အခြန္ အေျပာင္းအလဲေတြၾကား မွာ ကားေဈး ဘယ္ေလာက္ထိ က်သြားမလဲ ဆိုတာ သိခ်င္သူမ်ားအတြက္

ကားတစ္စီး သြင္းရင္ အခြန္ ၅ မ်ိဳးေဆာင္ရ ပါ တယ္..

၁။ အေကာက္ခြန္ Custom Duty

၂။ အထူးကုန္စည္ခြန္ (SGT)

၃။ ကုန္သြယ္ခြန္ (CT)

၄။ ဝင္ေငြခြန္(*Unruled Income tax)

၅။ ကညနခြန္ ဆိုၿပီး ရွိ ပါတယ္.

အခြန္ အေျပာင္းအလဲေတြၾကား မွာ ကားေဈး ဘယ္ေလာက္ထိ က်သြားမလဲ

အခု Custom Duty ေလွ်ာ့ေပး တာ အတည္ျဖစ္ ပါၿပီ၊ (႐ုံးတြင္းၫႊန္ၾကားစာလည္း ထြက္ပါၿပီ) ( CD ေလွ်ာ့လိုက္တာ နဲ႔ အခြန္တြက္ခ်က္မႈအရ အခြန္ ၁၊ ၂၊ ၃ မွာပါ လိုက္ေလ်ာ့ ပါတယ္ )

စည္းက်ပ္မႈ မွလြတ္ကင္းေသာ ဝင္ေငြခြန္ကိုေတာ့ ၃% ကေန ၆% တက္ဖို႔ မ်ားေနပါၿပီ။ အစိုးရက ၃၀% တင္ျပတာကို လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီက ၆% နဲ႔ျပန္ျပင္ထားပါတယ္။ မဲခြဲၿပီးရင္ အတည္ျဖစ္ပါမယ္…

ဟိုတုန္းကေတာ့ Unruled Income tax ေတြကို ေကာက္တာ ၁၅% ပါ။ ဘာေၾကာင့္ ၁၅% ေကာက္လဲဆိုေတာ့ စည္းၾကပ္ခံထားရသူေတြက ၁၀% အနည္းဆုံးေဆာင္ထားရ လို႔ပါ…

ကညနခြန္ ကလည္း တစ္ဝက္ေလာက္ေလွ်ာ့မယ္ လို႔ အသံထြက္ေန ပါတယ္( အတည္မျဖစ္မေသးပါ )

ေတာ္ေတာ္မ်ားမ်ားက ကားဝယ္ရင္ ေဆာင္ရတဲ့ ဝင္ေငြခြန္ကို မျဖစ္မေနေပးရမယ့္ေငြလို႔ပဲ ထင္ေနတယ္.. အမွန္က စည္းၾကပ္ခံၿပီးတဲ့ေငြျဖဴရွိသူက အဲ့ဒီေငြျဖဴနဲ႔ ဝယ္ရင္ မေပးရပါဘူး.. စည္းၾကပ္မခံရေသးသူသာေပးရတာပါ…

ဝင္ေငြေတြကေန (ကား၊ အိမ္ၿခံေျမ) ဝယ္တဲ့အခါ

Ruled Income tax – စည္းက်ပ္ၿပီးေသာဝင္ေငြ (ေငြျဖဴ) သူတို႔ကေတာ့ ဝ-၂၅%အထိ အခြန္ ေဆာင္ထားရပါတယ္. အဲဒါေၾကာင့္ အဲဒီေငြေတြ ျပႏိုင္ရင္ အခြန္ ထပ္မေပးရပါဘူး

Unruled Income tax – စည္းက်ပ္မခံရေသးေသာေငြ (ေငြႏို႔ႏွစ္) အခြန္မေဆာင္ရေသး (ခုေတာ့ ၆%ကေန စေဆာင္ရႏိုင္ပါတယ္)

Black Money – စည္းက်ပ္မခံဝံ့ေသာေငြ (ေငြမဲ) သမာအာဇီဝမဟုတ္ေသာအလုပ္မ်ားမွရေသာေငြ

နံပါတ္ ၄ ဝင္ေငြခြန္ႏႈန္း ထား အေျပာင္းအလဲ ဟာ ေငြျဖဴ သမားေတြ ကို မသက္ေရာက္ ပါဘူး

ေငြျဖဴသမား က ၁၀% ကေန ၂၅% ေဆာင္မွ ရတဲ့ ေငြျဖဴ ကို ေငြႏို႔ႏွစ္သမား နဲ႔ ေငြမဲသမားေတြက ၆%ကေန စၿပီးပဲ ေဆာင္ရမယ္ဆိုေတာ့ တရားသလား၊ မတရားသလား စဥ္းစားၾကည့္ၾကေ ပါ့.. ( ခုေတာ့ ကိုဗစ္ကာလ ေငြေၾကးစီးဆင္းမႈကလည္းလိုေနေတာ့ ကာလအပိုင္းအျခားတစ္ခုအေနနဲ႔လုပ္ရမွာပါပဲ ။

အခြန္ အေျပာင္းအလဲေတြၾကား မွာ ကားေဈး ဘယ္ေလာက္ထိ က်သြားမလဲ

ျဖစ္သြားႏိုင္တဲ့ ကားေဈးက

၁။ အခု ၈ လပိုင္း ၁ ရက္ေန႔က စၿပီး ရန္ကုန္ဆိပ္ကမ္း ကို ေရာက္လာတဲ့ ကားေတြ ကို အေကာက္ခြန္ႏႈန္းထားေတြ ေလွ်ာ့လိုက္ပါတယ္..

ဘယ္လိုေလွ်ာ့တာလဲဆိုေတာ့ CBU ကားေတြကို အင္ဂ်င္ပါဝါ 2.0 ေအာက္ကို အရင္ ၃၀% ကေန ၂၀% ေလွ်ာ့ေကာက္လိုက္တယ္၊ 2.0 အထက္ဆိုရင္ အရင္ ၄၀% ေကာက္တာကေန ၃၀% ျဖစ္သြားတယ္။

SKD အရင္ ၁၀% ကေန ဝ% ေလွ်ာ့ေကာက္လိုက္တယ္၊ 2.0 အထက္ဆိုရင္ အရင္ ၂၀% ေကာက္တာကေန ၅% ျဖစ္သြားတယ္။

လာမယ့္ ေအာက္တိုဘာ ၁ ရက္ ေန႔မွာေတာ့ စည္းက်ပ္မႈမွလြတ္ကင္းေသာေငြကို ၃% တစ္ႏွစ္ေလွ်ာ့ေပးထားတာကေန ေနာက္တစ္ႏွစ္ကို ၆% ေျပာင္းဖို႔ရွိေနပါတယ္..

အခုဆိပ္ကမ္းက မထုတ္ရေသးတဲ့ ကားေတြအတြက္ အဆင္ေျပသြားၿပီး၊ ဆိပ္ကမ္းထုတ္ၿပီးသား ကားေတြကေတာ့ မပါဘူးေပါ့..

ကားတစ္စီးသြင္းရင္ ေဆာင္ရတဲ့ အခြန္ ၅ မ်ိဳး

အၾကမ္းဖ်ဥ္း ဘယ္ေလာက္ ေလွ်ာ့သြားမလဲဆိုေတာ့ အင္ဂ်င္ပါဝါ ၂၀၀၀ ေအာက္ (CIFေဈး (သို႔) AV) ေဒၚလာ ၂၀၀၀၀ တန္ကားကို တြက္ၾကည့္ရင္

အရင္ ၂၀၀၀၀ x ၃၀% = ေဒၚလာ ၆၀၀၀ ကေန အခု ၂၀၀၀၀ x ၂၀%= ေဒၚလာ၄၀၀၀ ျဖစ္သြားေတာ့ ေဒၚလာ ၂၀၀၀ (၂၈ သိန္း သက္သာသြားမယ္)

ေနာက္အထူးကုန္စည္ခြန္ နည္းနည္းေလ်ာ့ပါမယ္ … တြက္နည္းအရ (၂၀၀၀၀ + ၄၀၀၀)x၁၀% = ၂၄၀၀ $ ျဖစ္သြားပါမယ္၊ နဂိုႏႈန္းဆိုရင္ ၂၆၀၀ ဆိုေတာ့ ေဒၚလာ ၂၀၀ သက္သာပါမယ္..

Commercial Tax နည္းနည္းေလ်ာ့ပါမယ္ တြက္နည္းအရ (AV + CD + SGD ) x 5% ဆိုေတာ့ နဂိုထက္ $110 သက္သာသြားပါမယ္..

ဆိုေတာ့ အခြန္ ၃မ်ိဳးအတြက္ သိန္း ၃၀၀ ဝန္းက်င္ကားေတြမွာ 32သိန္း ဝန္းက်င္ေလ်ာ့သြားပါၿပီ..

ဒါေပမယ့္ (Unruled Income Tax သာ ၃% ကေန ၆% တက္သြားရင္) ၂၃ သိန္း ေဆာင္ရမွာျဖစ္လို႔ နဂိုထက္ ၁၀ သိန္း ပိုေဆာင္ရပါမယ္.. (ေငြျဖဴရွိၿပီးသားလူကေတာ့ မေပးရဘူးေပါ့…)

အခြန္ အေျပာင္းအလဲေတြၾကား မွာ ကားေဈး ဘယ္ေလာက္ထိ က်သြားမလဲ

အမွန္က ၃% နဲ႔ ေပးတုန္းမွာ ေဆာင္ထားတဲ့သူေတြက အဲဒီ ၃% ေငြျဖဴကို တစ္သက္လုံး လွည့္သုံးပါပဲ..။

ဆိုေတာ့ ၃၂ သိန္း သက္သာၿပီး ၁၀ သိန္း ပိုေပးရရင္ေတာင္ သိန္း ၂၀ ေက်ာ္ ကားေဈးေလ်ာ့သြားပါၿပီ… ဒါေတာင္ ကညန ခြန္ က အျဖဴအမဲ မသဲကြဲေသးလို႔ပါ…

ၾကားေနတဲ့ သတင္းေတြအရ ကညနခြန္သာ တစ္ဝက္ေလ်ာ့သြားရင္ သိန္း ၅၀ ေလာက္ ေလ်ာ့ဖို႔ရွိေနပါတယ္..ေလွ်ာ့လည္း ေလွ်ာ့သင့္ပါတယ္…

အဲဒါဆို သိန္း ၃၀၀ နဲ႔ ၄၀၀ ၾကား ကားသစ္ေတြက သိန္း ၇၀ ေလာက္ သက္သာသြားႏိုင္ပါတယ္… (ကညနခြန္သာ တစ္ဝက္ေလွ်ာ့ခဲ့ရင္ေပါ့)

သိန္း ၈၀၀(CIF 40000) ေက်ာ္ကားမ်ိဳးဆိုရင္ သိန္း ၁၅၀ ဝန္းက်င္ သက္သာသြားႏိုင္ပါတယ္..

၁၁ ေယာက္စီး(လုပ္ငန္းသုံး)ကားေတြျဖစ္တဲ့ Kia Carnival တို႔၊ Toyota Majesty တို႔ကေတာ့ နဂိုထဲက အခြန္ေလွ်ာ့ၿပီးသားဆိုေတာ့ သိပ္မသက္သာသြားဘူးေပါ့..

ကြၽန္ေတာ္လည္း နားလည္သေလာက္ကို အတိုခ်ဳံးၿပီးရွင္းရတာပါ၊ ဒါေတာင္ ရွည္သြားတယ္.. လိုအပ္တာေတြ ၊ ျဖည့္ဆြတ္ေထာက္ျပခ်င္တာေတြ ကိုလည္း အားမနာတမ္းေျပာႏို င္ပါတယ္..

Aung Moe Lwin (UnitedExplorer) 6 Aug 2020

Unicode

ကားတစ်စီး သွင်းရင် အခွန် ၅ မျိုးဆောင်ရ ပါ တယ်..

၁။ အကောက်ခွန် Custom Duty

၂။ အထူးကုန်စည်ခွန် (SGT)

၃။ ကုန်သွယ်ခွန် (CT)

၄။ ဝင်ငွေခွန်(*Unruled Income tax)

၅။ ကညနခွန် ဆိုပြီး ရှိ ပါတယ်.

အခွန် အပြောင်းအလဲတွေကြား မှာ ကားဈေး ဘယ်လောက်ထိ ကျသွားမလဲ

အခု Custom Duty လျှော့ပေး တာ အတည်ဖြစ် ပါပြီ၊ (ရုံးတွင်းညွှန်ကြားစာလည်း ထွက်ပါပြီ) ( CD လျှော့လိုက်တာ နဲ့ အခွန်တွက်ချက်မှုအရ အခွန် ၁၊ ၂၊ ၃ မှာပါ လိုက်လျော့ ပါတယ် )

စည်းကျပ်မှု မှလွတ်ကင်းသော ဝင်ငွေခွန်ကိုတော့ ၃% ကနေ ၆% တက်ဖို့ များနေပါပြီ။ အစိုးရက ၃၀% တင်ပြတာကို လွှတ်တော်ဥပဒေကြမ်းကော်မတီက ၆% နဲ့ပြန်ပြင်ထားပါတယ်။ မဲခွဲပြီးရင် အတည်ဖြစ်ပါမယ်…

ဟိုတုန်းကတော့ Unruled Income tax တွေကို ကောက်တာ ၁၅% ပါ။ ဘာကြောင့် ၁၅% ကောက်လဲဆိုတော့ စည်းကြပ်ခံထားရသူတွေက ၁၀% အနည်းဆုံးဆောင်ထားရ လို့ပါ…

ကညနခွန် ကလည်း တစ်ဝက်လောက်လျှော့မယ် လို့ အသံထွက်နေ ပါတယ်( အတည်မဖြစ်မသေးပါ )

တော်တော်များများက ကားဝယ်ရင် ဆောင်ရတဲ့ ဝင်ငွေခွန်ကို မဖြစ်မနေပေးရမယ့်ငွေလို့ပဲ ထင်နေတယ်.. အမှန်က စည်းကြပ်ခံပြီးတဲ့ငွေဖြူရှိသူက အဲ့ဒီငွေဖြူနဲ့ ဝယ်ရင် မပေးရပါဘူး.. စည်းကြပ်မခံရသေးသူသာပေးရတာပါ…

ဝင်ငွေတွေကနေ (ကား၊ အိမ်ခြံမြေ) ဝယ်တဲ့အခါ

Ruled Income tax – စည်းကျပ်ပြီးသောဝင်ငွေ (ငွေဖြူ) သူတို့ကတော့ ဝ-၂၅%အထိ အခွန် ဆောင်ထားရပါတယ်. အဲဒါကြောင့် အဲဒီငွေတွေ ပြနိုင်ရင် အခွန် ထပ်မပေးရပါဘူး

Unruled Income tax – စည်းကျပ်မခံရသေးသောငွေ (ငွေနို့နှစ်) အခွန်မဆောင်ရသေး (ခုတော့ ၆%ကနေ စဆောင်ရနိုင်ပါတယ်)

Black Money – စည်းကျပ်မခံဝံ့သောငွေ (ငွေမဲ) သမာအာဇီဝမဟုတ်သောအလုပ်များမှရသောငွေ

နံပါတ် ၄ ဝင်ငွေခွန်နှုန်း ထား အပြောင်းအလဲ ဟာ ငွေဖြူ သမားတွေ ကို မသက်ရောက် ပါဘူး

ငွေဖြူသမား က ၁၀% ကနေ ၂၅% ဆောင်မှ ရတဲ့ ငွေဖြူ ကို ငွေနို့နှစ်သမား နဲ့ ငွေမဲသမားတွေက ၆%ကနေ စပြီးပဲ ဆောင်ရမယ်ဆိုတော့ တရားသလား၊ မတရားသလား စဉ်းစားကြည့်ကြေ ပါ့.. ( ခုတော့ ကိုဗစ်ကာလ ငွေကြေးစီးဆင်းမှုကလည်းလိုနေတော့ ကာလအပိုင်းအခြားတစ်ခုအနေနဲ့လုပ်ရမှာပါပဲ ။

ဖြစ်သွားနိုင်တဲ့ ကားဈေးက

၁။ အခု ၈ လပိုင်း ၁ ရက်နေ့က စပြီး ရန်ကုန်ဆိပ်ကမ်း ကို ရောက်လာတဲ့ ကားတွေ ကို အကောက်ခွန်နှုန်းထားတွေ လျှော့လိုက်ပါတယ်..

ဘယ်လိုလျှော့တာလဲဆိုတော့ CBU ကားတွေကို အင်ဂျင်ပါဝါ 2.0 အောက်ကို အရင် ၃၀% ကနေ ၂၀% လျှော့ကောက်လိုက်တယ်၊ 2.0 အထက်ဆိုရင် အရင် ၄၀% ကောက်တာကနေ ၃၀% ဖြစ်သွားတယ်။

SKD အရင် ၁၀% ကနေ ဝ% လျှော့ကောက်လိုက်တယ်၊ 2.0 အထက်ဆိုရင် အရင် ၂၀% ကောက်တာကနေ ၅% ဖြစ်သွားတယ်။

လာမယ့် အောက်တိုဘာ ၁ ရက် နေ့မှာတော့ စည်းကျပ်မှုမှလွတ်ကင်းသောငွေကို ၃% တစ်နှစ်လျှော့ပေးထားတာကနေ နောက်တစ်နှစ်ကို ၆% ပြောင်းဖို့ရှိနေပါတယ်..

အခုဆိပ်ကမ်းက မထုတ်ရသေးတဲ့ ကားတွေအတွက် အဆင်ပြေသွားပြီး၊ ဆိပ်ကမ်းထုတ်ပြီးသား ကားတွေကတော့ မပါဘူးပေါ့..

ကားတစ်စီးသွင်းရင် ဆောင်ရတဲ့ အခွန် ၅ မျိုး

အကြမ်းဖျဉ်း ဘယ်လောက် လျှော့သွားမလဲဆိုတော့ အင်ဂျင်ပါဝါ ၂၀၀၀ အောက် (CIFဈေး (သို့) AV) ဒေါ်လာ ၂၀၀၀၀ တန်ကားကို တွက်ကြည့်ရင်

အရင် ၂၀၀၀၀ x ၃၀% = ဒေါ်လာ ၆၀၀၀ ကနေ အခု ၂၀၀၀၀ x ၂၀%= ဒေါ်လာ၄၀၀၀ ဖြစ်သွားတော့ ဒေါ်လာ ၂၀၀၀ (၂၈ သိန်း သက်သာသွားမယ်)

နောက်အထူးကုန်စည်ခွန် နည်းနည်းလျော့ပါမယ် … တွက်နည်းအရ (၂၀၀၀၀ + ၄၀၀၀)x၁၀% = ၂၄၀၀ $ ဖြစ်သွားပါမယ်၊ နဂိုနှုန်းဆိုရင် ၂၆၀၀ ဆိုတော့ ဒေါ်လာ ၂၀၀ သက်သာပါမယ်..

Commercial Tax နည်းနည်းလျော့ပါမယ် တွက်နည်းအရ (AV + CD + SGD ) x 5% ဆိုတော့ နဂိုထက် $110 သက်သာသွားပါမယ်..

ဆိုတော့ အခွန် ၃မျိုးအတွက် သိန်း ၃၀၀ ဝန်းကျင်ကားတွေမှာ 32သိန်း ဝန်းကျင်လျော့သွားပါပြီ..

ဒါပေမယ့် (Unruled Income Tax သာ ၃% ကနေ ၆% တက်သွားရင်) ၂၃ သိန်း ဆောင်ရမှာဖြစ်လို့ နဂိုထက် ၁၀ သိန်း ပိုဆောင်ရပါမယ်.. (ငွေဖြူရှိပြီးသားလူကတော့ မပေးရဘူးပေါ့…)

အမှန်က ၃% နဲ့ ပေးတုန်းမှာ ဆောင်ထားတဲ့သူတွေက အဲဒီ ၃% ငွေဖြူကို တစ်သက်လုံး လှည့်သုံးပါပဲ..။

ဆိုတော့ ၃၂ သိန်း သက်သာပြီး ၁၀ သိန်း ပိုပေးရရင်တောင် သိန်း ၂၀ ကျော် ကားဈေးလျော့သွားပါပြီ… ဒါတောင် ကညန ခွန် က အဖြူအမဲ မသဲကွဲသေးလို့ပါ…

ကြားနေတဲ့ သတင်းတွေအရ ကညနခွန်သာ တစ်ဝက်လျော့သွားရင် သိန်း ၅၀ လောက် လျော့ဖို့ရှိနေပါတယ်..လျှော့လည်း လျှော့သင့်ပါတယ်…

အဲဒါဆို သိန်း ၃၀၀ နဲ့ ၄၀၀ ကြား ကားသစ်တွေက သိန်း ၇၀ လောက် သက်သာသွားနိုင်ပါတယ်… (ကညနခွန်သာ တစ်ဝက်လျှော့ခဲ့ရင်ပေါ့)

သိန်း ၈၀၀(CIF 40000) ကျော်ကားမျိုးဆိုရင် သိန်း ၁၅၀ ဝန်းကျင် သက်သာသွားနိုင်ပါတယ်..

၁၁ ယောက်စီး(လုပ်ငန်းသုံး)ကားတွေဖြစ်တဲ့ Kia Carnival တို့၊ Toyota Majesty တို့ကတော့ နဂိုထဲက အခွန်လျှော့ပြီးသားဆိုတော့ သိပ်မသက်သာသွားဘူးပေါ့..

ကျွန်တော်လည်း နားလည်သလောက်ကို အတိုချုံးပြီးရှင်းရတာပါ၊ ဒါတောင် ရှည်သွားတယ်.. လိုအပ်တာတွေ ၊ ဖြည့်ဆွတ်ထောက်ပြချင်တာတွေ ကိုလည်း အားမနာတမ်းပြောနို င်ပါတယ်..

Aung Moe Lwin (UnitedExplorer) 6 Aug 2020

Add a Comment

Your email address will not be published. Required fields are marked *