တရုတ္ အေနာက္ျေမာက္ပိုင္း Yulin ၿမိဳ႕ တြင္ မိုးအၾကီးအက်ယ္ ရြာသြန္းကာ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းထေပါက္ျပီး ေျမၿပိဳကာ လမ္းအေတာ္ မ်ားမ်ားၿပိဳက်ခဲ့

တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း Shaanxi ျပည္နယ္ Yulin ၿမိဳ႕မွာ မိုးအႀကီးအက်ယ္႐ြာတဲ့အတြက္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းထေပါက္ၿပီး ေျမၿပိဳကာ လမ္းအေတာ္မ်ားမ်ားၿပိဳက်ခဲ့တယ္လို႔ဆိုပါတယ္။

သဘာဝဓာတ္ေငြ႕ပိုက္လိုင္းထေပါက္ျပီး ေျမၿပိဳကာ လမ္းအေတာ္ မ်ားမ်ားၿပိဳက်ခဲ့

မေန႔က ဩဂတ္လ ၅ ရက္ေန႔ ညေနပိုင္းကျဖစ္ခဲ့ပုံရပါတယ္။ အခုအထိ လူ (၆၀၀) ကို ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းထား ပါတယ္။ အေသးစိတ္ကိုမသိရေသးပါ။

တ႐ုတ္ျပည္ မွာ မိုးႀကီးၿပီးေျမၿပိဳမႈေတြျဖစ္ ရင္ သြယ္တန္းထား တဲ့ ဂတ္စ္ပိုက္လိုင္းေတြ ထေပါက္တာျဖစ္တတ္ ပါ တယ္။ အဲ့ဒီ Yulin ၿမိဳ႕မွာပဲ ၂၀၁၇ ႏွစ္ဆန္းပိုင္းမွာ ဂတ္စ္ပိုက္လိုင္းထေပါက္လို႔ အိမ္သာတစ္လုံးၿပိဳက်ကာ လူတစ္ဦးေသဆုံးၿပီး ၇ ဦးဒဏ္ရာရဖူးပါတယ္။

သဘာဝဓာတ္ေငြ႕ပိုက္လိုင္းထေပါက္ျပီး ေျမၿပိဳကာ လမ္းအေတာ္ မ်ားမ်ားၿပိဳက်ခဲ့

၂၀၁၇ ဇူလိုင္လမွာပဲ Guizhouမွာ သဘာဝဓာတ္ေငြ႕လိုင္းထေပါက္ခဲ့လို႔ လူ ၈ ေယာက္ေသဆုံးၿပီး ၃၅ ေယာက္ ဒဏ္ရာရဖူးပါတယ္။ ၂၀၁၆ ခုႏွစ္အတြင္း တ႐ုတ္ျပည္အလယ္ပိုင္းက ဓာတ္အားေပးစက္႐ုံရွိ ဂတ္စ္ပိုက္လိုင္းထေပါက္ခဲ့လို႔ လူ ၂၁ ေယာက္ေသဆုံးခဲ့ဖူးပါတယ္။ ၂၀၁၅ ခုႏွစ္ Tianjin ဆိပ္ကမ္းရွိ ဂိုေထာင္ ေပါက္ကြဲမႈမွာ လူေပါင္း ၁၇၃ ေယာက္ေသဆုံးကာ ၈ ေယာက္ေပ်က္ဆုံးၿပီး ၇၉၈ ေယာက္ ဒဏ္ရာရရွိခဲ့ပါတယ္။

ေပါက္ကြဲမႈျဖစ္ေပၚခဲ့ တာက ဓာတ္ေျမဩဇာလုပ္ရာမွာသုံးတဲ့ အမိုနီယမ္ႏိုက္ထရိတ္ တန္ ၈၀၀ ရယ္၊ ပိုတက္ဆီယမ္ႏိုက္ထရိတ္ တန္ ၅၀၀ ရယ္၊ ဆိုဒီယမ္ဆိုင္ယာႏိုက္ရယ္၊ ကယ္ဆီယမ္ကာ ဘိုက္ ရယ္ အႏၲရာယ္ရွိတဲ့ ဓာတုပစၥည္းအမ်ိဳးေပါင္း ၄၀ ေလာက္ စုစုေပါင္း တန္ ၃၀၀၀ ေလာက္သိုေလွာင္ထားရာမွ ေပါက္ကြဲခဲ့တယ္လို႔ဆိုပါတယ္။

သဘာဝဓာတ္ေငြ႕ပိုက္လိုင္းထေပါက္ျပီး ေျမၿပိဳကာ လမ္းအေတာ္ မ်ားမ်ားၿပိဳက်ခဲ့

ပထမမီးေလာင္လို ႔ေရာက္ရွိလာတဲ့ မီးသတ္သမားေတြ ဟာ ဓာတုပစၥည္းေတြ ရွိတာ မသိပဲ ေရနဲ႔ ပက္ဖ်န္းခဲ့ရာက ပိုၿပီးမီးေလာင္ေပါက္ကြဲမႈ ကို ျဖစ္ေစခဲ့ ပါတယ္။

ဒီေနရာ မွာ ဗဟုသုတ အျဖစ္ ထည့္သြင္းေျပာ လိုတာက အဲ့ဒီဓာတုပစၥည္းေတြ ကို သိုေလွာင္ရင္ အႏၲရာယ္ကင္းေအာင္ထိန္းသိမ္းမႈစနစ္၊ လူေနအိမ္ေတြနဲ႔ေဝးကြာမႈစံ သတ္မွတ္ခ်က္ နဲ႔ သတ္မွတ္ပမာဏ legal limits ဆိုတာ ရွိ ပါတယ္ ။

သဘာဝဓာတ္ေငြ႕ပိုက္လိုင္းထေပါက္ျပီး ေျမၿပိဳကာ လမ္းအေတာ္ မ်ားမ်ားၿပိဳက်ခဲ့

ဓာတ္ေငြ႕ပိုက္လိုင္း နဲ႔ စြမ္းအင္စနစ္ေတြ မွာလည္း က်ေနာ္တို႔ တ႐ုတ္ ကို explosion proof ပစၥည္းေတြေရာင္း တုန္းက တ႐ုတ္ ရဲ႕ NEPSI certificate ကိုယူရ ပါတယ္။

၂၀၁၃ ခုႏွစ္တုန္းက Qingdao oil pipeline ေပါက္ကြဲမႈဟာ နာမည္ႀကီးပါတယ္။ Qingdao ခ်င္းေတာင္ကို က်ေနာ္သြားတုန္းက အဲ့ဒီအေၾကာင္းကိုေျပာျဖစ္ပါတယ္။ ပိုက္လိုင္းကကြဲၿပီးေတာ့ လမ္းေပၚကို ဆီေတြ ၁၅ မိနစ္ေလာက္ယိုဖိတ္ကုန္ပါတယ္။ ေနာက္ေတာ့ပင္လယ္ထဲကိုပါယိုဖိတ္ကုန္ပါတယ္။ နာရီအေတာ္ၾကာ အလုပ္သမားေတြ သန႔္ရွင္းေရးလုပ္ေနစဥ္မွာ ႏွစ္ေနရာက မီးထေလာင္ၿပီးေပါက္ကြဲပါတယ္။ ဆီေတြကိုမီးေလာင္တာမွ ပင္လယ္ျပင္ေပၚဖိတ္ေနတဲ့ဆီကြက္ႀကီးကိုပါ မီးေလာင္ခဲ့ပါတယ္။

သဘာဝဓာတ္ေငြ႕ပိုက္လိုင္းထေပါက္ျပီး ေျမၿပိဳကာ လမ္းအေတာ္ မ်ားမ်ားၿပိဳက်ခဲ့

မေန႔က လည္း လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕ေတာ္က ေပါက္ကြဲမႈဟာ လူ အနည္း ဆုံး ၁၃၅ ေယာက္ေသဆုံးၿပီး ၅၀၀၀ ေက်ာ္ဒဏ္ရာရ ရွိခဲ့ပါတယ္။

လူထုေဒါသ နဲ႔ အျပစ္တင္မႈေတြျပင္းထန္ေနၿပီး စုံစမ္းစစ္ေဆးမႈေတြ စတင္ေနၿပီျဖစ္ ပါေၾကာင္း…။

ရုပ္သံသတင္းၾကည့္ရန္

https://www.facebook.com/Richard-Myo-Thant-109119807474881/

Richard Myo Thant

6-Aug-2020

Unicode

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Shaanxi ပြည်နယ် Yulin မြို့မှာ မိုးအကြီးအကျယ်ရွာတဲ့အတွက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းထပေါက်ပြီး မြေပြိုကာ လမ်းအတော်များများပြိုကျခဲ့တယ်လို့ဆိုပါတယ်။

မနေ့က ဩဂတ်လ ၅ ရက်နေ့ ညနေပိုင်းကဖြစ်ခဲ့ပုံရပါတယ်။ အခုအထိ လူ (၆၀၀) ကို ဘေးလွတ်ရာကိုရွှေ့ပြောင်းထား ပါတယ်။ အသေးစိတ်ကိုမသိရသေးပါ။

တရုတ်ပြည် မှာ မိုးကြီးပြီးမြေပြိုမှုတွေဖြစ် ရင် သွယ်တန်းထား တဲ့ ဂတ်စ်ပိုက်လိုင်းတွေ ထပေါက်တာဖြစ်တတ် ပါ တယ်။ အဲ့ဒီ Yulin မြို့မှာပဲ ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ဂတ်စ်ပိုက်လိုင်းထပေါက်လို့ အိမ်သာတစ်လုံးပြိုကျကာ လူတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဖူးပါတယ်။

၂၀၁၇ ဇူလိုင်လမှာပဲ Guizhouမှာ သဘာဝဓာတ်ငွေ့လိုင်းထပေါက်ခဲ့လို့ လူ ၈ ယောက်သေဆုံးပြီး ၃၅ ယောက် ဒဏ်ရာရဖူးပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း တရုတ်ပြည်အလယ်ပိုင်းက ဓာတ်အားပေးစက်ရုံရှိ ဂတ်စ်ပိုက်လိုင်းထပေါက်ခဲ့လို့ လူ ၂၁ ယောက်သေဆုံးခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ် Tianjin ဆိပ်ကမ်းရှိ ဂိုထောင် ပေါက်ကွဲမှုမှာ လူပေါင်း ၁၇၃ ယောက်သေဆုံးကာ ၈ ယောက်ပျေက်ဆုံးပြီး ၇၉၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ တာက ဓာတ်မြေဩဇာလုပ်ရာမှာသုံးတဲ့ အမိုနီယမ်နိုက်ထရိတ် တန် ၈၀၀ ရယ်၊ ပိုတက်ဆီယမ်နိုက်ထရိတ် တန် ၅၀၀ ရယ်၊ ဆိုဒီယမ်ဆိုင်ယာနိုက်ရယ်၊ ကယ်ဆီယမ်ကာ ဘိုက် ရယ် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းအမျိုးပေါင်း ၄၀ လောက် စုစုပေါင်း တန် ၃၀၀၀ လောက်သိုလှောင်ထားရာမှ ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။

ပထမမီးလောင်လို့ရောက်ရှိလာတဲ့ မီးသတ်သမားတွေ ဟာ ဓာတုပစ္စည်းတွေ ရှိတာ မသိပဲ ရေနဲ့ ပက်ဖျန်းခဲ့ရာက ပိုပြီးမီးလောင်ပေါက်ကွဲမှု ကို ဖြစ်စေခဲ့ ပါတယ်။

ဒီနေရာ မှာ ဗဟုသုတ အဖြစ် ထည့်သွင်းပြော လိုတာက အဲ့ဒီဓာတုပစ္စည်းတွေ ကို သိုလှောင်ရင် အန္တရာယ်ကင်းအောင်ထိန်းသိမ်းမှုစနစ်၊ လူနေအိမ်တွေနဲ့ဝေးကွာမှုစံ သတ်မှတ်ချက် နဲ့ သတ်မှတ်ပမာဏ legal limits ဆိုတာ ရှိ ပါတယ် ။

ဓာတ်ငွေ့ပိုက်လိုင်း နဲ့ စွမ်းအင်စနစ်တွေ မှာလည်း ကျနော်တို့ တရုတ် ကို explosion proof ပစ္စည်းတွေရောင်း တုန်းက တရုတ် ရဲ့ NEPSI certificate ကိုယူရ ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက Qingdao oil pipeline ပေါက်ကွဲမှုဟာ နာမည်ကြီးပါတယ်။ Qingdao ချင်းတောင်ကို ကျနော်သွားတုန်းက အဲ့ဒီအကြောင်းကိုပြောဖြစ်ပါတယ်။ ပိုက်လိုင်းကကွဲပြီးတော့ လမ်းပေါ်ကို ဆီတွေ ၁၅ မိနစ်လောက်ယိုဖိတ်ကုန်ပါတယ်။ နောက်တော့ပင်လယ်ထဲကိုပါယိုဖိတ်ကုန်ပါတယ်။ နာရီအတော်ကြာ အလုပ်သမားတွေ သန့်ရှင်းရေးလုပ်နေစဉ်မှာ နှစ်နေရာက မီးထလောင်ပြီးပေါက်ကွဲပါတယ်။ ဆီတွေကိုမီးလောင်တာမှ ပင်လယ်ပြင်ပေါ်ဖိတ်နေတဲ့ဆီကွက်ကြီးကိုပါ မီးလောင်ခဲ့ပါတယ်။

မနေ့က လည်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်က ပေါက်ကွဲမှုဟာ လူ အနည်း ဆုံး ၁၃၅ ယောက်သေဆုံးပြီး ၅၀၀၀ ကျော်ဒဏ်ရာရ ရှိခဲ့ပါတယ်။

လူထုဒေါသ နဲ့ အပြစ်တင်မှုတွေပြင်းထန်နေပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ် ပါကြောင်း…။

https://www.facebook.com/Richard-Myo-Thant-109119807474881/

Richard Myo Thant

6-Aug-2020

Add a Comment

Your email address will not be published. Required fields are marked *