ကူးစက္ေရာဂါပိုးေတြကို တြန္းလွန္နိုင္တဲ႔ ပင္မွည့္သီး

ပင္မွည့္သီးမွာ ဘယ္လိုက်န္းမာေရးအာနိသင္ေတြပါရွိၿပီး ဘယ္လိုအသုံးျပဳသင့္သလဲဆိုတာ ေရးသားလိုက္ရပါတယ္။

၁ ။ ပင္မွည့္သီး ေဖ်ာ္ရည္ ၊ အဓိကအားျဖင့္ ပင္မွည့္ရြက္ မွာ အယ္လ္ကာ လြိဳက္ေတြ ပါဝင္ၿပီး ေသြးတိုးက်တာ၊ စိတ္ၿငိမ္သက္တာ ၊ ႂကြက္တက္မႈေလ်ာ့က်တာစတဲ့ အာနိသင္ေတြရွိပါ တယ္။ ဒါေၾကာင့္ ပင္မွည့္ရြက္ ( စူကာရြက္ ) ကို တိုင္းျပည္ အမ်ားစု မွာ ေဆးဝါး အျဖစ္ အသုံးျပဳၾကပါတယ္။

၂။ ပင္မွည့္ပင္က ပြင့္တဲ့ ပန္းဟာ စိတ္ၿငိမ္ေစတဲ့ အာနိသင္ အနည္းငယ္ ရွိၿပီး အိပ္ေမာ က်ေစပါတယ္။ ပင္မွည့္ပန္းဟာ နာ့ဗ္ေၾကာ အလုပ္လုပ္ လြန္တဲ့ ေရာဂါ ကုသမႈမွာ အသုံးဝင္ၿပီး အလြယ္တကူ စိတ္လႈပ္ရွား လြယ္တဲ့ ကေလးေတြကို ကုသရာမွာ သုံးေလ့ ရွိပါတယ္။

ပန္းနာ ရင္က်ပ္ ေရာဂါ၊ အိပ္မေပ်ာ္တဲ့ ေဝဒနာ၊ အစာအိမ္ အူလမ္းေၾကာင္း ေဝဒနာနဲ႔ ေသြးဆုံး ေဝဒနာ ေတြကို ကုသရာမွာ အသုံးဝင္ သလို စိတ္အာ႐ုံ ေျခာက္ျခားမႈ ကိုလည္း အတန္ အသင့္ သက္သာ ေစတယ္လို႔ ယုံၾကည္ ၾကပါတယ္။

ကူးစက္ေရာဂါပိုးေတြကို တြန္းလွန္နိုင္တဲ႔ ပင္မွည့္သီး

၃။ ပင္မွည့္သီး အဝါေရာင္က ထုတ္ထားတဲ့ အႏွစ္ဟာ ကင္ဆာ ဆဲလ္ေတြကို ေသေစ နိုင္တယ္လို႔ ဖေလာ္ရီဒါ တကၠသိုလ္မွ ေလ့လာသူ ေတြက ေတြ႕ရွိခဲ့ပါတယ္။

ပင္မွည့္သီးမွာ ပါတဲ့ ဖိုင္တို ကမ္မီကယ္လ္ ေတြက ကာရိုတီးႏြိဳက္နဲ႔ ပိုလီဖီေနာတို႔ ျဖစ္ၾကၿပီး ကင္ဆာ ဆန႔္က်င္တဲ့ အာနိသင္တို႔ ရွိၾကပါတယ္။

၄။ ဝက္ဆန္နဲ႔ သူ႔လုပ္ေဖာ္ ကိုင္ဖက္ေတြရဲ့ ေလ့လာမႈ တစ္ရပ္အရ ခရမ္းေရာင္ ပင္မွည့္သီး အႏွစ္ကို စားေပးတာဟာ ပန္းနာရင္က်ပ္ လကၡဏာ ေတြကို ေလ်ာ့က် ေစတယ္လို႔ သိရပါတယ္။

ခရမ္းေရာင္ ပင္မွည့္သီး အႏွစ္ကို စားတဲ့ ပန္းနာ ရင္က်ပ္ လူနာ ၄၂ ဦးကို ေလ့လာ ခဲ့ရာ ခၽြဲသလိပ္သံနဲ႔ အသက္ရႉရႏႈန္း ၇၅ ရာခိုင္ႏႈန္း ေလ်ာ့က် ခဲ့တာကို ေတြ႕ရ ပါတယ္။

၅။ ပင္မွည့္သီးကို ဒီအတိုင္း စားနိုင္သလို ေဖ်ာ္ရည္ ေဖ်ာ္ၿပီးလည္း ေသာက္နိုင္ ပါတယ္။ ပင္မွည့္သီး တစ္ခြက္မွာ အဆီ (၁ ဒသမ ၆ ဂရမ္)၊ ပရိုတင္း (၅ ဒသမ၂ ဂရမ္)၊ ကာဗို ဟိုက္ဒရိတ္ (၅၅ ဂရမ္) နဲ႔ ဗီတာမင္စီ၊ ဗီတာမင္ေအ၊ ပိုတက္စီယမ္၊ သံဓာတ္နဲ႔ အမၽွင္ဓာတ္ အမ်ား အျပား ပါဝင္ ေနပါတယ္။

ကူးစက္ေရာဂါပိုးေတြကို တြန္းလွန္နိုင္တဲ႔ ပင္မွည့္သီး

ဒီလို တစ္ေန႔တာ လိုအပ္တဲ့ အာဟာရ ဓာတ္ေတြ အမ်ား အျပား ပါဝင္တာေၾကာင့္ ပင္မွည့္သီး စားရင္ စိတ္ပူပင္ ေသာက၊ ႂကြက္သား ေတာင့္တင္းမႈ၊ ေခါင္းကိုက္တာနဲ႔ အိပ္မေပ်ာ္ တာတို႔ကို သက္သာ ေစပါတယ္။

၆။ ပင္မွည့္သီးမွာ ပါတဲ့ အင္တီ ေအာက္ဆီးဒင့္ ဗီတာမင္ စီဟာ သင့္ခႏၶာ ကိုယ္ကို ႏွလုံး ေရာဂါနဲ႔ ကင္ဆာတို႔မွ ကာကြယ္ ေပးနိုင္ပါတယ္။ ဗီတာမင္စီက ကိုယ္ခံစြမ္းအား စနစ္ကို ေကာင္းမြန္ ေပးၿပီး ထိခိုက္ဒဏ္ရာေတြ ရခဲ့ရင္ အနာက်က္ႏႈန္း ေကာင္းေအာင္ ကူညီ နိုင္ပါတယ္။

၇။ ပင္မွည့္ သီးမွာ ပါတဲ့ ဗီတာမင္ေအဟာ ကူးစက္ပိုး ေတြကို တြန္းလွန္ နိုင္သလို အျမင္ အာ႐ုံကို ေကာင္းေစ ပါတယ္။ ဒါ့အျပင္ ကင္ဆာနဲ႔ ႏွလုံးေရာဂါ မျဖစ္ေအာင္ ကာကြယ္ ေပးနိုင္ ပါတယ္။

၈။ ပင္မွည့္ သီးမွာ ပါတဲ့ ပိုတက္စီယမ္က ကိုယ္တြင္း အရည္စနစ္ကို မၽွတေအာင္ ထိန္းေပး နိုင္တဲ့ ဓာတ္ဆား တစ္မ်ိဳးပါ။ ပိုတက္ စီယမ္ကို တစ္ေန႔တာ လိုအပ္တဲ့ ပမာဏ ရရွိရင္ ေသြးတိုး က်ေစၿပီး ႂကြက္သား ေတြကို စြမ္းအင္ တိုးေစကာ အဆစ္ေရာင္ ေဝဒနာကို သက္သာ ေစပါတယ္။

၉။ ပင္မွည့္ သီးမွာ ပါတဲ့ သံဓာတ္ဟာ စြမ္းအင္ အဆင့္ကို တိုးေစၿပီး ေကာင္းေကာင္း အိပ္ေမာ က်ေစကာ ကိုယ္ခံစြမ္းအား စနစ္ကို တိုးတက္ ေစပါတယ္။ ဒါ့အျပင္ ေသြးထဲကို ေအာက္ဆီဂ်င္ ေရာက္ရွိမႈ ေကာင္းမြန္ ေစပါတယ္။

၁၀။ ပင္မွည့္သီးမွာ ပါတဲ့ အမၽွင္ဓာတ္ဟာ ဝမ္းမခ်ဳပ္ေအာင္ ကာကြယ္ေပးၿပီး ေသြးတြင္း မေကာင္းတဲ့ ကိုလက္ စထေရာနဲ႔ ေသြးတြင္း အဆီပိုေတြကို ေလ်ာ့က် ေစပါတယ္။

၁၁။ ပင္မွည့္သီး ေဖ်ာ္ရည္ဟာ ကင္ဆာဆဲလ္ ႀကီးထြားမႈကို ေလ်ာ့က် ေစတယ္လို႔ ေလ့လာမႈ အရ သိရပါတယ္။ အေၾကာင္း ကေတာ့ ပင္မွည့္သီးမွာ ပါတဲ့ ဖိုင္တို ကမ္မီ ကယ္ဓာတ္ေတြဟာ ကင္ဆာဆဲလ္ ႀကီးထြားမႈကို ေလၽွာ့ခ် ေပးနိုင္လို႔ပါ။

၁၂။ ပင္မွည့္သီးမွာ ပါတဲ့ ဖီေနာလစ္ အက္စစ္နဲ႔ ဖေလဗိုးႏြိဳက္ ေတြက ႏွလုံးကို ကာကြယ္တဲ့ လုပ္ငန္း ေဆာင္တာေတြကို လုပ္ေဆာင္ ေပးပါတယ္။

၁၃။ ပင္မွည့္ သီးမွာ ကာဗို ဟိုက္ဒရိတ္နဲ႔ ရိုးရိုး သၾကားဓာတ္ ပါဝင္မႈ ျမင့္မားတာေၾကာင့္ အားကစား သမားေတြမွာ သက္လုံ ေကာင္းေစတာ ေတြ႕ရပါတယ္။

၁၄။ ပင္မွည့္သီး အေစ့မွာ အမၽွင္ဓာတ္ မ်ားစြာ ပါဝင္ပါတယ္။ အိပ္ရာ မဝင္ခင္ ပင္မွည့္ ေဖ်ာ္ရည္ ေသာက္ရင္ အနားရေစၿပီး ေကာင္းေကာင္း အိပ္ေမာ က်ေစပါတယ္။

၁၅။ ပင္မွည့္သီး ေဖ်ာ္ရည္ကို ပုံမွန္ ေသာက္ေပးရင္ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္း ေပးနိုင္ ပါတယ္။

၁၆။ ပင္မွည့္သီးေဖ်ာ္ရည္ ေသာက္သုံးျခင္းေၾကာင့္ သင့္မ်က္ႏွာေလးကို Glow ေစပါတယ္။

ခရစ္ဒစ္

Unicode

ပင်မှည့်သီးမှာ ဘယ်လိုကျန်းမာရေးအာနိသင်တွေပါရှိပြီး ဘယ်လိုအသုံးပြုသင့်သလဲဆိုတာ ရေးသားလိုက်ရပါတယ်။

၁ ။ ပင်မှည့်သီး ဖျော်ရည် ၊ အဓိကအားဖြင့် ပင်မှည့်ရွက် မှာ အယ်လ်ကာ လွိုက်တွေ ပါဝင်ပြီး သွေးတိုးကျတာ၊ စိတ်ငြိမ်သက်တာ ၊ ကြွက်တက်မှုလျော့ကျတာစတဲ့ အာနိသင်တွေရှိပါ တယ်။ ဒါကြောင့် ပင်မှည့်ရွက် ( စူကာရွက် ) ကို တိုင်းပြည် အများစု မှာ ဆေးဝါး အဖြစ် အသုံးပြုကြပါတယ်။

၂။ ပင်မှည့်ပင်က ပွင့်တဲ့ ပန်းဟာ စိတ်ငြိမ်စေတဲ့ အာနိသင် အနည်းငယ် ရှိပြီး အိပ်မော ကျစေပါတယ်။ ပင်မှည့်ပန်းဟာ နာ့ဗ်ကြော အလုပ်လုပ် လွန်တဲ့ ရောဂါ ကုသမှုမှာ အသုံးဝင်ပြီး အလွယ်တကူ စိတ်လှုပ်ရှား လွယ်တဲ့ ကလေးတွေကို ကုသရာမှာ သုံးလေ့ ရှိပါတယ်။

ပန်းနာ ရင်ကျပ် ရောဂါ၊ အိပ်မပျော်တဲ့ ဝေဒနာ၊ အစာအိမ် အူလမ်းကြောင်း ဝေဒနာနဲ့ သွေးဆုံး ဝေဒနာ တွေကို ကုသရာမှာ အသုံးဝင် သလို စိတ်အာရုံ ခြောက်ခြားမှု ကိုလည်း အတန် အသင့် သက်သာ စေတယ်လို့ ယုံကြည် ကြပါတယ်။

၃။ ပင်မှည့်သီး အဝါရောင်က ထုတ်ထားတဲ့ အနှစ်ဟာ ကင်ဆာ ဆဲလ်တွေကို သေစေ နိုင်တယ်လို့ ဖလော်ရီဒါ တက္ကသိုလ်မှ လေ့လာသူ တွေက တွေ့ရှိခဲ့ပါတယ်။

ပင်မှည့်သီးမှာ ပါတဲ့ ဖိုင်တို ကမ်မီကယ်လ် တွေက ကာရိုတီးနွိုက်နဲ့ ပိုလီဖီနောတို့ ဖြစ်ကြပြီး ကင်ဆာ ဆန့်ကျင်တဲ့ အာနိသင်တို့ ရှိကြပါတယ်။

၄။ ဝက်ဆန်နဲ့ သူ့လုပ်ဖော် ကိုင်ဖက်တွေရဲ့ လေ့လာမှု တစ်ရပ်အရ ခရမ်းရောင် ပင်မှည့်သီး အနှစ်ကို စားပေးတာဟာ ပန်းနာရင်ကျပ် လက္ခဏာ တွေကို လျော့ကျ စေတယ်လို့ သိရပါတယ်။

ခရမ်းရောင် ပင်မှည့်သီး အနှစ်ကို စားတဲ့ ပန်းနာ ရင်ကျပ် လူနာ ၄၂ ဦးကို လေ့လာ ခဲ့ရာ ချွဲသလိပ်သံနဲ့ အသက်ရှူရနှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျ ခဲ့တာကို တွေ့ရ ပါတယ်။

၅။ ပင်မှည့်သီးကို ဒီအတိုင်း စားနိုင်သလို ဖျော်ရည် ဖျော်ပြီးလည်း သောက်နိုင် ပါတယ်။ ပင်မှည့်သီး တစ်ခွက်မှာ အဆီ (၁ ဒသမ ၆ ဂရမ်)၊ ပရိုတင်း (၅ ဒသမ၂ ဂရမ်)၊ ကာဗို ဟိုက်ဒရိတ် (၅၅ ဂရမ်) နဲ့ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ပိုတက်စီယမ်၊ သံဓာတ်နဲ့ အမျှင်ဓာတ် အများ အပြား ပါဝင် နေပါတယ်။

ဒီလို တစ်နေ့တာ လိုအပ်တဲ့ အာဟာရ ဓာတ်တွေ အများ အပြား ပါဝင်တာကြောင့် ပင်မှည့်သီး စားရင် စိတ်ပူပင် သောက၊ ကြွက်သား တောင့်တင်းမှု၊ ခေါင်းကိုက်တာနဲ့ အိပ်မပျော် တာတို့ကို သက်သာ စေပါတယ်။

၆။ ပင်မှည့်သီးမှာ ပါတဲ့ အင်တီ အောက်ဆီးဒင့် ဗီတာမင် စီဟာ သင့်ခန္ဓာ ကိုယ်ကို နှလုံး ရောဂါနဲ့ ကင်ဆာတို့မှ ကာကွယ် ပေးနိုင်ပါတယ်။ ဗီတာမင်စီက ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန် ပေးပြီး ထိခိုက်ဒဏ်ရာတွေ ရခဲ့ရင် အနာကျက်နှုန်း ကောင်းအောင် ကူညီ နိုင်ပါတယ်။

၇။ ပင်မှည့် သီးမှာ ပါတဲ့ ဗီတာမင်အေဟာ ကူးစက်ပိုး တွေကို တွန်းလှန် နိုင်သလို အမြင် အာရုံကို ကောင်းစေ ပါတယ်။ ဒါ့အပြင် ကင်ဆာနဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။

၈။ ပင်မှည့် သီးမှာ ပါတဲ့ ပိုတက်စီယမ်က ကိုယ်တွင်း အရည်စနစ်ကို မျှတအောင် ထိန်းပေး နိုင်တဲ့ ဓာတ်ဆား တစ်မျိုးပါ။ ပိုတက် စီယမ်ကို တစ်နေ့တာ လိုအပ်တဲ့ ပမာဏ ရရှိရင် သွေးတိုး ကျစေပြီး ကြွက်သား တွေကို စွမ်းအင် တိုးစေကာ အဆစ်ရောင် ဝေဒနာကို သက်သာ စေပါတယ်။

၉။ ပင်မှည့် သီးမှာ ပါတဲ့ သံဓာတ်ဟာ စွမ်းအင် အဆင့်ကို တိုးစေပြီး ကောင်းကောင်း အိပ်မော ကျစေကာ ကိုယ်ခံစွမ်းအား စနစ်ကို တိုးတက် စေပါတယ်။ ဒါ့အပြင် သွေးထဲကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန် စေပါတယ်။

၁၀။ ပင်မှည့်သီးမှာ ပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမချုပ်အောင် ကာကွယ်ပေးပြီး သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောနဲ့ သွေးတွင်း အဆီပိုတွေကို လျော့ကျ စေပါတယ်။

၁၁။ ပင်မှည့်သီး ဖျော်ရည်ဟာ ကင်ဆာဆဲလ် ကြီးထွားမှုကို လျော့ကျ စေတယ်လို့ လေ့လာမှု အရ သိရပါတယ်။ အကြောင်း ကတော့ ပင်မှည့်သီးမှာ ပါတဲ့ ဖိုင်တို ကမ်မီ ကယ်ဓာတ်တွေဟာ ကင်ဆာဆဲလ် ကြီးထွားမှုကို လျှော့ချ ပေးနိုင်လို့ပါ။

၁၂။ ပင်မှည့်သီးမှာ ပါတဲ့ ဖီနောလစ် အက်စစ်နဲ့ ဖလေဗိုးနွိုက် တွေက နှလုံးကို ကာကွယ်တဲ့ လုပ်ငန်း ဆောင်တာတွေကို လုပ်ဆောင် ပေးပါတယ်။

၁၃။ ပင်မှည့် သီးမှာ ကာဗို ဟိုက်ဒရိတ်နဲ့ ရိုးရိုး သကြားဓာတ် ပါဝင်မှု မြင့်မားတာကြောင့် အားကစား သမားတွေမှာ သက်လုံ ကောင်းစေတာ တွေ့ရပါတယ်။

၁၄။ ပင်မှည့်သီး အစေ့မှာ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အိပ်ရာ မဝင်ခင် ပင်မှည့် ဖျော်ရည် သောက်ရင် အနားရစေပြီး ကောင်းကောင်း အိပ်မော ကျစေပါတယ်။

၁၅။ ပင်မှည့်သီး ဖျော်ရည်ကို ပုံမှန် သောက်ပေးရင် ကိုယ်အလေးချိန်ကို ထိန်းသိမ်း ပေးနိုင် ပါတယ်။

၁၆။ ပင်မှည့်သီးဖျော်ရည် သောက်သုံးခြင်းကြောင့် သင့်မျက်နှာလေးကို Glow စေပါတယ်။

ခရစ်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *