ျမန္မာလူမ်ိဳး ဆိုတာ ေလထဲမွာ လက္ကေလး နဲ႔ေတာင္ ဘက္ ခြဲ လို႔ရတဲ့ လူမ်ိဳး

ဇာတ္မင္း သားေလး သိန္းေဇာ္ တို႔ နာမည္ႀကီး ခဲ့တဲ့ ေခတ္တုန္းက မႏၲေလး ေျမာက္ျပင္ မွာ ဇာတ္လာ ကတယ္။ ဇာတ္က ေနတုန္း မွာ မႏၲေလးသိန္းေဇာ္ နဲ႕ သူ႕ညီ က ဇာတ္စင္ေပ ၚမွာ ကေနရင္း ေျပာၾကဆိုၾကရာက ။ သူညီက ေျပာတယ္ အစ္ကို က နာမည္ႀကီးတဲ့ သူျဖစ္ေနလို႔ ပရိတ္သတ္ ရွိတာ ပါတဲ့ တကယ္ေတာ့ ကြၽန္ေတာ္က အက ပိုေကာင္းပါတယ္ တဲ့ ပန္တ်ာေက်ာင္းမွာတုန္း က ဆို သူဘယ္လို အကဆုေတြ ဘာေတြ ရခဲ့တာေတြ ေျပာတယ္။

သိန္းေဇာ္ ကလည္း သူအကေကာင္း လို႔ ပရိတ္သတ္ ရွိတာ ပရိတ္သတ္ အားေပးတာ မင္းသား က သူႀကိဳးစား က နိုင္လို႔ ဘာညာေျပာၾကျငင္းၾက တယ္ ေပါ့ေလ။ ဒီလိုနဲ႕ သူတို႔ က ဒီလိုဆို ဒို႔ႏွစ္ေယာက္ ၿပိဳင္က မလားေပါ့။ ဟန္ နဲ႕။ ေနာက္တစ္ေယာက္ ကလည္း စိန္လိုက္ေလ၊ ၿပိဳင္က ၾကမယ္ေပါ့။

ျမန္မာလူမ်ိဳး ဆိုတာ ေလထဲမွာ လက္ကေလး နဲ႔ေတာင္ ဘက္ ခြဲ လို႔ရတဲ့ လူမ်ိဳး

ဘယ္သူ ပိုေကာင္းသလဲ ဆိုတာ ဘယ္လိုဆုံးျဖတ္ၾကမလဲ ဆိုေတာ့ ။ တစ္ေယာက္က ဒီလိုလုပ္ဆိုၿပီး ဇာတ္စင္ေပၚ ကေန အလယ္မွာရပ္ၿပီး လက္ကေလးနဲ႕ တစ္ဝက္ တိတိေနရာမွာ ပိုင္းလိုက္ တယ္။ ဒီဖက္ျခမ္း က ကြၽန္ေတာ့္ ပရိသတ္၊ က်န္တစ္ဖက္ျခမ္းက အစ္ကို႔ ပရိသတ္ေပါ့။ ဒီလိုလုပ္ၾက မယ္ ။ တစ္ေယာက္တစ္လွည့္စီ ကၾကမယ္၊ အစ္ကို ကၿပီးလို႔ ဒီဖက္က အားေပးၾကတဲ့ လက္ခုတ္သံနဲ ကြၽန္ေတာ္ကၿပီးလို႔ က်န္တဲ့ ဖက္က အားေပးတဲ့ လက္ခုတ္သံ ၿပိဳင္မယ္ ဆိုၿပီး က ၾကတယ္။

ဒီလို နဲ႕ တစ္ဖက္က ကလိုက္ သူပရိတ္သတ္ ကို အားေပး ဖို႔ ေျပာလိုက္ ၊ လက္ခုတ္တီးလိုက္ၾက။ ေနာက္တစ္ဖက္က ကလိုက္ ၊ က်န္တဲ့ဖက္ကသူေတြကို ပိုက်ယ္ေအာင္ လက္ခုတ္ တီးခိုင္းလိုက္ လုပ္ၿပီး ၿပိဳင္ၾက တယ္တဲ့ ။

အဲဒီအေၾကာင္းကို ေျပာျပတာ က မႏၲေလးမွာ UD မီးစက္ နဲ႕ နာမည္စႀကီးခဲ့တဲ့ မႏၲေလးက လုပ္ငန္း ရွင္ႀကီး UD ဦးခင္ေမာင္ဝင္း UD Khin Maung Win က ေျပာျပတာပါ။ ေဘးမွာ Zarni Aung ရွိတ ယ္။ သူေျပာေတာ့ သူတို႔ က မလွမ္းမကမ္း က ကားအေပၚကေန လွမ္းၾကည့္ေနၾကတယ္တဲ့ ။ ေနာက္ သူ ဆက္ေျပာျပတာ စိတ္ဝင္ စားစရာေကာ င္းတာက။

ဒီလို နဲ႕ ကၾကရင္း ကိုယ္ဖက္ မဟုတ္ တဲ့ သူက က ရင္ ဘယ္ေလာက္ ေကာင္းေကာင္း လက္ခုတ္မတီးၾကေတာ့ဘူး တဲ့ ။ ဒီဖက္က က ရင္ ဟိုဖက္ က လက္ခုတ္ မတီး ၊ ဟိုဖက္က က ရင္ ဒီဖက္က လက္ခုတ္ မတီး ျဖစ္ၿပီး ၊ ကိုယ့္ဖက္က က တာနဲ႕ ကိုယ္ အစြမ္းကုန္လက္ ခုတ္တီးၾကတယ္တဲ့ ။

ျမန္မာလူမ်ိဳး ဆိုတာ ေလထဲမွာ လက္ကေလး နဲ႔ေတာင္ ဘက္ ခြဲ လို႔ရတဲ့ လူမ်ိဳး

သူ သုံးသပ္ျပတာက – ကိုယ့္ျမန္မာလူမ်ိဳးေတြမ်ား ဘက္ခြဲ ရတာ လြယ္ မွ လြယ္ ဇာတ္စင္ေပၚကေန လက္ကေလး နဲ႕ ဒါ မင္းဖက္၊ ဒါ ငါ့ဖက္ လုပ္လိုက္တာနဲ႕ ၂-ဖက္က မိတ္ေဆြေတြ သူငယ္ခ်င္းေတြ အခ်င္းခ်င္း သူဖက္ ကိုယ္ဖက္နဲ႕ပဲ အားေပးကုန္ၾကေတာ့တယ္တဲ့ ။ ျမန္မာေတြ က အဲလို ဘက္နဲ႕ ပဲ ေနခ်င္သတဲ့ ။

ဒါနဲ႕ စကားဝိုင္း က အျခား တစ္ေယာက္က ဝင္ေျပာတယ္။ ႐ြာမွာ ႐ြာဦးေက်ာင္း ၂ ေက်ာင္း ရွိခဲ့ရင္ ၂-စု၊ ဒီဖက္ဘုန္းႀကီး ႐ြာသားအုပ္စုနဲ႕ ဟိုဖက္ဘုန္းႀကီး ႐ြာသားအုပ္စု ရွိၾကတယ္တဲ့။ ၂ ေက်ာင္းက မတည့္ တာ မ်ား တယ္ တဲ့ ။ ႐ြာေတာင္ျခမ္းနဲ႕ ေျမာက္ျခမ္း တည့္ဖို႔ ေတာင္႐ြာ ေျမာက္႐ြာ မတည့္ဘဲ ခ်ေနဖို႔ လိုတယ္တဲ့ ႐ြာ ၂ ႐ြာ ၿပိဳင္ေနမွ မတည့္မွ တစ္႐ြာထဲသား အခ်င္းခ်င္းက စည္းလုံး တယ္ တဲ့။ ဒီလိုပဲ ေတာင္႐ြာေျမာက္႐ြာ တည့္ဖို႔ အျခား ၿမိဳ႕နယ္နဲ႕ ၿပိဳင္မွ သူတို႔ခ်င္း ျပန္တည့္သတဲ့ ။

ဒါေၾကာင့္ ျမန္မာလူမ်ိဳးေတြ ဟာ ဘက္နဲ႕ေနခ်င္ၾက တယ္။ သူရဲေကာင္း ကို မက္တယ္ အားကိုးတယ္ ။ ယွဥ္ၿပိဳင္မႈ႕ ကို ခုံမင္တယ္ လို႔ စကားဝိုင္းမွာ သုံးသပ္မိၾက ေျပာဆိုမိၾက တယ္။

ဘာရယ္ လို႔ မဟုတ္ပါဘူး ။ ကိုယ့္ လူမ်ိဳး အထာ သိသူေတြက ကိုယ္လူမ်ိဳး ကို အခ်ဥ္ႀကီး လို အပိုင္ သေဘာထားၿပီး လိုတဲ့သူ ကို လိုသလို ေသြးခြဲလိုက္ၾကတိုင္း အလိုတူ အလိုပါ နဲ႕ လြယ္လြယ္ေလးပဲ ေသြးကြဲၾက , အ ခ်င္းခ်င္း ခ်ၾက, ဘက္ေတြ နဲ႕ ေဆာ္ၾက, ကြဲၾက , ၿပဲၾကေတြ ေတြ႕ေနလို႔ပါ ။

UD ႀကီးေျပာသလို ( ျမန္မာလူမ်ိဳးဆိုတာ) ေလထဲ မွာ လက္ကေလးနဲ႕ေတာင္ ဘက္ခြဲလို႔ ရတဲ့ လူမ်ိဳး ဆိုတာေလး သတိရမိလို႔ပါ ။

YeMyatThu

ဒါနဲ႕ခင္ဗ်ား တို႔ကေရာ ဘယ္မင္းသား “ ဘက္ ” ကလဲ လိုစ့္…

Unicode

ဇာတ်မင်း သားလေး သိန်းဇော် တို့ နာမည်ကြီး ခဲ့တဲ့ ခေတ်တုန်းက မန္တလေး မြောက်ပြင် မှာ ဇာတ်လာ ကတယ်။ ဇာတ်က နေတုန်း မှာ မန္တလေးသိန်းဇော် နဲ့ သူ့ညီ က ဇာတ်စင်ပေ ါ်မှာ ကနေရင်း ပြောကြဆိုကြရာက ။ သူညီက ပြောတယ် အစ်ကို က နာမည်ကြီးတဲ့ သူဖြစ်နေလို့ ပရိတ်သတ် ရှိတာ ပါတဲ့ တကယ်တော့ ကျွန်တော်က အက ပိုကောင်းပါတယ် တဲ့ ပန်တျာကျောင်းမှာတုန်း က ဆို သူဘယ်လို အကဆုတွေ ဘာတွေ ရခဲ့တာတွေ ပြောတယ်။

သိန်းဇော် ကလည်း သူအကကောင်း လို့ ပရိတ်သတ် ရှိတာ ပရိတ်သတ် အားပေးတာ မင်းသား က သူကြိုးစား က နိုင်လို့ ဘာညာပြောကြငြင်းကြ တယ် ပေါ့လေ။ ဒီလိုနဲ့ သူတို့ က ဒီလိုဆို ဒို့နှစ်ယောက် ပြိုင်က မလားပေါ့။ ဟန် နဲ့။ နောက်တစ်ယောက် ကလည်း စိန်လိုက်လေ၊ ပြိုင်က ကြမယ်ပေါ့။

မြန်မာလူမျိုး ဆိုတာ လေထဲမှာ လက်ကလေး နဲ့တောင် ဘက် ခွဲ လို့ရတဲ့ လူမျိုး

ဘယ်သူ ပိုကောင်းသလဲ ဆိုတာ ဘယ်လိုဆုံးဖြတ်ကြမလဲ ဆိုတော့ ။ တစ်ယောက်က ဒီလိုလုပ်ဆိုပြီး ဇာတ်စင်ပေါ် ကနေ အလယ်မှာရပ်ပြီး လက်ကလေးနဲ့ တစ်ဝက် တိတိနေရာမှာ ပိုင်းလိုက် တယ်။ ဒီဖက်ခြမ်း က ကျွန်တော့် ပရိသတ်၊ ကျန်တစ်ဖက်ခြမ်းက အစ်ကို့ ပရိသတ်ပေါ့။ ဒီလိုလုပ်ကြ မယ် ။ တစ်ယောက်တစ်လှည့်စီ ကကြမယ်၊ အစ်ကို ကပြီးလို့ ဒီဖက်က အားပေးကြတဲ့ လက်ခုတ်သံနဲ ကျွန်တော်ကပြီးလို့ ကျန်တဲ့ ဖက်က အားပေးတဲ့ လက်ခုတ်သံ ပြိုင်မယ် ဆိုပြီး က ကြတယ်။

ဒီလို နဲ့ တစ်ဖက်က ကလိုက် သူပရိတ်သတ် ကို အားပေး ဖို့ ပြောလိုက် ၊ လက်ခုတ်တီးလိုက်ကြ။ နောက်တစ်ဖက်က ကလိုက် ၊ ကျန်တဲ့ဖက်ကသူတွေကို ပိုကျယ်အောင် လက်ခုတ် တီးခိုင်းလိုက် လုပ်ပြီး ပြိုင်ကြ တယ်တဲ့ ။

အဲဒီအကြောင်းကို ပြောပြတာ က မန္တလေးမှာ UD မီးစက် နဲ့ နာမည်စကြီးခဲ့တဲ့ မန္တလေးက လုပ်ငန်း ရှင်ကြီး UD ဦးခင်မောင်ဝင်း UD Khin Maung Win က ပြောပြတာပါ။ ဘေးမှာ Zarni Aung ရှိတ ယ်။ သူပြောတော့ သူတို့ က မလှမ်းမကမ်း က ကားအပေါ်ကနေ လှမ်းကြည့်နေကြတယ်တဲ့ ။ နောက် သူ ဆက်ပြောပြတာ စိတ်ဝင် စားစရာကော င်းတာက။

ဒီလို နဲ့ ကကြရင်း ကိုယ်ဖက် မဟုတ် တဲ့ သူက က ရင် ဘယ်လောက် ကောင်းကောင်း လက်ခုတ်မတီးကြတော့ဘူး တဲ့ ။ ဒီဖက်က က ရင် ဟိုဖက် က လက်ခုတ် မတီး ၊ ဟိုဖက်က က ရင် ဒီဖက်က လက်ခုတ် မတီး ဖြစ်ပြီး ၊ ကိုယ့်ဖက်က က တာနဲ့ ကိုယ် အစွမ်းကုန်လက် ခုတ်တီးကြတယ်တဲ့ ။

မြန်မာလူမျိုး ဆိုတာ လေထဲမှာ လက်ကလေး နဲ့တောင် ဘက် ခွဲ လို့ရတဲ့ လူမျိုး

သူ သုံးသပ်ပြတာက – ကိုယ့်မြန်မာလူမျိုးတွေများ ဘက်ခွဲ ရတာ လွယ် မှ လွယ် ဇာတ်စင်ပေါ်ကနေ လက်ကလေး နဲ့ ဒါ မင်းဖက်၊ ဒါ ငါ့ဖက် လုပ်လိုက်တာနဲ့ ၂-ဖက်က မိတ်ဆွေတွေ သူငယ်ချင်းတွေ အချင်းချင်း သူဖက် ကိုယ်ဖက်နဲ့ပဲ အားပေးကုန်ကြတော့တယ်တဲ့ ။ မြန်မာတွေ က အဲလို ဘက်နဲ့ ပဲ နေချင်သတဲ့ ။

ဒါနဲ့ စကားဝိုင်း က အခြား တစ်ယောက်က ဝင်ပြောတယ်။ ရွာမှာ ရွာဦးကျောင်း ၂ ကျောင်း ရှိခဲ့ရင် ၂-စု၊ ဒီဖက်ဘုန်းကြီး ရွာသားအုပ်စုနဲ့ ဟိုဖက်ဘုန်းကြီး ရွာသားအုပ်စု ရှိကြတယ်တဲ့။ ၂ ကျောင်းက မတည့် တာ များ တယ် တဲ့ ။ ရွာတောင်ခြမ်းနဲ့ မြောက်ခြမ်း တည့်ဖို့ တောင်ရွာ မြောက်ရွာ မတည့်ဘဲ ချနေဖို့ လိုတယ်တဲ့ ရွာ ၂ ရွာ ပြိုင်နေမှ မတည့်မှ တစ်ရွာထဲသား အချင်းချင်းက စည်းလုံး တယ် တဲ့။ ဒီလိုပဲ တောင်ရွာမြောက်ရွာ တည့်ဖို့ အခြား မြို့နယ်နဲ့ ပြိုင်မှ သူတို့ချင်း ပြန်တည့်သတဲ့ ။

ဒါကြောင့် မြန်မာလူမျိုးတွေ ဟာ ဘက်နဲ့နေချင်ကြ တယ်။ သူရဲကောင်း ကို မက်တယ် အားကိုးတယ် ။ ယှဉ်ပြိုင်မှု့ ကို ခုံမင်တယ် လို့ စကားဝိုင်းမှာ သုံးသပ်မိကြ ပြောဆိုမိကြ တယ်။

ဘာရယ် လို့ မဟုတ်ပါဘူး ။ ကိုယ့် လူမျိုး အထာ သိသူတွေက ကိုယ်လူမျိုး ကို အချဉ်ကြီး လို အပိုင် သဘောထားပြီး လိုတဲ့သူ ကို လိုသလို သွေးခွဲလိုက်ကြတိုင်း အလိုတူ အလိုပါ နဲ့ လွယ်လွယ်လေးပဲ သွေးကွဲကြ , အ ချင်းချင်း ချကြ, ဘက်တွေ နဲ့ ဆော်ကြ, ကွဲကြ , ပြဲကြတွေ တွေ့နေလို့ပါ ။

UD ကြီးပြောသလို ( မြန်မာလူမျိုးဆိုတာ) လေထဲ မှာ လက်ကလေးနဲ့တောင် ဘက်ခွဲလို့ ရတဲ့ လူမျိုး ဆိုတာလေး သတိရမိလို့ပါ ။

YeMyatThu

ဒါနဲ့ခင်ဗျား တို့ကရော ဘယ်မင်းသား “ ဘက် ” ကလဲ လိုစ့်…

Add a Comment

Your email address will not be published. Required fields are marked *