ဓာတ္ေငြ့ေပါက္ကြဲကာ မီးေလာင္မႈေၾကာင့္ ထြက္ေျပးစဥ္ ေခါင္းေဆာင္ႀကီးေတြ ဓါတ္ပုံ သယ္ထုတ္လာျခင္း ရွိ ၊ မရွိ စစ္ေဆးခံေနရ တဲ့ ေျမာက္ကိုရီးယား ျပည္သူ မ်ား

တ႐ုတ္ နဲ႕နယ္စပ္ အနီးမွာ ရွိတဲ့ ေျမာက္ကိုရီးယားနိုင္ငံ၊ ေဟဆန္ၿမိဳ႕ မွာ ေပါက္ကြဲမႈႀကီး တစ္ခုျဖစ္ပြားခဲ့ၿပီး ၁၅ ဦးေသဆုံး ခဲ့ရကာ အျပင္းအထန္ ထိခိုက္ ဒဏ္ရာရသူ ၃၀ ဦးမွ် ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယား အေျခစိုက္ သတင္းေတြ အရ သိရ ပါ တယ္။

ဓာတ္ေငြ့ေပါက္ကြဲကာ မီးေလာင္မႈေၾကာင့္ ထြက္ေျပးစဥ္ ေခါင္းေဆာင္ႀကီးေတြ ဓါတ္ပုံ သယ္ထုတ္လာျခင္း ရွိ ၊ မရွိ စစ္ေဆးခံေနရ တဲ့ ေျမာက္ကိုရီးယား ျပည္သူ မ်ား

တ႐ုတ္နိုင္ငံ အနီး ေျမာက္ကိုရီးယား နယ္စပ္ ေဟဆန္ၿမိဳ႕မွာ ဓာတ္ေငြ႕ေပါက္ကြဲ မႈေတြ ျဖစ္ၿပီး လူ ၁၅ ဦး အနည္းဆုံး ေသဆုံးခဲ့တာ ကို တာဝန္ရွိသူေတြက စုံစမ္းစစ္ေဆးလ်က္ ရွိ ပါတယ္ ။ ဒါေပမယ့္ သူတို႔ ရဲ႕ စုံစမ္းစစ္ေဆးမႈ ဟာ ေပါက္ကြဲမႈေတြ အတြင္း မွာ ကင္အာဏာရွင္မ်ိဳးဆက္ ရဲ႕ ပုံေတြကို ကာကြယ္ေပးခဲ့ၾကသလားဆိုတာကို ဦးတည္စုံစမ္းစစ္ေဆး တာပါ ။အေရွ႕ေျမာက္ဖ်ား က အဲဒီ ေဟဆန္ၿမိဳ႕မွာ မေန႕က ညေန ေျခာက္နာ ရီမွာ ေပါက္ကြဲမႈေတြေၾကာင့္ ၿမိဳ႕တစ္ၿမိဳ႕လုံး တုန္လႈပ္ခဲ့ရတာၿပီး အိမ္တစ္အိမ္က သိုေလွာင္ ေလာင္စာေတြ မီးေလာင္ရာကေန ေပါက္ကြဲမႈေတြ ျဖစ္တာလို႔ Daily NK က သတင္းေဖာ္ျပ ပါတယ္။

ဓာတ္ေငြ႕ရည္ဘူးကေန မီးစေလာင္တာျဖစ္ၿပီး အနီးက အမ္ေတြဆီပါ ကူးစက္လို႔ ေပါက္ကြဲမႈ ဆယ္ႀကိမ္အထိ ျဖစ္ခဲ့ရာမွာ ေသဆုံးသူ ၁၅ ရွိၿပီး ဒဏ္ရာရသူ ၃၀ ခန႔္ရွိတယ္လို႔ သိရပါတယ္ ။ အတည္မျပဳနိုင္တဲ့ သတင္းေတြအရေတာ့ ေဆး႐ုံ မွာ ဒဏ္ရာရသူ သုံးဦး ေသဆုံးတယ္လို႔ ဆိုထားပါတယ္။

ေပါက္ကြဲမီးေလာင္မႈ ျဖစ္ရာဆီ ခ်က္ခ်င္းေရာက္ ရွိလာတဲ့ ပထမ အသုတ္ တာဝန္ရွိသူေတြဟာ မဟာေခါင္းေဆာင္နဲ႕ နိုင္ငံတည္ေထာင္သူ ကင္အီဆြန္းနဲ႕ ခ်စ္ျမတ္နိုးဖြယ္ ေခါင္းေဆာင္ ကင္ဂ်ဳံးအီတို႔ရဲ႕ ပုံတူေတြကို အိမ္ေတြ က ကာကြယ္ ကယ္ဆယ္ခဲ့သလား ဆိုတာကို လက္ငင္းကို စုံစမ္းစစ္ေဆး တာပါ။

ဓာတ္ေငြ့ေပါက္ကြဲကာ မီးေလာင္မႈေၾကာင့္ ထြက္ေျပးစဥ္ ေခါင္းေဆာင္ႀကီးေတြ ဓါတ္ပုံ သယ္ထုတ္လာျခင္း ရွိ ၊ မရွိ စစ္ေဆးခံေနရ တဲ့ ေျမာက္ကိုရီးယား ျပည္သူ မ်ား

ကင္ဂ်ဳံးအြန္ ဟာ ေျမာက္ကိုရီးယား ရဲ႕ အာဏာရွင္ေနရာ ကို ၂၀၁၁ မွာ အေမြဆက္ခံတာ ျဖစ္ၿပီး သူ႕ရဲ႕ ဓာတ္ပုံေတြကိုလည္း အဘိုးနဲ႕ အေဖတို႔ရဲ႕ ဓာတ္ပုံေတြနဲ႕အတူ ထားရွိရတာ ျဖစ္ပါတယ္။

ဓာတ္ေငြ့ေပါက္ကြဲကာ မီးေလာင္မႈေၾကာင့္ ထြက္ေျပးစဥ္ ေခါင္းေဆာင္ႀကီးေတြ ဓါတ္ပုံ သယ္ထုတ္လာျခင္း ရွိ ၊ မရွိ စစ္ေဆးခံေနရ တဲ့ ေျမာက္ကိုရီးယား ျပည္သူ မ်ား

ေပါက္ကြဲမႈက အသက္ရွင္ က်န္ရစ္သူေတြ ဟာ မီးေတာက္ေတြၾကား မွာ မိသားစုေတြ ရဲ႕ အသက္ကို ကယ္တင္တာထက္ ေခါင္းေဆာင္ေတြရဲ႕ ဓာတ္ပုံကို သတၱိရွိရွိနဲ႕ ကာကြယ္ကယ္ဆယ္ခဲ့တဲ့သူ ရွိသလားဆိုတာကိုေတာ့ သိသိက်က် မသိရေသးပါ ။

ေျမာက္ကိုရီးယားမွာ အိမ္တိုင္း၊ အလုပ္ဌာနေတြ၊ စာသင္ေက်ာင္းေတြ နဲ႕ အမ်ားျပည္သူ အေဆာက္အအုံေတြမွာ ၁၉၄၅ ခုႏွစ္ နိုင္ငံတည္ေထာင္ခ်ိန္ ကစၿပီး အုပ္ခ်ဳပ္ခဲ့တဲ့ ကင္မ်ိဳးဆက္က အာဏာရွင္ သုံးဦးျဖစ္ တဲ့ ကင္အီဆြန္း၊ ကင္ဂ်ဳံးအီနဲ႕ ကင္ဂ်ဳံးအြန္တို႔ ရဲ႕ ဓာတ္ပုံေတြကို ခ်ိတ္ဆြဲထား ရွိရတာ ျဖစ္ပါတယ္။

ဓာတ္ေငြ့ေပါက္ကြဲကာ မီးေလာင္မႈေၾကာင့္ ထြက္ေျပးစဥ္ ေခါင္းေဆာင္ႀကီးေတြ ဓါတ္ပုံ သယ္ထုတ္လာျခင္း ရွိ ၊ မရွိ စစ္ေဆးခံေနရ တဲ့ ေျမာက္ကိုရီးယား ျပည္သူ မ်ား

အဲဒီလို မခ်ိတ္ဆြဲတဲ့ သူေတြဟာ ဆန႔္က်င္သေဘာထား တင္းမာသူေတြ အျဖစ္ သံသယမ်က္စိ နဲ႕ ေစာင့္ၾကည့္ခံရတာပဲ ျဖစ္ ပါတယ္ ။

Unicode

တရုတ် နဲ့နယ်စပ် အနီးမှာ ရှိတဲ့ မြောက်ကိုရီးယားနိုင်ငံ၊ ဟေဆန်မြို့မှာ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ပြီး ၁၅ ဦးသေဆုံး ခဲ့ရကာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးမျှ ရှိခဲ့တယ်လို့ တောင်ကိုရီးယားအခြေစိုက် သတင်းတွေအရ သိရ ပါတယ်။

တရုတ်နိုင်ငံ အနီး မြောက်ကိုရီးယား နယ်စပ် ဟေဆန်မြို့မှာ ဓာတ်ငွေ့ပေါက်ကွဲ မှုတွေ ဖြစ်ပြီး လူ ၁၅ဦး အနည်းဆုံး သေဆုံးခဲ့တာ ကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးလျက် ရှိ ပါတယ် ။ ဒါပေမယ့် သူတို့ ရဲ့ စုံစမ်းစစ်ဆေးမှု ဟာ ပေါက်ကွဲမှုတွေ အတွင်း မှာ ကင်အာဏာရှင်မျိုးဆက် ရဲ့ ပုံတွေကို ကာကွယ်ပေးခဲ့ကြသလားဆိုတာကို ဦးတည်စုံစမ်းစစ်ဆေး တာပါ ။အရှေ့မြောက်ဖျား က အဲဒီ ဟေဆန်မြို့မှာ မနေ့က ညနေ ခြောက်နာ ရီမှာ ပေါက်ကွဲမှုတွေကြောင့် မြို့တစ်မြို့လုံး တုန်လှုပ်ခဲ့ရတာပြီး အိမ်တစ်အိမ်က သိုလှောင် လောင်စာတွေ မီးလောင်ရာကနေ ပေါက်ကွဲမှုတွေ ဖြစ်တာလို့ Daily NK က သတင်းဖော်ပြ ပါတယ်။

ဓာတ်ငွေ့ရည်ဘူးကနေ မီးစလောင်တာဖြစ်ပြီး အနီးက အမ်တွေဆီပါ ကူးစက်လို့ ပေါက်ကွဲမှု ဆယ်ကြိမ်အထိ ဖြစ်ခဲ့ရာမှာ သေဆုံးသူ ၁၅ ရှိပြီး ဒဏ်ရာရသူ ၃၀ ခန့်ရှိတယ်လို့ သိရပါတယ် ။ အတည်မပြုနိုင်တဲ့ သတင်းတွေအရတော့ ဆေးရုံ မှာ ဒဏ်ရာရသူ သုံးဦး သေဆုံးတယ်လို့ ဆိုထားပါတယ်။

ပေါက်ကွဲမီးလောင်မှု ဖြစ်ရာဆီ ချက်ချင်းရောက် ရှိလာတဲ့ ပထမ အသုတ် တာဝန်ရှိသူတွေဟာ မဟာခေါင်းဆောင်နဲ့ နိုင်ငံတည်ထောင်သူ ကင်အီဆွန်းနဲ့ ချစ်မြတ်နိုးဖွယ် ခေါင်းဆောင် ကင်ဂျုံးအီတို့ရဲ့ ပုံတူတွေကို အိမ်တွေ က ကာကွယ် ကယ်ဆယ်ခဲ့သလား ဆိုတာကို လက်ငင်းကို စုံစမ်းစစ်ဆေး တာပါ။

ကင်ဂျုံးအွန် ဟာ မြောက်ကိုရီးယား ရဲ့ အာဏာရှင်နေရာ ကို ၂၀၁၁ မှာ အမွေဆက်ခံတာ ဖြစ်ပြီး သူ့ရဲ့ ဓာတ်ပုံတွေကိုလည်း အဘိုးနဲ့ အဖေတို့ရဲ့ ဓာတ်ပုံတွေနဲ့အတူ ထားရှိရတာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုက အသက်ရှင် ကျန်ရစ်သူတွေ ဟာ မီးတောက်တွေကြား မှာ မိသားစုတွေ ရဲ့ အသက်ကို ကယ်တင်တာထက် ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံကို သတ္တိရှိရှိနဲ့ ကာကွယ်ကယ်ဆယ်ခဲ့တဲ့သူ ရှိသလားဆိုတာကိုတော့ သိသိကျကျ မသိရသေးပါ ။

မြောက်ကိုရီးယားမှာ အိမ်တိုင်း၊ အလုပ်ဌာနတွေ၊ စာသင်ကျောင်းတွေ နဲ့ အများပြည်သူ အဆောက်အအုံတွေမှာ ၁၉၄၅ ခုနှစ် နိုင်ငံတည်ထောင်ချိန် ကစပြီး အုပ်ချုပ်ခဲ့တဲ့ ကင်မျိုးဆက်က အာဏာရှင် သုံးဦးဖြစ် တဲ့ ကင်အီဆွန်း၊ ကင်ဂျုံးအီနဲ့ ကင်ဂျုံးအွန်တို့ ရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထား ရှိရတာ ဖြစ်ပါတယ်။

အဲဒီလို မချိတ်ဆွဲတဲ့ သူတွေဟာ ဆန့်ကျင်သဘောထား တင်းမာသူတွေ အဖြစ် သံသယမျက်စိ နဲ့ စောင့်ကြည့်ခံရတာပဲ ဖြစ် ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *