ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ အတွက် အစိုးရရဲ့ ပြည်သူ့အငှား အိမ်ရာ စီမံကိန်း စတင်ပါပီ
ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ အတွက် အစိုးရရဲ့ ပြည်သူ့အငှား အိမ်ရာ စီမံကိန်း စတင်ပါပီ
ရန်ကုန် ၊ဩဂုတ် ၇ ရက်
ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ အတွက် အစိုးရရဲ့ ပြည်သူ့အငှား အိမ်ရာ စီမံကိန်း စတင်ပါပီ
ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ အတွက် အစိုးရရဲ့ ပြည်သူ့အငှား အိမ်ရာ စီမံကိန်း စတင်ပါပီ
ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ အတွက် အစိုးရရဲ့ ပြည်သူ့အငှား အိမ်ရာ စီမံကိန်း စတင်ပါပီ
ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ အတွက် အစိုးရရဲ့ ပြည်သူ့အငှား အိမ်ရာ စီမံကိန်း စတင်ပါပီ
ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ အတွက် အစိုးရရဲ့ ပြည်သူ့အငှား အိမ်ရာ စီမံကိန်း စတင်ပါပီ
ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ အတွက် အစိုးရရဲ့ ပြည်သူ့အငှား အိမ်ရာ စီမံကိန်း စတင်ပါပီ
Unicode
ပြည်သူများနေထိုင်ရေး မခက်ခဲစေရေးအတွက် နိုင်ငံတော်အစိုးရက အငှားအိမ်ရာစီမံကိန်း ကို စတင် အကောင်အထည် ဖော်ရန် ယနေ့တွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပန္နက်ချပေး လိုက်ပြီဖြစ် သည် ။
ရန်ကုန် ၊ဩဂုတ် ၇ ရက်
ဝန် ထမ်း များ ၊ အငြိမ်းစား ဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများ နေရေးအဆင်ပြေစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းပေါများစေရေး အတွက် ရန်ကုန်၊နေပြည်တော် ၊မန္တလေး တွင် အိမ်ခန်းပေါင်း ၁၀၀၀၀ ဆောက် လုပ်ခြင်း ပန္နက်တင် ။ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင် အသင်း ၃ မှ ကုမ္ပဏီ ၂၀၀ ကျော် က ပါဝင်ဆောင် ရွက်။
ရန်ကုန် ၊မန္တလေး၊နေပြည်တော်တို့တွင် အခန်းပေါင်း ၁၀၀၀၀ကျော်ဆောက်မည်ဖြစ်ပြီး ယနေ့ ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပန္နက်ချလိုက်သည့် စီမံကိန်းက အိမ်ခန်းပေါင်း ၆၀၀၀ ကျော် တည်ဆောက် မည့် စီမံကိန်းဖြစ်သည် ဟု သိရ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ အိမ်ရာစီ မံကိန်းက စတင်နိုင်တာ ကျေနပ် ပါတယ်။ ပြည်သူတွေ့ ရဲ့စားဝတ်နေရေးပါ။ ပထမဦးဆုံးက စားရေးပါ။ လူတိုင်းလူတိုင်း မှန်မှန် ၀၀လင်လင်စားချင်ကြ တယ် ။ ဝတ်ရေးကတော့ ကိုယ့် ရဲ့သိက္ခာနဲ့ကိုက်ညီအောင် ဝတ်နေရ တယ်။ နေရေးကတော့ နှစ်ခုလုံး နဲ့အတူတူ အရေးကြီးတာဖြစ်ပါ တယ် ။ အားလုံးက အေးအေးဆေးဆေးနဲ့ ကိုယ့်မိသားစု နဲ့ နေနိုင်တဲ့နေရာကို လိုချင်ကြ ပါ တယ် “ ဟု အဆိုပါအခမ်းအနားမှာပြောကြားခဲ့ ပါတယ်။
အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန က တာဝန်ယူဆောင်ရွက်ခြင်းဖြစ် ကာ ဆောက်လုပ်ရေးဆိုင်ရာ အသင်း ၃ခုက ပံ့ပိုးကူညီခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဆိုင်ရာ အသင်း ၃ခုတာဝန်ရှိသူများကပြော သည်။
“နေပြည်တော်မှာ က အခန်း၇၀၀ကျော်၊မန္တလေးမှာက အခန်း၃၀၀၀ကျော်ဆက်လက်တည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်၊ ကိုဗစ်ကာလမှာပြည်သူတွေ အလုပ်အကိုင်ရရှိဖို့၊စီးပွားရေး လုပ်ငန်းတွေ အရှိန်အဟုန်တိုး တက်ဖို့ ၊ပြည်သူတွေ နေထိုင်ရေးအဆင်ပြေစေဖို့ အစိုးရက ဆောင်ရွက်ပေးတဲ့ အစီအစဉ်တစ်ခုပါ” ဟု ဆောက်လုပ်ရေးဆိုင်ရာ အသင်း၁သင်း မှ တာဝန်ရှိသူက ပြောပြသည် ။
ယင်း အငှား အိမ်ရာသည် ဝင်ငွေနည်းပြည်သူများ ၊အငြိမ်းစားဝန်ထမ်းများ၊ ဝန်ထမ်းများ အတွက်ဖြစ်သည်ဟု သိရသည် ။ အဓိက အနေဖြင့် ဝင်ငွေနည်းပြည်သူ့တွေ အတွက် နိုင်ငံတော်ကနေ ဖော်ဆောင်ပေး ဖို့ စတင် ဆောက်လုပ်တော့ မယ့် စီမံကိန်းဖြစ် ပါတယ် ။ အိမ်ရာတွေ အကုန်လုံး ကို တန်ဖိုးသင့်အဌားစနစ် ဖြင့်သာ ဌားရမ်းသွားမှဖြစ် ပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *