











Unicode

အမေရိကန် ရဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် Huawei ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ ထည့်သုံးနေတဲ့ ကွန်ပျူတာ Chip ပြား ထုတ်လုပ်မှုတွေ လာမယ့် စက်တင် ဘာလထဲ ရပ်ဆိုင်းတော့ မှာ ဖြစ်တယ် လို့ Huawei က ပြော ပါ တယ် ။ Chip ပြား ထုတ်လုပ်မှု အခုလို ရပ်ဆိုင်းသွားရင် Huawei အတွက် ကြီးမားတဲ့ဆုံးရှုံးမှု ရင်ဆိုင်လာရမယ် လို့ ဆို ပါ တယ် ။

အမေရိကန် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် စမတ်ဖုန်း Chip ပြား မလုံလောက်တော့ဘူး လို့ Huawei ပြော

Huawei ကြောင့် ဆိုက် ဘာ အင်တာနက် လုံခြုံရေး ပိုင်း အန္တရာယ် ရှိ လာနိုင်ကြောင်း အမေရိကန်က ပြောဆိုနေပြီး 5G ဆက်သွယ်ရေးဆိုင်ရာ ကမ္ဘာအနှံ့ ပြိုင်ဆိုင်မှုတွေ ရှိလာချိန်မှာ Huawei ကို အထီးကျန်ြ ဖစ်အောင် အမေရိကန် အစိုးရ က သံတမန် ထိုးစစ် ဆင်နွှဲ လာ တာ ဖြစ် ပါ တယ် ။

အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ် ဆို့မှုကြောင့် Huawei ကုမ္ပဏီ သုံး Kirin 9000 ဈေးအကြီးဆုံး Chip ပြား ထုတ်လုပ်မှုကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ရပ်ဆိုင်းရတော့ မှာဖြစ်ကြောင်း Huawei ရဲ့ အကြီးအကဲ Yu Chengdong က သောကြာနေ့ နည်းပညာ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

အမေရိကန် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် စမတ်ဖုန်း Chip ပြား မလုံလောက်တော့ဘူး လို့ Huawei ပြော

အမေရိကန် ထုတ် စမတ်ဖု န်း ပစ္စည်း အစိတ်အပိုင်း၊ Google တေးသီချင်းနဲ့ တခြား စမတ်ဖုန်း ဝန်ဆောင်မှုတွေကို ပြီးခဲ့တဲ့နှစ်ကစပြီး Huawei ကုမ္ပဏီက ရယူသုံးစွဲခွင့် မရှိတော့ဘဲ ပိတ် ပင် ခံ ထား ရ ပါ တယ် ။

Kirin 9000 Chip ပြားတွေကို အမေ ရိ ကန် နည်းပညာ နဲ့ ပစ္စည်း ကိရိယာတွေသုံးပြီး ထိုင်ဝမ် ရဲ့ လျှပ်စစ် ပစ္စည်းထုတ် Taiwan Seminconductor Manufacturing Co. (TSMC) က ထုတ်နေတာ ဖြစ် ပါ တယ် ။

အမေရိကန် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် စမတ်ဖုန်း Chip ပြား မလုံလောက်တော့ဘူး လို့ Huawei ပြော

ဆိုးကျိုးသက် ရောက်မှုတွေ ဖြစ် လာ မှာ စိုး တဲ့ အတွက် TSMC ကုမ္ပဏီကလည်း Huawei ဆီကလာတဲ့ ပစ္စည်းအမှာစာတွေကို ပြီးခဲ့တဲ့ မေလထဲမှာ ရပ်ပစ်ခဲ့တာပါ။

Huawei ကုမ္ပဏီဟာ သူ့ ရဲ့ အဆင့်မြင့် စမတ်ဖုန်းတွေထဲ မှာ သုံး တဲ့ Chip ပြားတွေကို ကိုယ်တိုင် ထုတ်လုပ်နိုင်ခြင်း မရှိသေး ပါဘူး ။

အမေရိကန်ဒဏ်ခ တ်မှု Huawei စမတ်ဖုန်းChipပြား

Add a Comment

Your email address will not be published. Required fields are marked *