မြန်မာပြည်ကို ခါးရိုးချိုးဖို့ လုပ်ခွင့်ရမယ်လို့အပိုင်တွက်ထားတဲ့ တရုတ်ပြည်ကြီးရဲ့ BRI နဲ့ဆက်စပ်နေတဲ့ ပရောဂျက်များ အစိုးရကရော ပြည်နယ် လူထုတွေကပါ သံသယတွေ ဝင်လာ လို့ ဘေးချိတ်ထား လိုက်ပြီ



မြန်မာပြည်ကို ခါးရိုးချိုးဖို့ လုပ်ခွင့်ရမယ်လို့အပိုင်တွက်ထားတဲ့




မြန်မာပြည်ကို ခါးရိုးချိုးဖို့ လုပ်ခွင့်ရမယ်လို့အပိုင်တွက်ထားတဲ့








မြန်မာပြည်ကို ခါးရိုးချိုးဖို့ လုပ်ခွင့်ရမယ်လို့အပိုင်တွက်ထားတဲ့







မြန်မာပြည်ကို ခါးရိုးချိုးဖို့ လုပ်ခွင့်ရမယ်လို့အပိုင်တွက်ထားတဲ့







Unicode

မြန်မာပြည်မှာ လုပ်ခွင့်ရမယ် ဆိုပြီးအပိုင် တွက်ထားပြီးသား ဖြစ်တဲ့ တရုပ်ပြည်ကြီးရဲ့ BRI နဲ့ဆက်စပ်နေတဲ့ အခြေခံအဆောက်အအုံပရောဂျက်တွေ တခုပြီးတခု အရေးမလှဖြစ်လာ လို့ တရုပ်တွေခေါင်း ကိုက်နေရပြီဆိုပြီး ET ( Economic Time) က သြဂုတ်လ ၅ ရက်နေ့ မှာ ရေးသားလိုက်ပြန် ပါတယ်

ရန်ကုန် မီဂါစီတီး ပရောဂျက်မှာ တရုပ်တို့ ရဲ့အရေးပါမှု အဆင့်အတန်းလျှောကျသေး သိမ်ခဲ့ရ ပြီးနောက် သိပ်မကြာခင်မှာပဲ တရုပ်ချေးငွေနဲ့ လုပ်မယ့် BRIရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေ တဲ့ ကချင်ပြည်နယ် ကမြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေး ဇုန် Myitkyina Economic Development Zone (MEDZ)ပရောဂျက်ဟာ အခြေအနေမကောင်းဘူးဖြစ်သွား ပါပြီ ..။

အစိုးရကရော ပြည်နယ် လူထုတွေကပါ သံသယတွေ ဝင်လာ လို့ ဘေးချိတ်ထား လိုက်ပြီ ဖြစ်ပါတယ် ဆိုတဲ့ သတင်း အခိုင်အမာ ရရှိထားကြောင်း ET (economic time) ကရေးသားထား ပါတယ် ။

ဒီပရောဂျက် အတွက် MOU ကို ၂၀၁၈ မှာလက်မှတ် ထိုးထားတာဖြစ်ပြီး ပရောဂျက် ကို ၂၀၂၁မှာ အသင့်ဖြစ်နေရ ဖို့ ရှိပေမယ့် အခုအထိ မစရသေး ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုရင် တရုပ်ကုမ္ပဏီနဲ့မြန်မာ အစိုးရအကြားက မြေသိမ်းဆည်းရေးနဲ့လျော်ကြေးပေးရေး ကိစ္စတွေ မှာ ကွာဟမှုတွေအများကြီးဖြစ်နေလို့ပါပဲ ဆိုပြီး တရုပ်မြန်မာ ဆက်ဆံရေးကိုလေ့လာနေကြတဲ့ ကျွမ်းကျင်သူတွေ အပြောအရ သိရတာပါ ။

နောက်ထပ် ထပ်ပြီးသိရတဲ့သတင်းကတော့ လက်မှတ်ထိုးထားတဲ့ MOU ထဲမှာပါတဲ့အချက်တွေကို လက်မှတ်ထိုးပြီး နောက်ပိုင်းမှာ ပြန်ပြင်ထားပြီးတရုပ် ကုမ္ပဏီဖက်ကို အခွင့်အရေးတွေ နဲ့မျက်နှာသာပိုပေးထား ခဲ့တယ် ဆိုတာပါပဲ ။ တရုပ်တို့ဖက်က MEDZကို နှစ်ပေါင်း၇၀ အထိသူတို့ လုံးလုံးပိုင်ရမယ်ဆိုတဲ့ တင်းကြပ်တဲ့အနေ အထားမျိုး အသာစီးယူထားတာ ကို အစိုးရက သံသယ မြင့်တက်လာ ခဲ့တယ် ။

ကချင်ပြည်နယ် လွှတ်တော်က စီမံကိန်းဘဏ္ဍာရေးနဲ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌကဒေသခံ သတင်းမီဒီယာတွေ ကိုပြောပြရာ မှာတော့

သူ့ကို ပရောဂျက် ရဲ့အသေးစိတ်တွေ ဘယ်သူမှမပြောပြခဲ့ဘူး ဆိုတာနဲ့ ဒေသခံတွေရဲ့မြေယာတွေဆုံးရှုံးရမှာ ကိုသူလည်း စိတ်ပူနေ တယ် လို့ပြောပါတယ် ။

” တရုပ်ဟာ ဒီလိုစီးပွားရေးလုပ်ငန်းတွေမှာ အမြဲတမ်း လက်ဝါးကြီးအုပ်နေကျပဲ ”လို့လည်းဆိုခဲ့ ပါသေးတယ် ။ ၂၀၁၈က mou အရဆိုရင် MEDZ ဟာ ပြည်သူ့စားရိတ်နဲ့ တရုပ်တွေ ကို အရမ်းပျော်ရွှင်စေရ မယ့် သဘောတူညီချက်တွေ ပါနေ ပါတယ် ။ Sandhi Governance Instituteရဲ့ အမှုဆောင်ဒါရိုက်တာ ခိုင်ဝင်းဆိုသူက ပြောပြတာကတော့ အခြားသော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေဟာ ဒီပရောဂျက် မှာ လုပ်ငန်း ဘယ်လောက်ပဲနောက်ကျနေနေမစရသေးတာ ပဲဖြစ်ဖြစ် ဝင်လုပ် လို့မရဘူး လို့ သတင်းဌာ နကိုပြောပြ ပါတယ် ။

Sandhi Governance Institute ရဲ့အစီရင်ခံစာထဲမှ ာသတိပေးထားတာတ စ်ခုကတော့..

ဒီပရောဂျက် ဟာ သစ်နဲ့ကျောက်စိမ်းတွေ ရဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေမြင့်တက်လာစေ မှာဖြစ် လိမ့်မယ် လို့ပဲဖြစ်ပါတယ် …။

တရုပ်ကုမ္ပဏီ ရဲ့ယုံကြည်ရမှု နဲ့ စီးပွားရေးဖွံ့ဖြိုးမှုဇုန်အကောင် အထည်ဖော်နိုင်ရေးအတွက် ကျွမ်းကျင်မှုဟာ မေးခွန်းထုတ်စရာ ရှိနေတယ် လို့ Sandhi Governance Institute ရဲ့ဇွန်လ၁၀ရက်နေ့ ထုတ် အစီရင်ခံစာမှာဖော်ပြထား ပါတယ် ။ Sandhi Governance Institute ဟာ အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့ဖက်စပ်လုပ်ငန်းတွေ ကို စောင့်ကြည့်လေ့လာ တဲ့ ပြည်တွင်း အဖွဲ့အစည်းဖြစ် ပါတယ် ။

သူတို့ဟာ ‘Myitkyina Economic Development Zone’ စောင့်ကြည့်လေ့လာ မှု အစီရင်ခံစာ ကို The Center for International Private Enterprise (CIPE) ရဲ့အကူအညီနဲ့ ရေးသားတင်ပြခဲ့တာပါ ။ လတ်တလောမှာလည်း တရုပ်BRI ရဲ့အဓိကဒေါက်တိုင်ဖြစ်တဲ့ နယူးရန်ကုန် မီဂါစီတီးပရောဂျက်ကိုနိုင်ငံတကာ က ပါဝင်လုပ်ကိုင်နိုင်စေ ဖို့ ပြန်ဆုံးဖြတ်ခဲ့ပြီး ပါပြီ …။

တရုပ်ကုမ္ပဏီ တစ်ခုထဲ(CCCC) ကနေ ပရောဂျက် အကြီးကြီး ကို လက်ဝါးကြီးအုပ်လုပ် ကိုင်စေမယ့် အစား နိုင်ငံတကာက လုပ်ငန်းရှင်ကြီးတွေကိုပါဝင်လုပ်ကိုင်ခွင့် တွေကိုဖွင့်ပေးခဲ့ ပါတယ် ။ ပြည်သူတွေကလည်း သတိထားမိလာကြတယ် ဆိုတာကို အစိုးရက သိလာတာလည်း ပါပါတယ် ။

ဒီပရောဂျက်ကြီးမှာအငြင်းပွားစရာ အကြောင်းတွေ အများအပြားရှိနေ ပါတယ် ရေနစ်မြုပ်လေ့ရှိ တဲ့နေရာဖြစ်တယ် ဆိုတဲ့အပြင် CCCC ကုမ္ပဏီရဲ့ နောက်ခံအကြောင်းကလည်းပါနေ ပါတယ် ။

အဲဒီ ကုမ္ပဏီဟာ ဟောင်ကောင်မှာ မှတ်ပုံတင်ထား တဲ့ တရုပ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်ပြီး အာဖရိကနဲ့အာရှတိုက်ထဲက အနည်းဆုံး ဆယ်နိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှုတွေ လာဘ်ပေးမှုတွေရှိ ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရဖူး တယ် ။

နောက် တခုကတော့ အခုထောင်ကျသွားတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း ရဲ့ လာဘ်စားမှုနဲ့ မကောင်းမှုတွေ မှာ ပူးပေါင်းပါဝင်တယ် ဆိုပြီးစွပ်စွဲခံထားရတာ ပါပဲ..။

နယူးရန်ကုန် ပရောဂျက်ကြီး ဟာ တရုပ်မြန် မာစီးပွားရေးစင်္ကြန်CMEC ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တရုပ် BRI ရဲ့အပိုင်းတစ်ပိုင်း ပါ ။ စင်္ကြန်ဟာ တရုပ်ပြည်ယူနန်နဲ့ မန္တလေး ရန်ကုန် ကျောက်ဖြူတို့ကို ဆက်သွယ် မှာဖြစ် ပါတယ် ။ နယူးရန်ကုန် ဟာ မြန်မာပြည်ရဲ့တောင်ဖက်မှာရှိပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ အနောက်ဖက်မှာရှိပါတယ်

မြန်မာဟာ တရုပ်ရဲ့ BRI ကိုပါဝင် လိုက်ပြီး ပါဝင်ပတ်သက်နေ တဲ့ပရောဂျက်တွေ ကို လက်မှတ် ထိုးလိုက်ခြင်းအားဖြင့် တရုပ် ကို ဘင်္ဂလားပင်လယ်အော်ထွ က်ပေါက်လမ်းတွေဖွင့်ပေးလို က်ရာကျနေပေမယ့် လုပ်ငန်းတွေပြီးမြောက်အောင်စလုပ် ဖို့ကတော့နှေးကွေးပြနေခဲ့ ပါတယ်။ မြန်မာအစိုးရဟာ တရုပ်ရဲ့အကြွေးထောင်ချောက်ကိုသတိကြီးစွာထားပြီးရှောင်နေ သလို ပရောဂျက်တွေ မှာ တရုပ်တွေခြေဝင် မရှုပ်အောင် လည်း လျော့ချနေပုံပါ

ပြီးခဲ့တဲ့ လတွေတုန်းက မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ဟာ ပြည်တွင်းလက်နက်ကိုင် အဖွဲ့တွေကို တရုပ် ရဲ့လက်နက် ထောက်ပံ့နေတာရယ် ငြိမ်းချမ်းရေး ကိစ္စတွေမှာတရုပ်ရဲ့လုပ်ပုံတွေရယ် အပေါ် မှာမချိတင်ကဲ ထုတ်ဖော်ပြောခဲ့ကြပြီး ဗိုလ်ချုပ်ကြီးတွေဟာအိန္ဒိယနဲ့ပိုပြီးမိတ်ဖွဲ့ရင်း တရုပ်ကြီးကို ချိန်ခွင်ညှိလာကြပါတယ် ။ CMEC ဟာ ၁၇၀၀ ကီလိုမီတာရှည်လျားပြီး ယူနန်ပြည်နယ်ကူမင်းကနေ မန္တလေးထိ အဲ့ဒိကနေ ရန်ကုန်နဲ့ကျောက်ဖြူကိုဆက်သွယ် မှာပါ ။

ကျောက်ဖြူဟာ တရုပ်မြန်မာစီးပွားရေးစင်္ကြန် CMEC ရဲ့ပင်လယ်ထွက်ပေါက်ပါ ။ မဟာဗျူဟာမြောက်နေရာဖြစ်ပြီး မြန်မာပြည်ရဲ့ ဘင်္ဂလားပင်လယ်အော်ထဲကကမ်းရိုတန်းပေါ်မှာတည်ရှိနေတာပါ ။ CMEC ဟာ ကုန်းတွင်းပိတ်ယူနန်ပြည်နယ်ကို ပင်လယ်ထွက်ပေါက်ရှိလာအောင်လုပ်ပေးမှာဖြစ်ပြီး သူတို့ရဲ့စီးပွားရေးဟာပိုကောင်းလာမှာပါ ။

CMECဟာ အိန္ဒိယ သမုဒ္ဒရာအရှေ့ပိုင်း မှာ တရုပ် ရဲ့ ခြေကုပ်ကိုပို မြဲမြံစေမှာဖြစ်ပြီး တောင်အာရှ အနောက်အာရှ နဲ့အာဖရိကတို့ကနေ တရုပ်ရဲ့သွင်းကုန်တွေကို လမ်းကြောင်းတိုတိုနဲ့ရောက်လာစေပါမယ် ။

မလက္ကာရေ လက်ကြားအပေါ်မှီခိုနေရ တာလွတ်လာပြီး တောင်တရုပ်ပင်လယ်က ချည်းပဲထွက်နေရတာ မျိုး မရှိတော့ဘူးဖြစ်မယ် ။

ဒါ့ကြောင့် တရုပ်မြန်မာစီးပွားေ ရးစင်္ကြန် CMEC ဟာ တရုပ်တို့ အတွက် ဦးစားပေး ကိစ္စဖြစ်နေတာပါ ။

Pi Lon (၂၀၂၀ / သြဂုတ်လ၅ရက်နေ့ထုတ် The Economic Time မှဆောင်းပါးကိုပြန်ဆို ပါ သည် )

Add a Comment

Your email address will not be published. Required fields are marked *