မႏၱေလးတိုင္းတြင္ ကိုဗစ္ ကာလ အတြင္း ခိုးဝင္ တ႐ုတ္ႏိုင္ငံသား (၅၀)ဦး ခန္႔ ဖမ္းမိ

မႏၲေလးတိုင္းေဒသႀကီးတြင္ COVID 19 ကပ္ေရာဂါကာလအတြင္း တ႐ုတ္ -ျမန္မာ နယ္စပ္ဂိတ္ မ်ားတစ္ဆင့္ ခိုး၀င္လာ သည့္ တရုတ္ႏိုင္ငံသား ၅၀ ခန္႔ ထိ ဖမ္းမိထားၿပီး လဝက အက္ဥပေဒျဖင့္ အေရးယူမႈ မ်ား ျပဳလုပ္ထားေၾကာင္း

မႏၱေလးတိုင္းတြင္ ကိုဗစ္ ကာလ အတြင္း ခိုးဝင္ တ႐ုတ္ႏိုင္ငံသား (၅၀)ဦး ခန္႔ ဖမ္းမိ

မႏၲေလး တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီးဌာနမွ သိရသည္။ COVID 19 ကပ္ေရာဂါျဖစ္ပြားေနမႈေၾကာင့္ တ႐ုတ္-ျမန္မာ နယ္စပ္အဝင္အထြက္ မ်ား ပိတ္ထားေသာ္ လည္း နယ္စပ္ ကုန္သြယ္ေရး လမ္းေၾကာင္းျဖစ္ သည့္ မႏၲေလး-မူဆယ္လမ္းပိုင္း တြင္ တရားမဝင္ ၀င္ ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသား ပိုမ်ားလာသျဖင့္ စစ္ေဆးမႈမ်ားျပဳလုပ္ရာတြင္ အထက္ပါအတိုင္း ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္းသိရသည္။

ဧၿပီလမွ ဇူလိုင္( ၃၁ ) ရက္ အထိ တ႐ုတ္-ျမန္မာနယ္စပ္မွတစ္ဆင့္ မႏၲေလး တိုင္းေဒသႀကီး၊ ျပင္ဦးလြင္ ၿမိဳ႕နယ္ႏွင့္ ပုသိမ္ႀကီးၿမိဳ႕နယ္တို႔တြင္ အေထာက္အထား တစ္စုံတစ္ရာ မပါရွိဘဲ တရားမဝင္ ဝင္ေရာက္ လာသည့္ တ႐ုတ္ႏိုင္ငံသား ၄၉ ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

မႏၱေလးတိုင္းတြင္ ကိုဗစ္ ကာလ အတြင္း ခိုးဝင္ တ႐ုတ္ႏိုင္ငံသား (၅၀)ဦး ခန္႔ ဖမ္းမိ

“အေထာက္ အထားမဲ့ ဝင္ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံသား ဖမ္းဆီးရမိမႈေတြက ယခင္ကာလမ်ားထက္ ကိုဗစ္ကာလမွာပိုမ်ား ပါတယ္၊ အခုကေတာ့ တဆက္တည္းေတြ ျဖစ္ေနတယ္၊ ျပည္သူ က အသိေပး တာေတြေၾကာင့္ လည္း ပါပါတယ္၊ ျပည္သူေတြ ရဲ႕သတင္းေပးေတြက အဓိက က်ပါတယ္၊ အရင္တုန္း ကလည္း ခိုး၀င္တာေတြ မိတယ္ အေရအတြက္ သိပ္မမ်ားဘူး ။ ခိုးဝင္လာ တဲ့ တ႐ုတ္ ႏိုင္ငံသား ေတြက အေထာက္အထားစာရြက္စာတန္းမပါရွိဘဲနဲ႔

တ႐ုတ္ျပည္ ထဲေန တရားမဝင္ ဝင္ ေရာက္ေနၾက တာျဖစ္ တယ္ ၊ ဒါေၾကာင့္ သူတို႔ ကို လ၀ကဥပေဒနဲ႔ အမႈဖြင့္အေရးယူေနတယ္”ဟု မႏၲေလး တိုင္းေဒသ ႀကီးအ စိုးရအဖြဲ႕ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီးဌာန ၀န္ႀကီး ဦးေအာင္ၾကည္က ေျပာသည္။

ယခုအခါ COVID-19 ကပ္ေရာဂါ ကာလျဖစ္ေန ၍ ဖမ္းဆီး ရမိသည့္ ခိုးဝင္လာေသာ တ႐ုတ္ႏိုင္ငံသား မ်ားအား ေရာဂါပိုး ရွိ၊မရွိ စစ္ေဆး၍ သက္ဆိုင္ရာ ရဲစခန္းအခ်ဳပ္မ်ားတြင္ (၂၁) ရက္ ထားရွိ ေစာင့္ ၾကည့္ ၿပီး

မႏၱေလးတိုင္းတြင္ ကိုဗစ္ ကာလ အတြင္း ခိုးဝင္ တ႐ုတ္ႏိုင္ငံသား (၅၀)ဦး ခန္႔ ဖမ္းမိ

လဝက အက္ဥပေဒပုဒ္မမ်ားျဖင့္ ဥပေဒအရ အေရးယူ ေဆာင္ရြက္ျခင္းမ်ား ဆက္လက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိ ရသည္။ COVID 19 ကပ္ေရာဂါကာလအတြင္း ဖမ္းဆီးရမိသည့္ ခိုးဝင္တ႐ုတ္ႏိုင္ငံသားမ်ား အနက္ လဝက အက္ဥပေဒပုဒ္မ-၁၃(၁)ျဖင့္ တရားစြဲဆိုရန္ ေဆာင္႐ြက္ဆဲ ၃၁ ဦး၊ ဒဏ္ေငြ က်ပ္ငါးသိန္းစီ ေပးေဆာင္ ေစရန္ အမိန႔္ခ်ၿပီးသူ ၉ ဦး၊ ျပည္ႏွင္ဒဏ္ေပး ရန္ ေဆာင္႐ြက္ ဆဲ ၅ ဦးႏွင့္ ေထာင္ဒဏ္ ေျခာက္လ က်ခံ ေနသူ ၄ ဦး ရွိေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီးဌာနမွတ္တမ္းမ်ားအရ သိရသည္။

မႏၱေလးတိုင္းေ ဒသႀကီး တြင္ ၿပီးခဲ့သည့္ဇန္နဝါရီမွစ၍ ဇူလိုင္ ၃၁ ရက္အထိ တရားမဝင္ ဝင္ေရာက္လာ မႈ အပါအဝင္ ျပစ္မႈ၊ ျပစ္ဒဏ္ အမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီးအေရးယူထားသည့္ တ႐ုတ္ႏိုင္ငံသား ၆၉ ဦး ၊ ထိုင္ ဝမ္ႏိုင္ငံသား ၁ ဦး၊ မေလးရွားႏိုင္ငံသား ၁ ဦး ရွိေၾကာင္း သိရသည္။

လက္ရွိျဖစ္ေနေ သာ COVID-19 ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ မတ္လကုန္ပိုင္းမွ စ၍ နယ္စပ္ဝင္ေပါက္မ်ားႏွင့္ ေလေၾကာင္း၊ ေရေၾကာင္း ခရီးစဥ္မ်ား အပါအဝင္

ျမန္မာႏိုင္ငံတြင္း သို႔ ႏိုင္ငံ ျခားသားမ်ား ဝင္ေရာက္ခြင့္ကို ယေန႔ထိ ပိတ္ပင္ထား ဆဲ ျဖစ္သည္ ။

ႏိုင္ထူး

Unicode

မန္တလေးတိုင်းဒေသကြီးတွင် COVID 19 ကပ်ရောဂါကာလအတွင်း တရုတ် -မြန်မာ နယ်စပ်ဂိတ် များတစ်ဆင့် ခိုးဝင်လာ သည့် တရုတ်နိုင်ငံသား ၅၀ ခန့် ထိ ဖမ်းမိထားပြီး လဝက အက်ဥပဒေဖြင့် အရေးယူမှု များ ပြုလုပ်ထားကြောင်း

မန္တလေးတိုင်းတွင် ကိုဗစ် ကာလ အတွင်း ခိုးဝင် တရုတ်နိုင်ငံသား (၅၀)ဦး ခန့် ဖမ်းမိ

မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနမှ သိရသည်။ COVID 19 ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် တရုတ်-မြန်မာ နယ်စပ်အဝင်အထွက် များ ပိတ်ထားသော် လည်း နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းဖြစ် သည့် မန္တလေး-မူဆယ်လမ်းပိုင်း တွင် တရားမဝင် ဝင် ရောက်လာသည့် တရုတ်နိုင်ငံသား ပိုများလာသဖြင့် စစ်ဆေးမှုများပြုလုပ်ရာတွင် အထက်ပါအတိုင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။

ဧပြီလမှ ဇူလိုင်( ၃၁ ) ရက် အထိ တရုတ်-မြန်မာနယ်စပ်မှတစ်ဆင့် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ တရားမဝင် ဝင်ရောက် လာသည့် တရုတ်နိုင်ငံသား ၄၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းတွင် ကိုဗစ် ကာလ အတွင်း ခိုးဝင် တရုတ်နိုင်ငံသား (၅၀)ဦး ခန့် ဖမ်းမိ

“အထောက် အထားမဲ့ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ဖမ်းဆီးရမိမှုတွေက ယခင်ကာလများထက် ကိုဗစ်ကာလမှာပိုများ ပါတယ်၊ အခုကတော့ တဆက်တည်းတွေ ဖြစ်နေတယ်၊ ပြည်သူ က အသိပေး တာတွေကြောင့် လည်း ပါပါတယ်၊ ပြည်သူတွေ ရဲ့သတင်းပေးတွေက အဓိက ကျပါတယ်၊ အရင်တုန်း ကလည်း ခိုးဝင်တာတွေ မိတယ် အရေအတွက် သိပ်မများဘူး ။ ခိုးဝင်လာ တဲ့ တရုတ် နိုင်ငံသား တွေက အထောက်အထားစာရွက်စာတန်းမပါရှိဘဲနဲ့

တရုတ်ပြည် ထဲနေ တရားမဝင် ဝင် ရောက်နေကြ တာဖြစ် တယ် ၊ ဒါကြောင့် သူတို့ ကို လဝကဥပဒေနဲ့ အမှုဖွင့်အရေးယူနေတယ်”ဟု မန္တလေး တိုင်းဒေသ ကြီးအ စိုးရအဖွဲ့ လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

ယခုအခါ COVID-19 ကပ်ရောဂါ ကာလဖြစ်နေ ၍ ဖမ်းဆီး ရမိသည့် ခိုးဝင်လာသော တရုတ်နိုင်ငံသား များအား ရောဂါပိုး ရှိ၊မရှိ စစ်ဆေး၍ သက်ဆိုင်ရာ ရဲစခန်းအချုပ်များတွင် (၂၁) ရက် ထားရှိ စောင့် ကြည့် ပြီး

မန္တလေးတိုင်းတွင် ကိုဗစ် ကာလ အတွင်း ခိုးဝင် တရုတ်နိုင်ငံသား (၅၀)ဦး ခန့် ဖမ်းမိ

လဝက အက်ဥပဒေပုဒ်မများဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိ ရသည်။ COVID 19 ကပ်ရောဂါကာလအတွင်း ဖမ်းဆီးရမိသည့် ခိုးဝင်တရုတ်နိုင်ငံသားများ အနက် လဝက အက်ဥပဒေပုဒ်မ-၁၃(၁)ဖြင့် တရားစွဲဆိုရန် ဆောင်ရွက်ဆဲ ၃၁ ဦး၊ ဒဏ်ငွေ ကျပ်ငါးသိန်းစီ ပေးဆောင် စေရန် အမိန့်ချပြီးသူ ၉ ဦး၊ ပြည်နှင်ဒဏ်ပေး ရန် ဆောင်ရွက် ဆဲ ၅ ဦးနှင့် ထောင်ဒဏ် ခြောက်လ ကျခံ နေသူ ၄ ဦး ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနမှတ်တမ်းများအရ သိရသည်။

မန္တလေးတိုင်းေ ဒသကြီး တွင် ပြီးခဲ့သည့်ဇန်နဝါရီမှစ၍ ဇူလိုင် ၃၁ ရက်အထိ တရားမဝင် ဝင်ရောက်လာ မှု အပါအဝင် ပြစ်မှု၊ ပြစ်ဒဏ် အမျိုးမျိုးဖြင့် ဖမ်းဆီးအရေးယူထားသည့် တရုတ်နိုင်ငံသား ၆၉ ဦး ၊ ထိုင် ဝမ်နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး ရှိကြောင်း သိရသည်။

လက်ရှိဖြစ်နေေ သာ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မတ်လကုန်ပိုင်းမှ စ၍ နယ်စပ်ဝင်ပေါက်များနှင့် လေကြောင်း၊ ရေကြောင်း ခရီးစဉ်များ အပါအဝင်

မြန်မာနိုင်ငံတွင်း သို့ နိုင်ငံ ခြားသားများ ဝင်ရောက်ခွင့်ကို ယနေ့ထိ ပိတ်ပင်ထား ဆဲ ဖြစ်သည် ။

နိုင်ထူး

Add a Comment

Your email address will not be published. Required fields are marked *