ကိုဗစ္ ေၾကာင့္ သန္းနဲ႔ခ်ီ တဲ့ အလုပ္လက္မဲ႔ ျပည္သူေတြကို သီတင္းတပတ္ ေဒၚလာ ၄၀၀ ေပးဖို႔ ထရန္႕ ညႊန္ၾကားလိုက္

အေမရိကန္ ျပည္ေထာင္စု မွာ COVID-19 ကပ္ေဘးေၾကာင့္ အ လုပ္ လက္မဲ့ ျဖစ္ေနတဲ့ သန္းနဲ႔ခ်ီတဲ့ အေမရိကန္ေတြ အတြက္ စီးပြားေရး ေထာက္ကူ ပံ့ပိုးေပးမႈဆိုင္ရာ သမၼတရဲ႕ အမိန္႔ညႊန္ၾကားခ်က္ ကို အေမရိကန္သမၼတ Donald Trump က စေနေန႔ မွာ လက္မွတ္ေရးထိုးလိုက္ ပါၿပီ။

နယူးဂ်ာစီျပည္နယ္ Bedminster က သူ႔ရဲ႕ ေဂါ့ဖ္ကြင္းမွာ သတင္းစာ ရွင္းလင္းပြဲ လုပ္ၿပီး ညႊန္ၾကားခ်က္မွာ ပါတဲ့ အခ်က္ေလးခ်က္ ကို ရွင္းျပခဲ့ပါတယ္။

သီတင္းတပတ္ ေဒၚလာ ၄၀၀ ေပးဖို႔ ထရန္႕ ညႊန္ၾကား

အရင္က သီတင္း တပတ္ ကို ေဒၚလာ ၆၀၀ ေပးေနတဲ့ အလုပ္လက္မဲ့ ခံစားခြင့္ ကို အခုအခါမွာ သီတင္းတပတ္ ေဒၚလာ ၄၀၀ ဆက္လက္ေပးမွာျဖစ္ၿပီး ျပည္နယ္ေတြက ၂၅ ရာခိုင္ႏႈန္း က်ခံ ရမွာျဖစ္ၿပီး ျပည္ေထာင္စုအစိုးရက ၇၅ ရာခိုင္ႏႈန္း က်ခံမွာျဖစ္ ပါတယ္ ။

ေဒၚလာ ၁၀၀,၀၀၀ ေအာက္ ၀င္ေငြ ရွိ တဲ့ အေမရိကန္ေတြ ကိုေတာ့ အခြန္သက္သာခြင့္ေပးမွာ ျဖစ္ပါတယ္။ ေနာက္ ေက်ာင္းသားေခ်းေငြေတြ ျပန္ဆပ္ေနတာကို ဆိုင္းငံ့ေပးထားမွာ ျဖစ္ ပါတယ္ ။ ေနာက္ အိမ္ေတြကေန ဖယ္ရွားခိုင္း တာ ကို ဆိုင္းငံ့ထားခ်က္ ကိုလည္း သက္တမ္းတိုးလုိက္ပါတယ္။

သီတင္းတပတ္ ေဒၚလာ ၄၀၀ ေပးဖို႔ ထရန္႕ ညႊန္ၾကား

ကပ္ေဘးေရာဂါနဲ႔ မဆိုင္တာေတြ ကို ကူညီပံ့ပိုးမႈဆိုင္ရာ ဥပေဒၾကမ္းမွာ ဒီမိုကရက္ လႊတ္ေတာ္အမတ္ေတြက ထည့္တယ္လို႔ သမၼတ Trump က စြပ္စြဲပါတယ္။

ဒီမိုကရက္ေတြျဖစ္ၾက တဲ့ ေအာက္ လႊတ္ေတာ္ဥကၠ႒ Nancy Pelosi နဲ႔ အထက္လႊတ္ေတာ္အမတ္ အနည္းစုေခါင္းေဆာင္ Chuck Schumer တို႔က မူလ အဆိုျပဳထားတဲ့ ေဒၚလာ ၃ ဒသမ ၄ ထရီလီယံ တန္ဖိုး ရွိ ကို႐ုိနာဗိုင္းရပ္စ္ ကူညီ ေထာက္ပံ့ေရး အစီအစဥ္ကို သံုးပံုတပံု နီးပါး ေလွ်ာ့ခ်မယ္၊ ရီပတ္ဘလစ္ကန္ေတြဘက္က အဆိုျပဳထားတဲ့ ေဒၚလာ ၁ ထရီလီယံ ကို ထပ္တိုးေပးဖို႔ သေဘာတူရ မယ္ ဆိုၿပီး ေသာၾကာေန႔က ကမ္းလွမ္းခဲ့တာပါ။

ဒါေပမယ့္လည္း အစိုးရ ဘက္ က ေစ့စပ္ညႇိႏႈိင္းသူေတြျဖစ္တဲ့ ဘ႑ာေရး၀န္ႀကီး Steve Mnuchin နဲ႔ အိမ္ျဖဴေတာ္ အရာရွိခ်ဳပ္ Mark Meadows တုိ႔က ဒီမိုကရက္ေတြ ရဲ႕ ကမ္းလွမ္းခ်က္ ကို လက္မခံခဲ့ၾက ပါဘူး ။

Unicode

အမေရိကန်ပြည်ထောင်စု မှာ COVID-19 ကပ်ဘေးကြောင့် အလုပ် လက်မဲ့ ဖြစ်နေတဲ့ သန်းနဲ့ချီတဲ့ အမေရိကန်တွေအတွက် စီးပွားရေး ထောက်ကူ ပံ့ပိုးပေးမှုဆိုင်ရာ သမ္မတရဲ့ အမိန့်ညွှန်ကြားချက် ကို အမေရိကန်သမ္မတ Donald Trump က စနေနေ့ မှာ လက်မှတ်ရေးထိုးလိုက် ပါပြီ။

နယူးဂျာစီပြည်နယ် Bedminster က သူ့ရဲ့ ဂေါ့ဖ်ကွင်းမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ညွှန်ကြားချက်မှာ ပါတဲ့ အချက်လေးချက် ကို ရှင်းပြခဲ့ပါတယ်။

သီတင်းတပတ် ဒေါ်လာ ၄၀၀ ပေးဖို့ ထရန့် ညွှန်ကြား

အရင်က သီတင်း တပတ် ကို ဒေါ်လာ ၆၀၀ ပေးနေတဲ့ အလုပ်လက်မဲ့ ခံစားခွင့် ကို အခုအခါမှာ သီတင်းတပတ် ဒေါ်လာ ၄၀၀ ဆက်လက်ပေးမှာဖြစ်ပြီး ပြည်နယ်တွေက ၂၅ ရာခိုင်နှုန်း ကျခံ ရမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရက ၇၅ ရာခိုင်နှုန်း ကျခံမှာဖြစ် ပါတယ် ။

ဒေါ်လာ ၁၀၀,၀၀၀ အောက် ဝင်ငွေ ရှိ တဲ့ အမေရိကန်တွေ ကိုတော့ အခွန်သက်သာခွင့်ပေးမှာ ဖြစ်ပါတယ်။ နောက် ကျောင်းသားချေးငွေတွေ ပြန်ဆပ်နေတာကို ဆိုင်းငံ့ပေးထားမှာ ဖြစ် ပါတယ် ။ နောက် အိမ်တွေကနေ ဖယ်ရှားခိုင်း တာ ကို ဆိုင်းငံ့ထားချက် ကိုလည်း သက်တမ်းတိုးလိုက်ပါတယ်။

သီတင်းတပတ် ဒေါ်လာ ၄၀၀ ပေးဖို့ ထရန့် ညွှန်ကြား

ကပ်ဘေးရောဂါနဲ့ မဆိုင်တာတွေ ကို ကူညီပံ့ပိုးမှုဆိုင်ရာ ဥပဒေကြမ်းမှာ ဒီမိုကရက် လွှတ်တော်အမတ်တွေက ထည့်တယ်လို့ သမ္မတ Trump က စွပ်စွဲပါတယ်။

ဒီမိုကရက်တွေဖြစ်ကြ တဲ့ အောက် လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ အထက်လွှတ်တော်အမတ် အနည်းစုခေါင်းဆောင် Chuck Schumer တို့က မူလ အဆိုပြုထားတဲ့ ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံ တန်ဖိုး ရှိ ကိုရိုနာဗိုင်းရပ်စ် ကူညီ ထောက်ပံ့ရေး အစီအစဉ်ကို သုံးပုံတပုံ နီးပါး လျှော့ချမယ်၊ ရီပတ်ဘလစ်ကန်တွေဘက်က အဆိုပြုထားတဲ့ ဒေါ်လာ ၁ ထရီလီယံ ကို ထပ်တိုးပေးဖို့ သဘောတူရ မယ် ဆိုပြီး သောကြာနေ့က ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့်လည်း အစိုးရ ဘက် က စေ့စပ်ညှိနှိုင်းသူတွေဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin နဲ့ အိမ်ဖြူတော် အရာရှိချုပ် Mark Meadows တို့က ဒီမိုကရက်တွေ ရဲ့ ကမ်းလှမ်းချက် ကို လက်မခံခဲ့ကြ ပါဘူး ။

Add a Comment

Your email address will not be published. Required fields are marked *