“ စည်းလုံးသင့်ပြီ မြန်မာပြည် ” MTV ကြောင့် ယုန်လေးကို ရုပ်ရှင် အစည်းအရုံး က ( ၁ ) နှစ် ပိတ်လိုက်ပြီ


“ စည်းလုံးသင့်ပြီ မြန်မာပြည် ” MTVေ



“ စည်းလုံးသင့်ပြီ မြန်မာပြည် ” MTVေ


“ စည်းလုံးသင့်ပြီ မြန်မာပြည် ” MTVေ


“ စည်းလုံးသင့်ပြီ မြန်မာပြည် ” MTVေ



Unicode

စည်းလုံး သင့်ပြီ မြန်မာပြည် (MTV) ကြောင့် ဒါ ရိုက် တာ ယုန်လေး ကို ရုပ် ရှင် အစည်း အရုံး က အနု ပညာ လှုပ်ရှားမှု ၁ နှစ် ပိတ်ပင်လိုက်ကြောင်း သတင်း ရရှိသည်။ မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံး ရဲ့ဒီကနေ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ အနုပညာ လှုပ်ရှား ခွင့် ( ၁ )နှစ် ပိတ်ပင် လိုက် တယ် လို့ သိ ရ ပါ တယ် ။

အဆိုပါ MTV ရိုက်ကူးမှုနှင့် ပတ်သက်ပြီး သြဂုတ်လ ၆ ရက်နေ့က ယုန်လေး ကို ရုပ်ရှင်အစည်းအရုံး၌ ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် ကိုဗစ်ကာလ ရုပ်ရှင်ဗီဒီယိုရိုက်ကူးခွင့် ပိတ်ထားစဉ် အတွင်း ရိုက်ကူးခဲ့ခြင်းကြောင့် အနုပညာ လုပ်ခွင့် ၁ နှစ်ပိတ် လိုက်ခြင်းဖြ စ် ပါတယ် ။

အဆိုပါ MTV ပါပြကွက် များ ၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသည့်ပြကွက်အပါအဝင် အငြင်းပွားဖွယ်ရာပြကွက်များကြောင့် ပြင်းထန်စွာ ဝေဖန်ခြင်းကိုခံရပြီးနောက် ၂၄ နာရီ အ တွင်း ယုန်လေးက ပြန်တောင်းပန်ခဲ့ပြီး ဗီဒီယိုကို လည်း အွန်လိုင်း မှ ပြန်လည်ဖြုတ်ချ ခဲ့ ပါ တယ်။

အဆိုပါဗီဒီယိုနှင့်ပတ်သက်၍ ယုန်လေး က ပြန်လည်တောင်းပန်ရာ တွင် ယင်း ဗီဒီယို ကို ဒေါ်အောင်ဆန်းစုကြည် ကလည်း ကြိုက်နှစ်သက်မည်ဟု ထင်ထားခဲ့မိကြောင်း၊ အမေ (ဒေါ်အောင်ဆန်းစုကြည်) ပေးသမျှအပြစ်ကို ခံယူပါမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ ပါတယ်။

ဒီမြူးဇစ်ဗီဒီယိုကတော့ ပရိသတ်တွေကြား မှာ အပြင်း အထန်ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းလှုံ့ဆော်ထားတယ်လို့ တော်တော်များများက ကောက်ချက်ချခဲ့ကြ ပါတယ်။

ဒီတေးသီချင်းထဲ မှာကတော့ အဆိုတော်တွေ အဖြစ် ထူးအယ်လေး၊ Cobra၊ မိုးမိုး၊ Dယံ၊ ဝေလျှံ၊ Dဖြိုး၊ ဖြိုးမြတ်အောင်၊ OAKGAR၊ မင်းသန့်၊ ရော်ရွက်၊ ရာဝန၊ မူးလာ၊ စည်သူ၊ A4ကျော်စွာ၊ Min Z၊ အယ်ဆိုင်းဇီ၊ ချမ်းချမ်း ၊ ရတနာမိုင် ၊ ဂျင်းနီ၊ La Hpai Nang Raw (BPML)၊ ပိုးမီ၊ ယွန်း၊ မေမဒီ၊ Bwar Bwar (BPLM)၊ ကိုခိုင်၊ သီဟစိုး၊ သားငယ် (Story Board) တို့ ပါဝင်ခဲ့တာဖြစ် ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *