အပူပိုင္း မုန္တိုင္းငယ္“ စင္လကု ”(Sinlaku)ျမန္္မာႏိုင္ငံဘက္ သို႔ ျဖည္းညွင္းစြာ ေရြ႕လ်ားေနေၾကာင္း မိုးဇလ ထုတ္ျပန္

၂၀၂၀ ျပည့္ႏွစ္၊ ဩဂုတ္လ ( ၃ )ရက္ေန႕ ေန႕စဥ္မိုးေလဝ သ သတင္း ( မြန္းတည့္ ( ၁၂:၀၀ )နာရီ အခ်ိန္ ထုတ္ျပန္ခ်က္)

ဘဂၤလား ပင္လယ္ေအာ္ အ‌ေျခအေန။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားအလြန္ေကာင္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားေကာင္းေန ပါသည္။

ထူးျခားသည့္ အေျခ အေန။ ယေန႕ျမန္မာစံေတာ္ခ်ိန္(၁၁:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ လာအိုနိုင္ငံေပၚတြင္ ျဖစ္ေပၚေနေသာ၊ အပူပိုင္း မုန္တိုင္းငယ္“ စင္လကု ”(Sinlaku) သည္ ေလဖိအားနည္း ရပ္ဝန္း အျဖစ္ အားေလ်ာ့သြားၿပီ ျဖစ္ပါသည္။ အဆိုပါေလဖိအားနည္းရပ္ဝန္းသည္ ျမန္မာနိုင္ငံဘက္ သို႔ ျဖည္းညွင္းစြာ ေ႐ြ႕လ်ားလ်က္ ရွိ ပါသည္။

မိုးဇလ

ယေန႕ညေန အထိ ခန့္မွန္းခ်က္။ ကခ်င္ျပည္နယ္တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းတြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႕အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေဒသအလိုက္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း)ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးနိုင္ ပါသည္ ။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ ျမန္မာ့ကမ္းရိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လွိုင္းႀကီးရာမွ လွိုင္းအလြန္ႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)မွ (၄၅)မိုင္ အထိ တိုက္ခတ္နိုင္ ပါသည္။ လွိုင္းအျမင့္မွာ ျမန္မာ့ကမ္းရိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၁၀)ေပမွ (၁၄)ေပခန့္ ရွိနိုင္ ပါသည္။

ေနာက္(၂)ရက္အတြက္ခန့္မွန္းခ်က္။ မုတ္သုံေလ အားေကာင္းရာမွ အားအလြန္ေကာင္း မည္ ။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္ အတြက္ယေန႕ညေနအထိ ခန့္မွန္းခ်က္ ။ မိုးျပတ္ေတာင္း႐ြာၿပီး၊ တစ္ခါတစ္ရံ သည္းထန္နိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႕ညေနအထိ ခန့္မွန္းခ်က္ ။ မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာ မည္ ။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္ အတြက္ယေန႕ညေန အထိ ခန့္မွန္းခ်က္။ မိုးျပတ္ေတာင္း႐ြာၿပီး ၊ တစ္ခါတစ္ရံ သည္းထန္နိုင္ ပါသည္ ။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မိုးဇလ

Unicode

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ( ၃ )ရက်နေ့ နေ့စဉ်မိုးလေဝ သ သတင်း ( မွန်းတည့်(၁၂:၀၀)နာရီ အချိန် ထုတ်ပြန်ချက်)

ဘင်္ဂလား ပင်လယ်အော် အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေ ပါသည်။

ထူးခြားသည့် အခြေ အနေ။ ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော၊ အပူပိုင်းမုန်တိုင်းငယ်“ စင်လကု ”(Sinlaku) သည် လေဖိအားနည်း ရပ်ဝန်း အဖြစ် အားလျော့သွားပြီ ဖြစ်ပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မြန်မာနိုင်ငံဘက် သို့ ဖြည်းညှင်းစွာ ရွေ့လျားလျက် ရှိ ပါသည်။

ယနေ့ညနေ အထိ ခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည် ။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင် အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင် ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်း မည် ။

နေပြည်တော်နှင့်အနီးတစ်ဝိုက် အတွက်ယနေ့ညနေအထိ ခန့်မှန်းချက် ။ မိုးပြတ်တောင်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိ ခန့်မှန်းချက် ။ မိုးအသင့်အတင့် ထစ်ချုန်းရွာ မည် ။ ရွာရန်ရာနှုန်းပြည့် ဖြစ် ပါသည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက် အတွက်ယနေ့ညနေ အထိ ခန့်မှန်းချက်။ မိုးပြတ်တောင်းရွာပြီး ၊ တစ်ခါတစ်ရံ သည်းထန်နိုင် ပါသည် ။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးဇလ

Add a Comment

Your email address will not be published. Required fields are marked *