန့်ရှင်းရေး အကြံပြုချက် ကို ထောက်ခံခြင်း မရှိကြောင်း ဖိလစ်ပိုင်ဆေးဘက်ဆိုင်ရာအစည်းအရုံး ဥက္ကဋ္ဌက Reuters အား ပြောဆိုသည်။

ပြန်လည်အသုံးပြုနိုင် သည့် အဝတ်မျက်နှာဖုံးများ ကို ဆပ်ပြာနှင့် ရေအသုံးပြု ၍ သန့်ရှင်းရေး ပြုလုပ်နို င်ကြောင်း ၊ အီသိုင်း ၇၀% ပါသော အရည် သို့မဟုတ် အိုင်ဆိုပရိုပိုင်းလ် အယ်လ်ကိုဟော အရည်ဖြင့် ကောင်းစွာ ပိုးသတ်နိုင်ကြောင်း ကျန်းမာရေး ကျွမ်းကျင်သူ တို့က ရှင်းပြသည်။

မျက်နှာဖုံးများ သန့်ရှင်းရေး တွင် ဓာတ်ဆီသုံးရန် ပထမ အကြိမ်အကြံပြုစဉ် ကတည်းကပင် ဒူတာတီးက လူအများ ဒုက္ခရောက်အောင် ဂျောက်တွန်းခြင်း သက်သက်သာဖြစ်ပြီး လက်တည့် မစမ်းကြရန် သမ္မတ၏ နိုင်ငံရေး ပြိုင်ဘက် အချို့ က ကန့်ကွက်ခဲ့ကြ သည် ။

“FACT CHECK: Gasoline and diesel should not be used in disinfecting.”

အွန်လိုင်းအချက်အလက်စစ်ဆေးရေးမှတ်ချက်။ ဓါတ်ဆီနှင့်ဒီဇယ်ဆီတို့မှာ ပိုးသတ်ရာတွင် အသုံးပြုနိုင်ခြင်း မရှိ ။ OungMarine

Add a Comment

Your email address will not be published. Required fields are marked *