အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင် ကိုဗစ် ကာကွယ်ဆေး ရနိုင်ခြေရှိ ဟု သမ္မတ Trump ပြောပြီ



အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင် ကိုဗစ် ကာကွယ်ဆေး ရနိုင်ခြေရှိ ဟု သမ္မတ Trump ပြောပြီ



အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင် ကိုဗစ် ကာကွယ်ဆေး ရနိုင်ခြေရှိ ဟု သမ္မတ Trump ပြောပြီ


အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင် ကိုဗစ် ကာကွယ်ဆေး ရနိုင်ခြေရှိ ဟု သမ္မတ Trump ပြောပြီ


Souce;VOA

Unicode

အမေရိကန်ပြည်ထောင်စု မှာ နိုဝင်ဘာ ၃ ရက် ရွေး ကောက်ပွဲ မတိုင်ခင် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး ရနိုင် ခြေရှိနေတယ် လို့ သမ္မတဒေါ်နယ်ထရမ့် က ကြာသပတေး နေ့မှာ ပြော ပါတယ်။ ဒါဟာ သမ္မတ အိမ်ဖြူတော် ရဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေ ခန့်မှန်းတာ ထက် ပိုအပြုသဘောဆောင် တဲ့ ခန့်မှန်းချက် ဖြစ် ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက် ကာကွယ်ဆေး ကို ဒီနှစ်ကုန်ထက် စောပြီး ရနိုင်ခြေရှိမရှိ သတင်းဌာနတ ခုရဲ့ မေးမြန်းချက်ကို သမ္မတက နိုဝင်ဘာ ၃ မတိုင်ခင် ရနိုင်သလို အဲဒီအချိန်လောက် မှာတော့ ရနိုင်လောက်ပြီ လို့ ထင်ကြောင်း ဖြေကြားခဲ့ တာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်စီးပွါးရေး လုပ်ငန်းတွေ ရပ်ဆိုင်း ထားရတဲ့ အတွက် အမေရိကန်စီးပွါးရေး ယိုယွင်းနေချိန် မှာပဲ သမ္မတ ထရမ့် က ဒုတိယ သက်တမ်း အတွက် ပြန်အရွေးခံဖို့ လုပ်နေတာပါ ။ ဒီကပ်ရောဂါကြောင့် အမေရိကန်ပြည်ထောင်စု မှာ ပျမ်းမျှအားဖြင့် တရက် ကို လူ တထောင်ကျော် သေဆုံးချိန်မှာပဲ စာသင်ကျောင်းတွေ
ပြန်ဖွင့်တာကစပြီး အမေရိကန် လူနေမှုဘဝ နဂိုအတိုင်း ပြန်ဖြစ်လာဖို့ သမ္မတက ကြိုးစားနေတာ ဖြစ် ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး နဲ့ ပတ်သက်ပြီး အနည်း ဆုံးတော့ ဆေးတမျိုး ကို ရနိုင်ခြေရှိနေပြီး ဒီဆေးသုံး ဖို့ ကလည်း နှစ်ကုန်လောက်ဆို စိတ်ချရမှာ ဖြစ်ကြောင်း အမေရိကန်အစိုးရ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်း ပညာရှင် Dr. Anthony Fauci က ဗုဒ္ဓဟူးနေ့ ရိုက်တာ သတင်းဌာန မေးမြန်းခန်း မှာ ဖြေကြားခဲ့တာပါ။

ကာကွယ်ဆေးထုတ် ဖို့ ကြိုးစားနေသူတွေ ထဲက အလား အလာကောင်း တဲ့ အမေရိကန် အခြေစိုက် Moderna Inc ကုမ္ပဏီ ကို တရုတ်အစိုးရ နဲ့ ဆက်နွယ်နေတဲ့ ကွန်ပြူတာဖေါက်ထွင်းသူ ဟက်ကာ တွေက ပစ်မှတ်ထားနေတယ် လို့ တရုတ် ဟက်ကာတွေ ကို ခြေရာခံ စုံစမ်းနေတဲ့ အမေရိကန် လုံခြုံရေး အရာရှိ တဦးရဲ့ ပြောကြားချက် ကို ရိုက်တာသတင်းက ဖေါ်ပြ ပါတယ်။

တရုတ်က အမေရိကန်ဆီကနေ ကာကွယ်ဆေးတွေ ခိုးယူ ဖို့ ရှိမရှိ အသေချာမပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေရှိ တယ် လို့လည်း သမ္မတက ပြောကြား ခဲ့တာပါ။

Souce;VOA

Add a Comment

Your email address will not be published. Required fields are marked *