ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ကို အောက်တိုဘာလ ကစပြီး အလုံးအရင်း စတင် ထိုးနှံပေးတော့မည်ဟု ရုရှား ကျန်းမာရေး ဝန်ကြီးဌာနပြောပြီ



ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ကို အောက်တိုဘာလ ကစပြီး အလုံးအရင်း စတင် ထိုးနှံပေးတော့မည်ဟု ရုရှား ကျန်းမာရေး ဝန်ကြီးဌာနပြောပြီ


ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ကို အောက်တိုဘာလ ကစပြီး အလုံးအရင်း စတင် ထိုးနှံပေးတော့မည်ဟု ရုရှား ကျန်းမာရေး ဝန်ကြီးဌာနပြောပြီ


ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ကို အောက်တိုဘာလ ကစပြီး အလုံးအရင်း စတင် ထိုးနှံပေးတော့မည်ဟု ရုရှား ကျန်းမာရေး ဝန်ကြီးဌာနပြောပြီ


Unicode

ကိုဗစ်ကာကွယ်ဆေး ကို အောက်တိုဘာလ ကစပြီး အလုံးအရင်း စတင် ထိုးနှံပေးသွားဖို့ ရုရှား ကျန်းမာရေး ဝန်ကြီးဌာန က စီစဉ်နေကြောင်း သိရ ပါတယ်။

ကျန်းမာရေး ဝန်ကြီး မစ်ခေးလ် မူရက်ရှ်ကို က ပြည်တွင်းဖြစ် စမ်းသပ် တီထွင်ထားတဲ့ ကာကွယ်ဆေးကို ကျောင်းဆရာ ဆရာမတွေနဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ဦးစားပေးအဆင့် ထိုးပေးသွားမယ်လို့ ပြည်တွင်း သတင်းဌာန တစ်ခု ကို ပြောကြားခဲ့ပါတယ်။

အမည်ဖော်မပြတဲ့ ကျန်းမာရေးဌာန အရာရှိ တစ်ဦးက စမ်းသ ပ်အဆင့် ကာကွယ်ဆေးဟာ အခုလထဲမှာ အစိုးရဆီက တရားဝင် ခွင့်ပြုမိန့် ရရှိလာနိုင်ကြောင်း မှတ်ချက် ပေးထားပါတယ်။ ရုရှား ဟာ Covid-19 ကာကွယ်ဆေး ကို ပထမဆုံး ထုတ်လုပ်နိုင် တဲ့ ကမ္ဘာ့နိုင်ငံ ဖြစ်လာစေမယ် လို့ ကြွေးကြော် ထား ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာ ကျန်းမာရေး သုတေသီတွေ ကတော့ ရုရှား ရဲ့ ခပ်မြန်မြန် စမ်းသပ်ပြီး အလုံးအရင်း ထုတ်လုပ်မယ့် ကာကွယ်ဆေး မဟာဗျူဟာအပေါ် သံသယနဲ့ မေးခွန်းထုတ်တာမျိုးတွေ ရှိေ န ပါတယ် ။ အမေရိကန် အစိုးရ ရဲ့ ထိပ်တန်း ကျန်းမာရေး အရာရှိ ဒေါက်တာ အန်သိုနီ ဖော်စီက တရုတ်နဲ့ ရုရှားတို့မှာ ဖော်စပ်တဲ့ ကာကွယ်ဆေးတွေကို လုံလောက်တဲ့ စံချိန်စံညွှန်းတွေ နဲ့အမီ စစ်ဆေး စမ်းသပ်ထားမယ် လို့ မယုံကြည်ကြောင်း ဝေဖန်ထား ပါတယ်။

အဓိပ္ပါယ်ကတော့ ဒီဆေးေ တွရဲ့ အာနိသင် နဲ့ ဘေးကင်းလုံခြုံမှု အပိုင်းတွေမှာ ဟာကွက်တွေ ရှိနေနိုင်တယ် ဆိုတဲ့ သဘောပါ ။ ရုရှား သတင်းဌာနတွေကတော့ မော်စကို အခြေစိုက် ဆေးသုတေသန ဌာန တစ်ခုဖြစ် တဲ့ Gamaleyaဟာ ကာကွယ်ဆေး ကို လက်တွေ့ စမ်းသပ်မှုတွေ ပြီးမြောက် လို့ မူပိုင်ခွင့် မှတ်ပုံတင် ဖို့တောင် စီစဉ်နေကြောင်း ဖော်ပြထား ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *